← Chapters

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း ၇၄၅

Vol. 50 Ch. 745

အခန်း (၇၄၅) ဖုန်းချွမ်၊ အခမ်းအနား ပြီးဆုံးခြင်း၊ ကြယ် (၃) ပွင့် မြို့တော် အကဲဖြတ်မှု

မြူခိုးဂိုဏ်း မှ တပည့်များမှာ သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေကြ၏။

ယဲ့ဖုန်း အစွမ်းထက်မှန်း သူတို့ သိကြသော်လည်း၊ ယနေ့ ပြိုင်ဘက်မှာ သူတော်စင်အဆင့် ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူတို့ အားလုံး အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။

သို့သော် ယဲ့ဖုန်း အနိုင်ရသွားခဲ့သည် မဟုတ်ပါလား။

သူသည် တာအို မီးတောက် ဖြင့် မီးရှို့ကာ ပြီးပြည့်စုံသော ကိုယ်ပွား ကို သတ်ဖြတ်ခဲ့သော ကံကြမ္မာရဲ့ သားတော် ဖြစ်ပြီး၊ ၎င်းမှာ သူတော်စင်အဆင့် စွမ်းအားရှင် တစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သုတ်သင်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

၎င်းက အမှန်တကယ်ပင် ပြိုင်ဘက်ကင်းခြင်းတည်း။

“ဂိုဏ်းချုပ်က အင်အားကြီးမားလိုက်တာဟေ့”

တပည့်များသည် တစ်ဦးပြီးတစ်ဦး ဦးညွှတ် အရိုအသေ ပေးလိုက်ကြရာ၊ သူတို့၏ အသံများ ပေါင်းစပ်သွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေကာ အဓိက အင်အားစု အသီးသီးမှ လူများကိုလည်း သတိလည်လာစေတော့သည်။

“ကံကြမ္မာရဲ့ သားတော် ကို ဂါရဝပြုပါတယ်”

“ကံကြမ္မာသားတော်ယဲ့ကို ဂါရဝပြုပါတယ် ခင်ဗျာ”

အဓိက အင်အားစု များမှ လူများက တစ်ဦးပြီးတစ်ဦး အရိုအသေ ပေးလိုက်ကြ၏။

ကောင်းကင်နှင့် မြေကြီး၏ နယ်ပယ်၊ တာအို မီးတောက် ကို ဆင့်ခေါ်နိုင်စွမ်း၊ သူတော်စင်အဆင့် စွမ်းအားရှင် ကို သတ်ဖြတ်နိုင်မှု... ဤအောင်မြင်မှု တစ်ခုချင်းစီတိုင်းက ယဲ့ဖုန်း ကို နတ်ဘုရား ယဇ်ပလ္လင် ပေါ်သို့ တင်ထားရန် လုံလောက်နေပေပြီ။

ထိုအောင်မြင်မှု သုံးခုစလုံး ပေါင်းစပ်ထားသော ယဲ့ဖုန်း သည် နတ်ဘုရား တစ်ပါး ဖြစ်သည်။

အထူးသဖြင့် ကံကြမ္မာရဲ့ သားတော် ဟူသော အဆင့်အတန်းဖြင့်ဆိုလျှင် သူသည် သူတော်စင်အဆင့် ရှိသူများနှင့် တန်းတူ ထိုင်နိုင်စွမ်း ရှိပြီး၊ မြင့်မြတ်သော နယ်မြေ များမှ ယင်ရူရုံ နှင့် ရွှယ်ယန် တို့ ရှိနေလျှင်ပင်၊ သူမတို့မှာ အဆင့် (၄) တပိုင်းသူတော်စင် များသာ ဖြစ်သဖြင့် မျိုးဆက်တစ်ဝက်ခန့် အဆင့်နိမ့်ကျနေ၏။

“လူကြီးမင်းတို့က မြှောက်ပင့်လွန်းနေပါပြီ”

ယဲ့ဖုန်း က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး သူ၏ နေရာတွင် ဝင်ထိုင်လိုက်၏။

“ပြင်ပ ရန်သူ သေသွားပြီပဲ... တေးဂီတ ကို ဆက်တီးကြ... ကပွဲ ကို ဆက်ကြပါ”

ရွှယ်ယန် အား ရာထူးအပ်နှင်းသည့် အခမ်းအနားကို ဆက်လက် ကျင်းပတော့သည်။

လူအုပ်ကြီးက တစ်ဦးနှင့်တစ်ဦး ရောနှောကာ ခွက်ချင်းတိုက်နေကြပြီး၊ ယဲ့ဖုန်း ကိုလည်း ရိုသေလေးစားသော အကြည့်များဖြင့် တစ်ခါတစ်ရံ လှမ်းကြည့်နေကြ၏။

လူအနည်းငယ်မျှသာ သူတို့၏ မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာများ ရှိနေကြသည်။

“ဝှီး...”

ယင်ရူရုံ မှာ ဒေါသထွက်လွန်းသဖြင့် ယဲ့ဖုန်း ကို ဆက်မကြည့်ချင်တော့ဘဲ လေဟာနယ်ကို ဆုတ်ဖြဲကာ အခမ်းအနားမှ စောစီးစွာ ထွက်ခွာသွားတော့သည်။

လူအုပ်ကြီးထဲတွင်..

ဂိုဏ်းတစ်သောင်း(ဝမ်ကျုံး) မြင့်မြတ်သော နယ်မြေ ၏ စခန်း။

ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၇) တွင် ရှိသော လူငယ်လေး တစ်ဦးသည် ခုံတွင်ထိုင်ကာ မြင့်မြတ်သော နယ်မြေ မှ အကြီးအကဲများ အရက်သောက်ကာ ဂုဏ်ပြုနေသည်ကို ကြည့်နေသော်လည်း၊ သူ၏ စိတ်အခြေအနေမှာ အလွန် ဆိုးရွားနေ၏။

“ဖုန်းချွမ်... မင်း ဘာဖြစ်လို့ ဒီလောက် စိတ်ဓာတ်ကျနေတဲ့ ပုံ ပေါက်နေရတာလဲ”

ကောင်းကင်ဧကရာဇ် အဆင့်ရှိ အကြီးအကဲ တစ်ဦးက ထိုလူငယ်လေးကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

ဖုန်းချွမ် ဟု အမည်ရသူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ လက်နှစ်ဖက် ဆုပ်မိုးကာ ကပျာကယာ ပြန်ဖြေလိုက်၏။ “ဘာမှ မဖြစ်ပါဘူး ခင်ဗျာ... နတ်ဘုရား စွမ်းရည် တစ်ခုရဲ့ ခက်ခဲနက်နဲမှု အကြောင်း တွေးနေရင်း နည်းနည်း ခေါင်းရှုပ်သွားလို့ပါ”

“ငါတို့ ဂိုဏ်းတစ်သောင်း မြင့်မြတ်သော နယ်မြေ ရဲ့ အခက်ခဲဆုံး နတ်ဘုရား စွမ်းရည် ဖြစ်တဲ့ ‘မူလအစဆီသို့ ရေစီးကြောင်း တစ်သောင်း’ များလား... မင်းတောင် ခက်နေတယ် ဟုတ်လား”

သူ့ဘေးရှိ လူများက သိချင်စိတ်ဖြင့် မေးလိုက်ကြ၏။

“ဟုတ်ပါတယ် ခင်ဗျာ...” ဖုန်းချွမ် က ခေါင်းညိတ်လိုက်သည်။

“ဟားဟားဟား”

“အဲဒီအကြောင်း မတွေးပါနဲ့ကွာ... အဲဒီ နတ်ဘုရား စွမ်းရည် က ငါတို့ ဂိုဏ်းတစ်သောင်း မြင့်မြတ်သော နယ်မြေ ရဲ့ မြင့်မြတ်သော နယ်မြေသခင်ဟောင်း ဖန်တီးခဲ့တာလေ... ထိပ်တန်း သူတော်စင်အဆင့် နတ်ဘုရား စွမ်းရည် တွေထဲက တစ်ခု ဖြစ်ပြီး သာမန် သူတော်စင်တွေတောင် အဲဒီစွမ်းအား အပြည့်အဝ ထုတ်သုံးဖို့ ခက်ခဲကြတယ်... မင်းက ငယ်ပါသေးတယ်... ဖြည်းဖြည်းချင်း လုပ်ပါ”

“ဟုတ်တယ်လေ...”

“မင်းက ငါတို့ ဂိုဏ်းတစ်သောင်း မြင့်မြတ်သော နယ်မြေ ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ... သန့်စင်သော အဆင့် အခြေခံကို ပိုင်ဆိုင်ထားပြီး ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၇) ကို ရောက်နေပြီ... အနာဂတ်မှာ သူတော်စင် ဖြစ်ဖို့ဆိုတာ ပြဿနာ မရှိပါဘူး... မလောပါနဲ့”

“မင်းကလည်း ရွေးချယ်ခံရသူ တစ်ယောက်လို့ ပြောကြတယ်... ဂိုဏ်းချုပ်ယဲ့ က ကံကြမ္မာရဲ့ သားတော် ဖြစ်သွားတာ နှမြောစရာပဲ... မဟုတ်ရင် မင်းရဲ့ ပါရမီနဲ့ဆို အနာဂတ်မှာ ကံကြမ္မာရဲ့ သားတော် ဖြစ်လာဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”

“ရှူး... စကားကို ဆင်ခြင်ပြော”

“အမှန်ပဲ... အခု ဂိုဏ်းချုပ်ယဲ့ က ကံကြမ္မာရဲ့ သားတော် ဖြစ်သွားပြီဆိုတော့... သူ့ရဲ့ ဒေါသကို မဆွမိအောင် ဒီကိစ္စကို ထပ်မပြောသင့်တော့ဘူး”

ဂိုဏ်းတစ်သောင်း မြင့်မြတ်သော နယ်မြေ မှ ကောင်းကင်ဧကရာဇ် များနှင့် တပိုင်းသူတော်စင် များက တိုးတိတ်စွာ ပြောဆိုနေကြ၏။

ဖုန်းချွမ် က အပြုံးဖြင့် သူတို့ကို နှုတ်ဆက်လိုက်သည်။

သူ အဝေးရှိ ယဲ့ဖုန်း ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးများ တောက်ပနေသော်လည်း သူ၏ ရင်တွင်း၌မူ မုန်းတီးမှုများ ပြည့်နှက်နေတော့၏။

'ယဲ့ဖုန်း... မင်းက တကယ် သေသင့်တဲ့ ကောင်ပဲ’

'ကံကြမ္မာရဲ့ သားတော် ဆိုတဲ့ ငါ့နေရာကို လုယူသွားတဲ့ မင်း... ငါ ဖုန်းချွမ် ကျိန်ဆိုတယ်... မင်း သေချာပေါက် သေစေရမယ်’

မုန်းတီးမှု မျိုးစေ့များ သည် ဖုန်းချွမ် ၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားတော့သည်။

နေ့တစ်ဝက် ကြာပြီးနောက် ရွှယ်ယန် အား မြင့်မြတ်သော နယ်မြေသခင် အဖြစ် ရာထူးအပ်နှင်းသည့် အခမ်းအနား နောက်ဆုံးတွင် ပြီးဆုံးသွား၏။

“ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး” ယဲ့ဖုန်း က ရွှယ်ယန်၊ ယွဲ့ယဲ့ရွှဲ နှင့် ရေခဲနှင့်နှင်း မြင့်မြတ်သော နယ်မြေ မှ အခြားသူများကို နှုတ်ဆက်လိုက်၏။

“သားတော်ယဲ့... ဂရုစိုက်သွားပါ”

“သားတော်ယဲ့... ကျန်းမာပါစေ”

လူအုပ်ကြီးက မတ်တတ်ရပ်၍ သူ့ကို နှုတ်ဆက်လိုက်ကြသည်။

"ဝှီး..."

ယဲ့ဖုန်း က လေဟာနယ်ကို ဆုတ်ဖြဲကာ မြူခိုးဂိုဏ်း မှ တပည့်များကို ခေါ်ဆောင်၍ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။

မကြာမီ လူအုပ်ကြီးလည်း လူစုခွဲသွားကြလေသည်။

နေ့တစ်ဝက် ကြာပြီးနောက် လေးလံသော သတင်းကြီး တစ်ခုသည် ရှန်ကျိုးတိုက်ကြီး ပေါ်ရှိ ကြယ်အဆင့် အင်အားစု တိုင်းသို့ မုန်တိုင်းအသွင် ဝုန်းဒိုင်းကြဲသွားပြီး၊ ထိုအဓိက အင်အားစု ကြီးများ၏ လက်အောက်ရှိ အင်အားစု ငယ်လေးများ ပင်လျှင် ဤထိတ်လန့်ဖွယ် သတင်းကို တစ်ခုပြီးတစ်ခု လက်ခံရရှိခဲ့ကြ၏။

ရှန်ကျိုးတိုက်ကြီး တွင် ကံကြမ္မာရဲ့ သားတော် တစ်ဦး မွေးဖွားလာ၏။

သူကား မြူခိုးဂိုဏ်း ၏ ဂိုဏ်းချုပ် ယဲ့ဖုန်း ပင် ဖြစ်သည်။

မြူခိုးဂိုဏ်း..

ယဲ့ဖုန်း သည် ဂိုဏ်းချုပ် ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်လျက် အကြီးအကဲ ကုန်းချင်းချိုး နှင့် အခြားသူများ၏ အစီရင်ခံစာများကို နားထောင်ကာ တစ်ခါတစ်ရံ ခေါင်းညိတ်ပြနေ၏။

“တော်တော် ကောင်းတယ်... မဆိုးဘူး”

“ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါ... လဝက်အတွင်း ရေပေါ်ဖြူမြို့တော် ကို ကြယ် (၃) ပွင့် မြို့တော် အဖြစ် အဆင့်တက်နိုင်ဖို့ ကြိုးစားပြီး... ငါတို့ ဂိုဏ်း က ကြယ် (၄) ပွင့် အဆင့် သတ်မှတ်ချက်တွေနဲ့ ပြည့်မီအောင် လုပ်ရမယ်”

ယဲ့ဖုန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါရှင်” ကုန်းချင်းချိုး နှင့် အခြား အကြီးအကဲ များက အသီးသီး ခေါင်းညိတ်လိုက်ကြ၏။

ခေတ္တအကြာတွင်..

ဂိုဏ်း၏ အစည်းအဝေး ပြီးဆုံးသွားပြီး အားလုံးက မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို အသီးသီး လုပ်ဆောင်နေကြတော့သည်။

ယဲ့ဖုန်း က ရွေးချယ်ခံရသူ အဖြစ် သူ၏ အဆင့်အတန်းကို ထုတ်ဖော်ပြသပြီး ကတည်းက မြူခိုးဂိုဏ်း မှ လူပေါင်း တစ်သောင်းကျော် သည် အလွန်အမင်း တက်ကြွလာခဲ့ကြပြီး၊ တာဝန်များ ထွက်လုပ်သည့် အခါတွင်ပင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် မျက်နှာပွင့်လန်းလျက် ခေါင်းမော့ ရင်ကော့ကာ လျှောက်လှမ်းနေကြသည်။

“ရွေးချယ်ခံရသူ ဆိုတဲ့ ငါ့ရဲ့ အဆင့်အတန်းကို ဖော်ပြဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့လို့ပါကွာ”

ယဲ့ဖုန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိ၏။

ပြီးပြည့်စုံသော ကိုယ်ပွား နှင့် တိုက်ပွဲတွင် သူတော်စင် ဧကရာဇ် ဓား ပင်လျှင် မယှဉ်နိုင်ခဲ့ချေ။ တာအို မီးတောက် ကို သူ မဖြစ်မနေ အသုံးပြုခဲ့ရသည်။

ရလဒ်အနေဖြင့် သူ၏ အဆင့်အတန်းမှာ ရှောင်လွှဲ၍မရဘဲ ပေါက်ကြားသွားခဲ့ရခြင်း ဖြစ်၏။

ရှန်ကျိုးတိုက်ကြီး မှ လူများ၏ မနာလိုမှုကို ခံရမည်လား ဆိုသည်ကို မဆိုထားနှင့်၊ လွင့်မျော တောင်တန်း မှ နတ်ဘုရားမျိုးနွယ်စု ကမူ သူ့ကို မဖြစ်မနေ ရှင်းလင်းရမည့် အဓိက ရန်သူတော်ကြီး အဖြစ် သေချာပေါက် သတ်မှတ်သွားတော့မည်။

“ဒီက စပြီး ငါ ပိုတောင် အန္တရာယ် များလာတော့မယ်... ဟူး”

ယဲ့ဖုန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

[ဂုဏ်သတင်း မှတ်တိုင်များ +(၂၉၈၂၈၇၂၁)]

[ယုံကြည်မှုစွမ်းအား +(၈၇၂၆၅၅၇၁၂)]

သို့သော် အကျိုးကျေးဇူးများလည်း ရှိပါသည်။

ဥပမာအားဖြင့် ဂုဏ်သတင်း မှတ်တိုင်များ နှင့် ယုံကြည်မှုစွမ်းအား များ တဟုန်ထိုး မြင့်တက်လာခြင်းပင်။ အချိန်တိုအတွင်းမှာပင် ယုံကြည်မှုစွမ်းအား သည် ဘီလီယံ (၃၀၀) သို့ ရောက်ရှိတော့မည် ဖြစ်ပြီး၊ ကောင်းကင်ဧကရာဇ် အဆင့် သို့ ဝင်ရောက်ကာ ချီ (၅) ပါး ပေါင်းစည်းခြင်း သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်တော့ပါမည်။

လတ်တလော ကာလများတွင် ယဲ့ဖုန်း သည် စာရေးခြင်း နှင့် ပန်းချီဆွဲခြင်း များဖြင့် နေ့ရက်များကို ကုန်ဆုံးစေခဲ့ပြီး၊ တစ်ခါတစ်ရံ ဂိုဏ်းသားတပည့်များကို လမ်းညွှန်ပြသမှုများ ပေးကာ သို့မဟုတ် အမျိုးမျိုးသော နတ်ဘုရား စွမ်းရည် များနှင့် မန္တန် များကို ပုံဖော်ဖန်တီး၍ ကျမ်းလိပ်များ အဖြစ် ချုပ်နှောင်ကာ သိုင်းကျမ်းတိုက် ထဲသို့ ပစ်ထည့်လေ့ ရှိ၏။

“ဝိုး... သိုင်းကျမ်းတိုက် ထဲမှာ နတ်ဘုရား စွမ်းရည် အသစ် (၆) ခု ထပ်ရောက်လာတယ်ဟ”

“ငါ့ကျမ်းလိပ်မှာ ‘အမည်မသိ ဗုဒ္ဓဘာသာဝင်’ လို့ လက်မှတ်ထိုးထားတယ်”

“ငါ့ဟာကတော့ ‘ပိုက်ဆံပိုပေးတဲ့ ဗုဒ္ဓဘာသာဝင်’ တဲ့”

“ဒီဘက်မှာက ‘အရမ်း အမြတ်ထွက်တဲ့ ဧကရာဇ်ကြီး’ တဲ့”

သိုင်းကျမ်းတိုက် မှ တပည့်များ၏ အသံများ တစ်ခါတစ်ရံ ထွက်ပေါ်လာပြီး အားလုံးက အသစ်ထွက်ရှိလာသော နတ်ဘုရား စွမ်းရည် များနှင့် မန္တန် များကို ဖန်တီးသူများ အကြောင်း ဆွေးနွေးနေကြ၏။

သူတို့ မသိခဲ့သည့် အရာတစ်ခု ရှိသည်။

“ပိုက်ဆံပိုပေးတဲ့ ဗုဒ္ဓဘာသာဝင်” ဖြစ်စေ “အရမ်း အမြတ်ထွက်တဲ့ ဧကရာဇ်ကြီး” ဖြစ်စေ ထိုအမည်များ အားလုံးကို ယဲ့ဖုန်း က ပေါ့ပေါ့ပါးပါး ရေးသားထားခဲ့ခြင်း ဖြစ်ပြီး အားလုံးမှာ လူသိမခံဘဲ နေလိုသောကြောင့်ပါ။

မြူခိုးဂိုဏ်း ၏ သိုင်းကျမ်းတိုက် အတွင်းရှိ နတ်ဘုရား စွမ်းရည် များနှင့် မန္တန် များ အများစုကို ယဲ့ဖုန်း အမှန်တကယ် ဖန်တီးခဲ့ကြောင်း မည်သူမျှ မသိကြချေ။

သူတို့သာ သိခဲ့မည် ဆိုပါက သေချာပေါက် အကြီးအကျယ် ထိတ်လန့်သွားကြပါမည်။

*

ယဲ့ဖုန်း ရွေးချယ်ခံရသူ ဖြစ်လာကြောင်း သတင်း ပျံ့နှံ့သွားရာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက် သွားတော့သည်။

ပင်လယ်ပြင် နယ်မြေများ ပင်လျှင် တုန်လှုပ်သွားကြ၏။

ပင်လယ်(၈)စင်း မျိုးနွယ်စု ၏ ရေအောက် ဧကရာဇ် နန်းတော် တွင်..

ပင်လယ်(၈)စင်း ကောင်းကင်လှံ ကို ကိုင်ဆောင်ထားသော လင်ယွဲ့ သည် ဧကရီ ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်လျက်၊ ကုန်းမြေမှ သတင်းများကို နားထောင်ရင်း သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

“ဂိုဏ်းချုပ်ယဲ့ က တကယ်ပဲ ဒီအဆင့်အထိ ကြီးထွားလာတာလား”

“သူက မိုးကြိုးရေကန် နန်းတော် ရဲ့ နတ်ဘုရား ဖြစ်ရုံတင် မကဘူး... ရွေးချယ်ခံရသူ လည်း ဖြစ်နေပြီး... ပြိုင်ဘက်ကင်း နတ်ဘုရား စွမ်းအား တွေနဲ့ သူတော်စင်အဆင့် စွမ်းအားရှင် တွေကိုတောင် သတ်နိုင်တယ် ဆိုတော့... ဒါဆို ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကကော အဓိပ္ပာယ် ရှိသေးရဲ့လား”

သူမ တုန်ယင်လာတော့သည်။

လင်ယွဲ့ သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမလို ဖြစ်နေ၏။

အလှပြ ပန်းအိုး တစ်လုံးအနေဖြင့်သာ ယဲ့ဖုန်း ၏ ဘေးတွင် ရပ်နေရခြင်းမှ ရှောင်ရှားရန် သူမ အသေအလဲ ကြိုးစား အားထုတ်ခဲ့သည်။

သို့သော် ယဲ့ဖုန်း နှင့် ကွာဟချက်ကို ကျဉ်းမြောင်းစေမည့်အစား ယင်းမှာ ပိုမို ကျယ်ပြန့်လာခဲ့ပြီး၊ သူတို့မှာ ကမ္ဘာခြားနေသကဲ့သို့ ဖြစ်ကာ တစ်ဦးက နတ်ဘုရား၊ နောက်တစ်ဦးက သာမန်လူသား ဖြစ်နေသကဲ့သို့ပင်။

သူမတို့၏ နယ်ပယ်များမှာ လုံးဝ မမီနိုင်တော့ချေ။

“ဟင့်အင်း...”

“ငါ စိတ်ဓာတ်ကျလို့ မဖြစ်ဘူး”

“ငါ ဆက်ကြိုးစားရမယ်... ငါ လုပ်နိုင်တယ်”

လင်ယွဲ့ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူမ၏ နယ်ပယ်ကို ချိုးဖြတ်ရန် တံခါးပိတ် ကျင့်ကြံတော့သည်။

*

မြူခိုးဂိုဏ်း။

ယခု ရေခဲနှင့်နှင်း မြင့်မြတ်သော မြို့တော် တိုက်ပွဲ ပြီးနောက် လဝက် ကုန်လွန်သွားခဲ့ပြီပင်။

ယဲ့ဖုန်း သည် ရွေးချယ်ခံရသူ ဖြစ်ခြင်း နှင့် သူတော်စင်အဆင့် ရှိ ပြီးပြည့်စုံသော ကိုယ်ပွား ကို လူသိရှင်ကြား သတ်ဖြတ်လိုက်ခြင်း ကြောင့် မြူခိုးဂိုဏ်း၊ ရေပေါ်ဖြူမြို့တော်၊ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နှင့် အခြားနေရာများ၏ ဂုဏ်သတင်း ကျော်ဇောမှုမှာ တဟုန်ထိုး မြင့်တက်သွားတော့သည်။

လဝက် အတွင်းမှာပင် ကျင့်ကြံသူ သန်း (၂၀) နီးပါးသည် ရေပေါ်ဖြူမြို့တော် သို့ ပြောင်းရွှေ့လာကြပြီး ဒေသခံ နေထိုင်သူများ ဖြစ်လာကြ၏။

“ဂိုဏ်းချုပ်... ရေပေါ်ဖြူမြို့တော် ဟာ ကြယ် (၃) ပွင့် မြို့တော် အဖြစ် အဆင့်တက်ဖို့ သတ်မှတ်ချက်တွေနဲ့ နောက်ဆုံးတော့ ပြည့်မီသွားပါပြီ” ကုန်းချင်းချိုး သည် မြို့ခံ နေထိုင်သူများ၏ ထူထဲသော စာရင်းကို ကိုင်ဆောင်လျက် မြူခိုးတောင်ထွတ် ၏ ထိပ်တွင် အပင်များကို ရေလောင်းနေသော ယဲ့ဖုန်း ထံသို့ အစီရင်ခံလိုက်သည်။

“ကောင်းတယ်...” ယဲ့ဖုန်း သည် ရေလောင်းကရားကို ချထားလိုက်၏။

“နောက်တစ်ဆင့် အနေနဲ့ တတိယ မင်းသား လင်းလော့ထျန်း ဆီ သတင်းပို့လိုက်ပြီး... ရေပေါ်ဖြူမြို့တော် ဟာ ကြယ် (၃) ပွင့် အဆင့် အကဲဖြတ်မှု ကို လျှောက်ထားတယ်လို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါရှင်...” ကုန်းချင်းချိုး ကပျာကယာ စီစဉ်လိုက်သည်။

တစ်နာရီ ကြာပြီးနောက် ရေပေါ်ဖြူမြို့တော် ၏ မြို့စားမင်း စံအိမ် တွင်..

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ တတိယ မင်းသား လင်းလော့ထျန်း ဦးဆောင်သော အဖွဲ့သည် ရေပေါ်ဖြူမြို့တော် ၏ အဆင့်တက်ခြင်း အကဲဖြတ်မှုကို စတင်ရန် စုဝေးလာကြသည်။

မြူခိုးတောင်ထွတ် ထိပ်တွင်..

ယဲ့ဖုန်း သည် ဤမြင်ကွင်းကို ကံကြမ္မာ ရတနာပုလဲ မှတစ်ဆင့် မြင်တွေ့နေရ၏။

“ရေပေါ်ဖြူမြို့တော် ဟာ နောက်ဆုံးတော့ ကြယ် (၃) ပွင့် အဆင့်ကို တက်လှမ်းတော့မယ်... မကြာခင်မှာ မြူခိုးဂိုဏ်း လည်း ကြယ် (၄) ပွင့် အဆင့် သတ်မှတ်ချက်တွေနဲ့ ပြည့်မီတော့မယ်... ဂိုဏ်းချုပ် တာဝန် ရဲ့ ဆဋ္ဌမ အဆင့် က နောက်ဆုံးတော့ နိဂုံးချုပ်ဖို့ နီးကပ်လာပြီပဲ”

ယဲ့ဖုန်း သည် မျှော်လင့်ချက်များ အပြည့်ဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်ပါသည်။

--

All Chapters