← Chapters

အခန်း ၆၆၇

Vol. 45 Ch. 667

အခန်း ၆၆၇

Vol. 45 Ch. 667

အခန်း (၆၆၇) အိပ်မက်ဆိုး။

ဘန်း….။

ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါသည်။ သို့သော် သူ စိတ်ကူးထားသည့် ခန်းမကြီးကတော့ ပေါ်လာခြင်း မရှိပေ။ ယင်းအစား၊ သူ၏ရှေ့တွင် ပေါ်လာသည်မှာ သက်ကယ်မိုး အိမ်ဟောင်းတစ်လုံး ဖြစ်ပါသည်။

သက်ကယ်မိုး အိမ်ဟောင်းတစ်ခုလုံးမှာ ကွဲနေသော ရေနွေးအိုးအနည်းငယ်မှ လွဲ၍ အခြား ဘာမျှမရှိပေ။

အိမ်ခေါင်မိုးမှာ အပေါက်ကြီးတချို့လည်း ရှိနေပါသည်။ အိမ်ခန်းတစ်ခုလုံးမှာ ကုတင် တစ်လုံးတောင် မရှိပါဘူး။ ချင်ယွင် မြက်ပင်များဖြင့် ပြုလုပ်ထားသော အိပ်ယာပေါ်မှာ လဲလျောင်းနေသည်။ အဖိုးတန်သည်ဟု ယူဆနိုင်သည့် တစ်ခုတည်းသောအရာမှာ မရေမတွက်နိုင်အောင် ပြုပြင်ဖာထေးထားသော စောင်စုတ်တစ်ထည် ဖြစ်ပါသသည်။

"ဒီနေရာက ဘယ်နေလဲ?။ ငါကရော ဘာလို့ ဒီနေရာကို ရောက်လာတာလဲ?" ချင်ယွင်သည် လှည့်ပတ်ကြည့်ရူလိုက်သည်။ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူမရင်းနှီးသည့် အရာများ ဖြစ်နေသည်။

"အယ်၊ ငါ့ခြေထောက်တွေ ဘာလို့ မလှုပ်နိုင်တော့တာလဲ?" ချင်ယွင်သည် သူ၏ ခြေထောက်များ လုံးဝ ခံစားမူမရှိတော့သည်ကို ရုတ်တရက် သိရှိလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရနှင့် စွမ်းအင်တွေအားလုံးလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်နည်းဆိုရသော် ယခုအခါ သူသည် လုံးဝ မသန်စွမ်းသူ တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ၏တစ်ကိုယ်လုံးရှိ အရေပြားလည်း မည်းမှောင်နေပြီး ဓားတွေ၊ လှံတွေ ထိုးဖောက်လို့မရသည့် အစွမ်းထက်သော ခန္ဓာကိုယ်လည်း မရှိတော့ဘူးဆို သည်ကို သူ တွေ့ရှိလိုက်ရပါသည်။

"ဒါဟာ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခုများ ဖြစ်နေမလား?" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။ ထိုကဲ့သို့ မဟုတ်ဘူးဆိုလျှင်၊ သူသည် ဤနေရာမှာ ရုတ်တရက် ပေါ်လာပြီး မသန်စွမ်းသူတစ်ဦး ဖြစ်သွားရခြင်း၏ အကြောင်းကို သူ ဘယ်လိုမှ ရှင်းမပြတတ်တော့ပေ။

"ကျွီ…..!"

ထိုအချိန်တွင် ခြံဝန်းသစ်သားတံခါးက ပွင့်လာသည်။ ဖာထေးထားသော အဝတ်အစား များကို ဝတ်စားထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် လမ်းလျှောက် ဝင်လာပါသည်။ သူမသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရူနေသော ချင်ယွင်ကို မြင်လျှင် ပျော်ရွှင်သွားသည့် အမူအရာ ပေါ်လာပြီး ပြောသည် "ရုပ်ဆိုးလေး၊ နောက်ဆုံးတော့ မင်း သတိရလာပြီပဲ။ မင်း သတိလစ်နေတာ ဆယ်ရက်ရှိပြီ။ မင်းက ငါ့ကို လန့်အောင်လုပ်နေတာပဲ”။

"ရုပ်ဆိုးလေးလား? အမေလား?" ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။ သူသည် ဘယ်တုန်းက ကောင်စုတ်လေး ဖြစ်သွားရသနည်း?။ ထို့အပြင်၊ သူ၏မိခင်သည်လည်း အမှောင်ထုချောက်နက်ကြီးထဲ၌ ရှိနေခဲ့သည်။ သူ၏ရှေ့မှ ဤအသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် သူ၏အမေ မဟုတ်သည်မှာ သေချာပါသည်။

"ဒါက ပုံရိပ်ယောင်တစ်ခု ဖြစ်ရမယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ချင်ယွင်သည် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိပုံရသည်။ သူမက လမ်းလျှောက်လာပြီး ပြောသည် "ရုပ်ဆိုးလေး၊ မင်းက သတိလစ်နေ တာလေ။ လာ….၊ လာ…..၊ ဆေးမြန်မြန်သောက်လိုက်။ ဆရာဝန်က မင်း ဆေးသောက် လိုက်တာနဲ့ မင်းရဲ့ခြေထောက်တွေက အမြန်ပြန်ကောင်းလာလိမ့်မယ်လို့ ပြောလိုက် တယ်”။

"ခင်ဗျားက ကျွန်တော့်အမေ မဟုတ်ဘူး။ ကျွန်တော့်အမေက အမှောင်ထုချောက်နက် ကြီးထဲကို ရောက်နေတာ။ ပြီးတော့ ကျွန်တော့်နာမည်ကလည်း ချင်ယွင်ပါ။ ရုပ်ဆိုးလေး မဟုတ်ပါဘူး" ချင်ယွင်က အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"မိုက်မဲလိုက်တဲ့ကောင်လေး၊ မင်းနာမည်က ရုပ်ဆိုးလေးလို့ ခေါ်တယ်လေ။ မင်းက ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီး မင်းရဲ့ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့ တယ်။ ဒါပေမယ့် မင်းက ဒီမှာ ဆယ်ရက်လောက် လှဲလျောင်းနေပြီး သတိလစ်နေခဲ့ တာ။ လာ…၊ လာ…. ဆေးသောက်လိုက်ပါ" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြောသည်။

ချင်ယွင်သည် သက်လတ်ပိုင်း အမျိုးသမီး၏ စကားကို မည်သို့ နားထောင်နိုင်မည်နည်း။ ဤအခိုက်အတန့်တွင် သူသည် သူ၏စိတ်ထဲမှာ ဤပတ်ဝန်းကျင်မှ မည်သို့ ရုန်းထွက်ရ မည်ကို တွေးတောနေမိသည်။

သို့သော် ဤပုံရိပ်ယောင်သည် လက်တွေ့ဆန်လွန်းသည်။ သူသည် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို အနည်းငယ်မျှပင် မခံစားနိုင်ခဲ့ပါ။

"ထားလိုက်ပါလေ၊ မသောက်ချင်ဘူးဆိုမှတော့ နောက်မှ အမေ ပြန်လာခဲ့မယ်။ အရင်ဆုံး မင်းစိတ်ကို တည်ငြိမ်အောင်ထားပါ" ချင်ယွင်က သူမကို လျစ်လျူရှုထား သည်ကို မြင်လိုက်ရလျှင်၊ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကူကယ်ရာမဲ့ဟန် ခေါင်းခါပြီး ဝမ်းနည်းစွာ ထွက်ခွာသွားပါသည်။

ချင်ယွင်သည် မြက်ခင်းပေါ်တွင် လဲလျောင်းနေသည်။ သူသည် မည်မျှပင် ကြိုးစား အားထုတ်နေပါစေ ဤပုံရိပ်ယောင်ထဲမှ ရုန်းမထွက်နိုင်ခဲ့ပါ။

ထို့ကြောင့် ချင်ယွင်သည် ဤပုံစံအတိုင်း မြေပြင်ပေါ်တွင် ဆယ်နှစ်ကြာ လဲလျောင်း နေခဲ့ရသည်။

ဤဆယ်နှစ်တာကာလအတွင်း ချင်ယွင်သည် ဤပုံရိပ်ယောင်ထဲမှ တစ်ချိန်လုံး မထွက်နိုင်ခဲ့ပါချေ။ ထို့အပြင် သူသည် နည်းလမ်းမျိုးစုံကိုသုံးပြီး ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူသည် ပုံရိပ်ယောင်ထဲတွင် တစ်ချိန်လုံး ပိတ်မိနေခဲ့သည်။

ချင်ယွင်၏ ခိုင်မာသော စိတ်ဓာတ်ကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူသည် ဤရုပ်ဆိုးလေးဖြစ်နေပြီလားဟုပင် တွေးထင်မိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချင်ယွင်၏ ဘဝသည် အိပ်မက်တစ်ခုသာသာ ဖြစ်သွားပါလိမ့်မည်။

ဤပုံရိပ်ယောင်သည် တတိယအကြိမ်မြောက် စမ်းသပ်မှုဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သည်။ ထိုကဲ့သို့ လက်တွေ့ဆန်လှသော စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးမူက ချင်ယွင်ကို သူ့ကိုယ်သူ ဆုံးရှုံးသွားစေပြီး ပုံရိပ်ယောင်ထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားစေရန် ဖြစ်ပါသည်။

"အခု ငါ နည်းလမ်းတွေအားလုံးကို စမ်းသပ်ကြည့်ပြီးပြီ။ အခု ငါ မစမ်းသပ်ရသေးတာ ဆိုလို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ သေဆုံးခြင်း….!" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။

သူသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးတောပြီးနောက် နောက်ဆုံးမှာ တော့ ဤပုံရိပ်ယောင်ကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကို သူတွေးမိခဲ့ပြီး၊ ထိုနည်းလမ်းကလည်း ကိုယ့်ကိုယ်ကို သတ်သေရန်ဖြစ်ပါသည်။

ဤနည်းဖြင့်သာ သူသည် ဤရုပ်ဆိုးလေး၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပြီး ဤပုံရိပ်ယောင်ကို ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်။

သေချာသည်မှာ၊ အန္တရာယ်တစ်ခုတော့ ရှိနေပါသည်။ အကယ်၍ သူသည် ကိုယ့်ကိုယ်ကို အမှန်တကယ် သတ်သေပြီး ပုံရိပ်ယောင်လည်း ပြိုကွဲသွားခြင်း မရှိပါက၊ သူ၏ ခန္ဓာကိုယ်သည် ပျက်ဆီးသွားသည်နှင့် ပုံရိပ်ယောင်ထဲမှာ ထာဝရ နစ်မြုပ်သွား မည်ဖြစ်သည်။

"မေ့လိုက်ပါ၊ သေလိုက်ရုံပေါ့" ချင်ယွင်၏ မျက်လုံးများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။ သူသည် တုန့်ဆိုင်းမနေတော့ဘဲ သူ၏ နှလုံးကို ကတ်ကြေးတစ်ချောင်းဖြင့် တိုက်ရိုက် ထိုးစိုက်လိုက်လေသည်။

"ဖတ်….!"

ကတ်ကြေးသည် ချင်ယွင်၏ နှလုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် နာကျင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ မျက်လုံးများသည် မှေးစင်းပြီး ပြိုလဲသွားပါသည်။

ချင်ယွင်သည် နောက်တဖန် ပြန်နိုးလာစဉ်မှာ၊ သူသည် ပုံရိပ်ယောင်ထဲက ထွက်ခွာမသွားသေးမှန်း သိရှိလိုက်သည်။ သူသည် ဤအကျွမ်းတဝင်ရှိလှသော သက်ကယ်မိုး အိမ်လေးထဲတွင် လဲလျောင်းနေဆဲ ဖြစ်သည်။

သက်ကယ်မိုးအိမ်အတွင်းရှိ မြင်ကွင်းက ချင်ယွင် မျက်လုံးကို စဖွင့်တုန်းကနှင့် အတူတူပင် ဖြစ်သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာ ရှင်းရှင်း လင်းလင်းပါပဲ။ ဘာကြောင့် ဒီပုံရိပ်ယောင်ကို မဖြေရှင်းနိုင်ရသေးတာလဲ?" ချင်ယွင် သည် အံ့ဩသွားသည်။

"ကျွီ….!"

တံခါးပွင့်လာပြန်သည်နှင့် ချင်ယွ၏ ရှေ့တွင် နှိုင်းယှဉ်ပြ၍မရအောင်ပင် ရင်းနှီးသော မျက်နှာတစ်ခုက ပေါ်လာပြန်သည်။

"ရုပ်ဆိုးလေး၊ နောက်ဆုံးတော့ မင်း နိုးလာပြီပဲ။ မင်း သတိလစ်နေတာ ဆယ်ရက်ရှိပြီ။ မင်း ငါ့ကို ကြောက်အောင်လုပ်နေတယ်" ထိုစကားကို အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ထပ်ပြောပြန်သည်။

ချင်ယွင်သည် ပြိုလဲတော့မည် ဖြစ်သည်။ သူသည် လွန်ခဲ့သော ဆယ်နှစ်ကို ပြန်ရောက် သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။

"ဘာဖြစ်လို့လဲ၊ အတိအကျက ဘာလဲ?" ချင်ယွင်က ကောင်းကင်ယံကို ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။

သူသည် တကယ်ကို လုံလောက်နေပါပြီ။ သူသည် အိပ်ရာထဲတွင် ဆယ်နှစ်ကြာအောင် လဲလျောင်းနေခဲ့ရပြီး ထိုအနေထားမျိုးဖြင့် တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။ မိနစ်တိုင်းသည် သူ့အတွက် နာကျင်စရာတွေချည်း ဖြစ်သည်။

သို့သော် ဤကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်ကို သူ မဖယ်ရှားနိုင်ခဲ့ပေ။ အခုတော့ အရာအားလုံးသည် အစကနေ ပြန်စပြန်တော့မည်။ ချင်ယွင်သည် ဤအရာကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း?။

"ဒီပုံရိပ်ယောင်ကို ငါ ဘယ်လိုဖြတ်ကျော်နိုင်မလဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေ သည်။

ယခုအချိန်မှာ သူသည်လည်း နည်းနည်းလေး စိတ်ပူနေမိသည်။ ဤပုံရိပ်ယောင်ထဲမှ မည်သို့ ရုန်းထွက်ရမည်ကို သူ တကယ်မသိခဲ့ပါ။

အကယ်၍ သူသည် ဤပုံရိပ်ယောင်ထဲမှ ရုန်းမထွက်နိုင်ခဲ့ပါက၊ သူသည် ဤပုံရိပ်ယောင်ထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မည်။ သူသည် အသက်ကြီး၍ သေဆုံးသွားမည်။ ထို့နောက် အရာအားလုံးသည် ပြန်လည်စတင်ပြီး ဤကဲ့သို့ ထာဝရ လည်ပတ်နေပေလိမ့်မည်။

"တကယ်ကို ထွက်လမ်းမရှိဘူးလား?" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏စိတ်ထဲတွင် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

"မဟုတ်ဘူး၊ ငါသေချာပေါက် လက်မလျှော့နိုင်ဘူး။ ငါ ရွှန်ရှင်းကို ကယ်တင်ဖို့ လိုနေသေးတယ်။ ငါ့အမေကို ကယ်တင်ဖို့ အမှောင်ထုချောက်နက်ကြီးထဲကို သွားရဦးမယ်။ ငါ့အစ်မရဲ့ ရုပ်ရည်ကိုလည်း ပြန်လည်ကောင်းမွန်အောင် ကုသပေးရဦး မယ်။ ပြီးရင် အင်မော်တယ်ကမ္ဘာကို သွားပြီးတော့ ယစ်ထုတ်အဘိုးကြီးကို ရှာရဦးမယ်။ ငါ မလုပ်ရသေးတဲ့အရာတွေ အများကြီးကျန်နေသေးတယ်။ အခုလိုမျိုး လွယ်လွယ်နဲ့ ဘယ်လိုလုပ် လက်လျော့နိုင်မှာလဲ?" ချင်ယွင်၏ မျက်လုံးများသည် ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ တစ်ဖန် ဝင်းလက်တောက်ပလာပြန်သည်။

ရုတ်​တရက်​ပင်​ သူ၏စိတ်​ထဲတွင်​ ဉာဏ်အလင်းတစ်ချက် ​လင်းလက်သွားသည်​။ သူသည် သူ၏ရှေ့မှ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ကြည့်ပြီး တုံ့ဆိုင်းမနေဘဲ သူ၏ဘေးနားက ကတ်ကြေးကို ကောက်ကိုင်ကာ အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ နှလုံးကို ဓားဖြင့် ထိုးလိုက်လေသည်။

“ရုပ်ဆိုးလေး..… ငါက မင်းအမေလေ။ မင်း ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ…” အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏မျက်နှာသည် အံ့ဩခြင်းများနှင့်အတူ သူမ၏ ပါးစပ်အပြည့် သွေးများ စီးကျလာသည်။

"ခင်ဗျားက ကျွန်တော့်အမေ မဟုတ်ဘူး၊ ခင်ဗျားက ကျုပ်ရဲ့ အိပ်မက်ဆိုးပဲ!" ချင်ယွင် က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဟား….၊ ဟား…..၊ မင်းက ဒီလောက်မြန်မြန်ကြီး မြင်တွေ့သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက တကယ်တော်ပုံရတယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ချင်ယွင်ကို ကောက်ကျစ်သော အပြုံးဖြင့် ငုံ့ကြည့်နေသည်။

ထို့နောက် ပတ်ဝန်းကျင်ရှုခင်းများသည် ပြိုကျသွားခဲ့ပြီး ချင်ယွင်၏ရှေ့မှာ ကျယ်ဝန်းသော ခန်းမတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ချင်ယွင်သည် ခန်းမကြမ်းပြင်ပေါ်တွင် လဲလျောင်းနေ၏။ သူ၏ရှေ့တွင် အနက်ရောင်၀တ်စုံကို ၀တ်ထားသော အမျိုးသားတစ်ဦး ရှိနေသည်။ အနက်ရောင် ဝတ်ရုံက သူ့ကို ဖုံးအုပ်ထားပြီး သူ၏ရုပ်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင် ပေ။

All Chapters