← Chapters

အခန်း ၆၀၉

Vol. 41 Ch. 609

အခန်း ၆၀၉

Vol. 41 Ch. 609

အခန်း (၆၀၉) ခင်ဗျားတို့က အာမခံပစ္စည်းကို လုချင်တာလား

သို့သော် သူတို့ အားလုံး သေချာ သိထားသော အချက်တစ်ခု ရှိ၏။

မည်သည့် ကိစ္စမဆို ခွင့်လွှတ်နိုင်သော်လည်း အာမခံ အာမခံပစ္စည်း လုယက်မည် ဆိုသော စကားကိုမူ လုံးဝ အထွက်မခံရဲကြချေ။

အပေါ်ယံတွင် ဆုမို ၏ အာမခံပစ္စည်း ပို့ဆောင်ရေးကို ကူညီပေးမည်ဟု ဟန်ဆောင်ထားခဲ့ခြင်း မဟုတ်ပါလော။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လုယက်မည့် အသွင်သို့ ပြောင်းလဲသွားရသနည်း။

သူ ရှင်းပြရန် ပြင်လိုက်ချိန်မှာပင် ဆုမို ၏ ခန့်ညားသော မျက်နှာ မှောင်မည်းသွားသည်ကို တွေ့လိုက်ရ၏။

“သေလမ်းကို ရှာနေတာပဲ”

မည်သို့မျှ ရှင်းပြခွင့် မရလိုက်ချေ။

ဆုမို ၏ အရိပ်မှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး စန်းပေ့အာ ၏ အရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားကာ လက်ဝါးတစ်ချက်ဖြင့် တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။

စန်းပေ့အာ မှာ တကယ့်ကို ခွန်အားကြီးမားသော လူကြမ်းကြီး တစ်ယောက် ပင်။ ဤမြင်ကွင်းကို မြင်သောအခါ သူသည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး လက်သီးနှစ်ဖက်ကို အပေါ်သို့ အားကုန် ပင့်ကာ တန်ပြန် တိုက်ခိုက်လိုက်၏။

တုန်းဟွမ် နယ်မြေ၏ နံပါတ်တစ် ပညာရှင်ကြီး နှင့် သူ၏ ခွန်အားကို တကယ်ပဲ စမ်းသပ် ကြည့်ချင်နေဟန် ရှိသည်။

သို့သော် သူ၏ မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးသွားပြီး သူ၏ လက်သီးနှစ်ဖက်မှာ ဘေးသို့ တွန်းဖယ်ခံလိုက်ရကာ ဆုမို ၏ လက်ဝါးမှာ သူ၏ ရင်ဘတ်တည့်တည့်သို့ ဝုန်းခနဲ ရိုက်ခတ်သွားတော့၏။ နေမင်းသုံးစင်း နှလုံးကြေမွ လက်ဝါး ၏ အစွမ်းကို လုံးဝ အထင်သေး၍ မရနိုင်ချေ။

သူ၏ ခန္ဓာကိုယ်မှာ အနောက်ဘက်သို့ လေထဲတွင် လွင့်စင်သွားတော့သည်။ ဆုမို အား အာမခံပစ္စည်းများ ထားရစ်ခဲ့ရန် တောင်းဆိုချင်နေသော လူအချို့က စန်းပေ့အာ ကို အလျင်အမြန် လှမ်းဖမ်းလိုက်ကြသည်။ သို့သော် သူတို့ ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပါးစပ်မှ သွေးစိမ်းရှင်ရှင်များ ပန်းထွက်လာကြတော့သည်။

စန်းပေ့အာ ၏ ခန္ဓာကိုယ်မှာ လုံးဝ ရပ်တန့်မသွားဘဲ ထိုလူများကိုပါ အနောက်သို့ အရှိန်ပြင်းပြင်း ဆွဲခေါ်သွားလေတော့၏။

လမ်းတစ်လျှောက် နောက်သို့ ဆုတ်ခွာသွားစဉ် ကူညီရန် လှမ်းလာသော လက်တိုင်းမှာ ကြောက်မက်ဖွယ် လက်ဝါးစွမ်းအားများ အောက်တွင် အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားကြရသည်။ ရှေ့သို့ တက်လာခဲ့သော လူဒါဇင်ပေါင်းများစွာမှာ တစ်ယောက်ပြီးတစ်ယောက် တိုက်မိကာ တည်းခိုခန်း ၏ အပေါက်ဝသို့ ရောက်မှသာ တုံ့ခနဲ ရပ်တန့်သွားကြတော့သည်။

သို့သော် ၎င်းတို့ အားလုံးမှာ မူလ အနေအထားအတိုင်း မတ်တတ်ရပ်လျက် ပွဲချင်းပြီး သေဆုံးနေကြပြီ ဖြစ်၏။

မလှုပ်ရှားလျှင် အေးဆေး တည်ငြိမ်နေသော်လည်း တစ်ကြိမ် လှုပ်ရှားလိုက်သည်နှင့် အလွန်တရာ ပြတ်သားပြီး လျင်မြန်လှပေသည်။

ယနေ့ ဤနေရာသို့ မည်သည့် အကြောင်းကြောင့်ပင် ရောက်လာကြပါစေ၊ ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိကို အကွက်ချ ကြံစည်နေခြင်းမှာ သေလမ်းကို ရှာနေခြင်း သက်သက်သာ ဖြစ်၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လူဒါဇင်ပေါင်းများစွာမှာ ကံဆိုးစွာဖြင့် အသက်ဆုံးရှုံး သွားခဲ့ရချေပြီ။

“ဆုမို... မင်းကွာ”

ဤမြင်ကွင်းကို မြင်လိုက်ရသော ဘေးမှ ကြည့်နေသူ အချို့၏ မျက်ဝန်းများမှာ ဒေါသကြောင့် ပေါက်ကွဲထွက်သွားကြရသည်။

သို့သော် ဆုမို က ရုတ်တရက် မော့ကြည့်လာ၏။

“မင်းလည်း အာမခံ ပစ္စည်းကို လုယက်ချင်လို့လား”

ဝှစ်ခနဲ မြည်သံနှင့်အတူ ထိုလူ့ကို ဝိုင်းရံထားသော သိုင်းလောက သားများမှာ အလျင်အမြန် ဘေးသို့ ရှောင်ထွက်သွားကြပြီး သူ့တစ်ယောက်တည်းကိုသာ အထီးကျန်စွာ ချန်ရစ်ခဲ့ကြတော့သည်။

ထိုလူမှာ မှင်သက်သွားပြီး သူ၏ တရားမျှတသော ဒေါသများမှာ မျက်တောင်တစ်ခတ်အတွင်း အငွေ့ပျံ ပျောက်ကွယ်သွားတော့၏။

သူသည် လက်နှစ်ဖက်ကို ကပျာကယာ ဝှေ့ယမ်းကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“မဝံ့ရဲပါဘူး... လုံးဝ မဝံ့ရဲပါဘူး... ကျွန်တော်က ဖြောင့်မတ်တည်ကြည်တဲ့ သူတစ်ယောက်ပါ... အဲဒီလို လူယုတ်မာ တွေနဲ့ ဘယ်လိုလုပ် ပေါင်းသင်းပါ့မလဲ”

ဆုမို က ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်”

စကားပြောအပြီးတွင် ဆုမိုသည် အရောင်းခုံ ရှိရာသို့ သွားကာ ကျသင့်ငွေကို ရှင်းလင်းလိုက်သည်။

ထို့နောက် စန်းပေ့အာ နှင့် အခြားသူများ၏ အလောင်းများကို တစ်ချက် လှမ်းကြည့်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

“ဒီလောကကြီးမှာ လျှောက်စရာ လမ်းတွေ အများကြီး ရှိနေတာကို... ဘာဖြစ်လို့ အောက်တန်းကျတဲ့ အာမခံပစ္စည်း လုယက်တဲ့ အလုပ်ကို ရွေးချယ်ရတာလဲ... မိတ်ဆွေတို့... ကျွန်တော့်မှာ အာမခံပစ္စည်း ပို့ဆောင်ဖို့ တာဝန် ရှိသေးလို့ အကြာကြီး မနေနိုင်တော့ဘူး... သွားခွင့်ပြုပါဦး”

လူတိုင်းက ချက်ချင်းပင် အရိုအသေပေးလိုက်ကြသည်။

“ကျေးဇူးပြုပြီး ကြွပါခင်ဗျာ”

မည်သူကမှ အာမခံပစ္စည်းများကို ထားရစ်ခဲ့ရန် မပြောရဲကြတော့သလို၊ အာမခံပစ္စည်း ပို့ဆောင်ရာတွင် ကူညီပေးမည်ဟုလည်း မကမ်းလှမ်းရဲကြတော့ချေ။ ယနေ့တွင် ဆုမို က ၎င်းတို့နှင့် အကြောင်းပြချက်များ ပေးကာ ရှင်းပြနေရန် လုံးဝ ဆန္ဒမရှိကြောင်း ထင်ရှားလှပေသည်။

အကယ်၍ နောက်ထပ် တစ်စုံတစ်ယောက်က စကားဝင်ပြောမည် ဆိုပါက အာမခံပစ္စည်း လုယက်သူအဖြစ် သတ်မှတ်ခံရပြီး ထိုနေရာတွင်ပင် အသတ်ခံရမည်မှာ သေချာလှ၏။

“သွားခွင့်ပြုပါဦး”

ဆုမို သည် ပြန်လည် အရိုအသေပေးလိုက်ပြီး လူအများကို ဦးဆောင်ကာ တည်းခိုခန်း အတွင်းမှ ထွက်ခွာသွားတော့သည်။ တည်းခိုခန်း ၏ အရှေ့ဘက်တွင် သိုင်းလောက သား တစ်စု ရှိနေကြ၏။

တည်းခိုခန်း အတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို ၎င်းတို့ အသေအချာ မမြင်တွေ့ခဲ့ရသော်လည်း အကြမ်းဖျင်းအားဖြင့်တော့ သိရှိထားကြသည်။ ဆုမို ထွက်ပေါ်လာသည်ကို မြင်သောအခါ မည်သူကမှ လမ်းမပိတ်ရဲကြတော့ဘဲ အနောက်သို့ ဆုတ်ခွာပေးလိုက်ကြ၏။

သို့သော် လမ်းမပေါ်တွင် လူများလွန်းလှရာ နောက်သို့ ဆုတ်ခွာရင်း နေရာလွတ် မရှိတော့အောင် ဖြစ်သွားကြတော့သည်။

ဆုမို က လူအုပ်ကြီးကို ဦးဆောင်ကာ ၎င်းတို့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ အချို့က ကိုယ်ဖော့ပညာ များကို အသုံးပြု၍ လူအုပ်ထဲမှ လွတ်မြောက်ရန် ကြိုးပမ်းကြသည်။

သို့သော် အရှုံးမပေးလိုသူ အချို့လည်း ရှိနေသေးရာ ၎င်းတို့က သွားကို တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

“ဆုမို... မင်းကို တုန်းဟွမ် နယ်မြေရဲ့ နံပါတ်တစ် ပညာရှင်ကြီး အဖြစ် ငါတို့ လေးစားပါတယ်... မင်းလက်ထဲက ပစ္စည်းကို အသာတကြည် ချထားခဲ့ရင် ငါတို့ မင်းကို ပြဿနာ မရှာတော့ဘူး... အဲဒီလိုမှ မဟုတ်ရင်တော့”

ထိုသို့ပြောပြီးနောက် သူသည် ပတ်ဝန်းကျင်ကို မသိစိတ်အလျောက် ဝေ့ကြည့်လိုက်၏။ လူအုပ်ကြီးက သူ့ကို သတ္တိတွေ ပေးလိုက်သည့်အလား သူသည် သွားကို တင်းတင်းကြိတ်လိုက်ပြီး ချွင်ခနဲ မြည်သံနှင့်အတူ လက်ထဲရှိ ဓားရှည်ကို အိမ်မှ ဆွဲထုတ်လိုက်တော့သည်။

“အဲဒီလိုမှ မဟုတ်ရင်တော့... ဒီနေရာမှာ ရှိတဲ့ လူတွေ အကုန်လုံးကို မင်း သတ်နိုင်မယ်လို့ ငါ မယုံဘူး”

သူ၏ အသံမှာ အတော်လေး ကျယ်လောင်လှရာ ပတ်ဝန်းကျင်ရှိ လူတိုင်းက ထိုစကားများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ အခြေအနေ မကောင်းတော့ကြောင်း အချို့က ချက်ချင်း သဘောပေါက်သွားကြ၏။

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အာမခံပစ္စည်း လုယက်သည့် လုပ်ရပ်မှာ လုံးဝ သေချာသွားပြီ ဖြစ်ရာ သူတို့သည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လှည့်ထွက်သွားကြတော့သည်။

သို့သော် ယခုအချိန်သည် မိမိတို့၏ တကယ့် စွမ်းရည်များကို ပြသရမည့် အချိန်ဟု ယုံကြည်နေသူများလည်း ရှိနေကြသေးသည်။

သူတို့သည် နှစ်ခါ ပြန်မတွေးတော့ဘဲ လက်နက်များကို အိမ်မှ ဆွဲထုတ်လိုက်ကြပြီး ဆုမို နှင့် အသေအလဲ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။

အခြား တစ်ယောက်ကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။

“ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိက သူကိုင်ထားတဲ့ သေတ္တာထဲမှာ ရှိတယ်... ကိုယ့်အစွမ်းအစနဲ့ကိုယ် လုယူကြဟေ့”

ထိုအော်ဟစ်သံ အဆုံးတွင် တစ်စုံတစ်ယောက်က လေထဲသို့ ရုတ်တရက် ခုန်ပျံတက်သွားတော့၏။ ဓားများနှင့် လှံများမှာ ကောင်းကင်ယံမှ နေ၍ မိုးရွာချသကဲ့သို့ ဆင်းသက်လာကြသည်။

ဆုမို သည် သက်ပြင်းကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်သည်။

သူသည် အခြားသူများကို သတိပေးရန်အတွက်သာ လူသတ်ခဲ့ခြင်း ဖြစ်ပြီး မလိုအပ်သော သွေးထွက်သံယိုမှုများကို မဖန်တီးလိုခဲ့ချေ။

ယခုတော့ သူတို့၏ လောဘစိတ်ကို သူ အထင်သေးမိသွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှ၏။ သူသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လက်ညှိုး နှစ်ချောင်းကို လေထဲသို့ ထိုးထုတ်လိုက်ရာ လေခွင်းသံများ ဝီခနဲ ထွက်ပေါ်လာတော့သည်။

လေလယ်တွင် ရှိနေသေးသော ထိုလူနှစ်ဦး၏ ရင်ဘတ်မှ သွေးများ ရုတ်တရက် ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ပွဲချင်းပြီး သေဆုံးသွားကြတော့၏။

လူအုပ်ကြီးက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာချိန်မှာပင် မြေကြီးထဲမှ မိုးခြိမ်းသံအလား ပြင်းထန်သော တုန်ခါသံကြီး ထွက်ပေါ်လာတော့သည်။

ထိုအခိုက်အတန့်မှာ ကျန်းရှောင်ရှောင် သည် ရှေ့သို့ ခြေလှမ်း အနည်းငယ် လျင်မြန်စွာ ပြေးထွက်သွားပြီး သူမ၏ လက်ထဲရှိ ခြေတစ်ဖက် ကြေးနီလူ ကို အားကုန် လွှဲယမ်းကာ တစ်ပတ် အပြည့် ရိုက်ခတ်လိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် မြင်ကွင်း တစ်ခုလုံး ရှင်းလင်းသွားတော့၏။

အချို့က လွတ်မြောက်သွားပြီး ဘေးနှစ်ဖက်မှနေ၍ ခုန်ပျံ ဝင်ရောက်လာကြသော်လည်း ၎င်းတို့ကို ပထမဆုံး ဆီးကြိုနေသည်မှာ ယန်ရှောင်ယွင် ၏ နဂါးချောက်နက် တျန်ယွမ်လှံ ပင် ဖြစ်လေတော့သည်။

ကြယ်ရောင်များ တောက်ပသွားသည်နှင့် တစ်ပြိုင်နက် လှံတံမှာ နဂါးတစ်ကောင်အလား တိုးဝင်သွား၏။ လှံရှည်သည် တစ်စုံတစ်ယောက်၏ လည်ပင်းကို တည့်တည့်မတ်မတ် ဖောက်ထွင်းသွားပြီး လှံထိပ်ကို ခပ်ပေါ့ပေါ့လေး ပင့်တင်လိုက်ရာ ထိုအလောင်းမှာ လေထဲသို့ လွင့်စင်သွားပြီး လူအုပ်ကြီးကို ချက်ချင်း လဲကျသွားစေတော့သည်။

အခြား တစ်ဖက်တွင်မူ ဟူဆန်းတောက် ရှိနေပေ၏။ သူ၏ ဓားသိုင်း သုံးကွက် တည်းဖြင့် အလွန် ကျွမ်းကျင်သော ပြိုင်ဘက်များကို ရင်ဆိုင်ရန်မှာ လုံးဝ မလုံလောက်ကြောင်း ထင်ရှားလှသည်။

သို့သော် ယနေ့ ကျင်းယန် မြို့ အတွင်း စုရုံးရောက်ရှိနေသူ အများစုမှာ စနစ်တကျ မရှိသော သိုင်းလောက သားများသာ ဖြစ်ကြ၏။ သူ၏ ဓားသိုင်း သုံးကွက် ကို ထပ်တလဲလဲ အသုံးပြုနေခြင်းကပင် သူ၏ ကာကွယ်မှုကို မည်သူမျှ မဖောက်ထွင်းနိုင်အောင် ပြုလုပ်ထားနိုင်ပြီး လူအတော်များများကိုပင် သူ သတ်ဖြတ်နိုင်ခဲ့သည်။

ဆုမို သည် သူ၏ ရှေ့ရှိ လူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ခေတ္တမျှ လက်ချောင်းလေး တစ်ချောင်းပင် လှုပ်ရှားစရာ မလိုတော့ချေ။

ကျန်းရှောင်ရှောင် သည် လူအုပ်ကြီးကြားတွင် အတားအဆီး မရှိ ဖြတ်သန်းသွားလာနေပြီး တိုက်ခိုက်မှု နှစ်ကြိမ် သုံးကြိမ် အတွင်းမှာပင် မြေပြင် တစ်ခုလုံးတွင် အော်ဟစ် ငိုယိုနေသူများဖြင့် ပြည့်နှက်သွားကာ မတ်တတ်ရပ်နိုင်သူမှာ ဆယ်ယောက်တွင် တစ်ယောက်ပင် မရှိတော့ချေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟူဆန်းတောက် နှင့် ယန်ရှောင်ယွင် တို့ ပင်လျှင် လုပ်စရာ ဘာတစ်ခုမှ မရှိတော့အောင် ဖြစ်သွားရတော့၏။

“ဆုမို...”

ရုတ်တရက် အမိုးပေါ်တွင် တစ်စုံတစ်ယောက်က မတ်တတ်ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒီနေ့ လမ်းပေါ်မှာ မင်း လူတွေကို အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ... မင်းက တုန်းဟွမ် နယ်မြေရဲ့ နံပါတ်တစ် ပညာရှင်ကြီး အဖြစ် ဘယ်လို မျက်နှာပြရဲသေးတာလဲ”

“အကြောင်းမဲ့ ဟုတ်လား”

ဆုမို က မော့ကြည့်လိုက်၏။ စကားပြောနေသူမှာ လူအုပ်ကြားတွင် ပုန်းအောင်းနေပြီး သူ၏ ရုပ်သွင်ကို လုံးဝ ထုတ်ဖော်ပြသလိုဟန် မရှိချေ။ သူက ခပ်ဟဟ ပြုံးလိုက်၏။

“နေ့ခင်းကြောင်တောင် ကြီး လမ်းပိတ်ပြီး အာမခံပစ္စည်း လုယက်နေတာကို... သူတို့ထဲက တစ်ယောက်ယောက်က အပြစ်ကင်းတယ်လို့ မင်း ရဲရဲဝံ့ဝံ့ ပြောရဲသလား”

“ငါတို့ အားလုံးက ကြယ်စင် ပင်လယ် ဥက္ကာပျံ သံမဏိအကြောင်းကို သိချင်ရုံ သက်သက်ပါကွာ... ဘယ်သူက မင်းရဲ့ ပစ္စည်းကို လုယက်ချင်နေလို့လဲ”

ထိုစကားကို ပြောနေစဉ်မှာပင် သူ၏ အသံမှာ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားတော့၏။

အကြောင်းမူကား သူ၏ ဘေးတွင် တစ်စုံတစ်ယောက် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ပင်တည်း။

ဆုမို သည် ထိုလူ၏ ကျောရိုးကို ပေါ့ပေါ့ပါးပါး ဆွဲဖမ်းလိုက်ပြီး ခြေတစ်လှမ်း တိုးလိုက်သည်နှင့် လမ်းမကြီးပေါ်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ထိုလူ့ကို မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ဖိချလိုက်ပြီး ခြေထောက်ဖြင့် နင်းထားကာ ပတ်ဝန်းကျင်ရှိ လူများကို သူ လှမ်းကြည့်လိုက်၏။

“ငါ ဆုမို သိုင်းလောက ထဲကို ဝင်ရောက်လာကတည်းက... ဘယ်တော့မှ အကြောင်းမဲ့ လူမသတ်ခဲ့ဘူး... ငါက အာမခံဌာန ကနေ ရပ်တည်နေတာ၊ နေရာတိုင်းက ဧည့်ဝတ်ကျေပွန်မှု တွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုပြီး အမြဲတမ်း မိတ်ဆွေဖွဲ့လေ့ ရှိတယ်”

“ဒါပေမဲ့ မှတ်ထားပါ...ငါက မိတ်ဆွေဖွဲ့လေ့ ရှိတယ် ဆိုပေမဲ့ ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်လို့ မဆိုလိုဘူး... အာမခံဌာန ရဲ့ အာမခံပစ္စည်း တွေနဲ့ ပတ်သက်လာရင် မင်းတို့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်... အဲဒီလိုမှ မဟုတ်လို့ ဒီကိစ္စကြောင့် အသက်ဆုံးရှုံးရမယ် ဆိုရင်တော့... ကြိုတင် သတိမပေးခဲ့ဘူးလို့ ငါ့ကို လာမဆဲကြနဲ့”

စကား အဆုံးတွင် မြေပြင်ပေါ်ရှိ ထိုလူ့ကို သူ တစ်ချက် ကြည့်လိုက်၏။

“အကြံဆိုးတွေ ရှိနေတဲ့ သူတွေကိုလည်း သတိထားဖို့ အကြံပေးချင်တယ်”

“အုန်း”

ထိုသို့ပြောပြီးသည်နှင့် တပြိုင်နက် ပြင်းထန်သော ခြေကန်ချက် တစ်ချက် ထွက်ပေါ်လာတော့သည်။

မြေပြင်ပေါ်ရှိ ထိုလူမှာ ကြယ်တံခွန် တစ်ခုအလား လေထဲတွင် လွင့်စင်သွားပြီး အနီးနားရှိ စားသောက်ဆိုင် ၏ အပြင်ဘက် နံရံကို ပြင်းထန်စွာ ဝင်တိုက်မိ

သွားလေတော့သည်။

--

All Chapters