အခန်း ၆၇၅
Vol. 45 Ch. 675
အခန်း (၆၇၅) ဟွမ်ထန်းလုံ။
"ကလေး၊ အရမ်းစောပြီး မပျော်ပါနဲ့။ မင်း ဖရိုဖရဲ ရတနာ နှစ်ခုကို ရယူဖို့ အရည်အချင်း ပြည့်မီတယ်လို့ ငါပြောခဲ့ပေမယ့် အဲဒါတွေကို မင်းသေချာပေါက် ရယူနိုင်မယ်လို့ မဆိုလိုပါဘူး။ အဓိကကတော့ အဲဒါပါပဲ။ မင်းရဲ့လက်ရှိခွန်အားနဲ့ ရတနာနှစ်ပါးရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့ အခွင့်အလမ်း မရှိသေးဘူး။"
ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရလျှင် ဟွမ်ထန်းလုံသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ရေအေးအေးဇလုံတစ်လုံဖြင့် ချက်ချင်း လောင်းချလိုက် သည်။ (တင်စားပြောခြင်းဖြစ်ပါသည်။
ထိုရေအေးအေး ဇလုံတစ်လုံးဖြင့် လောင်းချခံရပြီးနောက် ချင်ယွင်သည် ချက်ချင်း ငြိမ်သက်သွားပါသည်။
မှန်ပါသည်။ ပစ္စည်းဝိညာဉ်များ ပိုင်ဆိုင်ထားသော အင်မော်တယ် လက်နက်များ အားလုံးသည် ၎င်းတို့၏သခင်များကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကြပါသည်။ နတ်နဂါး ကျောက်စိမ်းတံဆိပ်နှင့် ကြည်လင်ကောင်းကင်ဓားကဲ့သို့သော ရှေးဟောင်းခေတ် ရတနာများရှိ ပစ္စည်းဝိညာဉ်များသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာအောင် ရှင်သန်နေထိုင်လာခဲ့ကြ၏။ သူတို့၏ အမြင်များသည် အလွန်မင်း မြင့်မား ပြီး ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူတို့၏သခင်များကို အသိအမှတ်ပြုရန် သူတို့အတွက် အလွန်ခက်ခဲပေလိမ့်မည်။
"စီနီယာ၊ စီနီယာက ဘာလို့ အင်မော်တယ်နန်းတော်ကို တည်ထောင်ခဲ့တာလဲလို့ ကျွန်တော် တွေးမိတယ်။” ချင်ယွင် က မေးသည်။
ဤဟွမ်ထန်းလုံသည် ဤစံအိမ်ကြီးကို တည်ထောင်ခဲ့ပြီး စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ သည်။ သူက အကြီးမြတ်ဆုံး ရတနာနှစ်ခုအတွက် ဆက်ခံမည့်သူကို ရှာနေသလား?။ ထိုမျှလောက် မရိုးရှင်းမှာ သူ ကြောက်မိပါသည်။
"ဟား…..၊ ဟား…..၊ ကောင်စုတ်လေး….၊ မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ မှန်တယ်။ ငါ စမ်းသပ်မှုအမျိုးမျိုး လုပ်ထားရခြင်းက အကြီးမြတ်ဆုံး ရတနာနှစ်ပါး အတွက် ဆက်ခံမယ့်သူ ရှာဖို့သက်သက် မဟုတ်ဘူး။ ငါ့ရဲ့ တကယ့်ရည်မှန်းချက်က ငါ့အတွက် လက်စားချေပေးဖို့ သင့်တော်တဲ့သူကို ရှာဖွေချင်လို့ပဲ” ဟွမ်ထန်းလုံက ဒေါသတကြီး ပြောသည်။
"လက်စားချေဖို့လား ?" ချင်ယွင်သည် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော် လိုက်မိပါသည်။
ဟွမ်ထန်းလုံ၏ လုပ်ဆောင်ချက်အချို့ကိုလည်း သူ ကြားဖူးပါသည်။ သူ၏ ချစ်လှစွာသော အမျိုးသမီးကို နဂါးမျိုးနွယ် ကျွမ်းကျင်သူက သတ်ပစ်ခဲ့သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင် ဟွမ်ထန်းလုံသည် နဂါးမျိုးနွယ်မှ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး အင်မော်တယ်ဧကရာဇ် ဆယ်ယောက်ကျော်၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ ထိုကြောင့်သာ သူသည် ဤနေရာသို့လာပြီး သေသွားရခြင်း ဖြစ်ပါသည်။ ထိုအင်မော်တယ် ဧကရာဇ်ဆယ်ပါးကို သူ့ကို သတ်ဖြတ်စေလိုခြင်းများလား?။
"စိတ်မပူပါနဲ့၊ ငါ့ကိုဝိုင်းထားတဲ့ အင်မော်တယ်ဧကရာဇ် အားလုံးကို ငါ မင်းကို မသတ်ခိုင်းပါဘူး။ မင်းက ငါ့အတွက် လူနှစ်ယောက်ကို သတ်ပေးဖို့ပဲ ကူညီစေ ချင်တယ်။" ဟွမ်ထန်းလုံသည် ချင်ယွင်၏ အတွေးအမြင်များကို ထွင်းဖောက်မြင်ဟန် ဖြင့် ပြောလိုက်ပါသည်။
"အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ? ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မင်း သူတို့အကြောင်း ကြားဖူးလားတော့ မသိဘူး။ သူ့ကိုတော့ ကျင်းရှန်လို့ ခေါ်တယ်" ဟွမ်ထန်းလုံက ပြောသည်။
"တာချင်းအင်မော်တယ်မင်းဆက်က အင်မော်တယ် ဧကရာဇ်မင်းမြတ် ကျင်းရှန် လား..?" ချင်ယွင်က အံ့သြစွာ ပြောသည်။
အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ် ဧကရာဇ်တွေ အများကြီးရှိသော်လည်း ဘွဲ့ထူးဂုဏ်ဒြဗ်တွေ ပိုင်ဆိုင်ထားသော အင်မော်တယ် ဧကရာဇ်များသည် အလွန် နည်းပါးပါသည်။ ထိုပုဂ္ဂိုလ်၏အစွမ်းကို အင်မော်တယ်ကမ္ဘာတစ်ခုလုံးက အသိအမှတ် ပြုထားပြီး မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြောင်း ထိုဘွဲ့တံဆိပ်များက ကိုယ်စားပြုပါသည်။
တာချင်းအင်မော်တယ်မင်းဆက်မှ အင်မော်တယ် ဧကရာဇ် ကျင်းရှန်သည် ထိုဘွဲ့ထူးဂုဏ်ဒြဗ်ကို ပိုင်ဆိုင်ထားသော အင်မော်တယ် ဧကရာဇ် အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပါသည်။ သူ၏စွမ်းအားသည် တုနှိုင်းမရလောက်အောင် အစွမ်းထက်လွန်း သည်။ သူသည် သူ၏ခမည်းတော် အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်နှင့် တူညီသော အဆင့်မှာ ရှိနေပါသည်။ သူ၏အမည်က ကောင်းကင်ချိတ်ပိတ်ခြင်း အင်မော်တယ် ဧကရာဇ် ဖြစ်ပါသည်။
ဟွမ်ထန်းလုံက သူ့ကို အမှန်တကယ် ကိုယ့်ကိုယ်ကို သတ်သေရန်အတွက် သွားခိုင်းနေ ခဲ့သည်။ သူ၏ လက်ရှိအင်အားဖြင့် တစ်ဖက်လူက သူ့ကို အသက်တစ်ချက် ရှူလိုက်ရုံဖြင့်ပင် သူ သေသွားနိုင်ပါသည်။
"မင်းက ဒီတစ်ယောက်ကို တကယ် သိနေတာပဲ။ မင်းကလည်း အင်မော်တယ် ကမ္ဘာကနေလာတာ ဖြစ်ပုံရတယ်”။ ဟွမ်ထန်းလုံသည် ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်ပါသည်။
ချင်ယွင်သည် ဟွမ်ထန်းလုံ၏ မေးခွန်းကို မဖြေပါ။ ယင်းအစား၊ သူက ဆက်မေးလိုက် သည် “ ဒုတိယတစ်ယောက်ကရော”?။
"နဂါးမျိုးနွယ်က လဲ့ထန်းလုံ” ဟွမ်ထန်းလုံက ပြောသည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားလာသည်။ တာချင်း အင်မော်တယ် မင်းဆက်မှ ကျင်းရှန်ကို သတ်ရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်ပါသည်။ ဤဒုတိယလူက ပို၍ပင် ခက်ခဲနေလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။
ဤလဲ့ထန်းလုံကရော ဘယ်လိုလူမျိုးနည်း?။
ဤလူသည် နဂါးမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အင်မော်တယ်ကမ္ဘာ ၏ နတ်ဆိုးသားရဲနယ်မြေ၏ ကြီးမြတ်သော အုပ်ချုပ်သူတစ်ဦး ဖြစ်သည်ကို အင်မော်တယ်ကမ္ဘာမှ လူတိုင်း သိကြပေသည်။
သူ၏ ခွန်အားသည် ကျင်းရှန် ထက်ပင် ကြီးမားသေးသည်။ လဲ့ထန်းလုံ၏ စွမ်းအားသည် အထွက်အထိပ်ဉသျှောင်နယ်ပယ်နှင့် အလွန်နီးကပ်နေပြီဟု ခန့်မှန်းရသည်။ သူ့ကို သတ်ဖြတ်ရခြင်းက ကောင်းကင်ဘုံကိုတက်ရခြင်းထက်ပင် ပိုခက်ခဲပါလိမ့်မည်။
"စီနီယာ၊ ကျွန်တော်က စီနီယာရဲ့ အမွေဆက်ခံသူတစ်ဦး မလုပ်ချင်ဘူးဆိုရင်ရော ဘာဖြစ်မလဲ?။” ချင်ယွင်က မရိုးသားသော အပြုံးဖြင့် ပြောသည်။
'"မဟုတ်ဘူး၊ နောက်ဆုံးကျမှ သင့်တော်တဲ့ ဆက်ခံသူတစ်ဦးကို ငါ ရှာတွေ့ခဲ့ရတာ။ မင်း သဘောမတူချင်လည်း မင်း သဘောတူရမယ်။ ဒါ့ပြင် မင်းက ကောင်းကင်ဘုံ တာအိုကိုလည်း တိုင်တည်ရမယ်။ မဟုတ်ရင် မင်း ဒီလေဟာနယ်ထဲကနေ ဒီနေ့ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။ ငါက အင်မော်တယ် စိတ်ဝိညာဉ် မျှင်တန်းလေးတစ်ခုပဲ ဆိုပေမယ့် ဒီအင်မော်တယ်နန်းတော်ရဲ့ ပိုင်ရှင်ဖြစ်ခဲ့ဖူးတာကို မမေ့ပါနဲ့။ ဒီနေရာဟာ မင်းကို သတ်ရတာက လွယ်လွယ်လေးပဲ”။ ဟွမ်ထန်းလုံက လွှမ်းမိုးကြီးစိုးစွာဖြင့် ပြောလိုက်သည်။
သူသည် စမ်းသပ်မူတွေ အောင်မြင်ရန်အတွက် အနှစ်ငါးထောင်ကြာ စောင့်ခဲ့ရသည်၊ ထို့ကြောင့် သူသည် ချင်ယွင်ကို လွယ်လွယ်ကူကူဖြင့် မည်သို့ အလွတ်ပေးနိုင်မည်နည်း။
ချင်ယွင်သည် ကူကယ်ရာမဲ့သော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်မိသည်။ ဤ ဟွမ်ထန်းလုံသည် ကောလဟလပြောစကားတွေအတိုင်း ရက်စက်ကြမ်းကြုတ်လွန်း ပါသည်။
"ကောင်စုတ်လေး၊ မင်းအတွက်လည်း တကယ်ကို ထိုက်တန်ပါတယ်။ ဒီအကြောင်းကို စဉ်းစားကြည့်ပါ။ ဒီလူနှစ်ယောက်ကို သတ်ဖို့ မင်း သဘောတူလိုက်တာနဲ့ မင်းဟာ အင်မော်တယ် နန်းတော်တစ်ခုလုံးမှာရှိတဲ့ ကျင့်ကြံခြင်း နည်းပညာတွေနဲ့ ရတနာတွေ အားလုံးကို အမွေဆက်ခံ ရရှိလိမ့်မယ်။ အရေးအကြီးဆုံးကတော့၊ ဖရိုဖရဲ ရတနာ နှစ်ခု ကိုလည်း မင်း ရနိုင်တယ်နော်” ဟွမ်ထန်းလုံက ပြောသည်။
ချင်ယွင်သည် သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ပြောသည် “လူနှစ်ယောက်ကို သတ်ဖြတ်ရုံတဲ့လား?။”
ပြောရသည်မှာ လွယ်ကူလွန်းပါသည်။ ကျင်းရှန် နှင့် လဲထန်းလုံတို့ကိုသာ သတ်ဖြတ်ရန် အလွန်လွယ်ကူနေပါက၊ သူတို့သည် ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်နေလိမ့်မည် မဟုတ်ပေ။
ရှေးဟောင်း ဖရိုဖရဲ ရတနာနှစ်ခုနှင့် ပတ်သက်၍မူ၊ ယင်းက ပို၍ပင် တွေးလို့မရပါချေ။ ရှေးဟောင်း ဖရိုဖရဲ ရတနာနှစ်ခုက သူ့ကို သူတို့၏သခင်အဖြစ် အသိအမှတ် မပြုခဲ့လျှင်၊ ယင်းက သူ၏ရှေ့မှာ အလှဆင်ထားသည့် ရတနာတစ်ခုသာသာ ဖြစ်သွားပါလိမ့်မည်။
ထိုက်တန်သည်ဟု ပြောလို့ရသည့် တစ်ခုတည်းသော အရာမှာ အင်မော်တယ်နန်းတော် တစ်ခုလုံး၏ ရတနာများကို ရရှိနိုင်မည် ဖြစ်ပါသည်။
"စီနီယာ ၊ ဒီလူနှစ်ယောက်ကို ဘာလို့ သတ်ချင်တာလဲ"? ချင်ယွင်က မေးသည်။
ချင်ယွင်၏အမေးစကားကို ကြားသောအခါ ဟွမ်ထန်းလုံ၏ မျက်နှာသည် ချက်ခြင်းပင် နာကြည်းသည့်ဟန်ပန် အမူအရာ ပေါ်လာသည်။
"ဒီလဲ့ထန်းလုံက မူလကတော့ နဂါးမျိုးနွယ်ထဲမှာ ငါ့ရဲ့ အကောင်းဆုံး ညီအစ်ကိုပါပဲ။ ဒါပေမယ့် သူက နဂါးမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်ဆိုတဲ့ ရာထူးအတွက်ကြောင့် ငါ့ရဲ့ အချစ်ရဆုံး မိန်းမကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ပြီး နဂါးမျိုးနွယ်က သူမကို သတ်သယောင် ပြုလုပ်ခဲ့တယ်။ သူက ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ နဂါးမျိုးနွယ်ကို သစ္စာဖောက်ပြီး လက်စားချေဖို့အတွက် အားပေးအားမြှောက် ပြုလုပ်ခဲ့တယ်။ ဒီအကြောင်းကို သိလိုက်ရချိန်မှာတော့ ငါဟာ အမှားကြီးတစ်ခုကို ကျူးလွန်မိသွားခဲ့ပြီး ပြန်မလှည့်နိုင်တော့ဘူး။ ချစ်ရတဲ့မိန်းမအတွက် လက်စားချေပေးဖို့ လဲထန်းလုံကို သတ်ပစ်ရမှာပဲ” ဟွန်းထန်းလုံက ဆိုသည်။ အဆုံးမဲ့ဒေါသထွက်နေသည့်အလား သူ၏ အသံက ဒေါသအပြည့် ဖြစ်နေပါသည်။
ချင်ယွင်သည် အံ့သြသွားခဲ့သည်။ ကြည့်ရသည်မှာ ဤကြားထဲတွင် ဤကဲ့သို့ အလှည့်အပြောင်းတွေ ရှိနေပုံရပါသည်။
သူ့ကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် နဂါးမျိုးနွယ်က ဟွမ်ထန်းလုံ၏ ချစ်လှစွာသော အမျိုးသမီးကို သတ်ပစ်ခဲ့သည်ဟု လူတိုင်းက ယုံကြည်ထားခဲ့ကြ သော်လည်း၊ လဲ့ထန်းလုံက သူမကို တမင်တကာ ကြားခံတစ်ခုအဖြစ် အသုံးချလိမ့်မည် ဟု လူတိုင်း မျော်လင့်ထားမိကြမှာ မဟုတ်လောက်ပေ။
အကယ်၍ ဤအတိုင်းသာဆိုလျှင်၊ ဤလဲ့ထန်းလုံကို အမှန်တကယ် သတ်ပစ်သင့်ပါ သည်။
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ဝင်းလက် တောက်ပလာသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည်လည်း သူ၏ ရှေးဟောင်း ဖရိုဖရဲ အရိုးများကို ဓားပြတိုက်ခံရပြီး ဤသေမျိုးကမ္ဘာထဲသို့ တွန်းပို့ခံရ ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဟွမ်ထန်းလုံ၏ စကားများက သူ့ကို အချင်းချင်း စာနာစိတ်များ ဖြစ်ပေါ်စေပါသည်။
"ဒါဆို အဲဒီကျင်းရှန်ကရော ဘာလုပ်တာလဲ" ချင်ယွင် က မေးသည်။
"ကျင်းရှန်က အရှက်ကင်းမဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ငါ နဂါးမျိုးနွယ်ကနေ ထွက်ပြေးလွတ်မြောက်ပြီး သူ့ရဲ့ တာချင်းအင်မော်တယ်မင်းဆက် ကို သွားခဲ့တယ်။ သူက ငါ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့တယ်။ သူက ငါ့ကို တကယ် ကူညီချင်တယ်လို့ ငါလည်း ထင်ခဲ့မိတယ်။ ဒါကြောင့် ငါက သူ့ကို အစ်ကို တစ်ယောက် လို အမြဲတမ်း ဆက်ဆံခဲ့တယ်။ ဒါပေမယ့် သူက ငါ့လက်ထဲက ရှေးဟောင်း ဖရိုဖရဲ ရတနာတွေကို ရယူလိုစိတ်နဲ့ ငါ့ကိုသတ်ဖို့ လျှို့ဝှက်ထောက်ချောက်ဆင်ပြီး ငါ့ရဲ့ တည်နေရာကို နတ်ဆိုးမျိုးနွယ်ဆီ တိတ်တဆိတ် ထုတ်ဖော်ပြောလိုက်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဒါ့အပြင် သူ့အနေနဲ့လည်း ငါ တံခါးပိတ်ကျင့်ကြံနေ စဉ်မှာ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ အခွင့်အရေး ရမသွားခဲ့ဘူးဆိုရင်၊ ငါ အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်နိုင်မှာဖြစ်ပြီး ငါလည်း အခုပုံစံမျိုးနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး” ဟွမ်ထန်းလုံက ဒေါသတကြီး ပြောသည်။
ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်နည်းဆိုရသော် လဲ့ထန်းလုံ နှင့် ကျင်းရှန်တို့သည် လူကောင်းများ မဟုတ်ကြပေ။
"ကောင်းပါပြီ၊ စီနီယာဟွမ်၊ စီနီယာရဲ့ တောင်းဆိုချက်ကို ကျွန်တော် သဘောတူတယ်။ ဒီလူနှစ်ယောက်ကို သတ်ဖို့ စီနီယာကို ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးမယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူပြောပြီးသည်နှင့် သူသည် ကောင်းကင်ဘုံတာအိုအား ကျိန်ဆိုလိုက်ပြီး၊ ချုပ်နှောင်မှု အရိပ်အယောင်တစ်ခုက သူ၏စိတ်ထဲတွင် ချက်ချင်း ပေါ်လာပါသည်။
ချင်ယွင်သည် ကောင်းကင်ဘုံတာအိုအား ကျိန်ဆိုပြီးသည်ကိုမြင်ရလျှင်၊ ဟွမ်ထန်းလုံက ကျေနပ်အားရစွာ ပြုံးပြလိုက်သည်။
"ကောင်စုတ်လေး၊ ငါ မင်းအပေါ် အကဲဖြတ်တာ မမှားဘူးပဲ။ ဒီနေ့ကစပြီး မင်းက ဒီအင်မော်တယ် နန်းတော်ရဲ့ ပိုင်ရှင်အသစ်ပဲ။ နတ်နဂါးကျောက်စိမ်းတံဆိပ်နဲ့ ကြည်လင်ကောင်းကင်ဓားကို ဒီအင်မော်တယ် နန်းတော်ရဲ့ အခြားနေရာတစ်ခုမှာ သိမ်းဆည်းထားတယ်။ မင်းက အင်မော်တယ်နန်းတော်ရဲ့ ကြယ်အမြုတေကို သန့်စင်ပြီးတာနဲ့ အဲဒီနေရာရဲ့တည်ရှိမှုကို မင်း အာရုံခံနိုင်လိမ့်မည်။ ဒါပေမယ့် မင်းရဲ့စွမ်းအားက လျှိုအင်မော်တယ်နယ်ပယ် (လျှို့ဝှက်ဆန်းကြယ်အင်မော်တယ် နယ်ပယ်)ကို မရောက်ခင်မှာ ဖရိုဖရဲ အကြီးမြတ်ဆုံး ရတနာနှစ်ခုကို အနိုင်ယူဖို့ မကြိုးစားတာ အကောင်းဆုံးပဲ” ဟွမ်ထန်းလုံက ပြောလိုက်သည်။ .
"ဒီဂျူနီယာ သိပါပြီ” ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပြီလေ၊ ငါ မင်းကို ပြောသင့်တာတွေကို ပြောပြီးသွားပြီ။ တကယ်လို့ မင်းမှာ မေးစရာတွေ ရှိနေသေးရင် မင်းကို ဒီနေရာကို စေလွှတ်လိုက်တဲ့လူကို သွားမေးလိုက်ပါ။ ငါ့ရဲ့ ဒီအင်မော်တယ် စိတ်ဝိညာဉ်အမျှင်တန်းကလည်း ပျောက်ကွယ်သွားတော့မယ်"
ထိုသို့ပြောပြီးနောက်၊ ဟွမ်ထန်းလုံ၏ ရုပ်သွင်သည် လေဟာနယ်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေပေါ်ရှိ အလင်းရောင် သည် တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။
ဤအကြီးမြတ်ဆုံး ရတနာနှစ်ခုအတွက် သူသည် ဤအင်မော်တယ်စံအိမ်ကြီးဆီသို့ ရောက်လာခဲ့သည် မဟုတ်ပါလော?။
ယခုတော့ သူသည် ဤရတနာနှစ်ပါး၏ တည်နေရာကို သိနိုင်တော့မည် ဖြစ်သဖြင့် ချင်ယွင်သည် ဤအကြောင်းကို တွေးလိုက်စဉ်မှာ မထိန်းချုပ်ဘဲ အလွန် စိတ်လှုပ်ရှား နေလေသည်။
စာစဉ် (၄၅) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။