← Chapters

အခန်း ၇၃၈

Vol. 50 Ch. 738

အခန်း ၇၃၈

Vol. 50 Ch. 738

အခန်း (၇၃၈) မာလျန်၏ နတ်စွမ်းရည်စုတ်တံနှင့် ကောင်းကင်ရောင်ပြန် ကြေးမုံ၊ ပြီးပြည့်စုံသော ကိုယ်ပွား ပေါ်ထွက်လာခြင်း

ရေပေါ်ဖြူမြို့တော်၏ လူသူအပေါင်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းကင်ဘုံနှင်းရည်များကို အားပါးတရ ချိုးဖြတ်ခံစားနေကြ၏။

“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် အဟန့်အတားက ပြေလျော့သွားပြီဟ”

“ငါလည်း တူတူပဲ”

“တာအိုရောင်းရင်းတို့... ငါတော့ မူလနတ်ဘုရားအဆင့်ကို ချိုးဖြတ်ဖို့ တံခါးပိတ်ကျင့်ကြံတော့မယ်... ဟားဟား... နောက်တစ်ခေါက် ပြန်ဆုံရင် ငါက စွမ်းအားရှင်ကြီး တစ်ယောက် ဖြစ်နေပြီပေါ့”

ရေပေါ်ဖြူမြို့တော်အတွင်းရှိ ကျင့်ကြံသူအမြောက်အမြား၏ ကျင့်ကြံခြင်းအဆင့်အတန်းမှာ ဆက်တိုက် တဟုန်ထိုး မြင့်တက်လာတော့သည်။ သာမန်လူသားများပင်လျှင် ထိုကောင်းကင်ဘုံနှင်းရည်များကို စုပ်ယူရရှိပြီးနောက် ရောဂါဘယအပေါင်းမှ ကင်းဝေးသွားကြပြီး၊ ခန္ဓာကိုယ်များ သန်မာထွားကြိုင်းလာကာ ၎င်းတို့မှ ပေါက်ဖွားလာမည့် သားစဉ်မြေးဆက်များတွင်လည်း အလွန်ထူးချွန်သော အခြေခံအရည်အသွေးများ ပါဝင်လာနိုင်ခြေ သိသိသာသာ မြင့်မားသွား၏။

အချိန်တိုလေးအတွင်းမှာပင် ရေပေါ်ဖြူမြို့တော်သည် လူတိုင်းတမ်းတမ်းစွဲ တောင့်တကြရသော အထူးဧရာမ မဟာမြို့တော်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

[ယုံကြည်မှုစွမ်းအား +(၂၇၉၈၃၄၂၁)]

တစ်ခဏချင်းမှာပင် မဟာဒီရေလုံးကြီးပမာ ပြင်းထန်လှသော ယုံကြည်မှုစွမ်းအားများ တဟုန်ထိုး စီးဝင်လာ၏။ ယဲ့ဖုန်းသည် အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် ကံကြမ္မာ ရတနာပုလဲကို သိမ်းဆည်းလိုက်၏။ ဤကောင်းကင်ဘုံနှင်းရည်များ၏ လွှမ်းခြုံမှုအတိုင်းအတာမှာ အလွန်ကျယ်ပြန့်လှပြီး မိုင်ပေါင်း သောင်းချီကာ သတ္တဝါ ကုဋေပေါင်းများစွာ အကျိုးကျေးဇူး ခံစားခဲ့ကြရသဖြင့်၊ အားလုံးက ယဲ့ဖုန်းအပေါ် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိနေကြတော့သည်။

မြူခိုးဂိုဏ်း။

ဂိုဏ်းသားတပည့်များသည်လည်း မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြပြီး၊ မိမိတို့၏ ကျင့်ကြံခြင်းအဆင့်ကို ဆက်တိုက်မြင့်တက်စေရန် ထိုကောင်းကင်ဘုံနှင်းရည်များကို လောဘတကြီး စုပ်ယူနေကြ၏။

'ဒါ တကယ်ကို ကောင်းတာပဲ'

ယဲ့ဖုန်းသည် တပည့်များ ပိုမိုသန်မာလာသည်ကို ခခံစားမိရုံတင်မကဘဲ၊ မိမိကိုယ်တိုင်၏ ရုပ်ခန္ဓာခွန်အားများ ဆက်တိုက်မြင့်တက်လာသည်ကိုပါ သိရှိနေရ၏။

'အပြင်က ရန်သူတွေသာ မရှိဘဲ ဒီအတိုင်းပဲ ဆက်ပြီး သန်မာနေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ... ဖြစ်နိုင်တာကတော့... နှစ်ပေါင်း (၁၀၀) ဒါမှမဟုတ် နှစ်ပေါင်း (၁၀၀၀) ကြာပြီးရင် ငါ့ရဲ့ ခွန်အားက ကောင်းကင်ဘုံကိုတောင် ရိုက်ခွဲပစ်နိုင်တဲ့အထိ အစွမ်းထက်လာလိမ့်မယ်'

ယဲ့ဖုန်း စိတ်ထဲမှ ဤသို့ တိတ်တဆိတ် တွေးတောနေမိ၏။

ပြင်ပရန်သူများ မရှိဘဲ မြူခိုးဂိုဏ်းသာ အေးချမ်းစွာ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေပါက သူ၏ ခွန်အားသည်လည်း စဉ်ဆက်မပြတ် ပိုမိုသန်မာလာပေလိမ့်မည်။ တစ်နေ့သောအခါတွင် သူ၏ ရုပ်ခန္ဓာသည် စစ်မှန်သော နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ ထိုအချိန်ကျရောက်ပါက မဟာစကြဝဠာ ကမ္ဘာကြီးတစ်ခုကို လက်သီးတစ်ချက်တည်းဖြင့် မှုတ်ထုတ်ပစ်ရန်မှာ ပြဿနာရှိတော့မည် မဟုတ်ချေ။ သို့သော်လည်း ကံဆိုးစွာဖြင့် ပြင်ပရန်သူများ၏ ကျနှစ်ကျော်လာသော ကျူးကျော်မှုနှင့် နတ်ဘုရားမျိုးနွယ်စု၏ ပြင်းထန်လှသော ဖိအားများကြောင့် သူသည် ရှေ့ထွက်ကာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူတော်ကြီးကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင် တားဆီးနေရတော့သည်။

'နှစ်ပေါင်း ရာချီ... ဒါမှမဟုတ် နှစ်ပေါင်း ထောင်ချီလောက်အထိ ဘာမှမလုပ်ဘဲ အပျင်းထိုင်နေလိုက်ချင်တယ်... ပြီးမှ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတွေနဲ့ ကျင့်ကြံရာကနေ ထွက်လာချင်တာ'

ယဲ့ဖုန်း ကောင်းကင်သို့ မော်ကြည့်ကာ တောင့်တမှုအပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယဲ့ဖုန်းသည် ဝါး နောက်မှီ ထိုင်ခုံပေါ်တွင် လှဲလျောင်းလျက် အဆင့်မြင့် ဝိညာဉ် ရတနာ ဖြစ်သော နတ်ဘုရား သံရည်ကျို မီးဖိုကြီးကို အသုံးပြု၍ အမျိုးမျိုးသော ဝိညာဉ်လက်နက်များနှင့် ဝိညာဉ်ရတနာများကို ဖန်တီးကာ နတ်ဘုရား စွမ်းရည်အသစ်များကို ပုံဖော်နေ၏။

'ဒီနေ့အတွက် မနော အလိုကျ ဆုတောင်းကို ငါ မသုံးရသေးဘူးပဲ... ငါ့ဆီကို ကြည့်လို့ကောင်းမယ့် ပစ္စည်းတစ်ခုခု ရောက်လာပါစေလို့ ဆုတောင်းလိုက်မယ်... မဟုတ်ဘူး... အရည်အသွေး အလွန်မြင့်မားတဲ့ အရာ ဖြစ်ရမယ်'

နောက်တစ်စက္ကန့်တွင်..

မိုင်ဝက်ခန့်အထိ ထူထဲလှသော ရုပ်ပုံစာအုပ်ကြီးတစ်အုပ် ယဲ့ဖုန်း၏ လက်ထဲသို့ ဘုန်းခနဲ ရောက်ရှိလာ၏။ ၎င်းအတွင်း၌ အမျိုးမျိုးသော မိန်းမလှလေးများ၏ ရုပ်ပုံလွှာပေါင်း (၁၀၀၀၀) ခန့်နှင့် ဓာတ်ပုံနီးပါး ပီပြင်လှသော ပုံတူလွှာပေါင်း တစ်သိန်းနီးပါး ပြည့်နှက်နေ၏။

“အိုက်ယား”

ယဲ့ဖုန်း မျက်လုံးပြူးသွားမိသည်။ ထိုရုပ်ပုံစာအုပ်ကြီးအတွင်း၌ ရှန်ကျိုးတိုက်ကြီး၏ ဒဏ္ဍာရီလာ အမျိုးသမီး အင်မော်တယ်များ၏ ပုံတူလွှာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ယွီကျူး... ယင်ရူရုံ... နတ်ဘုရားပင်လယ် နဂါးဧကရီ.. နောက်ဆုံးတွင် ကုန်းချင်းချိုးပင်လျှင် ပါဝင်နေ၏။

“ဝေါ့”

'ဘယ်လိုလုပ် ဒီလို ပေါက်ကရပစ္စည်းမျိုး ရှိနေရတာလဲ'

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်လေး တွန့်ကွေးသွား၏။

ကံကောင်းချင်တော့ ကုန်းချင်းချိုးသည် ရေပေါ်ဖြူမြို့တော်၏ ကိစ္စရပ်များဖြင့် ရှေ့မလှည့်နိုင် နောက်မလှည့်နိုင်အောင် အလုပ်များနေသဖြင့် တော်ပါသေး၏။ မဟုတ်ပါက သူမသာ ဤရုပ်ပုံစာအုပ်ကို မြင်သွားလျှင် သူ့ကို နှာဘူးကြီး သို့မဟုတ် ပေါက်ကရ အတွေးတွေ တွေးနေသည့် လူဟု သတ်မှတ်သွားပေလိမ့်မည်။

'ငါက ကြည့်လို့ကောင်းမယ့် ပစ္စည်းလို့ ပြောတာက... အဆင့်မြင့် ဆေးလုံးတွေလိုမျိုး တကယ့်ကို အသုံးဝင်တဲ့ အရာကို ဆိုလိုတာပါကွာ... တကယ်ကြီး လာကြည့်ရမယ့် ရုပ်ပုံစာအုပ်ကို ပြောတာ မဟုတ်ဘူး'

'ဟူး... ငါ့ဘက်က သေချာမစဉ်းစားမိတာပဲ'

ယဲ့ဖုန်း တကယ့်ကို ဆွံ့အသွားရ၏။

သင်္ကေတ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းသို့ ကပျာကယာ ပုန်းအောင်းလိုက်ပြီး၊ နှမြောတသစွာဖြင့် ထိုစာအုပ်ကို အကြိမ်အနည်းငယ် လှန်လှောကြည့်ရှုပြီးမှ စနစ် ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

“ဒင်... တာဝန် (၃) ခု ပြီးဆုံးပါပြီ”

ထိုအခိုက်အတန့်တွင် စနစ်၏ အသိပေးသံကြီး ထွက်ပေါ်လာ၏။

ယဲ့ဖုန်း အမြန်ပင် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏။

(တပည့်ဂုဏ်သတင်း.. ၁၁၀,၂၄၀,၀၀၀ / သန်း ၁၀၀)

(အကြီးအကဲဂုဏ်သတင်း.. ၃၁၅,၉၂၀,၀၀၀ / သန်း ၃၀၀)

(တတိယမျိုးဆက် တပည့်အရေအတွက်.. ၁၀,၀၀၀ / ၁၀,၀၀၀)

'ဒီလောက်တောင် မြန်မြန် ပြီးသွားတာလား'

ယဲ့ဖုန်း ဝါး နောက်မှီ ထိုင်ခုံပေါ်မှ ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး မြူခိုးတောင်ထွတ်၏ ချောက်ကမ်းပါး အစွန်းဆီသို့ လျောက်လှမ်းကာ ဂိုဏ်း၏ ကွင်းပြင်ကျယ်ကြီးဆီသို့ လှမ်းမျှော်ကြည့်လိုက်၏။

ဂိုဏ်းသို့ ပြန်လည်ရောက်ရှိကတည်းက သူသည် လတ်တလော စုဆောင်းထားသော အမည်ခံတပည့်များ အားလုံးကို တတိယ မျိုးဆက် တပည့်များအဖြစ် တရားဝင် လက်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက်ပိုင်းတွင် သူ အခြားကိစ္စရပ်များဖြင့် အလုပ်များနေခဲ့၏။ ထိုအချိန်တုန်းက အကြီးအကဲ ဂုဏ်သတင်းနှင့် တပည့် ဂုဏ်သတင်းတို့မှာ ကိုးဆယ်ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးသော်လည်း၊ မထင်မှတ်ဘဲ ရက်အနည်းငယ်အတွင်းမှာပင် ဤတာဝန်နှစ်ခုလုံးမှာ သတ်မှတ်ချက်ထက် ကျော်လွန်ပြီးစီးသွားခဲ့ချေပြီ။

“တီ...”

“ဂိုဏ်းချုပ်ကြီး လက်အောက်ခံ တတာဝန် (၃) ခုကို အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... ခင်ဗျားအနေနဲ့ ကျပန်းဆုလာဘ် ကံကောင်းခြင်း အိတ် (၃) အိတ် ရရှိပါတယ်... ကျေးပြုပြီး စစ်ဆေးပေးပါ”

တောက်ပလှသော ရွှေရောင် ကံကောင်းခြင်း အိတ် (၃) အိတ် ယဲ့ဖုန်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။

“ဂျွိ...”

သူသည် ကံကောင်းခြင်း အိတ်တစ်အိတ်ကို ပေါ့ပေါ့ပါးပါး ဖိခြေလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ဖုန်း၏ စိတ်ဝိညာဉ်ထဲသို့ အချက်အလက် စီးကြောင်းတစ်ခု တဟုန်ထိုး စီးဝင်လာ၏။

[နတ်ဘုရားသံရည်ကျို မီးဖိုကြီး အဆင့်မြှင့်တင်ရေး စွမ်းအင် ပေါင်းစပ်မှု (၁) ကြိမ်]

“ဒီပစ္စည်းကိုး”

ယဲ့ဖုန်း သိပ်တော့ အံ့ဩမနေချေ။

သူသည် ထိုအလင်းတန်းကို နတ်ဘုရားသံရည်ကျို မီးဖိုကြီး အတွင်းသို့ ပေါ့ပေါ့ပါးပါး ပေါင်းစပ်ထည့်သွင်းလိုက်ရာ ၎င်း၏ စွမ်းအင်မှာ (၁၀၀%) ပြည့်ဝသွားတော့သည်။ လက်ရှိ ပြုလုပ်နေဆဲ ဖြစ်သော ဝိညာဉ်ရတနာ ဖန်တီးမှုကို ဆက်လက်လုပ်ဆောင်နေဆဲမှာပင် ၎င်းသည် တဖြည်းဖြည်း အသွင်ပြောင်းလဲလာ၏။

“ခွပ်... ခွပ်...”

ယဲ့ဖုန်း ကျန်ရှိနေသော ကံကောင်းခြင်း အိတ်နှစ်အိတ်ကို ဆက်တိုက် ဖိခြေလိုက်ပြန်၏။ လေဟာနယ်ထဲတွင် အလင်းလုံး နှစ်လုံး ပေါ်ထွက်လာ၏။

တစ်ခုက စုတ်တံ... ကျန်တစ်ခုက ကြေးမုံမှန်ချပ်...

[အမည် - မာလျန်၏ နတ်စွမ်းရည်စုတ်တံ]

[အဆင့် - အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ]

[မှတ်ချက် - နာမည်ဖော်ပြထားသည့်အတိုင်း ဤအရာသည် မည်သည့်အရာကိုမဆို ပုံဖော်ဆွဲသားနိုင်သော ဆန်းကြယ်လှသည့် နတ်စုတ်တံတစ်ချောင်း ဖြစ်ပြီး၊ အသုံးပြုရန်အတွက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား လိုအပ်ကာ တစ်ခါတစ်ရံ ကံကြမ္မာ စွမ်းအား လည်း လိုအပ်ပါသည်]

'အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ သက်သက်ပဲလား'

ယဲ့ဖုန်း သိပ်ပြီး မကျေနပ်လှချေ။ သို့သော် ပြန်လည်သုံးသပ်ကြည့်လျှင် ဤအရာသည် ဂိုဏ်းချုပ်တာဝန်၏ ဆဋ္ဌမအဆင့်မှ လက်အောက်ခံ တာဝန်တစ်ခု၏ ဆုလာဘ်သာ ဖြစ်သဖြင့် ဤမျှ ရရှိခြင်းကပင် တော်တော်လေး ကောင်းမွန်လှပေပြီ။

[အမည် - ကောင်းကင်ရောင်ပြန် ကြေးမုံ]

[အဆင့် - အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ]

[မှတ်ချက် - အစစ်အမှန် ဖြစ်တည်မှုအားလုံးကို ထင်ဟပ်ဖော်ပြနိုင်စွမ်း ရှိပြီး၊ အသုံးပြုရန် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား လိုအပ်ကာ တစ်ခါတစ်ရံ ကံကြမ္မာ စွမ်းအား လည်း လိုအပ်ပါသည်]

ကောင်းကင်ရောင်ပြန် ကြေးမုံ သည်လည်း အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်နေသည်ကို တွေ့ရသဖြင့် ယဲ့ဖုန်း အလွန်အမင်း စိတ်မဝင်စားသော်လည်း၊ မည်သို့ပင်ဆိုစေ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

*

ရေပေါ်ဖြူမြို့တော်။

ယဲ့ဖုန်းသည် သူတော်စင် ဧကရာဇ် ဓား ကို ကျောတွင်လွယ်ထားလျက်၊ ဘယ်ဘက်လက်တွင် ကောင်းကင်ရောင်ပြန် ကြေးမုံ ကို ကိုင်ဆောင်ကာ ညာဘက်လက်တွင် မာလျန်၏ နတ်စွမ်းရည်စုတ်တံ ကို ဆုပ်ကိုင်ပြီး လမ်းမထက်တွင် အေးအေးလူလူ လျှောက်လှမ်းနေ၏။

“ဒါ ဂိုဏ်းချုပ်ယဲ့ ပဲဟေ့”

“ဂိုဏ်းချုပ် ကျန်းမာပါစေ ခင်ဗျာ”

“ဂိုဏ်းချုပ်ရှင်... ကျွန်မ ရှင့်ရဲ့ မယားငယ် ဖြစ်ချင်ပါတယ်”

“ဂိုဏ်းချုပ်... ကျွန်မ ရှင့်ရဲ့ ကလေးလေးတွေကို မွေးပေးချင်တယ်ရှင်”

ယဲ့ဖုန်းသည် လမ်းမထက်တွင် အတောက်ပဆုံးသော အမျိုးသားတစ်ဦး ဖြစ်လာခဲ့ပြီး၊ ဝန်းရံကြည့်ရှုနေကြသော လူအုပ်ကြီးကြားတွင် ဆူညံပွက်လောရိုက်သွားစေတော့သည်။

ယဲ့ဖုန်း လူအုပ်ကြီးကို ခေါင်းညိတ်ပြလိုက်ပြီး၊ ခန့်ညားထည်ဝါလှသော မိန်းမလှလေးတစ်ဦးဘက်သို့ လှည့်ကာ စကားဆိုလိုက်၏။

“မင်းရဲ့ ဆန္ဒကို ပြောပါ”

“ကျွန်မရဲ့ ဆန္ဒ ဟုတ်လား...”

ထိုမိန်းမလှလေးသည် သူမ၏ မို့မောက်သော ရင်အစုံကို တင်းကျပ်စွာ ဖိလျက် စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ဟဝန်ခံလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ရှင်... ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ ရှင်နဲ့အတူ လသာတဲ့ညလေးတစ်ညကို အတူတူ ဖြတ်သန်းချင်တာပါပဲရှင်”

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်လေး ကတုန်ကရင် ဖြစ်သွားမိသည်။

“ထားလိုက်ပါတော့... ငါ မင်းအတွက် သစ်ခွပင်တစ်ပင် ဆွဲပေးမယ်”

သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား ကို ဆင့်ခေါ်ကာ မာလျန်၏ နတ်စွမ်းရည်စုတ်တံ အတွင်းသို့ စီးဝင်စေပြီး၊ နံရံတစ်ခုပေါ်တွင် သစ်ခွပင်တစ်ပင်၏ ပုံကြမ်းကို ဆွဲသားလိုက်၏။ သူ၏ ပန်းချီလက်ရာမှာ သာမန်မျှသာ ဖြစ်သော်လည်း ယဲ့ဖုန်း စုတ်တံကို ရုပ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။

“ဝှီး...”

အတောက်ပဆုံးသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းနောက်တွင်.. မွှေးပျံ့လှသော သစ်ခွပင်ကြီးတစ်ပင်သည် မြေပြင်မှ အံ့ဩဖွယ်ရာ အလိုအလျောက် ပေါက်ရောက်ထွက်ပေါ်လာတော့သည်။

“မယုံနိုင်စရာပဲဗျာ”

“ဒါက ကျောက်တုံးကို ရွှေဖြစ်စေပြီး ပန်းချီကို အစစ်အမှန် ဖြစ်စေတဲ့ နတ်စွမ်းရည်လား”

“ဂိုဏ်းချုပ်ယဲ့က သူတော်စင်အဆင့်ကို ရောက်သွားပြီလားမသိဘူး”

ဝန်းရံကြည့်ရှုနေသူများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။

'တကယ်ကို ကောင်းမွန်လှပေတယ်'

ယဲ့ဖုန်းသည် မာလျန်၏ နတ်စွမ်းရည်စုတ်တံ ၏ ထူးခြားလှသော လုပ်ဆောင်ချက်ကို ရင်ထဲမှ ချီးကျူးလိုက်ပြီး၊ အခြားသော လင်မယားစုံတွဲတစ်တွဲဘက်သို့ လှည့်ကြည့်လိုက်၏။

“မင်းတို့ ဘာကို တောင့်တကြတာလဲ”

ထိုအမျိုးသမီးမှာ ပါးပြင်လေးများ နီရဲသွားကာ နူးညံ့လှသောအသံဖြင့် ဖွင့်ဟဝန်ခံလိုက်သည်။ “ဂိုဏ်းချုပ်ယဲ့ရှင်... ကျွန်မ ကလေးတစ်ယောက် လိုချင်ပါတယ်... ချစ်စရာကောင်းတဲ့ သားယောက်ျားလေးတစ်ယောက်ပေါ့ရှင်”

ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာမူ ကြေကွဲစွာဖြင့် အံကြိတ်နေမိ၏။ သူ၏ ဦးခေါင်းပေါ်တွင် စိမ်းလန်းသော မြက်ပင်များ ပေါက်ရောက်လာသကဲ့သို့ ခံစားလိုက်ရသော်လည်း၊ ယဲ့ဖုန်း၏ ရှေ့မှောက်တွင်တော့ ပြဿနာရှာရန် လုံးဝ မဝံ့ရဲချေ။

“ဒါကို ငါ စီစဉ်ပေးလို့ ရပါတယ်”

ယဲ့ဖုန်းသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား ကို ဆင့်ခေါ်ကာ ကောင်းကင်ရောင်ပြန် ကြေးမုံ အတွင်းသို့ စီးဝင်စေပြီး၊ ထိုလင်မယားနှစ်ဦးအပေါ်သို့ မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ၊ ၎င်းတို့ကို နွေးထွေးသော ခံစားချက်တစ်ခုအတွင်း နစ်မြုပ်သွားစေ၏။

“အမယ်လေး”

ထိုအမျိုးသမီးသည် သူမ၏ ဝမ်းဗိုက်မှာ လအနည်းငယ်အတွင်း ကိုယ်ဝန် (၆) လခန့် ရှိနေသကဲ့သို့ ဖောင်းပွလာပြီး၊ မီးဖွားတော့မည့် အခြေအနေအထိ ဆက်တိုက် ကြီးထွားလာသည်ကို သတိပြုမိသွားတော့သည်။

“အား...”

ထိုအမျိုးသမီး နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက်၊ လမ်းမထက်တွင်ပင် ထိုလင်မယားနှစ်ဦးနှင့် အလွန်တူညီလှသော ချစ်စရာ သားယောက်ျားလေးတစ်ဦးကို ချက်ချင်း မီးဖွားလိုက်တော့သည်။

“ဒါ... ဒါ... ဒါက ဘယ်လိုလုပ်”

ထိုအမျိုးသမီး၏ ခင်ပွန်းမှာ ထိတ်လန့်လွန်းသဖြင့် စကားလုံးများပင် ထစ်အကုန်၏။ မိမိကိုယ်တိုင်က ထိုအမျိုးသားရေး နယ်ပယ်တွင် စွမ်းဆောင်နိုင်စွမ်း မရှိသဖြင့် ဇနီးဖြစ်သူမှာ မည်သည့်အခါမျှ ကိုယ်ဝန်မရနိုင်ခဲ့ကြောင်း သူ သေသေချာချာ မှတ်မိနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း မထင်မှတ်ဘဲ ယနေ့တွင် သူ အဖေတစ်ယောက် ဖြစ်လာခဲ့ချေပြီ။

“စိတ်မပူပါနဲ့... ဒါ မင်းရဲ့ သားအစစ်ပါပဲ”

ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် မိန့်ကြားလိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ လူများကို ခေါင်းညိတ်ပြကာ ၎င်းတို့၏ ထုံထိုင်းနေသော အကြည့်များအောက်တွင် ဖြည်းညင်းစွာ ထွက်ခွာသွားလေတော့သည်။

“ဒါ... ဒါက တကယ်ပဲ ကျွန်တော့်ရဲ့ သားလေးလား”

ထိုအမျိုးသားသည် ဇနီးဖြစ်သူ၏ ရင်ခွင်ထဲရှိ ချစ်စရာ သားလေးကို ကြည့်ကာ အိမ်မက်မက်နေသည့်အလား ခံစားနေရတော့သည်။

ယဲ့ဖုန်း ရေပေါ်ဖြူမြို့တော်မှ ထွက်ခွာလာခဲ့၏။ သူသည် မာလျန်၏ နတ်စွမ်းရည်စုတ်တံ နှင့် ကောင်းကင်ရောင်ပြန် ကြေးမုံ တို့ကို ဆက်တိုက်အသုံးပြုကြည့်ရာ၊ ဤအမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ နှစ်ခုလုံးတွင် အစစ်အမှန် ဖြစ်တည်မှုကို ပြောင်းလဲနိုင်သော စွမ်းရည်များ ပါရှိကြောင်း တွေ့ရှိလိုက်ရသည်။

'ဒီအရာတွေက ကောင်းကင်ဘုံရဲ့ ပစ္စည်းတွေ ဖြစ်ရမယ်... တကယ့်ကို အစွမ်းထက်လှပေတယ်'

ယဲ့ဖုန်း မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ ဤရတနာနှစ်ခုမှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာများသာ ဖြစ်ကြသော်လည်း၊ အရေးကြီးသော အကျပ်အတည်း အခိုက်အတန့်များတွင် အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်စွမ်း ရှိ၏။

*

လွင့်မျော တောင်တန်း။

မြူခိုးသူတော်စင် နှင့် လင်းဝေ သူတော်စင် ဧကရာဇ် တို့သည် ရှေးဟောင်း ခန်းမဆောင်ကြီး တစ်ခုအတွင်းသို့ ဝင်ရောက်လာကြပြီး၊ ယဇ်ပလ္လင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကြ၏။ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ လေးနက်တည်ငြိမ်နေ၏။

“လင်းဝေ သူတော်စင် ဧကရာဇ်... ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား ”

“မြူခိုးသူတော်စင်... စိတ်ချစမ်းပါ... ဒီနည်းစနစ်က ငါတို့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကို ပေါင်းစပ်ရမှာ ဖြစ်တယ်... ကံကြမ္မာ ယဇ်ပလ္လင် ရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ သူတော်စင်အဆင့် ရှိတဲ့ ကိုယ်ပွားတစ်ခုကို သေချာပေါက် ဖန်တီးနိုင်လိမ့်မယ်... အဲဒီကျရင် ယဲ့ဖုန်းကို အမှုန့်ကြိတ်ဖို့က လက်တစ်ကမ်းမှာတင် ရှိတော့မှာပါ”

“ကောင်းပါပြီ... ဒါဆို စကြစို့”

ဆွေးနွေးမှုများ ပြီးဆုံးပြီးနောက် သူတို့ စတင်လှုပ်ရှားကြတော့သည်။ သူတို့သည် မိမိတို့၏ နဖူးပြင်ကို ထိတွေ့လိုက်ကြပြီး အားကုန် ဆွဲထုတ်ကာ၊ စိတ်ဝိညာဉ် အပိုင်းအစ ဆယ်ပုံတစ်ပုံခန့်ကို ထုတ်ယူ၍ ယဇ်ပလ္လင်အတွင်းသို့ လောင်းထည့်လိုက်ကြ၏။ အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ဧရာမ မိုးမထိမမီ မြင့်မားလှသော ပုံရိပ်ကြီးတစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး၊ ခန်းမဆောင်ကြီး တစ်ခုလုံးကို ပြိုကျပျက်စီးလုနီးပါး ဖြစ်စေမည့် သူတော်စင်အဝင် ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လာ၏။

“တကယ့်ကို အစွမ်းထက်လှပေတယ်”

“ဟားဟားဟား... ယဲ့ဖုန်း... မင်းရဲ့ သေနေ့ ရောက်လာပြီကွ”

မြူခိုးသူတော်စင်သည် ထိုပုံရိပ်ကြီးကို ကြည့်ကာ ရူးသွပ်စွာ အော်ဟစ် ရယ်မောလိုက်တော့သည်။ သူ၏ ဘေးနားရှိ လင်းဝေ သူတော်စင် ဧကရာဇ်၏ နှုတ်ခမ်းများတွင်လည်း ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာတော့၏။

--

All Chapters