← Chapters

အခန်း ၆၆၈

Vol. 45 Ch. 668

အခန်း ၆၆၈

Vol. 45 Ch. 668

အခန်း (၆၆၈) နဂါးဘုရားသွေး၏အနှစ်သာရ။

"တတိယစမ်းသပ်မှု အောင်မြင်သည့်အတွက် ဂုဏ်ယူပါတယ်။" အနက်ရောင် ဝတ်ရုံဝတ် အမျိုးသား၏ အသံ ခန်းမထဲတွင် ထွက်ပေါ်လာသည်။

"ဖြတ်ကျော်နိုင်သွားပြီလား?" ချင်ယွင်သည် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားကို အံ့သြတကြီးဖြစ်ဟန်ဖြင့် သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

"မှန်တယ်၊ မင်းက ဒီစမ်းသပ်မှုကို ဖြတ်ကျော်ပြီးသွားပြီ။ တတိယမြောက် စမ်းသပ်မှုက ယခုလေးတင် မင်းတွေ့ခဲ့ရတဲ့ ပုံရိပ်ယောင်စမ်းသပ်မူပဲ။ မင်းက ပုံရိပ်ယောင်ထဲမှာ ကိုယ့်ကိုယ်ကို ပျောက်ကွယ်မသွားခဲ့ဘဲ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ရှာဖွေ တွေ့ရှိခဲ့တယ်။ ဒါကြောင့် အဲဒီပုံရိပ်ယောင်က သဘာဝအတိုင်း ပြိုကွဲသွားခဲ့တယ်" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။

ချင်ယွင်က ရုတ်တရက် နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်မိသည်။ ဆိုတော့ ဤတတိယမြောက် စမ်းသပ်မှုသည် အိပ်မက်တစ်ခုမျှသာ ဖြစ်ပါသည်။ သူသည် ဤအိပ်မက်ကနေ ရုန်းထွက်နိုင်သည်နှင့် ဤစမ်းသပ်မှုကို ကျော်လွှားနိုင်လိမ့်မည်။

"ဒါဆို တကယ်လို့ ငါ့ကိုယ်ငါ ပျောက်ဆုံးသွားတာ ဒါမှမဟုတ် အဲဒီနေရာမှာ လက်လျော့ လိုက်တာဆိုရင် ဘာဖြစ်သွားမလဲ?" ချင်ယွင်က မေးသည်။

"ဒါဆို မင်းလည်း သေသွားလိမ့်မယ်။ ပြီးတော့ မင်းရဲ့စိတ်ဝိညာဉ်ကို ငါ ဝါးမြိုရ လိမ့် မယ်။ မင်းက ဘယ်တော့မှ အသက်ရှင်လျက် ကျော်လွှားနိုင်မှာ မဟုတ်ဘူး။" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။

ချင်ယွင်သည် မျက်ခုံးပင့်လိုက်မိသည်။ အမှန်ပင်၊ သူထင်ထားသည့် အတိုင်းပင်။ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားခြင်းသည်လည်း သေဆုံးခြင်းရလာဘ်ပင် ဖြစ်သွားလိမ့်မည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်လည်း သူ၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုအချို့ ရှိနေသည်။ သူသည် လက်လျှော့လုနီးပါးပင် ဖြစ်ခဲ့သည်။ အမှန်တကယ် သူ လက်လျော့လိုက်သည်နှင့် သူဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

သူသည် ထိုနေရာမှာ အချိန်အတော်ကြာအောင် လဲလျောင်းနေခဲ့သည်။ ထို့ကြောင့် သူသည် ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားရန် လွယ်ကူပါသည်။ သူ၏စိတ်ဆန္ဒသည် မည်မျှပင် ခိုင်မာနေပါစေ၊ ထိုအဆုံးမရှိသည့် သံသရာစက်ဝန်း လည်ပတ်မူအောက်မှာ သူသည် တဖြည်းဖြည်း ကွယ်ပျောက်သွားလိမ့်မည်။

ချင်ယွင်သည် အိပ်မက်ဆိုး၏ တည်ရှိမှုကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သည်ဆိုလျှင်၊ အမှန်တကယ်တော့ ချင်ယွင်သည်လည်း ကံကောင်းထောက်မပြီး ရူထောင့်တစ်ခုကို ဆွဲကိုင်ထား၍ ဖြစ်ပါသည်။

ယခင်က သူသည် ပုံရိပ်ယောင်ထဲမှ ရုန်းထွက်ရန် နည်းလမ်းအမျိုးမျိုးကို တွေးခဲ့ဖူး သော်လည်း ပုံရိပ်ယောင်ထဲမှ အရာအားလုံးကို စောင့်ကြည့်ရန် လျစ်လျူရှုခဲ့မိသည်။ နောက်ပိုင်းတွင် သူသည် ထိုပုံရိပ်ယောင်၏ ဖြစ်စဉ်တစ်ခုလုံးကို သတိထားမိသွားပြီး၊ သူ၏ရုပ်ဆိုးလေးဘဝတွင် ချင်ယွင်နှင့် ထိတွေ့ဆက်ဆံဖူးသူဟူ၍ တစ်ဦးတည်းသာ ရှိခဲ့သည်။

ထို့ကြောင့် ချင်ယွင်သည် ဤအသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ပုံရိပ်ယောင်ကို ဖြတ်ကျော်ရန် သော့ချက်ဖြစ်နိုင်ကြောင်း သံသယ ရှိခဲ့သည်။ ထိုစမ်းသပ်မှုက သူ့ကို တကယ် အောင်မြင်သွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ကောင်းပြီလေ၊ မင်းက ပုံရိပ်ယောင်ကို ချိုးဖျက်လိုက်ပြီဆိုတော့ ဒီခန်းမထဲက အမွေက မင်း ပိုင်သွားပြီ" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။

သူပြောပြီးသည်နှင့် သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ပါးလွှာသော လေထုမှ ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ စိတ်ထဲသို့ ချက်ချင်း စိမ့်ဝင်သွားလေသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသည့်အမူအရာ ပေါ်လာသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင်၊ တတိယစမ်းသပ်မူ၏ ခန်းမအတွင်းရှိ အမွေဆက်ခံ မှုသည် နဂါးလက်သီးသိုင်း၏ နောက်ဆုံး သိုင်းကွက်နှစ်ခု ဖြစ်လေသည်။

ယခုအချိန်တွင် နဂါးလက်သီးသိုင်းပညာရပ်သည် စုစုပေါင်း ခြောက်ကွက်ရှိသွားခဲ့ပြီး ချင်ယွင်သည်လည်း ၎င်းတို့အားလုံးကို တစ်ပြိုင်နက် စုစည်းနိုင်ခဲ့သည်။ ဤသည်မှာ ချင်ယွင်အတွက် ကြီးမားသော ကံကြမ္မာကောင်းတစ်ခုဆိုသည်မှာ သေချာပါသည်။

"စမ်းသပ်မူသုံးခုကို အောင်မြင်တဲ့လူတိုင်းအတွက် သခင် ညွှန်ကြားထားတဲ့အတိုင်း အပိုဆုတစ်ခု ထပ်မံရရှိမယ်" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။

"ဘာအပိုဆုလဲ?" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

ဤအပိုဆုသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ကြောင်း သွေးနီရောင်ဝတ် အမျိုးသားထံမှ သူ ကြားသိခဲ့ရသည်။ ဒါကြောင့် ဤအပိုဆုက မည်သည့်အရာ ဖြစ်မလဲဆိုသည်ကို သူ အရမ်း သိချင်နေခဲ့သည်။

"နဂါးနတ်ဘုရားရဲ့သွေးအနှစ်သာရ" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက အမှန်အတိုင်း ဖြေသည်။

"နဂါးနတ်ဘုရားရဲ့သွေးအနှစ်သာရလား..? အဲဒါက ဘာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေး စွာဖြင့် မေးလိုက်သည်။

အစစ်အမှန် နဂါးများ၏ဘိုးဘေးသည် တုနှိုင်းမရအောင် မြင့်မြတ်သော စွမ်းရည်များနှင့် ကြောက်မက်ဖွယ်ကောင်းသည့် တန်ခိုးအစွမ်းကို ပိုင်ဆိုင်ထားသော နတ်နဂါး ဖြစ်သည်။

ထိုနတ်နဂါးသည် နှစ်ပေါင်း ဘီလီယံကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။ ထို့ကြောင့် သူ၏အနှိုင်းမဲ့ အဖိုးတန်သွေးအနှစ်သာရ မဆိုထားနှင့်၊ မည်သည့်အရာကိုမျှ ချန်ထားနိုင်ခဲ့မည် မဟုတ်ပေ။

ထို့အပြင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် နတ်နဂါးအကြောင်း မပြောဘဲ နဂါးဘုရားအကြောင်း ဖြစ်သည်။ ချင်ယွင်သည်လည်း နဂါးနတ်ဘုရားအကြောင်း ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

"ငါ့သခင်က နဂါးနတ်ဘုရားပဲ" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။

ချင်ယွင်သည် ဟွမ်ထန်းလုံသည် နဂါးနတ်ဘုရားဖြစ်ကြောင်း ရုတ်တရက် သဘော ပေါက်သွားပြီး စမ်းသပ်မှု (၃) ခုကို ကျော်ဖြတ်ခြင်းအတွက် အပိုဆုမှာ ဟွမ်ထန်းလုံ၏ သွေးအနှစ်သာရတစ်စက်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည် မထင်မှတ်ထားသော အလင်းတန်းများနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ဟွမ်ထန်းလုံက ဘယ်သူလဲ?။

သူသည် ဒဏ္ဍာရီလာ ဖရိုဖရဲ နတ်နဂါးအုပ်စိုးရှင် ခန္ဓာကိုယ်ပိုင်ရှင် တစ်ဦး ဖြစ်ပါသည်။ သူသည် နတ်နဂါးနှင့် အနီးစပ်ဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရုံသာမက ဖရိုဖရဲ နတ်နဂါးအုပ်စိုးရှင်ခန္ဓာကိုယ်၏ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

သူ၏ သွေးအနှစ်သာရသည် အကြီးမြတ်ဆုံး ရတနာတစ်ခုဆိုသည်မှဦ သေချာပါသည်။ အင်မော်တယ်ကမ္ဘာမှ လူတိုင်းပင် ၎င်းကို အိပ်မက်မက်ကြပေလိမ့်မည်။

ဤစမ်းသပ်မှုသုံးခုအတွက် အပိုဆုကြေးမှာ ဟွမ်ထန်းလုံ၏ သွေးအနှစ်သာရ ဖြစ်မည် ဟု ချင်ယွင် မထင်ထားခဲ့ပေ။ ထို့ကြောင့် ချင်ယွင်သည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ဘန်း…..!

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် သူ၏ဝတ်စုံလက်မောင်းကို နောက်တကြိမ် ဝှေ့ယမ်းလိုက်ရာ မျက်လုံးတစ်လုံး၏ အရွယ်အစားရှိ ရွှေရောင်သွေးတစ်စက်သည် လေထဲတွင် ပေါ်လာသည်။

ရွှေရောင်သွေးစက် ပေါ်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းက ခန်းမတစ်ခုလုံး ပြည့်သွားပါသည်။

"ရွှေရောင်သွေးစက်။" ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

ရွှေရောင်သွေးစက်ကို သူသည် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ ဤသွေးစက်တွင်ပါရှိသော စွမ်းအားသည် ယခင်က သူသောက်ခဲ့ဖူးသော အဆင့်သုံး အင်မော်တယ် ဆေးပြားဖြစ်သည့် ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးထက် ပို၍ပင် ကြောက်စရာကောင်းနေပေလိမ့်မည်။

ယင်းကြောင့် ချင်ယွင်၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာခဲ့သည်။ ဤနဂါး နတ်ဘုရား၏ သွေးအနှစ်သာရဖြင့်ဆို၊ သူ၏လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်သည် အဆင့်ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင်၊ သူ၏ ကိုယ်ခန္ဓာအတွင်းရှိ နဂါးသွေးမျိုးဆက်သည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။ ထိုအစစ်အမှန်နဂါးများ၏ သွေးမျိုးဆက်သည်ပင် ချင်ယွင်၏သွေးမျိုးဆက်နှင့် ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ထိုအကြောင်းကို တွေးတောရင်း ချင်ယွင်က ပြင်းထန်သော စိတ်လှုပ်ရှားမှုကို မခံစားရဘဲ မနေနိုင်တော့ချေ။

"ကောင်းပြီ၊ မင်းကို ဆုပေးပြီးသားဆိုတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ စတုတ္ထထပ် ကို ဘယ်လိုရောက်အောင်သွားရမလဲဆိုရင်၊ မင်းအနေနဲ့ ဒီကျောက်စိမ်းတုံးကို ဖြိုခွဲ ပစ်ဖို့ပဲလိုတယ်။" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြောသည်။

ထိုစကားကို ပြောပြီးနောက်၊ သူ၏ အနက်ရောင်မျက်နှာကို လှည့်လိုက်ပြီး သူသည် လည်း ယခင်ရှိနေရာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်သည်လည်း နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ထိုနဂါးနတ်ဘုရား၏ သွေးအနှစ်သာရတစ်စက်ကို သူ၏လက်ဖဝါးထဲသို့ စုပ်ယူလိုက်ပါသည်။

"အောင်း…..!"

သွေးအနှစ်သာရသည် ချင်ယွင်၏လက်ဖဝါးထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် နဂါး ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ရပြီး၊ သူသည် စိုးရိမ်ဟန်ဖြင့် ချင်ယွင်၏ အတားအဆီးများထဲမှ လွတ်မြောက်ရန် ကြိုးစားကာ ခန်းမထဲမှ ပျံထွက်သွားချင် နေသည်။

ချင်ယွင်သည် သူ၏ဆန္ဒအတိုင်း မည်သို့ လုပ်ဆောင်ခွင့် ပြုနိုင်မည်နည်း?။ သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရကို ချက်ချင်းစုစည်းကာ နဂါးနတ်ဘုရား သွေးအနှစ်သာရကို သူ၏လက်ထဲတွင် ချည်နှောင်ထားလိုက်သည်။

ချင်ယွင်၏ လက်ဖဝါးမှ မည်သည့်နေရာကိုမဆို လွတ်မြောက်လိုသော သွေးအနှစ်သာရ တစ်စက်သည် ချင်ယွင်၏ လက်ထဲမှ ထွက်ပြေးလွတ်မြောက်ချင်နေသည်။

"ဟမ်၊ မင်း ထွက်ပြေးချင်သေးလား?။ မင်း ငါ့လက်ထဲကနေ ဘယ်နေရာကို ထွက်ပြေးမလဲဆိုတာ ငါကြည့်ချင်တယ်" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ရွှေရောင်သွေးစက်ကို သူ၏ဗိုက်ထဲသို့ တိုက်ရိုက် မျိုချလိုက်သည်။

ရွှေရောင်သွေးစက်သည် ချင်ယွင်၏ ဗိုက်ထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် သူ၏ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဆီသို့ အရူးအမူး ပြေးဝင်လာသည်။

ဤရွှေရောင်သွေးစက်သည် အနှိုင်းမဲ့ ရက်စက် ကြမ်းကြုတ်လွန်းလှသည်။ ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အမှန်တကယ် လွှမ်းမိုးမူရှိပြီး၊ ၎င်းသည် ချင်ယွင်၏ အသွေးအသားအတွင်းမှ စွမ်းအားကို ဝါးမြိုတော့သည်။

"ဟမ့်! ငါချင်ယွင်က မင်းကို ရင်မဆိုင်နိုင်ဘူးဆိုတာကို ငါ မယုံဘူး။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်သည် ရွှေရောင် သွေးအစက် ထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သွားပြီး ထိုပြင်းထန်သော စွမ်းအင်အားလုံးကို သူ၏ ပါးစပ်ထဲသို့ ပြန်လည် စုပ်ယူသွားခဲ့သည်။

အင်အားစုနှစ်ခုသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးတွင် ရှိနေခဲ့ပြီး အပြန်အလှန် စုပ်ယူနေကြသည်။

ကံကောင်းထောက်မစွာပင်၊ ချင်ယွင်၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာရပ်သည် ရွှေရောင်သွေးစက်ကို သူ၏သွေးမျိုးဆက်ထဲသို့ အတင်းအကျပ် ပေါင်းစပ်နိုင်ခဲ့ပြီး သူ၏သွေးမျိုးဆက်က ပို၍ပင် လွှမ်းမိုးနိုင်ခဲ့သည်။

ရွှေရောင်သွေးစက်သည် ချင်ယွင်၏သွေးမျိုးဆက်ထဲသို့ ပေါင်းစပ်သွားသည်နှင့် တပြိုင်နက် ချင်ယွင်၏ ခန္ဓာကိုယ်သည် ကမ္ဘာမြေကြီး ကွဲအက်သွားလောက်သည့် အပြောင်းလဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ သူ၏ထံမှ အလွန်မင်း ပြင်းထန်သော နာကျင်ဟန် ခံစားမူက ထွက်ပေါ်လာသည်။

"အား….!"

ချင်ယွင်သည် အရူးအမူး အော်ဟစ်လိုက်သည်။ ထိုနာကျင်ဖွယ် ခံစားချက်က သူ၏တစ်ကိုယ်လုံးကို အင်းဆက်ပိုး ထောင်ပေါင်းများစွာ ကိုက်ခဲနေသလိုပင်။ ထိုနာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူသည် မူးလဲလုနီးပါး ဖြစ်သွားရသည်။

သူ၏အရေပြားမှ သွေးများ စိမ့်ထွက်လာပြီး ချင်ယွင်၏ ခန္ဓာယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

အဆုံးတွင်၊ ချင်ယွင်၏ အရေပြားပေါ်တွင် သွေးရောင်ပိုးအိမ်ကြီးတစ်ခု ဖြစ်သည်အထိ စိမ့်ဝင်သွားပြီး သူ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။

ချင်ယွင်လည်း လုံးဝ သတိလစ်သွားသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် သွေးရောင်ပိုးအိမ်ထဲတွင် မြေကြီးတုန်ခါလောက်သည့် ပြောင်းလဲမူများ ကြုံတွေ့ နေရသည်ကို သူ မသိခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည် အမှန်တကယ် ပြန်လည် မွေးဖွားလာတော့မည် ဖြစ်သည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချင်ယွင်သည် ပိုးအိမ်ထဲမှ မည်သည့်အချိန်တွင် ခွဲထွက်လာနိုင်မည်ကို မသိနိုင်သေးပေ။

All Chapters