← Chapters

အခန်း ၆၇၂

Vol. 45 Ch. 672

အခန်း ၆၇၂

Vol. 45 Ch. 672

အခန်း (၆၇၂) နဂါးနက်လူငယ်။

အနက်ရောင် နဂါးများသည် အစစ်အမှန်နဂါးများ ဖြစ်ကြပါသည်။ ထို့ကြောင့် ၎င်းတို့သည် အစစ်မှန်နဂါးတစ်ကောင်စွမ်းအားဖြင့် မွေးဖွားလာကြပါသည်။

သူ၏ရှေ့မှ ဤနဂါးနက်ကြီးသည် နှစ်ပေါင်း ၅၀၀၀ ကျော် အသက်ရှင်နေခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ခတ်နှိပ်ထားသည့် စည်းတံဆိပ်က သူ၏ကြီးထွားမှုကို ထိန်းထားနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံမူအဆင့်နှင့်အတူ ဆယ်ကျော်သက် အရွယ် သူ၏ရုပ်အသွင်အပြင်ကိုပါ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။

လူငယ်သည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်နှင့် လက်များကို အနက်ရောင် ထူထပ်သော အကြေးခွံများဖြင့် ဖုံးအုပ်ထားပါသည်။ သူ၏ လက်ဖဝါး တစ်ခုလုံးကိုလည်း နဂါးခြေသည်းများဖြင့် ဖုံးအုပ်ထားသည်။ သူ၏လက်ဖဝါးပေါ်ရှိ ထက်ရှသော စူးချွန်များက အေးစက်သော အလင်းရောင်ဖြင့် တဖျပ်ဖျပ် လင်းလက် နေသည်။

သူ၏ အနက်ရောင် မျက်လုံးတစ်စုံသည် ပြင်းထန်သော ရန်လိုမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ စီးဆင်းနေသည်။

"ကြည့်ရတာ မင်းရဲ့ခန္ဓာကိုယ်က အရမ်းထူးခြားနေပုံရတယ်။ မင်း ဒီကိုရောက်လာတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒါပေမယ့် မင်းခန္ဓာကိုယ်က ပိုပြီးသန်မာလေ အရသာက ပိုရှိလေဖြစ်လိမ့်မယ်" လူငယ်သည် ချင်ယွင်အား သူ၏သားကောင်ကို ကြည့်နေသော ကျားတစ်ကောင်ကဲ့သို့ လှောင်ရယ်ရယ်နေလေသည်။

"ဟမ့်၊ ခင်ဗျားက ကျုပ်ကို ဘာလို့ စားရတာလဲ?" ချင်ယွင်၏ မျက်လုံးများသည်လည်း ဒေါသများဖြင့် တောက်ပလာသည်။

ဤနဂါးနက်၏ တိုက်ခိုက်မှုသည်ပင် အလွန်ဆိုးရွားလှသည်။ နဂါးနက်ကြီး၏ အမြီးလွှဲယမ်းတိုက်ခိုက်မူက သူ့ကို သေလုနီးပါး ဖြစ်စေခဲ့ပြီ။ ယခု ၎င်းက သူ့ကို စားချင်နေသေးသည်။ ချင်ယွင်သည် မည်သို့ စိတ်မဆိုးဘဲ နေနိုင်တော့မည်နည်း?။

"ဒါက ပုရွက်ဆိတ်တွေချည်းပဲလေ။ ငါ့မျက်လုံးထဲမှာတော့ မင်းတို့လူသားတွေ အားလုံးက စားစရာတွေချည်းပဲ။ နောက်ဆုံးမှာတော့ မင်းလည်း ငါရဲ့ဝမ်းစာ ဖြစ်သွား ရလိမ့်မယ်။" နဂါးနက်ကြီးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ သူ၏လေသံ က အလွန်လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိနေသည်။

"အစားအသောက်တွေတဲ့လား?။ ကောင်းတယ်၊ အရမ်းကို ကောင်းတယ်" ချင်ယွင် လည်း လုံးဝ ဒေါသထွက်သွားသည် ။

"အောင်း….!"

နဂါးနက်ကြီးသည် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ နဂါးဟိန်းဟောက်သံသည် လေဟာနယ်တစ်ခုလုံးပင် ပဲ့တင်ထပ်သွားနိုင်သည်။

ဝှီး…..!

နဂါးနက်လူငယ်သည် ချက်ခြင်း ပြေးထွက်သွားပြီး ချင်ယွင်ဆီသို့ အပြင်းအထန် ပြေးထွက်သွားရင်း အနက်ရောင် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

"ငါ့ကိုသတ်ဖို့က အဲလောက် မလွယ်ဘူး" ချင်ယွင်သည်လည်း နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများတွင် မောက်မာမူ အရိပ်အယောင် ပြန်လည်ထွက်ပေါ်လာသည်။ ကြီးကျယ်ခမ်းနားသော နဂါးတစ်ကောင် ၏ လွှမ်းမိုးနိုင်သော အငွေ့အသက်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏နောက်ကျောမှ နဂါးအတောင်ပံများ ချက်ချင်း ထွက်လာသည်။

ချက်ခြင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ပူပြင်းသည့် အငွေ့အသက် တစ်ခု ထွက်ပေါ်လာပြီး နဂါးနီအတောင်ပံများမှ အနှိုင်းမဲ့ ပူပြင်းသော မီးတောက်မီးလျှံ များ ထွက်ပေါ်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်မီးလျှံများဖြင့် လွှမ်းခြုံနေသော စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလာသည်။

"နဂါးနတ်ဘုရားလက်သီး ပထမသိုင်းကွက်... နဂါးဟိန်းဟောက်ခြင်း…!

ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်တွေက အရူးအမူး ထွက်ပေါ်လာခဲ့သည်။ ချင်ယွင်သည် နဂါးနတ်ဘုရား၏ သွေးအနှစ်သာရကို မျိုချလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ နဂါးသွေးမျိုးဆက်က ပို၍ပင် သိပ်သည်းပြီး သန့်စင်လာပါသည်။ ယခုတစ်ကြိမ် သူသည် နဂါးလက်သီးသိုင်းကို ထပ်မံ အသုံးပြုလိုက်ရာ ၎င်းလက်သီး၏စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းနေ သည်ဟု ဆိုနိုင်ပါသည်။

ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော နဂါးတစ်ကောင်သဏ္ဍာန် ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်သံကို ထုတ်ဖောက်လိုက်သည်။

"ဘုန်း….!"

ချင်ယွင်၏လက်သီးနှင့် နဂါးနက်လူငယ်၏ လက်သည်းတို့ အပြင်းအထန် ထိပ်တိုက် ဆုံမိပြီး၊ အပြင်းအထန် ပေါက်ကွဲသံတချက် ထွက်ပေါ်လာခဲ့သည်။ လေဟာနယ် တစ်ခုလုံးလည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားလေသည်။

ဝှီး…..!

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် လွင့်ပျံသွားခဲ့ရသည်။ သူသည် အဝေးမှာရှိနေသော တံတိုင်းထဲသို့ ပစ်မှန်သွားခဲံသည်။ သူ၏လက်မောင်းရှိ အရိုးများ ကျိုးကြေသွားသည်။ သူသည် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။ သူ၏မျက်လုံးတွေက နဂါးနက်လူငယ်ကို ဖော်ပြ၍မရနိုင်သော လေးနက်မှုဖြင့် ကြည့်နေလေသည်။

သို့သော် နဂါးနက်လူငယ်သည်လည်း မည်သည့် အားသာချက်မှ မရှိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်လှုပ်ချောက်ချားစွာ တွန်းထုတ်ခံလိုက်ရပြီး ခြေလှမ်း ဒါဇင်ခန့်ချီပြီး နောက်ဆုတ်သွားခဲ့ရသည်။ သူ၏လက်ဖမိုးရှိ အနက်ရောင် အကြေးခွံ များပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေသည်။

"မီးနဂါးသွေးမျိုးဆက်လား…? မင်းရဲခန္ဓာကိုယ်ထဲမှာ ဘာလို့ မီးနဂါးရဲ့ သွေးမျိုးဆက် ရှိနေရတာလဲ?။ "

နဂါးနက်လူငယ်သည် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်လောက်သည့် အမူအရာ ပေါ်လွင်နေသည်။

သူ၏ရှေ့မှဤလူသားသည် မီးနဂါး၏သွေးမျိုးဆက်ကို အမှန်တကယ် ပိုင်ဆိုင်ထားပြီး မီးနဂါး၏သွေးမျိုးဆက်သည် သူ့ထက်အားနည်းဟန်မရှိဘဲ သူ့ထက်ပင် သာလွန်နေခဲ့ သည်။

သူတို့၏သွေးမျိုးဆက်များကို အလွန်တန်ဖိုးထားသော နဂါးများအတွက်မူ၊ ချင်ယွင်၏ ခန္ဓာကိုယ်ရှိ သွေးမျိုးဆက်သည် နဂါးများ၏ တော်ဝင်သွေးမျိုးဆက်နှင့် အကန့်အသတ် မရှိ နီးကပ်နေပြီ ဖြစ်ပြီး သူ၏အဆင့်အတန်းသည် သာမန်သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားသည့် နဂါးနက်ကြီးထက် များစွာ မြင့်မြတ်လှသည်။

ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်သည် ပိုမိုထူထပ်လာသည်နှင့်အမျှ၊ သူသည် နဂါးမျိုးနွယ်၏ အနှိုင်းမဲ့ မြင့်မြတ်သော တော်ဝင်မျိုးနွယ်တစ်ဦး ဖြစ်လာပေ မည်။

"မီးနဂါးရဲ့ သွေးမျိုးဆက်ကို ကျုပ်က ဘယ်လိုလုပ် ရရှိနိုင်ပါ့မလဲ?။ ကျုပ်ကိုယ်တိုင်က နဂါးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေလို့သာ ရရှိလာနိုင်တာပေါ့" ချင်ယွင်က နဂါးနက် လူငယ်၏စိတ်ကို နှောင့်ယှက်ပေးလိုဟန်ဖြင့် ဆိုလိုက်ပါသည်။

"မဖြစ်နိုင်ပါဘူး။ မင်းက နဂါးမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက် မဖြစ်နိုင်ပါဘူး။ မင်းက လူသားတစ်ယောက်ပါပဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က အင်မော်တယ်အသွင်ကူးပြောင်း ခြင်း အဆင့်မှာဆိုသာ ထင်ရှားပါတယ်။" နဂါးနက်လူငယ်က ချက်ချင်း ပြန်ပြောလိုက် သည်။

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ?။ ခင်ဗျားက ကျုပ်တို့နဂါးမျိုးနွယ်ရဲ့ စည်းမျဉ်းတွေကို မေ့သွားပြီလား?။ ကျုပ်ရဲ့ဂုဏ်ယူစရာဖြစ်တဲ့ ကျုပ်ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်ဟာ တော်ဝင်သွေးမျိုးဆက်နဲ့ နီးကပ်နေပြီ။ ကျုပ်ရဲ့အဆင့်အတန်းက ဘယ်လောက်တောင် မြင့်မြတ်လိုက်လဲ?။ ခင်ဗျား ကျုပ်ကို ဘယ်လိုလုပ် တိုက်ခိုက်ရဲတာလဲ?။” ချင်ယွင်က ဆက်ပြောသည် ။

နဂါးနက်လူငယ်၏ မျက်နှာသည် ရုန်းကန်မှု အရိပ်အယောင် ထင်ရှားပေါ်လွင်စေသည်။ ချင်ယွင်၏ စကားတွေက သူ့ကို ခြိမ်းခြောက်နိုင်သည်မှာ ထင်ရှားပါသည်။

နဂါးများသည် သူတို့မျိုးနွယ်စုများ၏ စည်းမျဉ်းစည်းကမ်းများကြောင့်သာမက၊ သူတို့၏ အရိုးများထဲထိ စွဲထင်နေသော စိတ်နေစိတ်ထားကြောင့်လည်း တန်ခိုးကြီးသော သွေးမျိုးဆက်များကို နာခံခဲ့ကြသည်။

"မဟုတ်ဘူး။ မင်းက ငါ့ကို လိမ်နေတာပဲ။ မင်းက လုံးဝ နဂါးတစ်ကောင် မဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်က အတုပဲ။ နဂါးမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်မရှိရင် မင်းရဲ့သွေးမျိုးဆက်ကို နိုးထဖို့က လုံးဝ မဖြစ်နိုင်ဘူး။" နဂါးနက်လူငယ်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။

ချင်ယွင်၏ မျက်လုံးများတွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာပါ သည်။ မူလက သူသည် ဤနဂါးနက်ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်ခဲ့သော်လည်း၊ ဤနဂါးနက်သည် တုံးအသူတစ်ယောက်မဟုတ်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အမှန်တကယ်လည်း၊ နဂါးမျိုးနွယ်၏ သွေးမျိုးဆက်အပြင် နဂါးစိတ်ဝိညာဉ်ဆိုတာ လည်း ရှိနေပါသေးသည်။ တကယ်တော့ ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်သည် လူသားတစ်ဦး၏ စိတ်ဝိညာဉ်ဖြစ်ပြီးတော့ သူ၏သွေးမျိုးဆက်က နိုးထဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ ထုံးစံအတိုင်း၊ သူ့အတွက် တော်ဝင်နဂါမျိုးနွယ်ဝင်တစ်ဦး ဖြစ်လာဖို့က မဖြစ်နိုင်ပါဘူး။

"ဟမ့်..၊ ကောက်ကျစ်စဉ်းလဲလိုက်တဲ့ လူသား၊ မင်းကများ ငါ့ကို လှည့်စားဖို့ သတ္တိရှိတယ်ပေါ့။ ဒီနေ့ ငါနဂါးနက်ကို လှည့်စားခဲ့တဲ့ ကံကြမ္မာအမှန်ကို ငါ ပြောပြပေး မယ်။" ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်က နဂါးနက် လူငယ်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဝှီး…..!

နဂါးနက်လူငယ်၏ ရုပ်အသွင်သည် တခဏချင်း ပျံထွက်သွားသည်။ သူ၏အရှိန်ဟုန် သည် ယရင်ကထက်တောင် ပို၍မြန်ဆန်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားသလိုပင်။

ချင်ယွင်သည် နဂါးအတောင်ပံများကို အလျင်အမြန် အသုံးပြုလိုက်ရင်း သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပါသည်။

သို့သော်လည်း ယခုအခိုက်အတန့်တွင် ချင်ယွင်၏ မျက်နှာပေါ်သို့ အေးစက်စက် လေထုက တိုက်ခတ်လာပြီး ချင်ယွင်၏ရှေ့တွင် အနက်ရောင် ရုပ်အသွင်အပြင် တစ်ခုက ချက်ချင်း ပေါ်လာပါသည်။

"မကောင်းတော့ဘူး…!" ချင်ယွင်၏နှလုံးသည် ရုတ်တရက် ခုန်သွားခဲ့ပြီး နဂါးနက်လူငယ်ကို တွန်းလှန်တိုက်ခိုက်ရန် သူ၏ခန္ဓာကိုယ်တွင်းရှိ ခွန်အားများကို စုစည်းချင်ခဲ့သည်။

"ငရဲကိုသွားလိုက်တော့!"

နဂါးနက်လူငယ်၏ မျက်လုံးများတွင် ရန်လိုက်စိတ်များ ပြည့်နှက်နေသည်။ အနက်ရောင် အကြေးခွံတွေနှင့် ဖုံးအုပ်ထားသော နဂါးလက်သည်းက ချင်ယွင်၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့ပြီး သွေးတွေစီးထွက်လာသည့် အပေါက်တစ်ခု အဖြစ် တိုက်ရိုက် စုတ်ပြဲသွားသည်။

ချင်ယွင်သည် သူ၏ရင်ဘတ်သည် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မူ ဝေဒနာတစ်ခုက ကောင်းကင်ထိတိုင် တန်းတန်းမတ်မတ် ထိုးတက်သွားကာ၊ အော်ဟစ်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

"သေလိုက်တော့…!"

နဂါးနက်လူငယ်၏ မျက်လုံးများသည် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေ သည်။ နဂါးလက်သည်း နှစ်ချောင်းစလုံးသည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးဖောက် သွားပြီး ချင်ယွင်ကို ချက်ချင်းပင် ဆုတ်ဖြဲလိုက်လေသည်။

"ဖြန်း…!"

နဂါးနက်လူငယ်သည် နှစ်ခြမ်းကွဲနေပြီဖြစ်သော ချင်ယွင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက် ပြီး အထင်မြင်သေးခြင်းနှင့်အတူ သရော်လှောင်ပြောင်မှု အရိပ်အယောင်များက သူ၏ မျက်လုံးထဲတွင် ဖြစ်ပေါ်လာသည်။

"ဟမ့်၊ နှိမ့်ကျတဲ့လူသား၊ ငါ့ကိုများ လာတိုက်ခိုက်ရဲတယ်။ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ။" နဂါးနက်လူငယ်သည် အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏ မူလခန္ဓာကိုယ် အသွင်ပြောင်းလဲကာ ချင်ယွင်ကို လုံးလုံးလျားလျား ဝါးမျိုရန် ပြင်ဆင် လိုက်ပါသည်။

သို့သော် ထိုအခိုက်အတန့်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

နှစ်ခြမ်းကွဲနေပြီဖြစ်သော ချင်ယွင်သည် အမှန်တကယ်ပင် သူ့ဘာသာသူ ထလာပါ သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ပြန်လည်ပေါင်းစပ်သွားပြီး သူ၏ရင်ဘတ်မှ အပေါက်လေးပင် သက်သာပျောက်ကင်းသွားပါပြီ။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" နဂါးနက်လူငယ်၏ မျက်လုံးများသည် နှိုင်းစာပြ၍မရအောင်ပင် အံ့အားသင့်နေဟန် အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။

“မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှ မရှိဘူး။ သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်း ပညာရပ် !" အနည်းငယ်မျှ တုန့်ဆိုင်းနေခြင်းမရှိဘဲ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတွင် နဂါးနက်လူငယ်သည် အနီးပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် သတိထား ကြည့်နေရင်း လေးနက်သော အမူအရာ ဖြစ်ပေါ်နေသည်။

ချွင်…..!

နဂါးနက်လူငယ်၏ နောက်ကွယ်မှ ထူးဆန်းသော ဓားအလင်းတစ်ခု ရုတ်တရက် ဖောက်ထွက်လာပြီး နဂါးနက်လူငယ်၏ ခေါင်းနောက်ဘက်သို့ (နောက်စေ့) တည့်တည့် ထိုးဖောက်လာသည်။

ဓားသွားသည် ဝင်းလက်တောက်ပနေပြီး ဓားအလင်းသည် သွေးကဲ့သို့ နီရဲတောက်ပ နေ၏။

All Chapters