← Chapters

အခန်း ၆၇၁

Vol. 45 Ch. 671

အခန်း ၆၇၁

Vol. 45 Ch. 671

အခန်း (၆၇၁) အစစ်အမှန်စမ်းသပ်မှု?

"ဘန်း…..!"

ချင်ယွင်သည် နေရာတစ်ခုရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဤနေရာသည် အလွန်မာကျောသော လေဟာနယ်အတားအဆီးများကို မာကြောသော နံရံများအဖြစ် ဝန်းရံထားသော ဘာမှမရှိသည့် လေဟာနယ်တစ်ခု ဖြစ်သည်။

ဤနေရာသည် ကြီးမားသည်မဟုတ်သလို သေးငယ်သည်လည်း မဟုတ်ပေ။ ၎င်းသည် စတုရန်းမီတာ ၁၀၀၀၀ ခန့် ရှိလေသည်။ သို့သော်၊ ဤနေရာ၌ ဆွဲငင်အားသည် အလွန်ထူးဆန်း၏။ အမှန်တကယ်တွင် ၎င်းသည် အပြင်ကမ္ဘာ၏ ဆွဲငင်အားထက် အဆ ၁၀,၀၀၀ ရှိသည်။

အဆတစ်သောင်းက ချင်ယွင်အတွက် ဘာမှမဟုတ်ပေ။ သူ၏ လက်ရှိ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ဆို၊ ဤမျှလောက်သော ပတ်ဝန်းကျင်တွင် သူသည် လွတ်လပ်စွာ လှုပ်ရှား နိုင်ပါသေးသည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ အကြည့်များက သူ၏ရှေ့ရှိ ဧရာမ သတ္တဝါ ကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။

ဤသည်မှာ အနှိုင်းမဲ့ကြီးမားသော အနက်ရောင်နဂါးကြီး ဖြစ်လေသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် တောင်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်ပြီး ချင်ယွင်၏ရှေ့တွင် ရပ်နေ သည်။ ၎င်း၏ခန္ဓာကိုယ်ရှိ ကြေးခွံတစ်ခုစီကပင် ချင်ယွင်၏ အရပ်မောင်းလောက် မြင့်မားပါသည်။

ယခုအချိန်မှာ ထိုအနက်ရောင်နဂါးကြီး မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေ၏။ သို့သော် ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်သည် ချင်ယွင်၏ နှလုံးကို အေးစိမ့်သွားစေသည်။

"ဒါက နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် နဂါးနက်တစ်ကောင်လား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာပါ သည်။

အဆုံးမဲ့ ချောက်နက်ကြီးထဲ၌ သူတို့ အမြဲခံစားခဲ့ရသော ပြင်းထန်သော အငွေ့အသက် သည် ဤနဂါးနက်မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် နှင့် အတူတူပင် ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်သာ မမှားဘူးဆိုလျှင်၊ ယခင်တုန်းက ခံစားခဲ့ရသော အေးစက်စက် အငွေ့အသက်သည် ဤနဂါးနက်ကြီးထံမှ ထုတ်လွှတ်နေ ခြင်းဖြစ်ပါလိမ့်မည်။

ဤငွေ့အသက်သည် အင်မော်တယ်နန်းတော်မှ တစ်ဆင့် ပြင်ပကမ္ဘာကို ပျံ့နှံ့သွားရ ခြင်း၏ အကြောင်းရင်းကတော့ အင်မော်တယ်နန်းတော်၏ ပစ္စည်းဝိညာဉ်သည် ပင်လယ်နက်ကြီးထဲက နတ်ဆိုးသားရဲတွေကို ခြိမ်းခြောက်ဖို့ရန် ရည်ရွယ်ပြီး အင်မော်တယ်နန်းတော်၏ အေးချမ်းမှုကို အနှောင့်ယှက် မဖြစ်စေဖို့အတွက် ဖြစ်နိုင်ပါ သည်။

.

ဤအခိုက်အတန့်တွင် ချင်ယွင်သည် နဂါးနက်ကြီး၏ရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး ဖြစ်ကာ သူသည် နဂါးနက်ကြီး၏ အတွင်း၌ပါရှိသော ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။ ဤအငွေ့အသက် သည် ချင်ယွင်ကို ဖိနှိပ်လာပြီး သူ့ကို အသက်ရှူကျပ်သွားစေသည်။

"ဒီနဂါးနက်ကြီးကို အနိုင်ယူဖို့က ငါ့အတွက် တကယ့် စမ်းသပ်မှုပဲလား?" ချင်ယွင်သည် အံ့အားသင့်စွာဖြင့် တိုးတိုးလေး ပြောလိုက်မိသည်။

"မှန်တယ်၊ မင်း ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင်တော့၊ မင်းအနေနဲ့၊ ဒီနဂါးနက် ကို သတ်ပြီး သူ့ခန္ဓာကိုယ်ထဲက အင်မော်တယ်နန်းတော်ရဲ့ ကြယ်အမြုတေကို သန့်စင်နိုင်မှ ဖြစ်တယ်။ တကယ်လို့ မသန့်စင်နိုင်ဘူးဆိုရင် မင်းလည်း တစ်သက်လုံး ဒီလှောင်အိမ်ထဲက ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။" ကိုလူချော၏ အသံက ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်းပင် အလွန်ပင် စိတ်ဓာတ်ကျ သွားပါသည်။

"ဒီနဂါးနက်ကြီးကို သတ်ရမှာလား?။ အင်မော်တယ်နန်းတော်ရဲ့ ကြယ်အမြုတေကို သူ့ခန္ဓာကိုယ်ထဲကနေ ထုတ်ယူရမှာလား?။ ခင်ဗျား ကျုပ်ကို လာကစားနေတာလား?။" ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျသွားပါသည်။

အစစ်အမှန် အင်မော်တယ်နယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် သူ၏ လက်ရှိခွန်အားသည်ပင် ကောင်းကင်ဘုံကို အန်တုနေပြီ ဖြစ်ပါသည်။ အခု သူ့ကို နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် နဂါးနက်ကို သတ်ခိုင်းလိုက်တာလား?။ နဂါးနက်ကြီးက သူ့ကို ပြန်သတ်သွားဖို့က ဖြစ်နိုင်ချေ ပိုများပါသည်။

ဤသည်မှဦ စမ်းသပ်မှုတစ်ခု မဟုတ်တော့ဘဲ၊ သူ့ကို သက်သက်မဲ့ သေခိုင်းခြင်းမျိုး ဖြစ်နေပါသည်။

အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေအတွက်မူ၊ ၎င်းသည် အင်မော်တယ် နန်းတော်၏ အဓိကအရာ ဖြစ်သည်။ အင်မော်တယ်နန်းတော်ရဲ့ ကြယ်အမြုတေကို သူ သန့်စင်နိုင်သည်နှင့်၊ သူသည် အင်မော်တယ်နန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး အင်မော်တယ်နန်းတော်၏ အစစ်အမှန် သခင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

သို့သော် ဟွမ်ထမ်းလုံသည် အမှန်တကယ်ပင် အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို နဂါးနက်၏ ဝမ်းဗိုက်တွင် ထားခဲ့ပြီး ၎င်းကြယ်အမြုတေအား ပြန်လည်ရယူရန်အတွက် စမ်းသပ်သူများသည် နဂါးနက်ကို သတ်ပစ်မှဖြစ်လိမ့်မည်။

ဟွမ်ထန်းလုံသည် စိတ်ရောဂါ စွဲကပ်နေသူဖြစ်ကြောင်း ချင်ယွင်က ပြောနိုင်သည်။ ထိုသို့မဟုတ်လျှင်၊ သူ၏ အမွေဆက်ခံသူများကို စမ်းသပ်ရန်အတွက် ယခုလို ပျက်စီးသွားစေမည့် နည်းလမ်းမျိုးကို သူ မည်သို့ စဉ်းစားနိုင်မည်နည်း?။

ဤသေမျိုးကမ္ဘာတွင်၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ဖြင့် နှောင်းပိုင်း အဆင့် အစစ်အမှန် အင်မော်တယ် နဂါးနက်တစ်ကောင်ကို မည်သူကရော အနိုင်ယူ နိုင်မည်နည်း။?။

ဘန်း….။

ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျနေစဉ်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခုက ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ချင်ယွင်သည် ခေါင်းကို အနည်းငယ်လှည့်လိုက်တော့ အိပ်ပျော်နေသော နဂါးနက်ကြီး သည် မျက်လုံးဖွင့်ထားသည်ကို တွေ့ရှိလိုက်ရသည်။ အလွန်မင်း ကြင်နာမှုကင်းမဲ့သော ကြီးမားသော မျက်လုံးကြီးတစ်စုံသည် ချင်ယွင်ကို စိုက်ကြည့်နေပြီး၊ သူ၏ မျက်လုံးထဲ တွင် ခက်ထန်သော အလင်းတစ်ချက် လင်းလက်သွားခဲ့သည်။

"ခင်ဗျားရဲ့ အိပ်ချိန်ကို အနှောင့်အယှက် ပေးမိလို့ တောင်းပန်ပါတယ်။ ခင်ဗျားဘာသာ ဆက်အိပ်ပါ။ ကျွန်တော်က ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ရှုံ့မဲ့သွားသည်။

ထိုအခိုက်တွင်၊ နဂါးနက်ကြီးသည် ငိုက်မျဉ်းနေရာမှ နိုးလာခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်က ပို၍ ကြောက်စရာကောင်းလာသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ ဖိနှိပ်လာခဲ့ပြီး သူ့ကို အသက်ရှူကျပ်သွား စေသည်။

"လူသား၊ မင်း ဒီကို ဘာလာလုပ်လဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ မင်းက အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို လိုချင်လို့ မဟုတ်လား?။ အိပ်မက်ဆက်မက်လိုက်ဦး။ နဂါးမျိုးနွယ်ကို သစ္စာဖောက်တဲ့ ဟွမ်ထန်းလုံက ငါ့ကို ဒီမှာ ပိတ်လှောင်ထားခဲ့တယ်။ တစ်နေ့၊ ငါ ဒီနေရာကနေ ထွက်သွားနိုင်တာနဲ့ မင်းတို့ အားလုံးကို ငါ သတ်ပစ်မယ်" နဂါးနက်ကြီးသည် သူ၏ပါးစပ်ကို ကျယ်လှောင်စွာ ဖွင့်ကာ လွှမ်းမိုးနိုင်စွမ်းရှိပြီး မောက်မာသောလေသံဖြင့် လူသားစကားဖြင့် ထုတ်ပြော လိုက်သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ နဂါးနက်ပေါ်ရှိ နတ်ဆိုး အငွေ့အသက်သည် ဤမျှ ပြင်းထန်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော် ထိုအကြောင်းကို တွေးပြီးနောက် စိတ်သက်သာရာ ရသွားသည်။ ဤနဂါး နက်ကြီးသည် ဤနေရာတွင် နှစ်ပေါင်း ၅၀၀၀ ကြာ ပိတ်မိနေခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကို စည်းတံဆိပ်ခတ်ထားခံရသည်။ သူ၏ကျင့်ကြံမှုအဆင့်သည် အစစ်အမှန် အင်မော်တယ် နယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေနိုင်သည်။ အကယ်၍ တခြားလူသာဆိုရင်၊ သူတို့သည် ဤနဂါးနက်ကြီး၏အငွေ့အသက်ကြောင့် သူတို့နှလုံးသားထဲမှာလည်း ခက်ထန်သော အငွေ့အသက်များ ဖြစ်ပေါ်လာနိုင်သည်။

"နဂါးနက်ကြီး၊ ခင်ဗျား ဘယ်လိုသဘောရလဲ?။ မင်းရဲ့ခန္ဓာကိုယ်ထဲက အင်မော်တယ် နန်းတော်၏ ကြယ်အမြုတေကို ကျုပ်ကို ပေးလိုက်ပါ။ ကျုပ် သန့်စင်ပြီးတာနဲ့ ခင်ဗျားကို ကျုပ်လွှတ်ပေးလိုက်မယ်လေ" ချင်ယွင်က ပြောသည်။

"ဟမ့်၊ ငါဘာသာ အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို ထုတ်ယူနိုင်တယ်ဆို ရင် မင်းက ငါ့ကိုလွှတ်ပေးဖို့ လိုသေးလို့လား? ငါကိုယ်တိုင် သန့်စင်ပြီးပြီပေါ့။ ဒီတော့ မင်းအလှည့် ရောက်ဦးမှာတဲ့လား?" နဂါးနက်ကြီးက အေးစက်စွာ အော်လိုက်ပြီး သူ၏မျက်လုံးတွေထဲ ပြင်းထန်သည့် နာကြည်းမှုတွေနှင့် ပြည့်နှက်နေ၏။

ချင်ယွင်လည်း မျက်မှောင် ကြုတ်လိုက်မိသည်။ အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို အင်မော်တယ်နန်းတော်၏သခင်က နဂါးနက်ကြီး၏ ခန္ဓာကိုယ်ထဲ မှာ စည်းတံဆိပ်ခတ်ထားပုံရသည်။ အကယ်၍ သူသည် အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို ထုတ်ယူလိုပါက နဂါးနက်ကြီးကို သတ်ရလိမ့်မည်။ မဟုတ်ရင်၊ သူ့မှာလည်း တခြားရွေးချယ်စရာ မရှိတော့ပေ။

"လူသား၊ သေလိုက်တော့။ ငါ လူသားတွေရဲ့အသားကို မစားရတာ နှစ်ပေါင်း ၅၀၀၀ ရှိပြီ။ အဲဒီခံစားချက်ကို ငါ အရမ်းလွမ်းမိတယ်။ ဒီနေ့ လူသားတစ်ယောက်ရဲ့ အသားရဲ့ အရသာကို မြည်းစမ်းကြည့်ရအောင်။" အနက်ရောင်နဂါးကြီး၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်ပြီး လေဟာနယ်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထို့နောက် သူသည် ကြီးမားသော ခြေသည်းတစ်ချောင်းကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် နင်းချလိုက်‌လေသည်။

၎င်း၏ခြေသည်းများသည် အနှိုင်းမဲ့ကြီးမားပြီး အနှိုင်းမဲ့မာကျောသော အကြေးခွံများ ဖြင့် ဖုံးအုပ်ထားကာ ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားသည့်အလား ချင်ယွင်၏အပေါ် ပြင်းထန်စွာ ဖိချလာသည်။

အကယ်၍ ချင်ယွင်သာ နင်းမိသွားမည်ဆိုလျှင် သူသည် မသေရင်ပင် ဒဏ်ရာ အပြင်းအထန် ရသွားလိမ့်ပါလိမ့်မည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် လေးနက် လာသည်။ သူသည် သူ၏ လှုပ်ရှားမှုနည်းပညာရပ်ကို လျင်မြန်စွာ အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်သည် အနောက်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

"ဘုန်း….!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။

အကယ်၍ သာမန်ဂြိုလ်တစ်ခုသည် ဤတိုက်ခိုက်မှုကို ခံရပါက၊ ချက်ချင်းပင် ပေါက်ကွဲ သွားနိုင်သည်။

"ဟမ့်၊ မင်း လွတ်မြောက်ဖို့က မလွယ်ဘူး"

ဧရာမ နဂါးနက်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သေးသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် တွန့်လိမ်သွားပြီး၊ ကြီးမားသော ကြာပွတ်ကြီး ကဲ့သို့သော နဂါးအမြီးသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ထပ်မံအသုံးပြုပြီး ရှောင်တိမ်းချင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် နဂါးအမြီး၏အရှိန်ဟုန်သည် မြန်လွန်းလှသည်။ ချင်ယွင်သည် မတုံ့ပြန်နိုင်ခင်မှာ နဂါးအမြီးကြီးက သူ့ကို ပြင်းပြင်းထန်ထန် ထိမှန်သွားလေသည်။

"ဖူး…!"

ချင်ယွင်သည် ဥက္ကာပျံကဲ့သို့ ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။ သူသည် အဝေးရှိ လေဟာနယ်အတားအဆီးတံတိုင်းကို အပြင်းအထန် ထိမှန်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

ဤနေရာရှိ မြေဆွဲငင်အားသည် ပြင်ပကမ္ဘာထက် အဆ ၁၀၀၀၀ ဖြစ်သည်ကို မေ့ထားလို့ မရပေ။ ပုံမှန်အခြေအနေအရဆို၊ ဤအဆ ၁၀၀၀၀ သည် ချင်ယွင် အတွက် ဘာမှ မဟုတ်ပေ။

သို့သော် ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရချိန်မှာတော့ ကွဲပြားပါသည်။ ထိုနဂါးနက်ကြီး၏ လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ခိုက်မှုကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲအက်သွားခဲ့သည်။ ထို့နောက် သူသည် ပြင်းထန်စွာ ပြုတ်ကျသွား ပြီး ချင်ယွင်ကို သတ်လုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

အကယ်၍ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်၏ စတုတ္ထအဆင့်သို့ မကျော်ဖြတ်နိုင်ခဲ့ဘဲ သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုစားနိုင်စွမ်းသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိမသွားခဲ့ပါက၊ အစောပိုင်းက ဤတိုက်ခိုက်မှုသည် သူ့ကိုသတ်ပစ်ရန် လုံလောက်ပေလိမ့်မည်။

ချင်ယွင်သည် မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။ ကျိုးသွားသော အရိုးများနှင့် ပျက်စီးနေသော အင်္ဂါအစိတ်အပိုင်းများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ သည်။ သို့သော်လည်း သူခံစားခဲ့ရသော နာကျင်မှုသည် ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ချင်ယွင်၏ ဦးရေပြားကို ထုံကျင်စေသည်။

သူ၏မျက်လုံးအစုံက အဝေးမှ နဂါးနက်ကြီးကို စိုက်ကြည့်နေသည်။

"အယ်…..တကယ်ကို မသေသေးဘူးလား?" နဂါးနက်ကြီးသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးမှ အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

All Chapters