အခန်း ၆၆၆
Vol. 45 Ch. 666
အခန်း (၆၆၆) အရှုံးနှင့်အနိုင်။
"ဘန်း…..!"
ဟန်ဖန်သည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူ၏အလောင်းသည် ကြေကွဲသွား ကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။
ဤသည်မှာ ပြင်ပကိုယ်ပွားတစ်ခု၏ လက္ခဏာ ဖြစ်ပါသည်။ အပြင်ပကိုယ်ပွားတွေကို မူလခန္ဓာကိုယ်၏ သွေးအနှစ်သာရဖြင့် သန့်စင်ထားခြင်း ဖြစ်ပါသည်။ သေဆုံးသွား သည်နှင့် သဘာဝအလျောက် ၎င်း၏ မူလသွေးအနှစ်သာရအဖြစ်သို့ ပြန်လည်ရောက်ရှိ သွားမည် ဖြစ်ပါသည်။
ချင်ယွင်သည် လုံးလုံးသေဆုံးသွားသော ဟန်ဖန်းကိုကြည့်ရင်း သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ချက်ချင်း ပြိုလဲကျသွားသည်။
ချင်ယွင်အနေဖြင့်၊ ယခုတိုက်ပွဲတွင် သူသည် ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရ ပမာဏ အမြောက်အမြားကို သုံးစွဲခဲ့ရပါသည်။ ပထမဆုံးအနေဖြင့်၊ နဂါးလက်သီးသိုင်း၏ ဒုတိယသိုင်းကွက်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရ တစ်ဝက်နီးပါးကို ထုတ်ယူသွားခဲ့သည်။ နောက်ပိုင်းတွင်၊ သွေးအရိပ်လုပ်ကြံ သတ်ဖြတ်ခြင်းပညာရပ်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရ အားလုံးကို တိုက်ရိုက်ပင် ကုန်ဆုံးသွားစေခဲ့သည်။
ဟုတ်ပါသည်၊ ချင်ယွင်လည်း သူ၏စိတ်ထဲတွင် အရမ်းကို ပျော်ရွှင်နေပါသည်။ အကယ်၍ သွေးနီရောင် အမျိုးသားသာ သူ့ကို ဤသွေးအရိပ် လုပ်ကြံသတ်ဖြတ်ခြင်း ပညာရပ်ကို မသင်ပေးဘူးဆိုလျှင်၊ သူသည် ဟန်ဖန်ကိုသတ်ဖို့ ပို၍ပင် နာကျင်စရာ ကောင်းသည့် တန်ဖိုးကို ပေးဆပ်ရဖို့ ဖြစ်နိုင်ပါသည်။
"ဒီစမ်းသပ်မူကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းက ဒီခန်းမရဲ့ အမွေကို လက်ခံဖို့ အရည်အချင်း ပြည့်မှီတယ်။" ချင်ယွင်သည် မောပန်းနွမ်းနယ်နေချိန်မှာပဲ ခန်းမထဲမှ ဤလောကနှင့်မဆိုင်ဟုထင်ရသော အသံက ထပ်ပြီး ထွက်ပေါ်လာပြန် သည်။
"အမွေလား?" ချင်ယွင်သည် 'အမွေဆက်ခံခြင်း' ဟူသော စကားကို ကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသောအမူအရာ ပေါ်လာသည်။
ယခင်က သူသည် တတိယအဆင့်ခန်းမတွင် နဂါးလက်သီးသိုင်းပညာရပ်၏ ပထမဆုံး သိုင်းကွက်နှစ်ခုကို ရရှိခဲ့သည်။ ယခု ဒုတိယအဆင့်ခန်းမက သူ့ကို မည်သည့် အမွေမျိုး ပေးမည်ကို သူ မသိနိုင်ပါဘူး။ နဂါးလက်သီးသိုင်းပညာရပ်၏ နောက်ထပ် လက်သီး သိုင်းပညာရပ်သာ ဖြစ်နေခဲ့မည်ဆိုလျှင် အရမ်းကို ကောင်းပါလိမ့်မည်။
ဘန်း…..!
ထိုအခိုက်တွင်၊ ခန်းမဆောင်ထိပ်မှ ရွှေရောင်အလင်းတန်းနှစ်ခု လွင့်ပျံလာပြီး ရွှေနဂါးလေး နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်၏ မျက်ခုံးကြားရှိ နေရာအလွတ်ထဲသို့ စိမ့်ဝင်သွားလေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ခြင်း တုန်ခါသွားပြီးနောက် သူ၏မျက်နှာပေါ်တွင် အနှိုင်းမဲ့ ပျော်ရွင်ကြည်နူးသည့် အမူအရာ ပေါ်လာသည်။
ဤခန်းမ၏အမွေသည် နဂါးလက်သီးသိုင်း၏ တတိယနှင့် စတုတ္ထမြောက် သိုင်းကွက် နှစ်ခုမှလွဲ၍ အခြားမဟုတ်ပေ။
ချင်ယွင်သည် ဤနဂါးလက်သီး၏ စွမ်းအားကို ယခင်က မြင်ဖူးပြီးပါပြီ။ ယခုအချိန်တွင် တတိယမြောက် လက်သီးကို သူ မသုံးနိုင်သေးသော်လည်း အနာဂတ်တွင် ၎င်းကို မသုံးနိုင်ဟု မဆိုလိုပါ။
သူ၏စွမ်းအားသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်သွားသည့်အခါ၊ သူသည် တတိယနှင့် စတုတ္ထမြောက် သိုင်းကွက်များကို ကောင်းမွန်စွာ အသုံးချနိုင် မည်ဟု သူ ယုံကြည်ထားသည်။ ထိုအချိန်တွင် ဤနဂါးလက်သီးသိုင်းသည် သူ၏ ဝှက်ဖဲ ဖြစ်လာမည်မှာ သေချာပါသည်။
"နဂါးလက်သီးသိုင်းရဲ့ အမွေကို ရနိုင်တဲ့အထိ ငါ အမှန်တကယ် ကံကောင်းလိမ့်မယ်လို့ မျှော်လင့်မထားဘူး။” ချင်ယွင်က ဝမ်းသာအားရ ထုတ်ဖော်ပြောဆိုလိုက်သည်။
"ဒါဆို နောက်ထပ် A-အဆင့် စမ်းသပ်မှုရဲ့ အမွေဆက်ခံမှုက နဂါးလက်သီးသိုင်းရဲ့ နောက်ဆုံး သိုင်းကွက်နှစ်ခုများ ဖြစ်နေမလား?။” ချင်ယွင်သည် သူ၏စိတ်ထဲမှ မှန်းဆလိုက်သည်။
နောက်ဆုံးတွင်၊ ၎င်းသည် အလွန်ဖြစ်နိုင်ချေများသည်ဟု သူ ထင်၏။ အဘယ့်ကြောင့် ဆိုသော် သွေးနီရောင်ဝတ် အမျိုးသားသည် သူတို့ ကိုယ်စီကိုယ်ငှ ဝင်ရောက်ကြသော ခန်းမများသည် စမ်းသပ်မူဖြေဆိုသူများအတွက် အသင့်တော်ဆုံး ခန်းမဖြစ်သည်ဟု ယခင်က ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး A-အဆင့် စမ်းသပ်မူသည် နဂါးလက်သီးသိုင်း၏ နောက်ဆုံး လက်သီးသိုင်းနှစ်ခု ဖြစ်ဖွယ်ရှိသည်။
ထိုသို့ဖြစ်လျှင်၊ ချင်ယွင်သည် ဤ A-အဆင့်စမ်းသပ်မှုတွင် အောင်မြင်မှုတစ်ခု ရအောင်ယူရဦးမည် ဖြစ်သည်။
ဤနဂါးလက်သီးသိုင်းပညာသည် အင်မော်တယ်ကမ္ဘာမှာပင် ထိပ်တန်း လက်သီး သိုင်းပညာရပ် တစ်ခုဖြစ်ပါသည်။ ၎င်းပညာရပ်၏ စစ်မှန်သော စွမ်းအားသည် နောက်ဆုံး သိုင်းကွက်နှစ်ခုတွင် ရှိနေသင့်သည်။ အကယ်၍ သူသည် ဤလက်သီး သိုင်းပညာအားလုံးကို ရရှိနိုင်မည်ဆိုလျှင် ချင်ယွင်အတွက် သူ၏ ရိတ်သိမ်းမှုသည် အနှိုင်းမဲ့ ကြီးမားပါလိမ့်မည် ။
ဟုတ်ပါသည်၊ ဤ A-အဆင့် စမ်းသပ်မူသည်လည်း အလွန်အန္တရာယ်များပါသည်။ ဤအချက်ကို ပြီးခဲ့သည့် B-အဆင့် စမ်းသပ်မူကနေ မြင်နိုင်ပါသည်။
ဟန်ဖန်းနှင့် သူ့ကို တိုက်ခိုက်ခွင့်ပေးလိုက်ခြင်းက သူတို့နှစ်ယောက်စလုံးကို သေတွင်းထဲ ပို့လိုက်သည်ကို သံသယဖြစ်စရာ မလိုပေ။
'"မေ့လိုက်ပါ၊ ဘာတစ်ခုမှ ရယူစရာမရှိဘူးဆိုရင် ကျားတွင်းထဲကိုလည်း သွားစရာ မလိုဘူးလေ။ ဒါ့အပြင်၊ ခန်းမသုံးခုစလုံးကို ချိုးဖျက်နိုင်ရင် အပိုဆုတစ်ခု ရမယ်လို့ သွေးနီရောင်ဝတ် အမျိုးသားက ပြောဖူးတယ်။ နဂါးလက်သီးသိုင်းပညာရပ် တစ်ခုလုံး ထက်ပင် ပိုပြီး အဖိုးတန်လောက်တယ်။ အဲဒါက ဘယ်လို ရတနာမျိုးလဲဆိုတာ ငါကြည့်ချင်မိတယ်" ချင်ယွင်သည် ချက်ချင်းပင် စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်သည်။
ထို့ကြောင့် ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ သူ၏စွမ်းအားများ ပြန်လည်ရရှိရန် သူ၏ ကျင့်ကြံခြင်း ပညာရပ်ကို ဖြန့်ကျက်ကာ နောက်ထပ်စိန်ခေါ်မှုကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်နေသည်။
နှစ်နာရီခန့်အကြာတွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ချင်ယွင်သည် ဟန်ဖန်း၏ သိုလှောင်လက်စွပ်ကို သူ၏ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ပစ်ထည့်လိုက်လေသည်။
ဟန်ဖးန်၏ သိုလှောင်လက်စွပ်တွင် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင် တစ်ခု ရှိနေသည်။ ချင်ယွင်သည် ၎င်းကို မည်သို့ မလိုချင်ဘဲ နေမည်နည်း?။
ထိုအရာအားလုံး ပြုလုပ်ပြီးနောက် ချင်ယွင်သည် ခန်းမရှေ့မှ ကျောက်စိမ်းတုံးဆီကို တိုက်ရိုက် လျှောက်သွားလိုက်သည်။
ဤခန်းမ၏ အပြင်အဆင်က ယခင်အတိုင်းပင်။ အထဲတွင် တယ်လီပို့စနစ် ပါရှိသည့် ကျောက်စိမ်းတုံး အပိုင်းအစတစ်ခု ရှိနေသည်။ ထို့ကြောင့် ချင်ယွင်သည် နောက်ခန်းမ ထဲသို့ မည်သို့ ဝင်ရမည်ကို ကောင်းကောင်းသိပါသည်။
တုန့်ဆိုင်းမနေတော့ဘဲ၊ ချင်ယွင်သည် သူ၏လက်ကို တယ်လီပို့ကျောက်စိမ်းတုံးပေါ် တင်လိုက်ပါသည်. ထို့နောက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ချင်ယွင်၏ ရုပ်အသွင်သည် ပင်မခန်းမထဲမှ ပျောက်ကွယ် သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ အင်မော်တယ် နန်းတော်၏ တတိယထပ်ရှိ လွတ်လပ်သော ခန်းမတစ်ခုတွင် သွေးနီရောင်ဝတ် အမျိုးသားနှင့် ဆံပင်ဖြူ အဘိုးအိုတစ်ဦးတို့သည် တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်ဘက် ထိုင်ကာ “ဂို” ကစားနေကြသည်။
စစ်တုရင်ခုံကို ကန့်လန့်ဖြတ်ထားပြီး အဖြူရောင်နှင့် အမည်းရောင် အစေ့လေးများက အညီအမျှ ဖြစ်နေသည်။ သူတို့နှစ်ယောက်သည် ဘယ်သူ့ကိုမှ ဘာမှမလုပ်နိုင်ကြပါဘူး။
"အယ်? ဒီကောင်စုတ်လေးက ဒုတိယအဆင့် စမ်းသပ်မူကို အောင်သွားပြီပဲ။ သူက တတိယအဆင့် စမ်းသပ်မူထဲကို စဝင်နေပြီ။ သူ့အရှိန်က တော်တော် မြန်တာပဲ။" သွေးနီရောင်ဝတ် အမျိုးသားက ရုတ်တရက် အံ့သြစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
ဆံပင်ဖြူ အဘိုးအိုသည် သွေးနီရောင်ဝတ် အမျိုးသား၏ စကားကို ကြားသောအခါတွင် သူ၏မျက်နှာပေါ်မှာ အနည်းငယ်မျှ အံ့သြခြင်း မရှိခဲ့ပေ။ သူက ဖြည်းဖြည်းချင်း ပြောတယ် "မင်း သူ့ကို ကိုယ်တိုင်ကိုယ်ကျ မစမ်းသပ်ခဲ့ဖူးလား?။ သူ့ရဲ့အစွမ်းကို မင်း ဘာလို့ မသိသေးတာလဲ?"
"ဟား…၊ ဟား…၊ သူ ဒုတိယအဆင့် စမ်းသပ်မူကို ကျော်ဖြတ်နိုင်မယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ဒီကောင်စုတ်လေးက အင်မော်တယ်ကမ္ဘာကလာတဲ့ ဟန်ဖန်းကို မြန်မြန်ဆန်ဆန် သတ်ပစ်ဖို့ ငါ့ရဲ့သိုင်းကွက်ကို အသုံးချသွားလိမ့်မယ်လို့ ဘယ်တုန်းက မှ ငါ မထင်ထားခဲ့မိဘူး။ စိတ်ဝင်စားဖို့ ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်" သွေးနီရောင်ဝတ် အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရှက်စ်… ၊ သူက ငါပေးလိုက်တဲ့ ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးကြောင့်သာ မဟုတ်ရင် ဟန်ဖန်းကိုသတ်ဖို့ ခွန်အားရှိမယ်လို့ မင်း ထင်နေတာလား?။ ကောင်းကင်သို့ ပျံတက်ခြင်းနဂါးလက်သီးသိုင်း တစ်ချက် အသုံးပြုလိုက်တာနဲ့ သူ့ရဲ့ အစစ်အမှန် အနှစ်သာရတွေ လုံးလုံးကုန်ဆုံးသွားမှာတောင် ငါ ကြောက်မိသေးတယ် " ဆံပင်ဖြူ အဘိုးအိုက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူ၏လက်ထဲတွင် ကိုင်ထားသော အဖြူရောင် အပိုင်းအစကို စစ်တုရင်ခုံ မျက်နှာပြင်ပေါ် တင်လိုက်ပြီး သူ၏ မုတ်ဆိတ် မွေးများကို ပွတ်သပ်ကာ ပြုံးလိုက်သည်။ ထို့နောက် သူသည် အံ့သြဖွယ်ကောင်းသော ခြေတစ်လှမ်းကို လှမ်းလိုက်သည့်အတိုင်း သက်ပြင်းချရင်း သဘောကျစွာ ပြုံးလိုက် သည်။
"ဟမ့်…, အဘိုးကြီးရန်.., မင်းက ငါ့ဆီကနေ အသိမှတ်ပြုပေးဖို့ တောင်းခံနေတာလား?။ ဒါမှမဟုတ် မင်းရဲ့ထိုးထွင်းသိမြင်မူဥာဏ်က ပိုကောင်းတယ်လို့ ပြသနေတာလား?။ တစ်ကိုယ်ကောင်းဆန်တဲ့ အဆုံးသတ်တွေအတွက်နဲ့ သခင်ချမှတ်ထားတဲ့ စည်းမျဉ်း တွေကို ဘယ်သူမှ လှည့်စားခွင့် မရှိဘူးဆိုတာကို ခင်ဗျား မမေ့ပါနဲ့။ သခင်သိသွားတာနဲ့ ဒါတွေက ခင်ဗျားအတွက် ကောင်းတာတွေ ဖြစ်လာမယ်ဆိုတာကို ဂရုစိုက်ပါ..။" သွေးနီရောင်ဝတ် အမျိုးသားက အပြုံးနှင့်အတူ ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် သူသည် အနက်ရောင် အစက်အပြောက်တစ်ခုကို ချလိုက်သည်။
"မင်းကရော မင်းရဲ့ဓားသိုင်းပညာကို မင်းကိုယ်ကျိုးအတွက် ပေးလိုက်တာ မဟုတ်ဘူး လား?။" ဆံပင်ဖြူ အဘိုးအိုက မနှစ်မြို့ဟန်ဖြင့် ပြုံးလိုက်သည်။ သူ၏ မျက်လုံးများ သည်လည်း ကောက်ကျစ်စဉ်းလဲမူများနှင့် ပြည့်နှက်နေပြီး အဖြူရောင် အပိုင်းအစ တစ်ခုက ကျဆင်းသွားသည်။
“ဒါပေမယ့် နောက်ဆုံး တတိယအဆင့် စမ်းသပ်မူက လွယ်တော့မလွယ်ဘူး။ အဲဒါက ခွန်အားတွေ ကျင့်ကြံမူတွေနဲ့ ဘာမှမဆိုင်ဘူး။ တကယ်လို့ သူသာ အခြေမခိုင်ဘူးဆိုရင် ပြာအဖြစ်ပြောင်းလဲပြီး ဆုံးသတ်သွားလိမ့်မယ်။ အဲဒါက သူ့အတွက် အလွယ်တကူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး" သွေးနီရောင်ဝတ် အမျိုးသားက အနက်ရောင် အစက်ပြောက်ကို ချရင်း ပြောလိုက်သည်။
"တတိယအဆင့် စမ်းသပ်မူကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်မယ်လို့ ငါ ထင်တယ်။" ဆံပင်ဖြူ အဘိုးကြီးက ပြုံးသည်။
"အိုး? ခင်ဗျားက ဘာလို့ ဒီလောက်သေချာနေရတာလဲ?။ အဲဒီအချိန်တုန်းက ငါတောင်မှ အဲဒီအထဲက ပြန်မထွက်နိုင်လုနီးပါးဖြစ်ခဲ့တာ မင်း သိသင့်တယ်" သွေးနီရောင်ဝတ် အမျိုးသားက သံသယစိတ်ဖြင့် မေးသည်။
"စောင့်ကြည့်နေစမ်းပါ။" ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြီး ပြောသည်။ ထို့နောက် သူချန်ထားခဲ့သော သားတစ်ဦးက သွေးနီရောင်ဝတ် အမျိုးသား၏ နဂါးကြီးကို သတ်ပစ်လိုက်လေသည်။
သွေးနီရောင်ဝတ် အမျိုးသားသည် သူပိုင်ဆိုင်သည့် ကမ္ဘာတစ်ဝက် ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရချိန်မှာ သ ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ပါသည်။ သူသည် အရှုံးကို ဝန်ခံဖို့အတွက် သူ၏လက်ထဲမှ စစ်တုရင် အပိုင်းအစကို ဖယ်ထုတ်ရင်း ကူးရာမဲ့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပါသည်။
"ဟား…၊ ဟား…။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ငါ မင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှုံးနိမ့်ခဲ့တယ်။ ဒီတခေါက် ငါ ဒီနံစော်နေတဲ့ စစ်တုရင်ဂျိုးကြီဂကို တကယ်အနိုင်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ တိုက်ပွဲပေါင်း ရာနဲ့ချီပြီး အနိုင်ယူခဲ့တဲ့ စစ်တုရင်အင်မော်တယ်တစ်ပါးအဖြစ် ကျော်ကြားခဲ့တဲ့ မင်းရဲ့ ဂုဏ်သတင်းဟာ နောက်ဆုံးမှားတော့ ငါကြောင့် ပြိုကွဲသွားခဲ့ပြီ။" ဆံပင်ဖြူ အဘိုးကြီးက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ သူ၏စိတ်နေစိတ်ထားက ထူးထူးခြားခြား သက်တောင့်သက်သာရှိနေပြီး သွေးနီရောင်ဝတ် အမျိုးသားကို လှောင်ပြောင် သရော်ဟန် အကြည့်တချို့ကိုတောင် တမင်တကာ ပစ်လွှတ်လိုက်သေး သည်။
သွေးနီရောင်ဝတ် အမျိုးသားသည် ဆံပင်ဖြူ အဘိုးအို၏ အားရကျေနပ်မှုကို လျစ်လျူရှုလိုက်သည်။ သူသည် ခေါင်းမော့ပြီး အဝေးက နန်းတော်တွေကို ကြည့်လိုက် သည်။ သူ၏မျက်လုံးတွေက မျှော်လင့်ချက် အရိပ်အမြွက်တွေ ထင်ဟပ်နေသည်။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်ပါသည် " တကယ်လို့ ရှုံးနိမ့်ရခြင်းရဲ့ အကြောင်းရင်းကိုသာ ပြောင်းလဲနိုင်မယ်ဆိုရင် ခင်ဗျားအတွက် တိုက်ပွဲပေါင်း တစ်ရာကျော် အနိုင်ရခြင်းရဲ့ ဂုဏ်သတင်းကို ချိုးဖျက်ရရင်လည်း တန်ပါတယ်လေ!"