အခန်း ၂၀၀၃
Vol. 134 Ch. 2003
အခန်း(၂၀၀၃) ကြီးမားသော ဆုံးရှုံးမှုကြီး
အရှေ့ပင်လယ်၏ သီးသန့်ကျင့်ကြံသူများနှင့် မတူညီသော အင်အားကြီးအဖွဲ့အစည်းများမှ လာရောက်စုံစမ်းသူများမှာ ကျောရိုးထဲအထိ အေးစိမ့်သော အအေးဓာတ်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ကြရသည်။ စစ်တုရွှမ်၏ အကြည့်က၎င်းတို့ထံသို့ ကျရောက်လာသောအခါ ၎င်းတို့က ရေခဲဂူတစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
စစ်တုရွှမ်က လှုပ်ရှားရန် ပြင်ဆင်နေကြသော ထိုအင်အားစုများကို သတိပေးနေခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်၊ အထူးသဖြင့် ချူးယွင်ဖန်းကို ဝိုင်းရံပိတ်ဆို့ခဲ့ကြသော အင်အားစုများကို ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ဤကိစ္စကို ဒီအတိုင်း အလွယ်တကူ လက်စသတ်ခံလိမ့်မည် မဟုတ်သည်မှာ အသေအချာပင်ဖြစ်၏။
ကြယ်ကြွေကောင်းကင်ဂိုဏ်းအနေဖြင့် ဤကဲ့သို့သော အမူအရာမျိုးကို မပြသခဲ့လျှင် ထိုအင်အားစုများကို သင်ခန်းစာ ပေးနိုင်လိမ့်မည် မဟုတ်ကြောင်းနှင့် အနာဂတ်တွင်လည်း မည်သူမျှ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အလေးထားကြတော့မည် မဟုတ်ကြောင်း လူတိုင်း သဘောပေါက်ကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက တရှမင်းဆက်၏ ကြီးမားသော ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းတို့က မိမိတို့၏ အလေးအနက်ထားဆုံး တပည့်ကိုပင် မကာကွယ်နိုင်ပါက အနာဂတ်တွင် မည်သူက ကြယ်ကြွေကောင်းကင်ဂိုဏ်းကို မျက်နှာသာပေးတော့မည်နည်း။
ထိုအင်အားကြီးအဖွဲ့အစည်းများ၏ ကျန်ရှိနေသော အင်အားစုများကို သွေးအန်ချင်စိတ် ပေါက်လောက်အောင်အထိ စိတ်ပျက်အားလျော့စေခဲ့သောအချက်မှာ၊ ယခုအကြိမ်တွင် ၎င်းတို့က ချူးယွင်ဖန်းကို ဝိုင်းရံတိုက်ခိုက်ရန်အတွက် ကျွမ်းကျင်ပညာရှင်အမြောက်အမြားကို စုစည်းခဲ့ကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ ၎င်းတို့အားလုံး ချူးယွင်ဖန်း၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရကာ တစ်ဖွဲ့လုံး အပြတ်အသတ် ချေမှုန်းခြင်း ခံခဲ့ရသည်။ ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးမှာ အင်အားအကြီးအကျယ် ထိခိုက်သွားခဲ့ရသည်ဟု ဆိုနိုင်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းက ဤကိစ္စကို လက်ရှိအခြေအနေအတိုင်း ထားရှိလိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကလဲ့စားချေမှုကို ရင်ဆိုင်ရမည် ဖြစ်သည်။ ကြက်သူခိုးက ကြက်မရသည့်အပြင် ဆန်ပါဆုံးသွားခဲ့ရသည် ဆိုသည်မှာ မည်သို့သော အရာဖြစ်သနည်း။ ယင်းကား ကြက်သူခိုးက ကြက်မရဘဲ ဆန်ပါဆုံးသွားခဲ့ရခြင်းပင်။ ၎င်းသည် နှစ်ဖက်ညှပ် ဆုံးရှုံးမှုကြီး ဖြစ်သည်။ ၎င်းတို့က ချူးယွင်ဖန်းကို မသတ်နိုင်ခဲ့သည့်အပြင်၊ ချူးယွင်ဖန်းက တိုက်ပွဲအတွင်းမှာတင် အဆင့်တက်လှမ်းသွားခဲ့သေးသည်။
ယင်းက အမှန်ပင် တရားမျှတမှုမရှိလှပေ။
ဤမျှအထိ မြင့်မားသောအဆင့်ရှိသော ဖန်ဆင်းရှင် အမြောက်အမြားက လူတစ်ယောက်တည်းကိုပင် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သည့် အမှန်တရားက၊ ဤတိုက်ပွဲအပြီးတွင် ချူးယွင်ဖန်းသည် ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားသွားလိမ့်မည်ဖြစ်ကြောင်း လူတိုင်းကို သဘောပေါက်သွားစေခဲ့သည်။ သူ၏ မျိုးဆက်ထဲမှသူများသည် သူ့ကို ယှဉ်နိုင်စွမ်း မရှိကြတော့ပေ။
၎င်းတို့အားလုံးက ပါရမီရှင်စာရင်းတွင် ပါဝင်နေကြသော်လည်း သူတို့ကြားတွင်မူ ကုန်းမြင့်နှင့် ချောက်ကမ်းပါးကဲ့သို့ ကွာဟချက် ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ပါရမီရှင်စာရင်းဝင် အခြားသော ပါရမီရှင်များသာဆိုလျှင်၊ ဤမျှအထိ များပြားလှသော ပညာရှင်များနှင့် တစ်ချိန်တည်းတွင် ရင်ဆိုင်ရရန် မဆိုထားနှင့်၊ ၎င်းတို့ထဲမှ မည်သူမဆို ထိုပါရမီရှင်များကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။
ထိုပါရမီရှင်များအနေဖြင့် လွတ်မြောက်သွားနိုင်လျှင်ပင် ကံကောင်းသည်ဟု သတ်မှတ်ရပေလိမ့်မည်။
အကယ်၍ ၎င်းတို့တွင် မူလက အခြားသော အတွေးအမြင်များ ရှိခဲ့လျှင်ပင်၊ စီတုရွှမ် ရောက်ရှိလာခြင်းနှင့်အတူ ထိုအတွေးများအားလုံးက သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့က စစ်တုရွှမ် တိုက်ခိုက်သည်ကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း၊ သူသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းကျွမ်းကျင်ပညာရှင်များထဲမှ တစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ထိုအင်အားစုများက ၎င်းတို့၏ ပညာရှင်အားလုံးကို စေလွှတ်လိုက်လျှင်ပင် ချူးယွင်ဖန်းကို မည်သို့မျှ ထိခိုက်စေနိုင်ကြမည် မဟုတ်ပေ။ စစ်တုရွှမ်သည် ဤနေရာတွင် ရှိနေကာ ပင်လယ်ပြင်ကြီးကို တည်ငြိမ်အောင် ထိန်းထားနိုင်သူ ဖြစ်သည်။
“ဟုတ်ကဲ့… သွားကြတာပေါ့။ ဒီနေရာက အဆင်မပြေဘူး။” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်တို့ ပြန်ရောက်မှ စကားပြောကြတာပေါ့။”
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ လူတိုင်းသည် မြန်မြန်ဆန်ဆန်ပင် ထွက်ခွာသွားခဲ့ကြပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ကြသည်။ အရှေ့ပင်လယ်ပြင်ထက်မှ တိုက်ပွဲကြီးလည်း နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲကို စောင့်ကြည့်နေကြသော အရှေ့ပင်လယ်ပြင်မှ ပညာရှင်များလည်း ထွက်ခွာသွားခဲ့ကြသည်။ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ အလောင်းများကိုပင် ချူးယွင်ဖန်းက သိမ်းဆည်းသွားခဲ့သဖြင့် ၎င်းတို့၏ ရေနောက်တွင် ငါးမျှားရန်အကြံအစည်မှာ (အခွင့်ကောင်းယူရန်) မဖြစ်နိုင်တော့ပေ။
နတ်အင်မော်တယ်တောင်၏ ပြင်ပတွင်မူ မင်းသမီးယွင်ယန်က အနည်းငယ် မှင်သက်နေခဲ့ရသည်။ သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အတိုင်း ဖြစ်နေခဲ့သည်။ မိမိ၏ သက်တူရွယ်တူချင်းထဲတွင် မိမိကိုယ်တိုင်ပင် မယှဉ်နိုင်သော ထိုအဆင့်မြင့် ဖန်ဆင်းရှင်များကို အလွယ်တကူ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်မည့်သူ ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
မင်းသမီးယွင်ယန်က ချူးယွင်ဖန်းကို မိမိဘက်ပါအောင် ဆွဲဆောင်ရန် ပိုမိုခက်ခဲလာပြီဖြစ်ကြောင်း ကောင်းစွာ သိရှိသည်။ ကံကောင်းသည်မှာ အခြားသူများအတွက်လည်း ချူးယွင်ဖန်းကို ဆွဲဆောင်ရန်မှာ ထိုမျှအထိ ခက်ခဲနေခြင်း သို့မဟုတ် မိမိထက်ပင် ပိုမိုခက်ခဲနေခြင်း ဖြစ်သည်၊ အကြောင်းကား မိမိက ချူးယွင်ဖန်းကို တစ်ကြိမ်ကူညီခဲ့ဖူးသောကြောင့်ပင်ဖြစ်၏။
ချူးယွင်ဖန်းက ထိုကျေးဇူးကို ပြန်ဆပ်ခဲ့သော်လည်း သူတို့ကြားတွင် နားလည်မှုတစ်ခု ရှိနေဆဲပင်ဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် လီချန်းယွမ်ကို သတ်ဖြတ်ခဲ့သဖြင့် အိမ်ရှေ့မင်းသားနှင့် ကျိန်းသေ ရန်သူဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မိမိအတွက်မူ ယင်းက အကြီးမားဆုံးသော အကျိုးကျေးဇူးပင်ဖြစ်၏။
နတ်အင်မော်တယ်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၊ မြူခိုးများ ရစ်ပတ်နေသော ရာဇပလ္လင်ထက်တွင်မူ မင်းသမီးကြီးသည် မိုင်ပေါင်းရာချီသော ပတ်ဝန်းကျင်အတွင်းရှိ အရာအားလုံးကို အကဲခတ်ကြည့်ရှုနေခဲ့သည်။ သူ၏ဘေးတွင်မူ သူ၏အစေခံမိန်းကလေး ရော့ရှီရှိနေသည်။
“အရှင့်သမီး… ချူးယွင်ဖန်းက ပြန်လည်တိုက်ခိုက်ရာမှာ အောင်မြင်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါက တကယ်ကို မျှော်လင့်မထားတဲ့အရာပဲ။ သူက ဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ စွမ်းရည် တကယ်ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းသမီးက ရတနာဆေးဖက်ဝင်အပင်တွေကို အကြီးအကျယ် ဝယ်ယူခဲ့တာက သူ့ကို ပေးဖို့ ဖြစ်ရမယ်လို့ ကျွန်မ ထင်ပါတယ်။” ရော့ရှီက အံ့ဩမှင်သက်စွာဖြင့် ပြောလိုက်သည်။
သူမ၏ ကျင့်စဉ်အဆင့်မှာလည်း နက်ရှိုင်းလှသဖြင့် ပါရမီရှင်စာရင်းဝင် ပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော်လည်း ထိုအချက်ကြောင့်ပင် ချူးယွင်ဖန်းကို ဝိုင်းရံခဲ့ကြသော ထိုပညာရှင်များ မည်မျှအထိ ထိတ်လန့်ဖွယ်ကောင်းကြောင်း သူ သဘောပေါက်ခြင်း ဖြစ်သည်။ သူတို့ထဲမှ မည်သူမဆိုနှင့် တွေ့ဆုံရလျှင် သူ ထွက်ပြေးရုံသာ ရှိသည်။ သို့သော်လည်း ချူးယွင်ဖန်းကမူ ပြန်လည်တိုက်ခိုက်ရာတွင် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။ ချူးယွင်ဖန်းက မည်သည့်နည်းလမ်းကိုပင် အသုံးပြုခဲ့သည်ဖြစ်စေ အနိုင်က အနိုင်ဖြစ်ကာ အရှုံးက အရှုံးသာ ဖြစ်သည်။ မည်သည့်ဆင်ခြေ သို့မဟုတ် အကြောင်းပြချက်မျှ မရှိပေ။
“မင်းသမီးကူရှဲ့က သူ့ကို အကဲဖြတ်တာ မမှားခဲ့ဘူးပဲ။” ရော့ရှီက ပြောလိုက်သည်။
“သူက ချူးယွင်ဖန်းအပေါ် အမြဲတမ်း ယုံကြည်မှု ရှိခဲ့တာ။ သူကသာ ချူးယွင်ဖန်းကို အမှန်တကယ် နားလည်တဲ့သူ ဖြစ်ပုံရတယ်။ မင်းသမီးကူရှဲက သူ့ကို သစ်သားဝိညာဉ်အနှစ်သာရ ပေးခဲ့တာက အလကားမဖြစ်သွားခဲ့ဘူး။”
မင်းသမီးကြီးက ခပ်အေးအေးပင် ခေါင်းညိတ်လိုက်သည်။
“စီယုက သူ့ကို အကဲဖြတ်တာ မမှားခဲ့ပါဘူး။” ခဏမျှ နားပြီးနောက် သူက ဆက်ပြောသည်။
“ရတနာတိုက်ထဲကို သွားပြီး စီယုအတွက် နောက်ထပ် သစ်သားဝိညာဉ်အနှစ်သာရတစ်ခု ထပ်ရှာပေးလိုက်ပါ။ သူ့ရဲ့ ကျဥ့်စဥ်အဆင့်က အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေပြီ။ ဒီလိုကိစ္စမျိုးကြောင့် နှောင့်နှေးလို့မဖြစ်ဘူး။”
ရော့ရှီက ပြုံး၍ ပြောလိုက်သည်။
“မင်းသမီးကြီးက မင်းသမီးကူရှဲအပေါ် တကယ်ကို ကောင်းလွန်းပါတယ်။ အခြားဘယ်သူ့ကိုမှ ဒီလိုမျိုး ဆက်ဆံတာ ကျွန်မ မမြင်ဖူးဘူး။ ကံကောင်းတာက သူက မင်းသမီးကြီးကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ သူ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ယောက်မို့ ချူးယွင်ဖန်းရဲ့ နောက်မှာပဲ ရှိတာပါ။”
မင်းသမီးကြီး၏ လှပသော မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ငါက သူ့ကို ဒုတိယအဆင့်မှာပဲ ရှိနေစေချင်တာမဟုတ်ဘူး၊ အသန်မာဆုံး ဖြစ်စေချင်တာ။ ချူးယွင်ဖန်းက သူ့ အနာဂတ်ခင်ပွန်းလောင်း ဖြစ်ပေမဲ့၊ အမျိုးသမီးတွေက အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ဘယ်သူပြောလဲ။ သူက ချူးယွင်ဖန်းကို ကျော်လွန်မသွားနိုင်ဘူးလို့ ဘယ်သူပြောလဲ”
“ဒီချူးယွင်ဖန်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ သူ ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်၊ ဒါပေမဲ့ အဲ့တော့ ဘာဖြစ်လဲ။ စီယုက ငါ့ရဲ့ အစီအစဉ်အတိုင်း လိုက်နာပြီး တစ်ဆင့်ချင်းစီ ကျင့်ကြံသွားသရွေ့တော့၊ သူ့ကို စောစော ဒါမှမဟုတ် နောက်ကျရင် ကျော်သွားမှာပဲ”
ရော့ရှီ၏ စကားလုံးများက မင်းသမီးကြီး၏ ပြိုင်ဆိုင်လိုစိတ်ကို နှိုးဆွပေးလိုက်ခြင်း ဖြစ်သည်။ မင်းသမီးကြီးက တန်စီယုအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိကြောင်း သူ၏စကားလုံးများအရ သိသာလှပေသည်။ ထိုသူက ချူးယွင်ဖန်း ဖြစ်နေလျှင်ပင် မင်းသမီးကြီးက တန်စီယုကို အရှုံးပေးရန် မည်သည့်အခါမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
“မင်းသမီးကူရှဲအနေနဲ့ မင်းသမီးကြီးရဲ့ စေတနာအရင်းခံ ကြိုးပမ်းမှုတွေကို နားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်၊” ရော့ရှီက ပြုံးလျက် ပြောလိုက်သည်။
“သူက ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ဖို့ လိုပါတယ်။ အဲ့တာကလည်း မကြာခင် ပွင့်တော့မှာ။ အကယ်၍ သူ့ ကျင့်စဉ်အဆင့်က အမီမလိုက်နိုင်ရင် ဒီအခွင့်အရေးကို လွဲချော်သွားလိမ့်မယ်။ ခြေလှမ်းတစ်လှမ်း နောက်ကျရင် အလှမ်းကွာသွားတတ်တယ်။ စီယုက ဒီအချက်ကို နားလည်သင့်ပါတယ်။ အများကြီး ပြောနေဖို့ မလိုပါဘူး။” ထို့နောက် မင်းသမီးကြီးက တစ်ခုခုကို သတိရမိသွားခဲ့သည်။
“ဒါနဲ့… ငါ ကောင်းကင်တစ်ဖက်ကမ်းကို သွားပြီး နတ်ရတနာပစ္စည်းတစ်ချို့ သွားရှာဦးမယ်။ ငါ ပြန်မလာခင်အထိ နတ်အင်မော်တယ်တောင်ရဲ့ ရွှေ့ပြောင်းခြင်းဝင်ပေါက်အားလုံးကို ပိတ်ထားရမယ်၊ ကာကွယ်ရေးအတားအဆီး အားလုံးကိုလည်း အသက်သွင်းထားရမယ်။ ငါ ပြန်မလာမချင်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့။”
“ဟုတ်ကဲ့ပါ မင်းသမီးကြီး” ရော့ရှီက ခေါင်းညိတ်လိုက်သည်။
နတ်အင်မော်တယ်တောင်သည် အခြားသော အင်အားစုများနှင့် မတူညီကြောင်း သူ နားလည်ထားသည်။ နတ်အင်မော်တယ်တောင်က အတန်ငယ် ကျော်ကြားလှသော်လည်း ၎င်းသည် မင်းသမီးကြီး၏ ဂုဏ်သတင်းအပေါ်တွင်သာ မှီခိုနေခြင်း ဖြစ်သည်။ မင်းသမီးကြီး မရှိလျှင်မူ ၎င်းတို့က နတ်အင်မော်တယ်တောင်ကို ကာကွယ်နိုင်ကြမည် မဟုတ်ပေ။
--