← Chapters

အခန်း ၆၇၃

Vol. 45 Ch. 673

အခန်း ၆၇၃

Vol. 45 Ch. 673

အခန်း (၆၇၃) သေစေလောက်သည့် အားနည်းချက်။

"ချွင်…..!"

နဂါးနက်လူငယ်သည် ရုတ်တရက် သူ၏နဂါးလက်သည်းကို ဆန့်ထုတ်လိုက်ပြီး ချင်ယွင်၏ တိုက်ခိုက်မှုကို သူ၏လက်ဖဝါးဖြင့် တားဆီးလိုက်သည်။

ဓား၏ဓားသွားသည် နဂါးနက်လူငယ်၏ ကြေးခွံနှင့် အပြင်းအထန် တိုက်မိပြီး သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်မိသည့်အသံများ ထွက်ပေါ်လာကာ မီးပွားများက နေရာအနှံ့ လွင့်ပျံသွားသည်။

"ဘယ်လောက်တောင် မာကြောလိုက်တဲ့ နဂါးကြေးခွံလဲ"

ချင်ယွင်၏ အမူအရာသည် ပြောင်းသွားပါသည်။ သူ၏လက်ထဲမှ ရိုးရှင်းသော ဓားသည် အစွမ်းထက်သည့် အင်မော်တယ်လက်နက်တစ်ခု မဟုတ်သော်လည်း ဤလက်နက် သည် ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်နေတုန်းပင်။ ၎င်း၏ မာကျောမှုသည် သာမန်အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်တစ်ခုနှင့် လုံးဝ ယှဉ်နိုင်ပါသည်။ သို့သော်လည်း ဤ တိုက်ပွဲစိတ်ဝိညာဉ်လက်နက်သည် နဂါးနက်လူငယ်၏ နဂါးကြေးခွံကို ဖြတ်ကျော်နိုင်စွမ်း မရှိခဲ့ပေ။

“ဟမ့်၊ ပုရွတ်ဆိတ်နဲ့တူတဲ့လူသားလေး၊ မင်းကများ ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဝံ့တယ်ပေါ့။ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ?။ နဂါးနက်လူငယ် က အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် အထင်မြင်သေးသည့် အရိပ်ယောင်တစ်ချက် ဝင်းလက်သွားခဲ့သည်။ သူသည် သူ၏လက်ဖဝါးကို ချက်ချင်း လက်သီးဆုပ်လိုက်ပြီး ထက်ရှသော နဂါးလက်သည်းများက ချင်ယွင်၏ ဓားကို တိုက်ရိုက် ဖမ်းဆွဲကိုင်လိုက်သည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းကာ ချင်ယွင်၏ ဓားကို မြေပြင်ပေါ်သို့ ရက်စက်စွာ ပစ်ပေါက်ချလိုက်သည်။

ချင်ယွင်သည် ထိတ်လန့်သွားပြီး သူသည် အလျင်အမြန် ရှောင်တိမ်းချင်ခဲ့သည်။ သို့သော် ဤနဂါးနက်လူငယ်၏ ခွန်အားသည် ကြီးမားလွန်းလှ၏။ ချင်ယွင်သည် မတုံ့ပြန်နိုင်ခင်မှာ နဂါးနက်လူငယ်က သူ့ကို မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ပစ်ပေါက်ခဲ့ ပြီးဖြစ်သည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။ ဤပြုတ်ကျမှုက သူ၏ ရင်ဘတ်ပေါ်ရှိ နံရိုးအားလုံး ကြေကွဲလုမတတ် ဖြစ်သွားခဲ့ရပြီး သူ့ကို ပြင်းထန်စွာ နာကျင်စေပါသည်။

“ဘုန်း..”

သို့သော် နဂါးနက်လူငယ်သည် ချင်ယွင်အား အသက်ရှုရန် အခွင့်အလမ်း အနည်းငယ်မျှ ပင် မပေးဘဲ၊ ချင်ယွင်ထံသို့ နောက်တစ်ကြိမ် ထပ်မံ ပြေးဝင်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးလက်သည်းသည် ချင်ယွင်၏ ဦးခေါင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

ချင်ယွင်သည် သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်ကို အဆောတလျင် အသုံးပြု လိုက်ပြီး ဤတိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် သွေးနီရောင် အလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။

နဂါးနက်လူငယ်၏ နဂါးလက်သည်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ ပြီး ပြင်းထန်သော အသံတစ်ချက် ထွက်လာသည်။

ချွင်….!

ချင်ယွင်၏ ရုပ်အသွင်သည် ထူးဆန်းစွာ ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ ဓားသည် နဂါးနက်လူငယ်၏ နောက်ကျောသို့ အပြင်းအထန် ထိုးသွင်းသွားခဲ့သည်။

သို့သော်လည်း ဓားသည် နဂါးနက်လူငယ်၏ အနက်ရောင် နဂါးကြေးခွံကို ထိုးဖောက်နိုင်စွမ်း မရှိခဲ့ပေ။ နဂါးကြေးခွံပေါ်တွင် အဖြူရောင် ခြစ်ရာတစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် သူ၏တိုက်ခိုက်မှု မအောင်မြင်သဖြင့် ချက်ချင်း ဆုတ်ခွာသွားပြီး အဝေးတစ်နေရာမှာ လဲကျသွားခဲ့သည်။

နဂါးနက်လူငယ်၏ အရှိန်အဟုန်၊ ခုခံကာကွယ်မူနှင့် ခွန်အားတို့သည် အလွန် ကြောက်စရာကောင်းနေသည်။ သူ့အနီးသို့ အကပ်ခံသည်နှင့် သူသည် တိုက်ရိုက် ဆုတ်ဖြဲခံရလိမ့်မည်။

ချင်ယွင်သည် သွေးတစ်စက်မှ ပြန်လည်ရှင်သန်နိုင်သော်လည်း ကန့်သတ်ချက်ရှိပေ သည်။ သူ၏ခန္ဓာကိုယ် တစ်ကြိမ်ပြန်ကောင်းလာတိုင်း၊ သူသည် လျှို့ဝှက်ဆန်းကြယ် သော အဝါရောင်စွမ်းအင် ပမာဏများစွာ သုံးစွဲရန် လိုအပ်ပါသည်။ အထူးသဖြင့် ယခုလေးတင် နဂါးနက်လူငယ်သည် သူ့ကို နှစ်ခြမ်းကွဲလိုက်သည့်အခါ၊ ချင်ယွင်၏ အဝါရောင်စွမ်းအင်သည် တစ်ဝက်နီးပါးခန့် ကုန်ဆုံးသွားခဲ့ရသည်။

အကယ်၍ နဂါးနက်လူငယ်သည် သူ့ကို နှစ်ကြိမ်တိုက်တိုင် အောင်အောင်မြင်မြင်ဖြင့် နှစ်ခြမ်းခွဲနိုင်မည်ဆိုလျှင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ရရှိရန် ခွန်အား မရှိနိုင်တော့ဘဲ ထိုအချိန်တွင် သူသည် အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။

ထို့အပြင်၊ ချင်ယွင်သည် နှစ်ခြမ်းခွဲခံရပြီးနောက် ယခုလေးတင်မှ ပြန်လည် မွေးဖွားနိုင် သေးသည်။ ဤနဂါးနက်လူငယ်သည် သူ၏စွမ်းရည်ကို သိပြီးသွားပြီ ဖြစ်သည်။ သူသည် ယခုအချိန်တွင် သေချာပေါက် သတိထားနေလိမ့်မည်။ သူသည် ချင်ယွင်ကို ပြန်လည် မွေးဖွားရန် နောက်ထပ်အခွင့်အရေး မပေးတော့သည်မှာ သေချာပါသည်။ ထို့ကြောင့် ချင်ယွင်သည် ယခုအချိန်တွင် သတိထားနေရသည်။

"ဟမ့်၊ လူသားလေး၊ မင်းက ငါ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး။ မင်းရဲ့ ဓားသိုင်းပညာရပ်က ထူးဆန်းပေမဲ့ ငါ့ရဲ့နဂါးကြေးခွံကလည်း အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုလို မာကျောတယ်။ မင်းရဲ့ဓားက ငါ့ရဲ့အကာကွယ်ကို လုံးဝ မထိုးဖောက်နိုင်ဘူး။ မင်း ငါဖမ်းတာ မခံရစေနဲ့။ ဒီလိုမှမဟုတ်ရင် ငါ မင်းကို ဆုတ်ဖြဲပစ်မယ်” နဂါးနက်လူငယ်သည် ချင်ယွင်၏ လျှို့ဝှက်ဆန်းကြယ်သော အသွင်ပြောင်းသွားမူကြောင့် သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူ၏ရှေ့မှ ဤလူသားသည် အမှန်တကယ် ချေမွတ်နေပြီး အဖမ်းရခက်လွန်းသည်။ သူသည် အသတ်မခံရရုံသာမက သူ၏ပုံသဏ္ဍာန်ကလည်း အလွန် ထူးဆန်းသည်။ သာမန် အစစ်အမှန် အင်မော်တယ် အလယ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည်ပင် သူ၏ နဂါးခြေသည်းများအောက်တွင် သေဆုံးသွားရသည်။ ဤလူသားသည် ယခုအချိန် အထိ မည်သို့ အသက်ရှင်နေရသေးသနည်း?။

"မင်းရဲ့ အကာကွယ်က ပုံမှန်မဟုတ်ပေမယ့် ပြိုင်ဘက်ကင်းအဆင့်ထိ မရောက်သေး ပါဘူး။ ငါ မင်းရဲ့ အကာကွယ်ကို ချိုးဖျက်နိုင်ပါသေးတယ်။” ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ သူသည် နဂါးနက်လူငယ်၏ တချိန်လုံး လှောင်ပြောင်အထင်သေးမူကို သည်းမခံနိုင်တော့ပေ။

ဤနဂါးနက်သည် ထိုအချိန်တုန်းက သူသတ်ခဲ့ဖူးသော နဂါးနက်နှင့် အတူတူပင် ဖြစ်သည်။ သူ၏လေသံက မောက်မာလွန်းပြီး သူ၏မျက်လုံးတွေက မာန်မာနတွေနှင့် ပြည့်နေခဲ့သည်။ သူသည် မည်သူ့ကိုမှ မျက်လုံးထဲ လုံးဝ မထည့်ထားခဲ့ပေ။

ထိုအချိန်တွင် ချင်ယွင်သည်လည်း မောက်မာသူတစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် နဂါးနက်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး နောက်ဆုံးတွင် သတ်ပစ်လိုက်သည်။

ထို့အတွက်ကြောင့်ပင် ချင်ယွင်သည် နဂါးနက်၏ လည်ပင်းနောက်ကျောဘက်တွင် (လည်ဂုတ်တွင်) သေစေလောက်သည့် အားနည်းချက်တစ်ခု ရှိကြောင်း မတော်တဆ သိရှိလိုက်ရသည်။

လည်ပင်း၏ နောက်ကျောသည် နဂါးနက်၏ ခုခံကာကွယ်မှုတွင် အပျော့ညံ့ဆုံးနေရာ ဖြစ်ပြီး၊ ထိုနေရာရှိ နဂါးအကြေးခွံများသည်လည်း အပျော့ဆုံး ဖြစ်သည်။ အခွင့်အရေး ကို ဆုပ်ကိုင်မိပြီး ထိုနေရာကို သူ၏ဓားဖြင့် ထိုးနိုင်သရွေ့ ချင်ယွင်သည် နဂါးနက်၏ အကြေးခွံကို ထိုးဖောက်ပြီး နဂါးနက်ကို လုံးလုံးသတ်ပစ်နိုင်မည်ဟု ယုံကြည်ထား သည်။

သေချာသည်မှာ၊ နဂါးနက်ကို တိုက်ခိုက်ရန်အတွက် အားနည်းချက် ရှာဖွေခြင်းရသည် လွယ်ကူသော အလုပ်မဟုတ်ပေ။

"ဟမ်၊ ဘယ်လောက်တောင် လေကြွားလိုက်လဲ။ ငါ့နဂါးမျိုးနွယ်ရဲ့ ခုခံကာကွယ်မူ စွမ်းရည်က နတ်ဆိုးမျိုးနွယ်အားလုံးထဲမှာ အစွမ်းထက်ဆုံးပဲ။ မင်းလို ပုရွက်ဆိတ် တစ်ကောင်က ဒါကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ။” နဂါးနက်လူငယ်က ချင်ယွင်၏ စကားတွေကို အထင်သေးဟန်ဖြင့် ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်ပါသည်။

"တကယ်လား ဒါဆိုလည်း စမ်းကြည့်ကြရအောင်။” ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး သူ၏လက်ထဲတွင် ပြင်းထန်သော လှိုင်းလုံးများက ထွက်ပေါ်လာသည်။

သွေးအနှစ်သာရလောင်ကျွမ်းစေခြင်း လျှို့ဝှက်ပညာရပ် ဖွင့်။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချင်ယွင်သည် သွေးအနှစ်သာရလောင်ကျွမ်းခြင်း လျှို့ဝှက်ပညာရပ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ သူ၏ လက်ရှိ အင်အားသည် နဂါးနက်ကြီးထက် များစွာ အားနည်းနေသည်။ သူ၏အားနည်းချက်ကို သူ သိသော်လည်း သူ့အတွက် ကွာဟချက်ကို ဖြည့်ပေးနိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့် သူသည် ကွာဟချက်ကို အနီးကပ်ဆုံးဖြစ်အောင်သာ လုပ်ဆောင်နိုင်သည်။

သူ၏ခန္ဓာကိုယ်ထဲက သွေးတွေက အဆက်မပြတ် ပွက်ပွက်ဆူနေပြီး တုနှိုင်းမရအောင် ပြင်းထန်သော စွမ်းအင်တွေက သူ၏ခန္ဓာကိုယ်ထဲက အဆက်မပြတ် ထွက်ပေါ်နေ သည်။

ဧရာမ နဂါးကြီးတစ်ကောင်ကဲ့သို့ သွေးများက တဖျပ်ဖျပ်လှုပ်ခတ်နေပြီး ဟိန်းဟောက် သံ ထွက်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ချက်ချင်းပင် အလွန်မင်း ပြင်းထန်လာခဲ့သည်။

"သေလိုက်တော့လူသား…။

နဂါးနက်လူငယ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း သူ၏ရုပ်အသွင်သည် ချင်ယွင်ဆီသို့ ပျံသန်းလာစဉ် သူ၏ပုံရိပ်သည် အနက်ရောင်အလင်းအဖြစ်သို့ ပြောင်းလဲ သွားပြန်သည်။

နဂါးလက်သည်းကြီးသည် ကြောက်မက်ဖွယ် အင်မော်တယ် စွမ်းအင်အလွှာဖြင့် ဖုံးလွှမ်းနေပြီး ပြင်းထန်လှသော စွမ်းအင်အတက်အကျလှိုင်းများက မြင်ရသူများကို နှလုံးခုန်ရင်တုန် စေသည်အထိ အလွန်ကြောက်စရာကောင်းနေသည်။

သူသည် သူ၏ရှေ့တွင် မောက်မာပြီး အရာအားလုံးကို လျစ်လျူရူထားသော ဤလူသား ကို လုံးလုံးလျားလျား ဆွဲဖြဲပစ်ချင်ပြီး သူတို့နဂါးများ၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှ မေးခွန်းထုတ်၍ မရနိုင်ကြောင်း သူ့ကို သိစေချင်သည်။

ကြီးမားသော နဂါးလက်သည်းကြီးသည် လေဟာနယ်ထဲမှ ဆန့်ထွက်လာကာ ချင်ယွင်၏ နှလုံးတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်လာသည်။

ချင်ယွင်၏ သူ၏ဓားဖြင့် ထိုနဂါးလက်သည်းကြီးကို ပိတ်ဆို့တားဆီးရင်း သူ၏ မျက်လုံးများက ခက်ထန်သောအလင်းဖြင့် ဝင်းလက်တောက်ပလာသည်။

ချွင်…..!

နဂါးနက်၏ နဂါးလက်သည်းနှင့် ချင်ယွင်၏ဓားတို့သည် ပြင်းထန်စွာ တိုက်မိသွားပြီး၊ သန့်စင်သော သံမဏိအချင်းချင်း အပြင်းအထန် ထိခိုက်မိသံများ ထွက်ပေါ်လာသည်။

ထက်ရှသော နဂါးလက်သည်းကြီးသည် ချင်ယွင်၏နှလုံးနှင့် သုံးလက်မသာ ကွာဝေးတော့ သည့်အခိုက် ချင်ယွင်၏ ဓားက တားဆီးပိတ်ဆို့ထားသည်။

လှိုင်းလုံးကြီးနှစ်ခုသည် ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပြီး သူတို့နှစ်ယောက်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ အဆုံးမဲ့လေလှိုင်းများက လွှတ်ထုတ် သွားပြီး သူတို့၏ ၀တ်ရုံများ တုန်ခါသွားစေသည်။

ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ ခါးသီးစွာဖြင့် ခုခံထားရသည်။ နဂါးနက်၏ လက်သည်းကြီးတွင်ပါရှိသော စွမ်းအားသည် အမှန်တကယ် ပြန်လွန်းလှ သည်။ သွေးအနှစ်သာရလောင်ကျွမ်းစေခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီးနောက်၊ သူ၏စွမ်းအားသည် ၎င်းကို ခုခံနိုင်ရုံသာ ရှိခဲ့သည်။

"ဟမ့်၊ မင်းက တော်တော်လေးကို မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်ခဲ့တာပဲ။ မင်းက ငါ့ရဲ့ နဂါးလက်သည်းကို တကယ် ပိတ်ဆို့နိုင်ခဲ့တယ်။ ဒါပေမယ့်၊ မင်း ဒီနေ့ သေရမှာ သေချာတယ်” နဂါးနက်လူငယ်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ပါးစပ်ထောင့်က မထီမဲ့မြင်ပြုဟန်အဖြစ် တွန့်ကွေးသွားသည်။

“သေလိုက်တော့”…..

နဂါးနက်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်တွေက တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ချင်ယွင်၏ဓားကို ဖိထားသည့် နဂါးလက်သည်းကြီးမှ ချက်ချင်းဆိုသလို ခွန်အားတွေ ထွက်ပေါ်လာသည်။

“ဖျစ်…”

ချင်ယွင်၏လက်ထဲမှ တိုက်ပွဲစိတ်ဝိညာဉ်လက်နက်သည် ချက်ချင်းပင် အက်ကွဲသွား သည်။ ထက်ရှသော နဂါးလက်သည်းကြီးသည် ချင်ယွင်၏ အသွေးအသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏လက်ချောင်းများကြားမှ သွေးများ စီးကျလာသည်။

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးလက်သည်းကြီးသည် သူ၏နှလုံးကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဖြစ်သည်။ ပေါ့ပေါ့ပါးပါး ညှစ်လိုက်သည်နှင့် သူ၏ နှလုံးသည် ပေါက်ကွဲသွားလိမ့်မည်။

"ဟား….၊ ဟား….၊ ဒီတစ်ခါ မင်းရဲ့ နှလုံးကို ကြိတ်ချေပြီးတာနဲ့ မင်း ပြန်ရှင်နိုင်ဦးမလား ငါကြည့်ချင်မိတယ်” နဂါးနက်လူငယ်သည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး ချင်ယွင်၏နှလုံးကို ကြိတ်ချေလိုက်လေသည်။

“ဒါဆိုလည်း စမ်းကြည့်လိုက်ဦး”

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူ၏လက်တွေက နဂါးနက်လူငယ်၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည် ။

တစ်ချိန်တည်းမှာပင်၊ အနှိုင်းမဲ့ ထက်ရှသော ဓားအလင်းတန်းတစ်ခုက နဂါးနက် လူငယ်၏ နောက်ကွယ်မှ ရုတ်တရက် ဖောက်ထွက်လာပြီး နဂါးနက်၏ လည်ပင်း နောက်ကျောဘက် တည့်တည့်သို့ ကျရောက်သွားခဲ့သည်။

All Chapters