← Chapters

အခန်း ၆၇၀

Vol. 45 Ch. 670

အခန်း ၆၇၀

Vol. 45 Ch. 670

အခန်း (၆၇၀) လျှို့ဝှက်ဆန်းကြယ်သောအမျိုးသား။

ဘန်း….။

ချင်ယွင်သည် တိမ်များကြား ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ထူးဆန်းသော မက်မွန်ပွင့်သစ်တောတွင် ပေါ်လာပါသည်။

ဤနေရာသည် ပန်းရောင်မက်မွန်ပန်းပွင့်များဖြင့် ပြည့်နေခဲ့ပြီး၊ လေထုတစ်ခုလုံးသည် မက်မွန်ပွင့်များ၏ ရနံ့များဖြင့် ပြည့်နေပါသည်။

ချင်ယွင်သည် သူ၏ရှေ့ရှိ မက်မွန်ပွင့်သစ်တောကြီးကို သူ၏မျက်နှာပေါ်တွင် အံ့သြခြင်း များစွာဖြင့် ကြည့်လိုက်ပါသည်။

"ဒါက အင်မော်တယ်ဘုရင်စံအိမ်ကြီးရဲ့ စတုတ္ထထပ် ဖြစ်နိုင်ပါ့မလား?" ချင်ယွင်သည် သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ ကောင်းကင်ယံမှာရှိနေသော မက်မွန်ပွင့်တွေ ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက အရမ်းကို အံ့ဩသွားသည်။

"ဒါက စတုတ္ထထပ် မဟုတ်ဘူးကွ။ ကိုးထပ်"

သို့သော်လည်း ချင်ယွင် အံ့သြနေစဉ်မှာ၊ မက်မွန်ပွင့်သစ်တော၏ နက်ရှိုင်းသောအရပ်မှ သိမ်မွေ့သည့်အသံက ရုတ်တရက် ထွက်ပေါ်လာပါသည်.

"ဘယ်သူလဲ?"

ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် အသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားရင်း နိုးကြားသတိထားသည့် အမူအရာ ပေါ်နေသည်။

ချင်ယွင်သည် မက်မွန်ပွင့်သစ်တော၏ ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ မက်မွန်ပွင့်သစ်တော၏ နက်ရှိုင်းသောနေရာတွင် သက်ကယ်အိမ်တစ်လုံး ရှိနေကြောင်း သူ တွေ့ရှိခဲ့ရသည်။ သက်ကယ်အိမ်ရှေ့တွင် ကျောက်စားပွဲတစ်ခု ရှိနေသည်။ ထိုကျောက်စားပွဲ၏ရှေ့မှာ တစ်ယောက်တည်း အရက်သောက်နေသည့် ချောမော ခန့်ညားသော လူတစ်ယောက် ထိုင်နေပါသည်။ စောစောက ပြောခဲ့သောစကားသည် ထိုလူချော၏ပါးစပ်မှ ထွက်လာသည်မှာ ရှင်းလင်းသေချာပါသည်။

"ခင်ဗျားက ဘယ်သူလဲ?" ချင်ယွင်သည် မက်မွန်ပွင့်တောအုပ်ထဲသို့ လျှောက်လှမ်းလာ ပြီး ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ကာ ချောမောသော ထိုအမျိုးသားကို သူ၏မျက်လုံးများ တွင် သတိအပြည့်ထားသည့်အမူအရာဖြင့် ကြည့်လိုက်ပါသည်။

ဤလူ၏ အငွေ့အသက်က လုံးဝ သန်မာခြင်းမရှိပါဘူး။ သာမန်သေမျိုးလူတစ်ဦး ကဲ့သို့ပင် အလွန်ရိုးရှင်းသည်ဟု ဆိုနိုင်ပါသည်။ သို့သော် သူ ပို၍ရိုးရှင်းလေ၊ ချင်ယွင်က ပို၍သတိထားလေ ဖြစ်သည်။

ဤနေရာသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး ဖြစ်ပါသည်။ သာမန်သေမျိုး လူတစ်ယောက် မည်သို့ ရှိနေနိုင်မည်နည်း?။ ချင်ယွင် အရင်က တွေ့ဖူးသမျှ လူတိုင်းက လည်း မရိုးရှင်းကြပါဘူး။ ထို့ကြောင့် ချင်ယွင်သည် သူ၏ရှေ့မှ ဤချောမောသော အမျိုးသားသည် သာမန်လူမဟုတ်ဟု သေချာပေါက် ပြောနိုင်ပါသည်။

"စိတ်မပူပါနဲ့ ငါ မင်းကို ဒုက္ခမပေးပါဘူး။ လာ ထိုင်စမ်းပါဦး" ချောမောသော အမျိုးသား သည် ချင်ယွင်ကို ကြည့်ရင်း ပြုံးလိုက်ပါသည်။ သူက ကျောက်စားပွဲဘေးက ထိုင်ခုံ နောက်တစ်လုံးကို ညွှန်ပြပြီး ပြောလိုက်ခြင်း ဖြစ်ပါသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်၊ ချင်ယွင်သည် ချောမောသော အမျိုးသားထံသို့ လျှောက်သွားကာ ထိုင်လိုက်ပါသည်။

"လာ၊ ငါ သန့်စင်ထားတဲ့ မက်မွန်ပွင့်အင်မော်တယ်ဝိုင်ကို မြည့်ကြည့်စမ်းပါဦး။" ကိုလူချောက ပြုံးပြီး ပြောသည်။ သူပြင်ဆင်ထားသည့် နောက်ထပ် ဝိုင်တစ်ခွက်ကို ထုတ်ကာ ချင်ယွင်အတွက် ဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။ သို့သော်လည်း သူက ချင်ယွင်ကို မြည်းစမ်းဖို့ ဖိတ်ခေါ်သည့် အမူအရာ လုပ်ပြနေဆဲ ဖြစ်သည်။

ချင်ယွင်သည် ဝိုင်ခွက်ထဲမှ တောက်ပပြီး ကြည်လင်နေသော အင်မော်တယ်ဝိုင်ကို ကြည့်လိုက်သည်။ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး သူ၏နှလုံးသားထဲတွင် သတိထားနေခဲ့သည်။ ဤကိုလူချောသည် ဝိုင်ဗူးထဲတွင် မည်သည့်ဆေးများ ထည့်ထားမည်နည်း? သူ မသိနိုင်ပါဘူး။ ဤဝိုင်ခွက်ထဲမှာ အဆိပ်ပါနေရင် သူ မည်သို့ ဖြစ်သွားမည်နည်း?။ ထို့ကြောင့် ချင်ယွင်သည် ဝိုင်တစ်ခွက်ကို ယူမသောက်ခဲ့ချေ။

ချင်ယွင်က ဝိုင်ခွက်ကို ယူမသောက်သည်ကို ကိုလူချောက မြင်တော့ သူက ဝမ်းသာ အားရပြုံးပြီး ပြောသည် "ကြည့်ရတာ ဒီကိစ္စကို ငါမပြောပြမချင်း မင်းက ဒီဝိုင်ကို မသောက်ဘူးနဲ့တူတယ်။ ဒါဆိုလည်း ဒီကိစ္စကို ပြီးအောင်ဖြတ်ပြီးမှ သောက်မယ်ဆိုရင် လည်း ငါတို့အတွက် အချိန်မနှောင်းသေးဘူး"

ချင်ယွင်က တိတ်ဆိတ်နေခဲ့သည်။ သေချာသည်မှာ သူလည်း ဤအတွေးမျိုး ရှိနေပါ သည်။ သို့သော် ကိုလူချော၏ နောက်စကားတွေက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။

"ငါက ဒီအင်မော်တယ်နန်းတော်ကြီးရဲ့ ပစ္စည်းဝိညာဉ်ပဲ။" ကိုလူချောက တည်ငြိမ်စွာ ပြောသည်။

"ဘာ…?" ချင်ယွင်သည် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။ သူ၏စိတ်ထဲတွင် ဤကိုလူချော၏ ကိုယ်ရေးအချက်လက်ကို ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သော်လည်း၊ ဤကိုလူချောလူသည် ဤအင်မော်တယ်စံအိမ်ကြီး၏ ပစ္စည်းဝိညာဉ် ဖြစ်နမေည်ဟု သူ မည့်သည့်အခါမှ မထင်ထားခဲ့ပေ။

သာမာန်အားဖြင့်၊ အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်များသည် သူတို့၏ အင်မော်တယ်နန်းတော်များကို အင်မော်တယ်ပစ္စည်းအဖြစ် ပြန်လည်သန့်စင်ကြပြီး အချို့သော အစွမ်းထက် အင်မော်တယ်များသည် သူတို့၏ အင်မော်တယ်နန်းတော်များ ကို အကြီးမြတ်ဆုံးအဆင့် အင်မော်တယ်ပစ္စည််များအဖြစ်ပင် ပြန်လည်သန့်စင်ကြပါ သည်။ ထို့ကြောင့်၊ အင်မော်တယ်နန်းတော်များတွင် ပစ္စည်းဝိညာဉ် ရှိနေသည်မှာ ချင်ယွင်အတွက် မထူးဆန်းပေ။

ချင်ယွင်အနေဖြင့်၊ အမှန်တကယ် ထူးဆန်းနေသည်မှာ ဤအင်မော်တယ်ဘုရင် စံအိမ်ကြီး၏ ပစ္စည်းဝိညာဉ်သည် အမှန်တကယ်ပင် ရုပ်ရည်အသွင်အပြင် ထင်ထင် ရှားရှား ပေါ်လွင်နေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်၊ အကြီးမြတ်ဆုံးအဆင့် အင်မော်တယ် ပစ္စည်းများသည်ပင် ၎င်းတို့၏ လူသားအသွင်သဏ္ဍာန်ကို ထင်ထင်ရှားရှား ရရှိစေရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရပေမည်။

သို့သော် ဤအင်မော်တယ်နန်းတော်သည် သေချာပေါက် နှစ်တစ်သောင်းပင် မကျော်နိုင်သေးပေ။ ၎င်း၏ပစ္စည်းဝိညာဉ်သည် လူသားအသွင်သဏ္ဌာန်ကို မည်သို့ မြန်မြန်ဆန်ဆန် ထုတ်ဖော်နိုင်သနည်း?။

"ဒီအင်မော်တယ်နန်းတော်ရဲ့ ပစ္စည်းဝိညာဉ်က သူ့ရဲ့လူသားပုံစံကို ထုတ်ဖော် ပြသနိုင်တဲ့အတွက် မင်းအနေနဲ့ ထူးဆန်းနေတာ ထင်တယ်။" ကိုလူချောက အပြုံးနှင့် အတူ ပြောလိုက်လေသည်။ သူသည် ချင်ယွင်၏ အတွေးများကို ခန့်မှန်းထားပြီးသား ဖြစ်နေသည်။

ချင်ယွင်လည်း မသိစိတ်က အလိုလို ခေါင်းညိတ်ပြမိသွားပြီး ကိုလူချောကို သံသယစိတ်ဖြင့် ကြည့်လိုက်လေသည်။

ကိုလူချောက ပြုံးပြီး “ငါက လူသားတစ်ယောက်ဖြစ်ချိန်တုန်းကဆို ငါ့ရဲ့ခွန်အားက အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နေပြီ” ဟု ရှင်းပြပါသည်။

"ဘာလဲ?" ချင်ယွင်သည် သူ၏နားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ သည်။

ဤပစ္စည်းဝိညာဉ်သည် သူသည် ယခင်က လူသားတစ်ဦး ဖြစ်ကြောင်းနှင့် သူသည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်းကိုပင် အမှန်တကယ် ပြောဆိုခဲ့သည်။ သို့သော် လူသားတစ်ဦးသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခု၏ ပစ္စည်းဝိညာဉ် တစ်ခု မည်သို့ ဖြစ်လာနိုင်ရသနည်း?။

"မူလက၊ ငါဟာ သခင်ရဲ့လက်အောက်မှာ စစ်သူကြီးတစ်ဦး ဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲတစ်ခုမှာ ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က ပျက်ဆီးသွားခဲ့တယ်။ ငါ့ရဲ့စိတ်ဝိညာဉ်ကို ဆုံးရှုံးရတော့မယ့် အချိန်မှာ သခင်က ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းထား ဖို့ သူ့ရဲ့နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ဒီအင်မော်တယ်နန်းတော်ကြီးထဲ ပေါင်းစည်း ပေးခဲ့တယ်။ ဒီတော့ ငါလည်း ဒီကမ္ဘာကြီးမှာ ပစ္စည်းဝိညာဉ်တစ်ခုအဖြစ်နဲ့ ရှင်သန် နေထိုင်နိုင်ခဲ့တယ်။ ငါက ဘယ်တော့မှ မသေတော့ဘူး။” ကိုလူချောက ဆက်ပြီး ရှင်းပြကာ သူ၏လေသံက သူပြောခဲ့သော နန်းတော်ပိုင်ရှင်ကို ကျေးဇူးတင်ခြင်းအပြည့် ရှိနေပါသည်။

"ဒါဆို ဒီလိုပေါ့" ချင်ယွင်လည်း ရုတ်တရက် ရိပ်မိလာပါသည်။ ဟုတ်ပါသည်၊ ချင်ယွင်၏ စိတ်နှလုံးထဲတွင် စိတ်လှုပ်ရှားမူအပြည့် ရှိနေပါသည်။

ဟွမ်ထန်းလုံသည် အင်မော်တယ်ဘုရင်များ၏ မျိုးဆက်တစ်ခုသာ ဖြစ်သော်လည်း ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးခံလိုက်ရသော အခြားအင်မော်တယ်ဘုရင်တစ်ပါး၏ အင်မော်တယ်စိတ်ဝိညာဉ်ကို ကယ်တင်နိုင်ခဲ့သည်။ ဤဟွမ်ထန်းလုံသည် မည်မျှ တန်ခိုးကြီးလိုက်သနည်း?။

"စီနီယာ၊ ကျွန်တော် ဒီနေရာမှာ ရုတ်တရက် ပေါ်လာအောင် စီနီယာက တမင်တကာ လုပ်ခဲ့တာလား?။ စီနီယာက ဘာရှာနေလဲ ကျွန်တော် သိလို့ရမလား။" ချင်ယွင်က မေးသည်။

သူသည် တယ်လီပို့စနစ် ကျောက်စိမ်းတုံးကို ဖြိုခွဲပစ်လိုက်သည်။ ယုတ္တိဗေဒအရ ပြောရလျှင်၊ သူသည် အင်မော်တယ်နန်းတော်၏ စတုတ္ထထပ်တွင် ပေါ်လာသင့်သည်။ ယခု သူသည် မထင်မှတ်ဘဲ ကိုးထပ်သို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ အင်မော်တယ်နန်းတော်၏ ပစ္စည်းဝိညာဉ်သည်သာ ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိ ကြောင်း သိသာထင်ရှားပါသည်။

"မှန်ပါတယ်။ ငါ မင်းကို ဒီကို ခေါ်လိုက်တာပဲ။ ငါ မင်းကို ဒီကို လာခွင့်ပေးတဲ့ အကြောင်းရင်းကလည်း မင်းကို ငါ့သခင်ရဲ့ စစ်မှန်တဲ့ စမ်းသပ်မှုကို ခံယူစေချင်တာ ကြောင့်ပဲ။ ငါ့သခင်ရဲ့ အစစ်အမှန် စမ်းသပ်မှုကို ခံယူမှသာလျှင် ငါ့သခင်ရဲ့ အစစ်အမှန် အမွေကို ရရှိနိုင်လိမ့်မယ်”။ ကိုလူချောက ပြောသည်။

"စစ်မှန်တဲ့ စမ်းသပ်မှုလား။ စစ်မှန်တဲ့ အမွေလား?။ ဒါဆို ဒီအင်မော်တယ်နန်းတော်ရဲ့ နဝမအဆင့်က ဘာလဲ?။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"ဟမ့်၊ ဒီနဝမအဆင့် အင်မော်တယ်နန်းတော်က ငါ့သခင်ရဲ့ စစ်မှန်တဲ့ စမ်းသပ်မှုမှာ ပါဝင်နိုင်ဖို့ အရည်အချင်းရှိမရှိ စိစစ်ဖို့အတွက်ပဲ။ ဒီနဝမအဆင့်အထိ လျှောက်လှမ်းနိုင်မှ သာလျှင် မင်းက ငါ့ကို တွေ့နိုင်လိမ့်မယ်။ အဲဒါမှလည်း စစ်မှန်တဲ့ စမ်းသပ်မှုကို မင်းဖွင့်နိုင်မှာပါ။” ကိုလူချောက မောက်မာစွာ ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ မှင်သက်အံသြသွားရသည်။ အင်မော်တယ် နန်းတော်၏ ဤအဆင့်ကိုးဆင့်ရှိ စမ်းသပ်မှုများကို ဖန်တီးထားရခြင်း၏ ရည်ရွယ်ချက် မှာ စစ်မှန်သော စမ်းသပ်မှုတွင် ပါဝင်ရန် အရည်ချင်းရှိမရှိ သိရှိရန်အတွက် ဖြစ်သည်။ တစ်နည်းဆိုရသော်၊ လူပေါင်းများစွာသည် စမ်းသပ်မူတွင် ပါဝင်ရန် အရည်အချင်းများ ပင် မရှိကြပါချေ။ ဤဟွမ်ထန်းလုံသည် သူ၏ဆက်ခံသူကို ရှာဖွေရန်အတွက် သတ်မှတ် ထားသည့် အရည်အချင်းတွေက တင်းကျပ်လွန်းသည် မဟုတ်ပါလား။

"ဒါဆို စီနီယာ၊ စီနီယာက ကျွန်တော့်ကို ဘာလို့ စတုတ္ထထပ်ကနေ ဒီနေရာကို ရုတ်တရက် ပို့ဆောင်ပေးလိုက်တာလဲ။?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။

ကိုလူချောက ပြုံးပြီး ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းက ငါ့သခင်ရဲ့ သွေးအနှစ်သာရနဲ့ ပေါင်းစပ်နိုင်တာကြောင့်ပဲ။ နဂါးမျိုးနွယ်သွေးမျိုးဆက်နဲ့ ရှေးဟောင်း ဖရိုဖရဲ ခန္ဓကိုယဖွဲ့စည်းပုံ အခြေခံဉပဒေသတွေကို ပိုင်ဆိုင်ထားသူတွေသာ ငါ့သခင်ရဲ့ သွေးအနှစ်သာရနဲ့ ပေါင်းစပ်နိုင်တယ်။ ဒီတော့၊ မင်းက အောင်မြင်အောင် ပေါင်းစပ်နိုင်ခဲ့ တယ်။ ဆိုတော့ နောက်ပိုင်း စမ်းသပ်မူတွေကို ဖြတ်သန်းစရာ မလိုတော့ဘူး။ မင်းက ဒီနောက်ဆုံး စစ်မှန်တဲ့ စမ်းသပ်မှုမှာ တိုက်ရိုက် ပါဝင်နိုင်ပြီ။"

"ဒီလိုလား..။" ချင်ယွင်သည် ရုတ်တရက် ရိပ်စားမိလာပါသည်။

တစ်ချိန်တည်းမှာပင် သူသည် လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့ရသည်။ ဤဟွမ်ထန်းလုံ သည် အကြင်နာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဆိုတာ သေချာပါသည်။ အပိုဆုတစ်ခုအတွက် သူသည် ရှင်းရှင်းလင်းလင်း သဘောတူထားသော်လည်း ၎င်းသည် သေစေသော အဆိပ်တစ်ခုဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ ချင်ယွင်သည် မီးနဂါး၏သွေးမျိုးဆက် နှင့် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားခြင်းမရှိပါက၊ ယခုအချိန်တွင် သူသည် ခြောက်ကပ်နေသော အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

"ဘယ်လိုလဲ၊ မင်း အခုသိသွားပြီလား? နောက်ထပ် ဘာမေးစရာ ရှိသေးလဲ?။ မရှိတော့ရင် ငါ့သခင်ရဲ့ စမ်းသပ်မှုကို လက်ခံလိုက်ပါ။" ကိုလူချောက ပြုံးပြုံးလေး ပြောလိုက်ပါသည်။

အစစ်အမှန် စမ်းသပ်ပွဲကို စတင်တော့မည်ဟု သူက ပြောလာပါသည်။

"တခဏစောင့်ပါဦး…။" သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ကိုလူချောကို ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

"မေးစရာရှိသေးလိုလား"? ကိုလူချောက ပြောသည်။

"နတ်နဂါးကျောက်စိမ်းတံဆိပ်နဲ့ ကြည်လင်ကောင်းကင်ဓားအကြောင်း စီနီယာကို မေးချင်ပါတယ်။" ချင်ယွင်က မေးသည်။

"ဒီအကြောင်းကို မင်းအနေနဲ့ အများကြီးမေးနေစရာ မလိုအပ်ပါဘူး။ ခဏနေရင် သဘာဝအတိုင်း အလိုလို သိလာပါလိမ့်မယ်" လူချောက တိုက်ရိုက် ဖြေသည်။ သူပြောပြီးသည့်နောက်တွင် ချင်ယွင်ကို မေးခွန်းမေးခွင့် မပြုတော့ချေ။ သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်ကို လေဟာနယ်ထဲသို့ ပစ်ချလိုက်ပြီး သူရပ်နေရာနေရာမှ ပျောက်ကွယ်သွားခဲ့ရပါသည်။

All Chapters