← Chapters

အခန်း ၆၆၅

Vol. 45 Ch. 665

အခန်း ၆၆၅

Vol. 45 Ch. 665

အခန်း (၆၆၅) သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်။

"သေလိုက်စမ်း….။ အနန္တလျှပ်စီးနတ်ဘုရားသတ်ဖြတ်ခြင်းလက်ဖဝါး !"

ဟန်ဖန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်က ချက်ချင်းပင် ပျံထွက်သွားကာ လျှပ်စီးလိုမြန်ဆန်သော အရှိဟုန်ကို သယ်ဆောင်ရင်း ချင်ယွင်ဆီသို့ ကြမ်းကြုတ်စွာ ပစ်ဝင်သွားခဲ့သည်။

"ဟမ့်၊ မင်း ငါ့ကို သတ်ဖို့ နည်းလမ်းမရှိသေးဘူး! နဂါးလက်သီးသိုင်းရဲ့ ဒုတိယ သိုင်းကွက်၊ ကောင်းကင်သို့ပျံတက်ခြင်းနဂါး။"

ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး နဂါးဟိန်းဟောက်သံက ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုင်ဘက်ကင်း အငွေ့အသက်ကို သယ်ဆောင်သွားရင်း ပြင်းထန်စွာ ပျံထွက်သွားကာ ဟန်ဖန်း၏ လျှပ်စီးလက်ဖဝါးကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေသည်။

"ဘုန်း…!"

များပြားလှသော လျှပ်စီးကြောင်းများ နှင့် ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရ နဂါးကြီးတို့ သည် ပြင်းထန်စွာ တိုက်မိကြပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ထွက်ပေါ် လာသည်။

ဤအခိုက်အတန့်တွင် ဖရိုဖရဲ အနှစ်သာရ နဂါးကြီးသည် ထပ်မံ ဟိန်းဟောက်ပြီး လျှပ်စီးကြောင်းအားလုံးကို အပိုင်းပိုင်း ပြိုကွဲသွားစေသည်။ ထို့နောက် နဂါးကြီး တစ်ကောင်လုံးသည် ဟန်ဖန်၏ ရင်ဘတ်ထဲသို့ ပြင်းထန်စွာ တိုးဝင်သွားလေသည်။

"ဖူး…..!"

ဟန်ဖန်း၏ ခန္ဓာကိုယ်မှ လတ်ဆတ်သော သွေးများ ပန်းထွက်လာပြီး အထိန်းအကွပ်မဲ့ နောက်ပြန် လွင့်ထွက်သွားသည်။

သူ၏ရင်ဘတ်မှာ ခွက်ဝင်နေပြီး သူ၏ရင်ဘတ်တစ်ခုလုံး အသွေးအသားတွေနှင့် ရွှဲနစ်နေပြီ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဟန်ဖန်းသည် နောက်သို့ ပျံသန်းသွားစဉ် သူ၏ နှလုံးသားသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်တွေမှာလည်း မကြည်ယုံနိုင်ဟန် အပြည့်ရှိနေသည်။

သူ၏ အနန္တလျှပ်စီးနတ်ဘုရားသတ်ဖြတ်ခြင်းလက်ဖဝါးသည် ဤကဲ့သို့ ကျိုးပျက်သွား လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤသည်မှာ သူ လက်မခံနိုင်သော အရာတစ်ခု ဖြစ်ပါသည်။

"ဟမ့်၊ မဖြစ်နိုင်တာတွေ နောက်မှာ ထပ်ရှိနေသေးတယ်။"

သို့သော် ထိုအချိန်တွင် ဟန်ဖန်း၏နားထဲတွင် သရဲတစ္ဆေအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဟန်ဖန်းသည် ရုတ်တရက် ခေါင်းကို လှည့်လိုက်ချိန်မှာ ချင်ယွင်၏ အေးစက်စက် မျက်နှာက သူ၏ရှေ့တွင် ပေါ်လာသည်။ ဟန်ဖန်း၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး အမြန်ရှောင်တိမ်းချင်သည်။

သို့သော် သူသည် ခြေတစ်လှမ်း နှေးကွေးနေသေးသည်။ ချင်ယွင်က သူ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးပြီး သူ့ကို လေထဲသို့ ပစ်လွင့်လိုက်ပြန်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အခြေအနေအတိုင်း အလိုက်သင့် လိုက်ပါသွားပြီး ဟန်ဖန်း၏ဝမ်းဗိုက်ထဲသို့ သူ၏ဒူးကို နောက်တစ်ကြိမ် ပစ်သွင်းလိုက်သည်။

"ဖူး…..!"

ဟန်ဖန်းသည် သွေးတွေကို အရူးအမူး အန်ထုတ်လိုက်ရသည်။ ချင်ယွင်၏ လက်သီးနှင့် ဒူးတိုက်ချက်တို့သည် ရက်စက်ပြီး ပြင်းထန်လှသည်။ ဟန်ဖန်းအပေါ် သက်ရောက်မှုက ဟန်ဖန်း၏အရိုးတွေ ကြေကွဲလုမတတ် ဖြစ်သွားရသည်။

"ဘုန်း…!"

အဆုံးတွင် ချင်ယွင်သည် လွင့်ပျံသွားသော ဟန်ဖန်း၏ ရင်ဘတ်ကို ခြေပျံဖြင့် အပြင်းအထန် ကန်ထုတ်လိုက်ပြီး ဟန်ဖန်းကို ချက်ချင်း လွင့်ပျံသွားစေလိုက်သည်။

ဟန်ဖန်းသည် နံရံကြီးကို ပစ်မှန်သွားခဲ့ပြီး နံရံပေါ်တွင် ကြီးမားသော အပေါက်ကြီး တစ်ခု ဖန်တီးလိုက်သည်။

ထိုအချိန်တွင် ဟန်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကလည်း ရှုပ်ပွနေ၏။ သူ၏ဆံပင်တွေက သူ၏ကိုယ်ပေါ်မှာ ဖွာလန်ကျဲကာ ပြန့်ကျဲနေသည်။ သူသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးအန်နေသည်။ သူ၏မျက်လုံးအစုံက ချင်ယွင်ကို ပြင်းပြင်းထန်ထန် မလိုလားမူ သတ်ဖြတ်လိုစိတ်နှင့်အတူ စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ချင်ယွင်၏ အမူအရာမှာ အေးစက်နေသည်။ သူသည် ဟန်ဖန်းဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

သူက ဟန်ဖန်းကို လုံးဝသတ်ဖြတ်ပြီး ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ချင်နေသည်။

"ချင်ယွင်၊ ငါ မင်းကို သေစေချင်တယ်!"

သို့သော် ထိုအချိန်တွင် ဟန်ဖန်သည် သူ၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးကို ပစ်ထည့်လိုက်ရင်း သူ၏တစ်ကိုယ်လုံးကို အနှိုင်းမဲ့ ရူးသွပ်သွားစေသည်။ သူ၏ ခန္ဓာကိုယ်သည် မနှိုင်းယှဉ်သာအောင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေ ပြီး သူ၏ခန္ဓာကိုယ်ထဲမှ အရိုးတွေအားလုံး အက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကျိုးနေသော အရိုးများသည် ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် လျင်မြန်စွာ ပျောက်ကင်းသွားကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း ချက်ချင်း ဆိုသလို ပေါက်ကွဲထွက်လာသည်။

ရှည်လျားသော အနက်ရောင်ဆံပင်များက သူ၏နောက်ကျောပေါ်တွင် ရိုင်းစိုင်းစွာ ကခုန်နေသည်။ သူ၏မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်လျှပ်စီးကြောင်းသည်လည်း အနီရောင် ပြောင်းသွားသည်။ အနီရောင် လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အရူးအမူး တောက်လောင်နေပြီး အနှိုင်းမဲ့ အစွမ်းထက်ပြီး သွေးနီရောင်အငွေ့အသက်တွေ ထွက်ပေါ်နေသည်။

"အဆင့်တစ်၊ အင်မော်တယ်ဆေး၊ သွေးသိပ်သည်းခြင်းဆေးလုံးလား?" ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။

ဤသွေးသိပ်သည်းခြင်းဆေးလုံးသည် အစွမ်းထက်သော အဆင့်တစ် အင်မော်တယ် ဆေးတစ်မျိုး ဖြစ်သည်။ ၎င်းကို အဓိကဆေးမယ်အဖြစ် အင်မော်တယ်ကမ္ဘာရှိ ကြက်သွေးရောင်မီးလျှံဖွတ်၏ သွေးအနှစ်သာရဖြင့် သန့်စင်ထားသည်။ အချိန်တို အတွင်း လူတစ်ယောက်၏ အလားအလာကို လှုံ့ဆော်ပေးပြီး အမွေးတိုင်တစ်ချောင်း ထွန်းချိန်အတွင်းမှာ လူတစ်ယောက်၏စွမ်အားကို ဆယ်ဆ တိုးလာစေနိုင်ပါသည်။

ဟုတ်ပါသည်၊ ဤသွေးသိပ်သည်းခြင်းဆေးလုံး၏ ဘေးထွက်ဆိုးကျိုးတွေကလည်း အလွန်ပြင်းထန်ပါသည်။ ဤဆေးကို သောက်သုံးသည့် လူတိုင်းသည် သောက်သုံး ပြီးနောက် သူတို့ခန္ဓာကိုယ်တစ်ခုလုံး၏ ချီစွမ်းအင်လမ်းကြောင်းများ ကွဲထွက်သွားမည် ဖြစ်ပါသည်။ ၎င်းသည် အင်မော်တယ်တစ်ပါး၏ ချီစွမ်အးင်လမ်းကြောင်းများ ဖြစ်သည် ဆိုလျှင်ပင် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် ခက်ခဲမည်ဖြစ်ပါသည်။

ဤဟန်ဖန်းသည် သူ့ကိုသတ်ဖို့အတွက် ဤသွေးသိပ်သည်းခြင်းဆေးလုံးကို အမှန်တကယ် မျိုချလိုက်သည်။ အကယ်၍ သူသည် ချင်ယွင်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင်၊ အင်မော်တယ်နန်းတော်၏ စမ်းသပ်မူလမ်းကြောင်းကို ဆက်လျှောက်လှမ်းဖို့က သူ့အတွက် အရမ်းခက်ခဲပါလိမ့်မည်။

သေချာသည်မှာ၊ ဤလူသည် ဟန်ဖန်း၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပါသည်။ သူ့ကိုယ်ပွား၏ ဒဏ်ရာတွေက သေ၏ အစစ်အမှန် ခန္ဓာကိုယ်အပေါ် သိပ်ပြီး သက်ရောက်မှု မရှိပါဘူး။ အကယ်၍ သူ၏ကိုယ်ပွားသည် သေဆုံးသွားမည်ဆိုလျှင် တော့၊ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် ကြီးမားသော စွန်းအားကို ဆုံးရှုံးရပေလိမ့် မည်။

ယခုချိန်တွင် ဟန်ဖန်းသည် သွေးသိပ်သည်းခြင်းဆေးလုံးကို သောက်သုံးခဲ့သည်။ သူ၏ အငွေ့အသက်သည် အစောပိုင်း အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော် သွားခဲ့ပြီး အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်တစ်ပါး အဖြစ်သို့ ရောက်ရှိ သွားခဲ့သည်။

"သေလိုက်တော့…!"

ဟန်ဖန်းသည် စကားတစ်ခွန်းကို ညှစ်ထုတ်ပြီးသည်နှင့် သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်သွားသည်။

ချင်ယွင်သည် ထိုခဏတွင် အနီရောင် လျှပ်စီးလက်နေသည့် အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ ထို့နောက် သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ထွက်ပေါ်လာပြီး သူ၏တစ်ကိုယ်လုံးသည် ထိန်းမနိုင်သိမ်းမရ နောက်ပြန် ဆုတ်သွားရသည်။

"ဘယ်လောက်မြန်လဲ?။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ?" ချင်ယွင်သည် သူ၏နောက်မှ နံရံကို ပစ်မှန်သွားရင်း သူ၏မျက်နှာပေါ် တွင် အံ့အားသင့်သည့် အမူအရာ ပေါ်လာပါသည်။

သွေးသိပ်သည်းခြင်းဆေးလုံးကို သောက်သုံးပြီးနောက် ဟန်ဖန်း၏ ခွန်အားသည် သွေးနီရောင်ဝတ် အမျိုးသားထက်ပင် ပို၍ ကြောက်စရာကောင်းလာသည်။

"ဟား၊ ဟား… ငရဲကိုသွားလိုက်တော့…။"

ဟန်ဖန်း၏ ရယ်မောသံက ခန်းမတစ်ခုလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ ချင်ယွင်ဆီသို့ လှမ်းကြည့်လိုက်ရင်း သူ၏ပုံရိပ်က အနီရောင် လျှပ်စီးလို လင်းလက်သွား ပြန်သည်။ သူသည် ချင်ယွင်ကို လုံးလုံးလျားလျား သတ်ပစ်ချင်သည်။

ဝှီး…..!

မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ဟန်ဖန်း၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ထပ်မံ ပေါ်လာသည်။ အနီရောင် လျှပ်စီးကြောင်းများ ဖုံးလွှမ်းနေသော လက်သီးချက်က ချင်ယွင်ကို နောက်တကြိမ် တရစပ် ထိုးသွင်းလိုက်ပြန်သည်။

အကယ်၍ ဤလက်သီးချက်တွေနှင့် ဤအတိုင်းသာ ဆက်သွားနေပါက ချင်ယွင်သည် သူ မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

"ငါ့ကို သတ်ဖို့က အဲဒီလောက် မလွယ်ဘူး"

ရှေးဟောင်း တိုက်ပွဲစိတ်ဝိညာဉ်လက်နက်က သူ၏လက်ထဲတွင် ပေါ်လာစဉ်မှာဘဲ ချင်ယွင်၏ မျက်လုံးများသည် ခက်ထန်သော အေးစက်မူနှင့်အတူ ဝင်းလက်တောက်ပ လာသည်။

ရှေးဟောင်း တိုက်ပွဲစိတ်ဝိညာဉ်ပုံရိပ်ကြီးသည် သူ၏အနောက်မှ လွင့်ထွက်လာကာ ခန်းမတစ်ခုလုံးကို တုန်လှုပ်စေသည့် ဟိန်းဟောက်သံတစ်ချက် ထုတ်လွှတ်လိုက်သည်။

ချွင်….!

ချင်ယွင်က သူ၏ဓားဖြင့် ပိတ်ဆို့လိုက်သည်။

ဟန်ဖန်း၏ မိုးကြိုးလက်သီးသည် ချင်ယွင်၏ ရှေးဟောင်းဓားကို အပြင်းအထန် ထိမှန်သွားခဲ့ပြီး ချင်ယွင်နှင့် သူ၏ဓားကိုပါ လွင့်ပျံသွားစေခဲ့သည်။

ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် တိုက်ပွဲစိတ်ဝိညာဉ်၏ ပံ့ပိုးမှုဖြင့်ပင် ဟန်ဖန်း၏ လက်သီးတစ်ချက်ကိုတောင် သူ မခံနိုင်ခဲ့ပေ။ သွေးသိပ် သည်းခြင်းဆေးလုံးကို သောက်သုံးခြင်း၏ အစွမ်းက မည်မျှ ကြောက်စရာကောင်းလိုက် သနည်း?။

"ဟား…၊ ဟား…..၊ မင်းတော့ ဒီနေ့ သေပြီ။ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး။"

ဟန်ဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချင်ယွင်ဆီသို့ အရူးအမူး ပြေးသွားပြန်သည်။ သူ၏အရေပြား တစ်ခုလုံးသည် နီရဲနေပြီး ကြက်သွေးရောင် ပြောင်းလဲနေကာ၊ သူ၏လက်မောင်းနှင့် နဖူးရှိ သွေးကြောများသည် ဖောင်းကားပြီး ထွက်ပေါ်လာသည်။ သွေးသိပ်သည်းခြင်းဆေးလုံးကို သောက်သုံးခြင်း သည် သူ့အတွက်လည်း အလွန်အန္တရာယ်များကြောင်း ထင်ရှားပါသည်။

"အနန္တလျှပ်စီးနတ်ဘုရားသတ်ဖြတ်ခြင်းလက်ဖဝါး!" ဟန်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော အနီရောင်လျှပ်စီးမြွေများသည် ယခင် အသုံးပြုခဲ့သည့် အကြိမ်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး အရူးအမူး ခုန်တက် လာသည်။

ဤတစ်ကြိမ်တွင် သူသည် ချင်ယွင်ကို လုံးဝ သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။

"မဟုတ်ဘူး၊ ငါ ဒီအတိုင်းဆက်သွားနေလို့ မရဘူး။ မဟုတ်ရင် သူ့ရဲ့ သွေးသိပ်သည်း ခြင်းဆေးလုံး အာနိသင်မကုန်ခင် သူ့လက်ဖဝါးအောက်မှာ ငါသေဆုံးသွားမှာ စိုးရတယ်။ " ချင်ယွင်သည် ကြောက်မက်ဖွယ် လျှပ်စီးအရှိန်ကို သယ်ဆောင်လာသော ဟန်ဖန်အား ကြည့်ရင်း ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်က သူ၏မျက်လုံးများမှတဆင့် ထွက်ပေါ်လာသည်။

သတ်ဖြတ်လိုစိတ်၊ ချင်ယွင်၏ နှလုံးသားမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ထွက်ပေါ် လာသည်။

ခန်းမတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် ကြီးမားသော ရေခဲခန်းကြီးအဖြစ်သို့ ပြောင်းလဲသွားကာ အရိုးထိတိုင် အေးစိမ့်စေသည့် ခံစားချက်ကို ပေးစွမ်းသည်။

ဘုန်း…..!

ချင်ယွင်၏ ရုပ်အသွင်သည် အနီရောင် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ခန်းမထဲမှ ပျောက်ကွယ်သွားသည်။

"အယ်!"

ဟန်ဖန်းသည် ချင်ယွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် သူ၏ ပစ်မှတ်ကို ဆုံးရှုံးသွားခဲ့ရသည်။ သူသည် ထိတ်လန့်သွားပြီး ချင်ယွင်၏ သဲလွန်စတွေကို ရှာကြည့်သည်။

ဘန်း…..

သို့သော် ထိုအချိန်တွင် ဟန်ဖန်း၏ ရှေ့မှ အနီရောင် သရဲတစ္ဆေလို ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။

ဟန်ဖန်းသည် သူ၏လက်ကို အမြန်ဝှေ့ယမ်းပြီး ချင်ယွင်ဆီသို့ ပစ်ဝင်လိုက်သည်။ သို့သော်၊ သွေးနီရောင် ဓားအလင်းသည် ခန်းမတစ်ခုလုံး လင်းလက်သွားခဲ့ပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းသည်။

"ဖူး….!"

ဟန်ဖန်း၏ လည်ပင်းတွင် သွေးနီရောင်စင်းကြောင်းတစ်ခု ချက်ချင်း ပေါ်လာသည်။ သူ၏အကြည့်တွေမှာလည်း လုံးဝကို အံ့အားသင့်နေခဲ့သည်။ သူ၏မျက်လုံးတွေက မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေသည်။ သူ၏လက်ဖဝါးကို ဖုံးလွှမ်းသွားသော အနီရောင် လျှပ်စီးများသည်လည်း လေထဲတွင် တဖြည်းဖြည်း လွင့်စင်သွားကာ နောက်ဆုံးတွင် ဘာမှမရှိသည်၏အဖြစ်သို့ ပြောင်းလဲသွားသည်။

All Chapters