← Chapters

အခန်း ၂၀၀၂

Vol. 134 Ch. 2002

အခန်း ၂၀၀၂

Vol. 134 Ch. 2002

အခန်း(၂၀၀၂) ဒီအတိုင်း အလွယ်တကူတော့ မလွှတ်ပေးနိုင်ဘူး

ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကယ်ဆယ်ရေးအဖွဲ့သည် အရှေ့ပင်လယ် စစ်တလင်းပြင်သို့ ရောက်ရှိလာချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူတို့ သတိပြုမိလိုက်ကြသည်။

မှန်သည်။ အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများမှာ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေခဲ့ကြသည်။ ၎င်းတိုက ချူးယွင်ဖန်းကို ကယ်တင်ရန်အတွက် နယ်မြေဖြတ်ကျော် ရွှေ့ပြောင်းခြင်းဝင်ပေါက် မှတစ်ဆင့် အရှေ့ပင်လယ်ပြင်သို့ အလျင်အမြန် ပြေးလွှားလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ ရရှိလိုက်သော သတင်းစကားမှာ တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီဟူ၍ ဖြစ်နေလိမ့်မည်ဟု မည်သူ သိခဲ့လိမ့်မည်နည်း။ ယင်းက လူတိုင်း၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

၎င်းတို့က ချူးယွင်ဖန်းအနေဖြင့် အချိန်အနည်းငယ်မျှ ထပ်မံတောင့်ခံထားနိုင်ကာ မိမိတို့ လာရောက်ကယ်ဆယ်နိုင်ရန်အတွက် လုံလောက်သော အချိန်ပေးနိုင်လိမ့်မည်ဟုသာ မျှော်လင့်ထားခဲ့ကြသည်။ အကယ်၍ ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ နတ်အင်မော်တယ်တောင်ကြားသို့ တိုက်ရိုက်ဦးတည်သော ရွှေ့ပြောင်းခြင်းဝင်ပေါက်သာ ရှိခဲ့လျှင် ၎င်းကို အသုံးပြုခဲ့ကြမည်မှာ အသေအချာပင်ဖြစ်သည်။

မင်းသမီးကြီးက တရှမင်းဆက်၏ တော်ဝင်မိသားစုမှ မွေးဖွားလာသူ ဖြစ်သော်လည်း တော်ဝင်မိသားစုနှင့် ဆက်ဆံရေး မကောင်းလှပေ။ နတ်အင်မော်တယ်တောင်သည်

မင်းသမီးကြီး၏ ကိုယ်ပိုင်ပိုင်နက်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ပြီးသား ဖြစ်သည်။ ထိုနေရာသို့ ဦးတည်သော ရွှေ့ပြောင်းခြင်းဝင်ပေါက်အားလုံးကိုလည်း ပိတ်ထားကြသည်။ အကယ်၍ မည်သူမဆို လာရောက်လိုပါက မိမိတို့ဘာသာ ပျံသန်းလာကြရုံသာ ရှိသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမြင့်မြတ်ဆုံး ဂိုဏ်းချုပ်ကြီးများမှာ အနည်းဆုံး ဖန်ဆင်းရှင်အဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။ ၎င်းတို့ အရှိန်ကုန် မြှင့်တင်ကာ ပြေးလွှားလာကြသောအခါ ဖြစ်ပေါ်လာသော အရှိန်အဝါမှာ သဘာဝအတိုင်းပင် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။ သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား ၎င်းတို့က ဤတိုက်ပွဲအတွက် အချိန်မီ ရောက်မလာနိုင်ခဲ့ကြပေ။ သူတို့ စိတ်ဓာတ်မကျခင်မှာတင် ဤတိုက်ပွဲ၏ အနိုင်ရရှိသူမှာ ၎င်းတို့ ထင်ထားသကဲ့သို့ အင်အားစုမျိုးစုံ မဟုတ်ဘဲ ချူးယွင်ဖန်းသာ ဖြစ်နေကြောင်း သတိပြုမိလိုက်ကြသည်။

စစ်တုရွှမ်သည် တိုက်ပွဲတစ်ခုလုံး၏ အခြေအနေကို နားလည်သွားပြီးနောက် မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။ ချူးယွင်ဖန်း၏ တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာ အရာရာ အဆင်ပြေချောမွေ့နေခဲ့သည်။ မတူညီသော အင်အားကြီးအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များသည် ချူးယွင်ဖန်းကို စုပေါင်းကိုင်တွယ်ရန် တားဆီးမှု ပြုလုပ်ခဲ့ကြသော်လည်း ချူးယွင်ဖန်းက ၎င်းတို့ကို

ပြန်လည် ထောင်ချောက်ဆင်လိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။

အကယ်၍ ချူးယွင်ဖန်းသာ အစကတည်းက သူ၏အစစ်အမှန်စွမ်းအားကို ပြသခဲ့လျှင် ထိုလူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြမည်မှာ အသေအချာပင်ဖြစ်သည်။ ချူးယွင်ဖန်းက

မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ လူတိုင်းကို ဤနေရာ၌ ဆွဲထားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူသည် အားနည်းဟန် ဆောင်နေခဲ့သဖြင့် လူတိုင်းက ၎င်းတို့သာ အနည်းငယ်မျှ ပိုမိုကြိုးစားလိုက်ပါက သူ့ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်မှတ်သွားကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ ၎င်းတို့အားလုံး ချူးယွင်ဖန်း၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြရသည်။

ဤကဲ့သို့သော ထက်မြက်လှသည့် စစ်ဗျူဟာမြောက် လှုပ်ရှားမှုကို ပြန်လည်တွေးမိသူတိုင်း အံ့ဩမှင်သက်မသွားဘဲ မနေနိုင်ကြပေ။ ချူးယွင်ဖန်း၏ လှုပ်ရှားရေးသိုင်းကွက်များမှာ အလွန်ပင် ကျွမ်းကျင်လှသည်ဟု သတ်မှတ်နိုင်သည်။ သူ ဤနည်းလမ်းကို အသုံးပြု၍ လူများကို လှည့်စားခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်နိုင်ပေ။

စီတုရွှမ်၏ အတွေးကမူ အခြားသူများနှင့် ကွဲပြားခြားနားလှသည်။ ချူးယွင်ဖန်းအနေဖြင့် ယခင်က မည်သို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည်ကို သူ မသိရှိပေ။ သို့သော်လည်း ချူးယွင်ဖန်းအနေဖြင့် ဝိုင်းရံတားဆီး တိုက်ခိုက်ခြင်း ခံရသည်မှာ ပထမဆုံး သို့မဟုတ် ဒုတိယမြောက်အကြိမ် မဟုတ်သည်မှာ ထင်ရှားလှပေသည်။ သို့မဟုတ်ပါက သူ ဤမျှအထိ တည်ငြိမ်နေနိုင်လိမ့်မည် မဟုတ်ပေ။

အခြားသော ပါရမီရှင်များနှင့် တိုက်ပွဲအမြောက်အမြားကို ကြုံတွေ့ဖူးသော လီချန်းယွမ် ပင်လျှင် သူတို့၏ နောက်ကွယ်၌ ကာကွယ်စောင့်ရှောက်သူများ ရှိကြသည်။ ၎င်းတို့က ဤမျှအထိ များပြားလှသော ပညာရှင်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရမည် မဟုတ်ပေ။ ယင်းက အကန့်အသတ်ပင် ဖြစ်သည်။

ထိုပါရမီရှင်များသည် လုံလောက်သော လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ကြပြီးသား ဖြစ်သည်။ အတိတ်ကာလက စီတုရွှမ်ကိုယ်တိုင်လည်း ထိုကဲ့သို့သော အခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးသည်။ အစပိုင်းတွင် သူသည် ၎င်း၌ မည်သည့်အမှားမျှ ရှိသည်ဟု မထင်ခဲ့ပေ။ သို့သော်လည်း ချူးယွင်ဖန်း၏ ထူးခြားပြောင်မြောက်လှသော စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်လိုက်သောအခါ ၎င်းတို့ကြားမှ ကွာခြားချက်မှာ ထင်ရှားလှပေသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ချူးယွင်ဖန်း၏ အဆင့်အတန်းနှင့် နောက်ခံအကြောင်းအရာများကို ယခင်က စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ သူသည် မိုးကြိုခရမ်းဓားနယ်မြေ တဝေရှိ မင်းစိုးရာဇာမိသားစုတစ်ခု၏ ခွဲထွက်မျိုးနွယ်စုဝင်တစ်ဦးမျှသာ ဖြစ်သည်။ ဤကဲ့သို့သော အဆင့်အတန်းမျိုးနှင့်ဆိုလျှင် သူသည် ကြီးမားသော ကာကွယ်စောင့်ရှောက်မှုကို ရရှိလိမ့်မည် မဟုတ်သည်မှာ သဘာဝကျလှသည်။ ချူးယွင်ဖန်း လျှောက်လှမ်းလာခဲ့သော လမ်းတစ်လျှောက်ရှိ အောင်မြင်မှုများကို ရှာဖွေရသည်မှာ မခက်ခဲသော်လည်း သူ မည်သို့သော အမွေအနှစ်မျိုးကို ရရှိထားခဲ့သလဲဆိုသည်ကိုမူ မည်သူမျှ မသိရှိကြပေ။

သူ အသုံးပြုခဲ့သော သိုင်းပညာမျိုးစုံမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ဆင်းသက်လာသော အမွေအနှစ်များ မဟုတ်ကြသကဲ့သို့ တဝေနိုင်ငံ သို့မဟုတ် မိုးကြိုးခရမ်းဓားနယ်မြေရှိ မည်သည့်ဂိုဏ်းကမျှ သိုင်းပညာမျိုးလည်းမဟုတ်ပေ။ မိုးကြိုးခရမ်းဓားရှစ်ချက်သာလျှင် အတိတ်ကာလက ခရမ်းရောင်လျှပ်စီးဓားဂိုဏ်း၏ သိုင်းပညာဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ကျန်ရှိသောအရာများ၏ မြစ်ဖျားခံရာကိုမူ မသိရှိရသော်လည်း အစွမ်းပိုင်းတွင်မူ မိုးကြိုးခရမ်းဓား ရှစ်ချက်ထက် မနိမ့်ကျလှပေ။ တကယ်တမ်းတွင် ထိုအရာထက်ပင် သာလွန်လှပေသေးသည်။

ထင်ပေါ်ကျော်ကြားလာနိုင်သော ပါရမီရှင်တိုင်းတွင် မည်သူမျှမသိသော လျှို့ဝှက်ချက်မျိုးစုံ ရှိတတ်ကြသော်လည်း၊ ချူးယွင်ဖန်းတွင်မူ ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့်

မသက်ဆိုင်သော အမွေအနှစ်အမြောက်အမြား ရှိနေခြင်း ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမွေအနှစ် မြစ်ဖျားခံရာပင်လျှင် ယခင်စီနီယာအမြောက်အမြား ပြင်ပ၌ ရှာဖွေတွေ့ရှိခဲ့သော အမွေအနှစ်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အကြောင်းရင်းမျိုးစုံကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမွေအနှစ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အခြားသူများနှင့် နှိုင်းယှဉ်လိုက်လျှင် ချူးယွင်ဖန်းတွင် ပိုမိုများပြားသော လျှို့ဝှက်ချက်များ ရှိနေသည်မှာ ထင်ရှားလှပေသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။ ဤဖြစ်ရပ်အပြီးတွင် သူ၏စိတ်ကို ပိုမိုခိုင်မာအောင် ဆုံးဖြတ်လိုက်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကယ်ဆယ်ရေးအဖွဲ့ကို မြင်သောအခါ၊ ဂိုဏ်းအနေဖြင့် သူ့ကို ကယ်တင်ရန် ပညာရှင်အမြောက်အမြား စေလွှတ်လိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင် လူကိုယ်တိုင် လာရောက်ခဲ့သည်ကို မြင်ရသောအခါ ချူးယွင်ဖန်းပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။ မည်သည့်အကြောင်းရင်းကြောင့်ပဲဖြစ်စေ ကြယ်ကြွေကောင်းကင်ဂိုဏ်းက သူ့ကို တန်ဖိုးထားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းက သူ့ကို လာရောက်ကယ်ဆယ်လိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်မထားခဲ့သော်လည်း မိမိတွင် ဤကဲ့သို့သော ဖဲချပ်အဝှက် ရှိနေသည်ကို သူ သိသော်လည်း အခြားသူများ မသိကြပေ။ ထို့ကြောင့် ဂိုဏ်းမှ ပညာရှင်များ သူ့ကို ကူညီရန် အပြေးအလွှား ရောက်ရှိလာကြသောအခါ သူ စိတ်လှုပ်ရှားမိသွားခြင်း ဖြစ်သည်။

ယခင်က ဟူတင်းထျန်သည် သူ၏အတွက် ရဲရဲဝံ့ဝံ့ အသက်စွန့်ရန် ဆန္ဒရှိခဲ့သည်။ လူတိုင်းက သေခြင်းတရားကို မကြောက်ဘဲ မနေနိုင်ကြသော်လည်း ၎င်းတို့အတွက်ူမ သူတို့၏ အနစ်နာခံမှုမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အနာဂတ်အတွက် ဖြစ်သည်။ ဤလူများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အကောင်းဆုံး ရတနာအရင်းအမြစ်များကို ခံစားနေကြရခြင်းဖြစ်ပြီး ၎င်းတို့၏ အစွမ်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အင်အားပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အကယ်၍ ကြယ်ကြွေကောင်းကင်ဂိုဏ်းသာ ပျက်စီးသွားပါက သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးသည် သဲပေါ်တွင် ဆောက်ထားသော ရဲတိုက်ကဲ့သို့ ဖြစ်သွားကာ လွယ်ကူစွာ ပြိုလဲသွားပေလိမ့်မည်။

“ကျွန်တော့်ကို ကူညီဖို့ ရောက်လာပေးကြတဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲအားလုံးကို ကျေးဇူးတင်ပါတယ်။” ချူးယွင်ဖန်းက ရိုသေစွာ ဦးညွတ်လိုက်သည်။

“မင်း အဆင်ပြေတာကို မြင်ရတော့ ငါတို့ စိတ်အေးသွားပါပြီ။ မင်း ငါတို့ကို အံ့သြအောင်လုပ်လိုက်တာပဲ”

စစ်တုရွှမ်က မြန်မြန်ဆန်ဆန်ပင် တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့ကာ ပြုံးလိုက်သည်။

“မင်း ကမ္ဘာကြီးတစ်ခုလုံးကိုပါ အံ့သြအောင်ုလပ်လိုက်တာပဲ”

စစ်တုရွှမ်၏ နောက်ကွယ်တွင်မူ ဂိုဏ်းချုပ်အကြီးအကဲအမြောက်အမြားက ချူးယွင်ဖန်းကို သေချာစွာ စောင့်ကြည့်နေကြသည်၊ အထူးသဖြင့် ယခင်က သူ၏အကြောင်းကို တစ်ခါမျှ မကြားဖူးကြသောသူများ ဖြစ်ကြသည်။ ဤဂိုဏ်းချုပ်အကြီးအကဲများသည် အဆင့်တက်လှမ်းနိုင်ရန်အတွက် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ထိုထက်မက ကြာအောင် တံခါးပိတ်ကျင့်ကြံတတ်ကြသည်။ ယင်းက အလွန်သာမန်ဆန်သော ကိစ္စတစ်ခုပင်ဖြစ်သည်။

ယခုအကြိမ် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက်တွင်မူ ဂိုဏ်းထဲ၌ ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။ ၎င်းတို့ထဲမှ အများစုမှာ ချူးယွင်ဖန်းကို ကယ်တင်ရန် အော်ဟစ်မခေါ်ယူခင်အထိ မည်သည်အရာများဖြစ်ပျက်ခဲ့သလဲဆိုသည်ကိုပင် သေချာ သဘောမပေါက်ကြသေးပေ။

ယင်းက ၎င်းတို့ ချူးယွင်ဖန်းကို လူကိုယ်တိုင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏အရှိန်အဝါကို ထိန်းချုပ်ထားခဲ့ပြီးဖြစ်သော်လည်း သူသည် လတ်လတ်ဆတ်ဆတ် အဆင့်တက်လှမ်းထားခြင်း ဖြစ်သောကြောင့် အရှိန်အဝါအချို့မှာ တစ်ခါတစ်ရံတွင် ယိုစိမ့်ထွက်ပေါ်နေဆဲပင်ဖြစ်သည်။ သို့သော်လည်း ထိုယိုစိမ့်ထွက်လာသော အရှိန်အဝါတစ်ခုတည်းကပင် ၎င်းတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေရန် လုံလောက်လှသည်။ ဤသူသည် အနာဂတ်တွင် ကြယ်ကြွေကောင်းကင်ဂိုဏ်း ပိုမိုသန်မာလာစေရန်အတွက် အကြီးမားဆုံးသော အာမခံချက် ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။

“ဒီနေရာက စကားပြောဖို့ နေရာမဟုတ်ဘူး။ အရင်ဆုံး ပြန်ကြရအောင်။” စီတုရွှမ်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။

“ငါ့တပည့်ကို ဝိုင်းတိုက်ခိုက်ခဲ့တဲ့လူတွေကို ငါ ဒီအတိုင်း အလွယ်တကူတော့ အလွှတ်မပေးနိုင်ဘူး။ မင်းတို့လည်း ကိုယ့်နောက်ကျောကိုယ် သေချာ သတိထား စောင့်ကြည့်ထားကြတာပေါ့။”

--

All Chapters