← Chapters

အခန်း ၂၀၀၉

Vol. 134 Ch. 2009

အခန်း ၂၀၀၉

Vol. 134 Ch. 2009

အခန်း(၂၀၀၉) ချူးယွင်ဖန်းအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိခြင်း

“ဒါပေမဲ့လည်း…” ကျန်စွန်းယွမ်က ပြောလိုက်သည်၊

“ကျွန်တော်တို့က ပြင်ပစစ်တပ်ကို သေချာမစောင့်ရှောက်ပေးဘဲ လီချန်းယွမ်ရဲ့ လက်ထဲကို ကျရောက်သွားအောင် ပစ်ထားခဲ့တာနဲ့ ပတ်သက်ပြီး ချူးယွင်ဖန်းက ကျွန်တော်တို့ကို အပြစ်တင်လိမ့်မယ်လို့ စိုးရိမ်မိတယ်။ သူ ကျွန်တော်တို့အပေါ် ရန်ငြိုးဖွဲ့သွားမှာကို ဆရာမကြောက်ဘူးလား”

စီတုရွှမ်က ရယ်မောလိုက်သည်။

“ဘာကို ကြောက်ရမှာလဲ။ အကယ်၍ သူက တကယ်ပဲ ဒီလိုလူမျိုးဆိုရင် ငါ သူ့ကို လူမှားကြည့်မိတာပေါ့။ ဒါပေမဲ့ ငါ့တစ်သက်မှာ ဘယ်တုန်းကမှ လူမမှားခဲ့ဖူးဘူး။”

ကျန်စွန်းယွမ်က ပြုံးလိုက်ကာ တပြန်လည်မငြင်းဆိုခဲ့ပေ။ ချူးယွင်ဖန်း၏ ယခုတစ်ကြိမ် လှုပ်ရှားမှုများက ဤမျှအထိ ပြင်းထန်နေရခြင်းမှာ သူ၏ မကျေနပ်မှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။ သို့သော်လည်း သူသည် သူ၏ မကျေနပ်မှုကို ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ လာရောက်မဖော်ပြခဲ့ဘဲ၊ လီမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းခြင်းဖြင့်သာ သူ ပြန်လည်ရောက်ရှိလာကြောင်း တစ်လောကလုံးကို ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆုံးသတ်တွင် မကျေနပ်မှုတိုင်း၌ ကာယကံရှင် ရှိနေပြီးသားဖြစ်ကာ၊ ပြင်ပစစ်တပ်ကို တိုက်ခိုက်ခဲ့သူမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း မဟုတ်ပေ။ တကယ်တမ်းတွင် ကြယ်ကြွေကောင်းကင်ဂိုဏ်းသာ မရှိခဲ့လျှင် လီမျိုးနွယ်စုအနေဖြင့် ထိုစစ်တပ်ကို အန္တရာယ်အရှိဆုံး စစ်တလင်းပြင်ဆီသို့ စေလွှတ်၍ အလွယ်တကူ အမြစ်ပြတ် သုတ်သင်ပစ်နိုင်ခဲ့ပြီးသား ဖြစ်သည်။ လီမျိုးနွယ်စုကိုယ်တိုင် လက်ဖျားဖြင့်ပင် တို့ရန် လိုအပ်မည်မဟုတ်ပေ။

“ဒီကိစ္စဖြစ်ပြီးရင် သူ သဘောပေါက်သွားလိမ့်မယ်။ အကယ်၍ သူက သူတန်ဖိုးထားတဲ့လူတွေကို ကာကွယ်ချင်တယ်ဆိုရင် မိမိကိုယ်ကိုယ်သာ အားကိုးရမယ်ဆိုတာကိုပေါ့။ သူ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး၊” စီတုရွှမ်က ဆက်ပြောသည်။

“အကယ်၍ သူသာ သေဆုံးသွားခဲ့ရင် သူမှာ ဘာတန်ဖိုးမှ ရှိတော့မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။”

စီတုရွှမ်၏ အသံမှာ တည်ငြိမ်နေခဲ့သည်။ သူ၏ အမြင်တွင် ချူးယွင်ဖန်းသည် ပြင်ပစစ်တပ်ကို လွတ်လပ်စွာ လွှတ်ထားခဲ့သော ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ မူဝါဒအပေါ် မကျေနပ်မှုများ ရှိနေနိုင်သော်လည်း၊ နောက်ဆုံးတွင် ၎င်းက သဘာဝကျသော အရာတစ်ခု ဖြစ်ကြောင်း သူ နားလည်သွားလိမ့်မည် ဖြစ်သည်။

ယင်းက လက်တွေ့ဘဝဖြစ်၍ ဤကမ္ဘာမြေ၏ သံမဏိစည်းမျဉ်းပင် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်ပြီး လုံလောက်သော တန်ဖိုးကို ပြသနိုင်မှသာ ၎င်းတို့ ဂိုဏ်းအနေဖြင့် သူတို့ကို တစ်မျိုးတစ်ဖုံ ကြည့်ရှုပေလိမ့်မည်။ သေဆုံးသွားခဲ့ပြီဆိုလျှင်မူ ၎င်းတို့သည် ငြိမ်းသွားသည့် မီးအိမ်တစ်ခုကဲ့သို့ ဖြစ်သွားကာ ဘာမှမဟုတ်တော့ပေ။

ဤသံမဏိစည်းမျဉ်းသည် ချူးယွင်ဖန်းတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူ့ကိုယ်သူလည်း အပါအဝင် ဖြစ်သည်။ ယခုအခါ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမြင့်မြတ်ဆုံး ဂိုဏ်းချုပ်ဖြစ်ကာ တရှ၏ လက်ချိုးရေတွက်ရသော ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦး ဖြစ်နေသော်လည်း၊ သူ သေဆုံးသွားခဲ့လျှင်မူ လွန်ခဲ့သော ခေတ်အဆက်ဆက်က ကွယ်လွန်သွားခဲ့ကြသော ဂိုဏ်းချုပ်များကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။ သူသည် သမိုင်းထဲမှ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးမျှသာ ဖြစ်ကျန်ရစ်တော့မည်။ မကြာမီမှာတင် သူ၏ ဩဇာအာဏာများ ပြယ်လွင့်သွားပေလိမ့်မည်။ လူသေလျှင် မီးအိမ်ငြိမ်း သကဲ့သို့ပင်။ သစ်ပင်လဲလျှင် မျောက်များ ပြန့်ကျဲသွားကြသည်ဟူသည်မှာ ဤသဘောတရားပင် ဖြစ်သည်။

“ဒါကြောင့် သူက ကလေးဆိုးလေးတစ်ယောက်လို စိတ်ကောက်နေတာတင်ပါပဲ၊ ဒါအကုန်ပါပဲ၊” စီတုရွှမ်က အေးဆေးစွာ ပြောလိုက်သည်။

“အကယ်၍ သူက ဒါကိုတောင် နားမလည်နိုင်ဘူးဆိုရင် သူ့ကို ပျိုးထောင်ဖို့ ငါ ကြိုးစားခဲ့သမျှတွေက အလကား ဖြစ်သွားလိမ့်မယ်။”

“ဒါဆို ဆရာ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။ သူ့ကို အဓိကတပည့်ကြီးအဖြစ် ရာထူးတိုးပေးမလို့လား။” ကျန်စွန်းယွမ်က မေးလိုက်သည်။

“မဟုတ်ဘူး… ငါ သူ့ကို ဒုတိယဂိုဏ်းချုပ် ဖြစ်စေချင်တာ။” စီထူရွှမ်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဒုတိယဂိုဏ်းချုပ် ဟုတ်လား။ ဒါက အဓိကတပည့်ကြီးပဲ ထိုင်နိုင်တဲ့ ရာထူးနေရာ မဟုတ်ဘူးလား။” ကျန်စွန်းယွမ်သည် စီထူရွှမ်း၏ အတွေးကြောင့် ထိတ်လန့်သွားခဲ့ရသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဝါရင့်မျိုးဆက်များက စီမံခန့်ခွဲမှုအဆင့်မှ အစီအစဉ်တကျ အနားယူကြပြီး မျိုးဆက်သစ်များက အဓိက အမှီအခို ဖြစ်လာကြသည့် အခါမျိုးတွင်မှသာ၊ သူတို့ထဲမှ အတော်ဆုံးသူသည် ဒုတိယဂိုဏ်းချုပ် ဖြစ်လာနိုင်မည့် ဖြစ်နိုင်ခြေ ရှိသည်။ သို့သော်လည်း ချွင်းချက်တစ်ခု ရှိနေခဲ့သည်။ လုံလောက်သော အတွေ့အကြုံ အတိုင်းအဆတစ်ခု ရရှိပြီးနောက်တွင်မူ ဂိုဏ်းတစ်ခု၏ အဓိကတပည့်ကြီးသည် ဒုတိယဂိုဏ်းချုပ် ဖြစ်လာနိုင်သည်။ သူသည် ဒုတိယဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် သူသည် ဂိုဏ်းချုပ်၏ အနာဂတ် ဆက်ခံသူ ဖြစ်ကြောင်း သေချာသလောက် ရှိသွားပြီ ဖြစ်သည်။

ကျန်စွန်းယွမ်၏ မူလအမြင်အရဆိုလျှင် ယန်တန့်ရှန်က နောက်ထပ် ဒုတိယဂိုဏ်းချုပ် ဖြစ်လာလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းက ယန်တန့်ရှန်၏ ကျင့်စဉ်အခြေခံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်မှသာ ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ထိုနောက်ပိုင်းတွင် စီတုရွှမ်က ဂိုဏ်းအတွင်းရှိ ကိစ္စရပ်အားလုံးကို ယန်တန့်ရှန်ဆီ လွှဲပြောင်းပေးအပ်မည်ဖြစ်ကာ သူကိုယ်တိုင်ကမူ စီမံခန့်ခွဲမှုအဆင့်မှ တဖြည်းဖြည်းနှင့် ဆုတ်ခွာသွားပေလိမ့်မည်။ သူသည် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်၍ အမြင့်မြတ်ဆုံးအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းပေလိမ့်မည်။ သို့သော်လည်း စီတုရွှမ်၏ ယခုလှုပ်ရှားမှုကမူ သူထင်ထားသည်ထက် သိသိသာသာ ကျော်လွန်နေခဲ့သည်။

“မှန်တယ်။ မူလကတော့ ငါ့ရဲ့ ဆက်ခံသူအဖြစ် ယန်တန့်ရှန်ကို ပိုပြီး သဘောကျခဲ့တာ။ သူက အသင့်တော်ဆုံး လောင်းကြေး ဖြစ်ခဲ့ပေမဲ့၊ ယခုအခါမှာတော့ ချူးယွင်ဖန်းက ပိုပြီး သင့်တော်တယ်လို့ ငါ ထင်တယ်။” စီတုရွှမ်၏ မျက်ဝန်းများထဲတွင် မီးတောက်များ တောက်ပနေခဲ့သည်။

စီတုရွှမ် အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသလဲဆိုသည်ကို ကျန်စွန်းယွမ် သဘာဝအတိုင်း နားလည်လှပေသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်မှာ အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသော်လည်း သူသည် ယန်တန့်ရျန်ထက် များစွာ သာလွန်နေခြင်းမျိုး မဟုတ်ခဲ့ပေ။ ယန်တန့်ရှန်၏ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုများနှင့် နှိုင်းယှဉ်လိုက်လျှင် အဓိကတပည့်ကြီး၏ ရာထူးနေရာမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီးသား ဖြစ်သည်။ ချူးယွင်ဖန်းအနေဖြင့် ယန်တန့်ရှန်၏ ရာထူးနေရာကို အချိန်တိုအတွင်းမှာတင် လှုပ်ခါနိုင်မည် မဟုတ်ပေ။

သို့သော်လည်း အခြေအနေက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ချူးယွင်ဖန်းသည် လီချန်းယွမ်ကို သတ်ဖြတ်ခဲ့ကာ သူ၏ ထူးကဲလှသော စွမ်းအားကို ပြသခဲ့သည်။ ယခင်က နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ဖူးသော လီဝေယွမ်ပင်လျှင် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ယန်တန့်ရှန်နှင့် နှိုင်းယှဉ်လိုက်လျှင် ချူးယွင်ဖန်း၏ ပါရမီက သိသိသာသာ ပိုမိုသန်မာလှသူ၏ စွမ်းအားမှာလည်း ယန်တန့်ရှန်ကို အဆင့်ပေါင်းများစွာ ကျော်လွန်ထားခဲ့ပြီးသား ဖြစ်သည်။ အနာဂတ်တွင် ချူးယွင်ဖန်း ကြီးပြင်းလာသည့်အခါ သူ၏ အလားအလာမှာ အတိုင်းအဆမရှိလှဘဲ၊ ကမ္ဘာပေါ်ရှိ အသန်မာဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးပင် ရှိနေခဲ့သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းအနေဖြင့် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး မပေါ်ထွက်လာခဲ့သည်မှာ အချိန်အတော်ကြာလှပြီ ဖြစ်သည်။

“ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရရင် ချူးယွင်ဖန်းက ဂိုဏ်းအပေါ် သံယောဇဉ် သိပ်မရှိလှဘူး။ ပြီးတော့ သူက အဓိကတပည့်ကြီး ရာထူးအတွက် ပြိုင်ဆိုင်မှုတွေထဲမှာလည်း ပါဝင်ပတ်သက်ချင်ပုံမရဘူး၊” ကျန်စွန်းယွမ်က သူဖတ်ခဲ့ရဖူးသော သတင်းအချက်အလက် ဆန်းစစ်ချက်များကို ပြန်လည်တွေးတောမိရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ချူးယွင်ဖန်း ဂိုဏ်းသို့ ဝင်ရောက်ခဲ့ကတည်းက သူသည် စနစ်အပြင်ဘက်တွင်သာ လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။ သူနှင့် ဂိုဏ်းသားတစ်ဦးဖြစ်သော ယန်တန့်ရှန်တို့ကြား၌ ကြီးမားလှသော ကွာဟချက်တစ်ခု ရှိနေသည်မှာ ထင်ရှားလှပေသည်။

“သံယောဇဉ်ဆိုတာ တဖြည်းဖြည်းချင်း ပျိုးထောင်လို့ရပါတယ်။ သူက မိုးကြိုးခရမ်းဓားနယ်မြေကို ပြန်ပြီး ချူးမျိုးနွယ်စုရဲ့ ဂိုဏ်းချုပ် သွားလုပ်မှာမို့လို့လား။” စီတုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “ဒါတင်မကသေးဘူး… သူ မြေကမ္ဘာက ကိစ္စရပ်တွေကို စီမံခန့်ခွဲဖို့ မလိုအပ်တဲ့ အချိန်တွေ အများကြီး ရှိနေဦးမှာပါ။ သူ ရှိနေတာကတင် အကြီးမားဆုံးသော ဟန့်တားမှု ဖြစ်လာလိမ့်မယ်။”

“ယန်တန့်ရှန်နဲ့ ပတ်သက်ရင်တော့၊ ငါ သူ့ကိုလည်း ဒုတိယဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးချင်တာပဲ။ သူက ဂိုဏ်းတွင်းကိစ္စတွေအားလုံးကို တာဝန်ယူပြီး ချူးယွင်ဖန်းကို ကူညီရင် ကြယ်ကြွေကောင်းကင်ဂိုဏ်းတစ်ခုလုံးကို ပိုမြင့်မားတဲ့အဆင့်တစ်ခုဆီခေါ်ဆောင်သွားပေးလိမ့်မယ်” စီတုရွှမ်က ပြောလိုက်သည်။

ကျန်စွန်းယွမ် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့သည်။ စီတုရွှမ်က ချူးယွင်ဖန်းကို ဟန့်တားမှုဆိုင်ရာ စွမ်းအားတစ်ခုအဖြစ် အသုံးချရန် ကြံရွယ်နေခြင်း ဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းကဲ့သို့သော ပါရမီရှင်တစ်ဦးကို သာမန် ဂိုဏ်းချုပ်တစ်ဦးကဲ့သို့ တည်ရှိမှုမျိုး ဖြစ်လာအောင် ပျိုးထောင်မည်ဆိုပါက ၎င်းက ကောင်းကင်ဘုံ၏ လက်ဆောင်ကို ဖြုန်းတီးပစ်ရာ ရောက်ပေလိမ့်မည်။ ချူးယွင်ဖန်းနှင့် ယန်တန့်ရှန်တို့ကို ပူးပေါင်းခိုင်းခြင်းကသာ အသင့်တော်ဆုံး လမ်းကြောင်း ဖြစ်ပေလိမ့်မည်။

ချူးယွင်ဖန်းအနေဖြင့် ဂိုဏ်း၏ ကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် ပါဝင်ရန်ပင် မလိုအပ်ပေ။ သူ ဆက်လက်ကျင့်ကြံနေသရွေ့ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် သူ၏ စွမ်းအားကြောင့် ပိုမိုသန်မာလာပေလိမ့်မည်။ တရှမင်းဆက်တွင် လူတစ်ယောက်ကြောင့် ဂိုဏ်းတစ်ခုလုံး တိုးတက်စည်ပင်လာရခြင်းဟူသည်မှာ မဆန်းပြားလှသော ကိစ္စတစ်ခုပင်။

“ဒါပေမဲ့ ဒါက ရေရှည်စီမံကိန်းတစ်ခု ဖြစ်နေသေးတာမို့၊ ငါ သူ့ကို ဒုဂိုဏ်းချုပ်အဖြစ် ခန့်အပ်ဖို့ အမိန့်ကို အရင်ဆုံး ထုတ်ပြန်လိုက်မယ်။ ထိုနောက်ပိုင်းက ကိစ္စတွေကိုတော့နောက်မှပဲ စဉ်းစားကြတာပေါ့၊” စီတုရွှမ်က ပြောလိုက်သည်။

“ဒါတင်မကသေးဘူး… သေနာပတိချုပ်ရုံးကလည်း မကြာခင်မှာတင် သူ့ကို ဆုလာဘ်တွေ ပေးအပ်တော့မှာ။ တစ်စုံတစ်ယောက်က သူ့ကို တားဆီးဖို့ ကြိုးစားရင်တောင် မင်းသမီးကြီးက အဲ့လူဆန္ဒအတိုင်း အဖြစ်ခံလိမ့်မယ်လို့ ငါမထင်ဘူး။ အဆုံးသတ်မှာတော့ ငါတို့ရဲ့ ချူးယွင်ဖန်းက သူ့ နောက်ဆုံးတပည့်ဖြစ်တဲ့ နယ်စားမင်းသမီးကူရှဲ့ ရဲ့ ခင်ပွန်းလောင်းလျာဖြစ်နေတာလေ။ အကယ်၍ ချူးယွင်ဖန်းက နယ်စားမင်းဘွဲ့ မရဘူးဆိုရင် ဒါက ရယ်စရာကြီး ဖြစ်မသွားဘူးလား။”

“ဟားဟားဟား… မဆိုးပါဘူး။ ဒါဆို သူက လူငယ်မျိုးဆက်ရဲ့ စစ်မှန်တဲ့ နံပါတ်တစ် ဖြစ်လာပြီပေါ့။” ကျန်စွန်းယွမ် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်ခုပ်တီးကာ ရယ်မောလိုက်တော့သည်။

ယခုအခါ လီချန်းယွမ် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ ချူးယွင်ဖန်းသည် လူငယ်မျိုးဆက်ထဲတွင် တစ်ဦးတည်းသော နယ်စားမင်းဘွဲ့ရရှိသူ ဖြစ်မလာပေလိမ့်မည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အဓိက ဂိုဏ်းချုပ်အကြီးအကဲတို့ ချူးယွင်ဖန်းအကြောင်း ဆွေးနွေးနေကြစဉ်မှာပင်၊ ကာယကံရှင်ဖြစ်သူ ချူးယွင်ဖန်းသည် ပေါင်းထိုင်မြို့ရှိ စစ်သေနာပတိချုပ်ရုံး၏ မြင့်မားလှသော နေရာထက်တွင် ထိုင်နေခဲ့ပြီ ဖြစ်သည်။

--

All Chapters