အခန်း ၂၀၀၄
Vol. 134 Ch. 2004
အခန်း(၂၀၀၄) ပါရမီရှင်စာရင်း၏ နံပါတ်တစ် ချူးယွင်ဖန်း
အရှေ့ပင်လယ်မှ တိုက်ပွဲက အဆုံးသတ်သို့ နီးလာပေပြီ။
ဤတိုက်ပွဲက အရှေ့ပင်လယ်မှ လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်ဖြစ်ရာ အထူးသဖြင့် အရှေ့ပင်လယ်၌ သတင်းက လျင်မြန်စွာ ပျံ့နှံ့တတ်သည်ဖြစ်၍ မျိးစုံသော သတင်းများပျံ့နှံ့သွားရန်လည်း အချိန်မကြာခဲ့ပေ။ အမျိုးမျိုးသော သတင်းများသည် လျှပ်စီး၏ အလျင်ဖြင့် အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။
လီမျိုးနွယ်စုအပါအဝင် ယင်း၌ အဓိက အင်အားစု ငါးခု ပါဝင်နေသည်။ အရှေ့ပင်လယ်မှ အင်အားစုများမဟုတ်လျှင်ပင် ၎င်းတို့၌ ထည့်သွင်းစဥ်းစားရန် ထိုက်တန်သော ဂုဏ်သတင်းရှိကြ၏။ လီမျိုးနွယ်စုကဲ့သို့ စစ်ဘက်ရေးရာ မိသားစုမျိုးပင်လျှင် ယခင်က ပင်လယ်မျိုးနွယ်စုများနှင့်ဆင်နွှဲခဲ့သော စစ်ပွဲကြောင့် လူတိုင်းသည် လီမျိုးနွယ်စု၏ နက်ရှိုင်းလှသည့် အခြေခံအုတ်မြစ်ကို မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ နောက်ဆုံးရလဒ်အနေဖြင့် လီမျိုးနွယ်စု ရှုံးနိမ့်ခဲ့ရကာ ၎င်းတို့၏ ပင်လယ်ရပ်ခြားရှိ စစ်စခန်းများနှင့် အင်အားစုများ အမြစ်ပြတ်ချေမှုန်းခံခဲ့ရသော်လည်း၊ ၎င်းက ရှောင်လွှဲ၍ မရသော ရလဒ်သာ ဖြစ်သည်။ အရှေ့ပင်လယ်ပြင်၌ ပင်လယ်မျိုးနွယ်စုများကို ယှဥ်ပြိုင်နိုင်မည့် မည်သည့် အင်အားစုမျှ မရှိပေ။ အင်အားကြီးမားလှသည့် တရှမင်းဆက်ပင်လျှင် ကမ်းရိုးတမ်းဒေသများတွင်သာ သူ၏ အုပ်ချုပ်ရေးကို ထိန်းသိမ်ားထားနိုင်၍ အရှေ့ဘက်ပင်လယ်ပြင်၏ နက်ရှိုင်းလှသသော နေရာများအထိမူ ၎င်း၏ လက်တံများကို ဆန့်ထုတ်နိုင်ခြင်းမရှိပေ။
ဤအင်ားစုကြီး ငါးခုနှင့်အတူ ဖန်ဆင်းရှင်အဆင့်၏ ထိပ်သီးနေရာများဖြစ်ကြသော ပဥ္စမ၊ ဆဠမနှင့် သတ္တမအဆင့် ရှိသည့် ဖန်ဆင်းရှင် ပညာရှင် အမြောက်အမြား စုပေါင်း၍ သေဆုံးသွားခဲ့ကြရသည်။ ဤအရာက မည်မျှထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလိုက်သနည်း။
ဤကဲ့သို့သော အင်အားစုဖွဲ့မှုမျိုးသည် အရှေ့ပင်လယ်ရှိ ပထမတန်းစား အင်အားစုတစ်ခုကိုပင် အလွယ်တကူ တိုက်ခိုက်ချေမှုန်းပြီး အမြစ်ပြတ် သုတ်သင်ပစ်ရန် လုံလောက်ပေသည်။
သို့သော်လည်း ၎င်းတို့က ချူးယွင်ဖန်း၏ လက်ထဲတွင် အလွန်လွယ်ကူစွာ သေဆုံးသွားခဲ့ကြရသည်။ လီမျိုးနွယ်စု၏ ယခင်ပါရမီရှင်တစ်ဦးဖြစ်ပြီး ဖန်ဆင်းရှင်အဆင့် ထိပ်သီးပညာရှင်ဖြစ်သော လီဝေယွမ်ပင်လျှင် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဤတိုက်ပွဲသည် မြေကမ္ဘာကို တုန်ဟိန်းသွားစေခဲ့ကာ အရှေ့ဘက်ပင်လယ်ပြင်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ လူပေါင်းများစွာသည် အဝေးမှနေ၍ စောင့်ကြည့်ခဲ့ကြပြီး အရာခပ်သိမ်းကို မြင်တွေ့ခဲ့ကြရသည်။ သူတို့ ပြန်လည်ထွက်ခွာသွားကြပြီးနောက် တစ်ဆင့်စကားတစ်ဆင့်ဖြင့် ပျံ့နှံ့သွားခဲ့ရာ၊ ချူးယွင်ဖန်း၏ ကျော်ကြားမှုမှာ အရှေ့ဘက်ပင်လယ်ပြင်တွင် တစ်ညတာအတွင်းမှာတင် ပျံ့နှံ့သွားခဲ့တော့သည်။ တရှ၌ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း လက်တွေ့တွင် လူတိုင်း သိရှိသွားခဲ့ကြရသည်။
ဧရာမ ဖြစ်တည်မှုဖြစ်သော တရှ၌ပင် ဤကဲ့သို့သော ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာရန် ဖြစ်နိုင်ခြေမှာ မမြင့်မားလှပေ။ ထိပ်တန်းပုဂ္ဂိုလ်များဟု ခေါ်ဆိုနိုင်သူများမှာ ၎င်းတို့၏ သက်တူရွယ်တူများကို လုံးဝ ဖိနှိပ်ချေမှုန်းနိုင်သူများ ဖြစ်ကြပြီး၊ သူ၏ သက်တူရွယ်တူများထက် အနည်းငယ်မျှသာ ရှေ့သို့ရောက်နေခဲ့သော လီချန်ယွမ်ကဲ့သို့ မဟုတ်ပေ။ လီချန်ယွမ်ကိုမူ သက်တူရွယ်တူများကြားတွင် ခေါင်းဆောင်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သော်လည်း၊ ချူးယွင်ဖန်းကမူ ထို့ထက် ထူးခြားဆန်းပြားလှသည်။ သူသည် သူ၏ သက်တူရွယ်တူများကို ဖိနှိပ်ချေမှုန်းနိုင်သည့်အပြင် ပြိုင်ဘက်ကင်းကာ မည်သည့်ပြိုင်ဘက်မျှ မရှိပေ။
“တရှမှာ ဒီလိုလူမျိုးပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ပြီးတော့ သူက တရှရဲ့ စစ်တပ်ကဖြစ်နေတာဆိုတော့ အချိန်ကိုက်ဗုံးတစ်လုံးမှန်းသိသာတယ်။ တကယ်လို့ ဒိလိုလူမျိုးသာ ကြီးပြင်းလာမယ်ဆို ငါတို့အတွက် ကပ်ဘေးပဲ”
“တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေတိုက်ခံရစမြဲပဲ။ သူ၏ စွမ်းဆောင်ရည်က လွန်လွန်းနေပြီ။ ဒါကို မကြည့်ရက်မရှုရက်နိုင်တဲ့သူတွေ တစ်ယောက်နှစ်ယောက်မက ရှိလာလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်။ အဲကျရင် သူ၏ နေ့ရက်တွေက ဆိုးရွားသွားလိမ့်မယ်။”
“ဟုတ်တယ်။ ကြီးပြင်းမလာနိုင်တဲ့ ပါရမီရှင်တွေက ဘာမှမဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ဒီလိုလူမျိုးတွေ အများကြီး ရှိခဲ့ဖူးတာပဲ။”
ချူးယွင်ဖန်းသည် တိုက်ပွဲတစ်ခုတည်းဖြင့် ကျော်ကြားလာခဲ့သည်။ ရေတွက်၍မရသော လူပေါင်းများစွာ ဆွံ့အသွားခဲ့ကြရသော်လည်း၊ အချို့သူများကမူ သံသယများ ရှိနေကြဆဲ ဖြစ်သည်။ ၎င်းတို့အတွက်မူ ချူးယွင်ဖန်းအနေဖြင့် ကမ္ဘာပေါ်ရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် ကြီးပြင်းလာနိုင်ခြင်း ရှိမရှိဟူသည်မှာ မရေရာသေးသော အရာတစ်ခုပင်ဖြစ်ပေသည်။ သတင်းကို ပထမဆုံး ရရှိခဲ့ကြသော အရှေ့ဘက်ပင်လယ်ပြင်ရှိ အဓိက အင်အားစုများနှင့် နှိုင်းယှဉ်လိုက်လျှင်၊ ချူးယွင်ဖန်း၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့သော လှုပ်ခတ်မှုမှာ တကယ်တမ်းတွင် လွန်ခဲ့သော သုံးရက်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော သုံးရက်က ချူးယွင်ဖန်းသည် လီချန်ယွမ်ကို သတ်ဖြတ်ခဲ့သည်။ ပါရမီရှင်စာရင်းပေါ်ရှိ အမည်နာမများ ပြောင်းလဲသွားခဲ့ရသည်။ အကယ်၍ သာမန် ပါရမီရှင်တစ်ဦးသာ သေဆုံးသွားခဲ့ခြင်း ဖြစ်ပါက ဤမျှ ကြီးမားလှသော ဆူညံမှုကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဤပုဂ္ဂိုလ်မှာ နံပါတ်တစ်နေရာတွင် ရပ်တည်နေခဲ့သော လီချန်းယွမ် ဖြစ်နေခဲ့သည်။
ရှေးခေတ်ကတည်းက လူတိုင်း၏ အာရုံစိုက်မှုမှာ ပထမနေရာအပေါ်တွင်သာ အမြဲ ရှိနေခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယနေရာမှသည် နံပါတ်တစ်ရာနေရာအထိ လူတိုင်း၏ အာရုံစိုက်မှုကို ပေါင်းစပ်လိုက်လျှင်ပင် လီချန်းယွမ်တစ်ဦးတည်းကို မယှဉ်နိုင်ကြပေ။ သူ စတင်ပေါ်ထွက်လာခဲ့ကတည်းက မြောက်မြားစွာသော အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း၊ သူ့ကို မည်သူမျှ မသတ်ဖြတ်နိုင်ခဲ့ကြပေ။
ယခုမူ ပါရမီရှင်စာရင်း၏ ပထမဆုံးသော အမည်နာမက ရုတ်တရက် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ရာ၊ ၎င်းက ချက်ချင်းပင် ကြီးမားလှသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့တော့သည်။ ဤအရာက သီးသန့်အောင်းနေကြသော သို့မဟုတ် ခရီးသွားနေကြသော ပါရမီရှင်များအတွက်မူ ယုန်သေသဖြင့် မြေခွေးဝမ်းနည်းရသကဲ့သို့ (တစ်နည်းအားဖြင့် မိမိတို့လည်း အလားတူ အန္တရာယ်မျိုးနှင့် ကြုံတွေ့ရနိုင်သည်ဟူသော) ခံစားချက်မျိုးကို ချက်ချင်း ခံစားလိုက်ရစေသည်။ အဆုံးသတ်တွင် လီချန်းယွမ်သည် ၎င်းတို့အတွက် ပြိုင်ဘက်နှင့် လိုက်မှီရန် ကြိုးစားရမည့် ပစ်မှတ်တစ်ခု ဖြစ်နေခဲ့သော်လည်း၊ သူတို့အတွက် စံနမူနာတစ်ခု ဖြစ်ကြောင်းကိုမူ သူတို့ ကောင်းမွန်စွာ သိရှိကြသည်။ ယခုအခါ နံပါတ်တစ်နေရာတွင် ရှိနေခဲ့သော လီချန်းယွမ်ပင်လျှင် ကြေကွဲဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ရပြီ ဖြစ်ရာ၊ တစ်နည်းအားဖြင့် သူတို့သည်လည်း ကြီးမားလှသော အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ခဏမျှအတွင်းမှာတင် လူတိုင်းက မိမိတို့ကိုယ်ကိုယ် အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ကြရသည်။ သက်တူရွယ်တူ မျိုးဆက်ထဲမှ တစ်စုံတစ်ဦးက လီချန်းယွမ်ကို သတ်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။ ဖြစ်နိုင်ခြေ တစ်ခုသာ ရှိနေခဲ့သည်။ မိစ္ဆာမျိုးနွယ်စု၏ အမြင့်မြတ်ဆုံးသော တည်ရှိမှုကြီးက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ နယ်စပ်ဖြတ်ကျော်ကာ ချူးယွင်ဖန်းကို လာရောက်တိုက်ခိုက်ခဲ့သကဲ့သို့ပင်၊ အချို့သော ဝါရင့်အဖိုးအိုကြီးများက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ လာရောက်တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ရမည်။
ယင်းက မည်မျှအထိ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလိုက်သနည်း။
ပထမဆုံးအနေဖြင့် ချူးယွင်ဖန်း၊ ထို့နောက် လီချန်းယွမ်… နောက်ထပ် မိမိတို့ ဖြစ်လာမလားဟူသည်မှာ ပြောရန် ခက်ခဲလှပေသည်။ ခဏမျှအတွင်းမှာတင် လူတိုင်း ထိတ်လန့်ခြောက်ခြားကုန်ကြသည်။ လူပေါင်းများစွာ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက စွဲထင်နေခဲ့ရသည်။
“လီချန်းယွမ်ရဲ့ အစောင့်အရှောက်က ဘယ်ရောက်နေတာလဲ။ သူတို့ ဘယ်သွားနေကြတာလဲ။ ဘာဖြစ်လို့ သူ သေဆုံးသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေခဲ့ကြတာလဲ။”
ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ ပါရမီရှင်များရှိကြသော အင်အားစုအားလုံး လှုပ်ရှားမှုများ စတင်ခဲ့ကြသည်။ လူပေါင်းများစွာသည် မည်သည့်အင်အားစုက လှုပ်ရှားခဲ့သလဲဆိုသည်ကို သိရှိချင်နေခဲ့ကြသည်။ ဤကဲ့သို့သော အရှက်မဲ့လှသည့် တိုက်ခိုက်မှုမျိုးသည် လီမျိုးနွယ်စုကိုသာမက၊ လီမျိုးနွယ်စု၏ နောက်ကွယ်တွင် ရှိနေခဲ့သော တရှမင်းဆက်၏ အိမ်ရှေ့မင်းသားကိုပါ စော်ကားလိုက်ခြင်း ဖြစ်သည်။ လီမျိုးနွယ်စုတစ်ခုတည်းကမူ လူပေါင်းများစွာကို ကြောက်ရွံ့သွားအောင် ပြုလုပ်ရန် မလုံလောက်နိုင်သော်လည်း၊ သူတို့၏ နောက်ကွယ်တွင် ရှိနေသော အိမ်ရှေ့မင်းသားကိုပါ ထည့်သွင်းလိုက်မည်ဆိုပါက သူတို့သည် ဧရာမ ဖြစ်တည်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
အိမ်ရှေ့မင်းသားဟူသည်မှာ ရာဇပလ္လင်ထက်သို့ တက်လှမ်းရန်နှင့် ကြီးမားလှသော တရှမင်းဆက်ကို ထိန်းချုပ်မည့် အမြင့်မြတ်ဆုံးသော တည်ရှိမှု ဖြစ်လာရန် အခွင့်အရေး အလွန်မြင့်မားလှသူ ဖြစ်သည်။ အိမ်ရှေ့မင်းသားသည် အရှေ့နန်းတော် မှနေ၍ မည်သည့်တန်ဖိုးပဲ ပေးရပေးရ လူသတ်သမားကို ရှာဖွေရန် အမျက်ဒေါသဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်ဟုပင် ဆိုကြသည်။
လွန်ခဲ့သော သုံးရက်အတွင်းမှာတင် မုန်တိုင်းက စတင်နေခဲ့ပြီ ဖြစ်သည်။ သေနာပတိချုပ်ရုံးပင်လျှင် ၎င်းကို အာရုံစိုက်နေခဲ့သည်။ အဆုံးသတ်တွင် လီချန်းယွမ်သည် တရှမင်းဆက်၏ နယ်စားမင်းတစ်ဦးနှင့် မှူးမတ်တစ်ဦး ဖြစ်နေသောကြောင့်ပင်ဖြစ်ပေ၏။ သို့သော်လည်း သုံးရက်ကြာအောင် ဂယက်ထဆွေးနွေးခဲ့ကြပြီးနောက် ပါရမီရှင်စာရင်းပေါ်တွင် အမည်နာမတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ချူးယွင်ဖန်း ပင် ဖြစ်သည်။
ခဏမျှအတွင်း ပါရမီရှင်စာရင်းပေါ်ရှိ ထိုအမည်နာမကို ကြည့်ရင်း လူတိုင်း မိမိတို့၏ မျက်လုံးများကို မယုံကြည်နိုင်ဘဲ ပွတ်သပ်ကြည့်ခဲ့ကြရသည်။ ၎င်းတို့၏ မျက်လုံးများ တစ်ခုခု မှားယွင်းနေပြီဟု သူတို့ ခံစားလိုက်ကြရသည်။
ပါရမီရှင်စာရင်း၏ ပထမဆုံးနေရာတွင် ရှိနေသူမှာ တကယ်တမ်းတွင် အဘယ်ကြောင့် လွန်ခဲ့သော ခြောက်လကျော်ကတည်းက သေဆုံးသွားခဲ့ပြီဟု အတည်ပြုထားခဲ့ကြသော ချူးယွင်ဖန်း ဖြစ်နေရသနည်း။
“ဒါ ဘာလဲ။ ပထမနေရာက အမှန်တကယ်ပဲ ချူးယွင်ဖန်း ဟုတ်လား။ သူက သေသွားခဲ့ပြီ မဟုတ်ဘူးလား။ ဒါမှမဟုတ် နာမည်တူနေတဲ့သူ တစ်ယောက်ယောက်လား။”
ချူးယွင်ဖန်း သေဆုံးသွားခဲ့ပြီဟု လူတိုင်း ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။ အကြီးမားဆုံးသော သက်သေမှာ သူ၏ အမည်နာမသည် ပါရမီရှင်စာရင်းပေါ်တွင် မရှိတော့ခြင်းပင်ဖြစ်သည်။ ဆန်းကြယ်နန်းဆောင်၏ ဟောကိန်းများထံမှ ပုန်းကွယ်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။ သို့သော်လည်း ယခုအခါတွင်မူ လက်တွေ့ဘဝက သူတို့ကို ပြင်းထန်သော ရိုက်ချက်တစ်ခုဖြင့် ရိုက်လိုက်ပြီဟု ပြောနိုင်၏။
“ဒီလောက် တိုက်ဆိုင်မှုတွေ အများကြီး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ နာမည်တူတဲ့ အခြား ပါရမီရှင်တစ်ယောက် ပေါ်လာတယ်လို့ ငါယုံကြည်မယ့်အစား၊ ချူးယွင်ဖန်း သေရာကနေ ပြန်ရှင်လာခဲ့တယ်လို့ပဲ ငါ ယုံကြည်လိုက်တော့မယ်၊” တစ်စုံတစ်ဦးက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ထိုကဲ့သို့ နာမည်တူတစ်ယောက် ပေါ်လာနိုင်မည့် ဖြစ်နိုင်ခြေမှာ ချူးယွင်ဖန်း သေရာမှ ပြန်ရှင်လာနိုင်မည့် ဖြစ်နိုင်ခြေထက်ပင် ပိုမိုနည်းပါးလှပေသည်။ ၎င်းက ပို၍ပင် မယုံကြည်နိုင်စရာ ကောင်းလှသည်။
“ဒါက တကယ်ပဲ သူ ဖြစ်နေတာလား။ ဒါက မဖြစ်နိုင်တာ။ သူက သေသွားခဲ့တာ ကြာပြီ မဟုတ်ဘူးလား။ လီချန်းယွမ်ရဲ့ သေဆုံးမှုက သူနဲ့ ပတ်သက်မှု ရှိနေနိုင်မလား၊” တစ်စုံတစ်ဦးက ခန့်မှန်းလိုက်တော့သည်။
--