အခန်း ၇၅၉
Vol. 51 Ch. 759
အခန်း (၇၅၉) အရက်သမားရူး နှင့် တပည့်တပန်းတို့၏ အံ့မခန်း ခွန်အား
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့... ကျွန်တော်က ဒိုင်လူကြီး အနေနဲ့ ဆောင်ရွက်ပေးရမှာ ဖြစ်လို့ အလွန်တရာ တရားမျှတအောင် ဆောင်ရွက်ပေးပါ့မယ်... စိတ်ချပါ... လောကီသား အပေါင်းတို့ စိတ်အေးချမ်းသာ ရှိကြပါစေဗျာ”
အရက်သမားရူး သည် ခြေတစ်လှမ်း လှမ်းလိုက်ကာ လေထဲသို့ ပျံတက်သွား၏။
သူသည် ဟန်ယုံဟွေး နှင့် ကျိုးဖုန်းယွမ် တို့ကြားတွင် ရပ်တန့်လိုက်ပြီး လက်ဆန့်တန်းကာ ဟားတိုက်ရင်း ပြောလိုက်သည်။
“နှစ်ဦးစလုံးက ထိပ်တန်း ပါရမီရှင် တွေပဲ... ဒီနေ့ဟာ မြူခိုးဂိုဏ်း ကြယ် (၄) ပွင့် အဆင့် တက်လှမ်းခြင်း အခမ်းအနား ဖြစ်တဲ့အတွက် သွေးထွက်သံယို မဖြစ်သင့်ဘူး... ဒါကြောင့် အထိအတွေ့လေးလောက်နဲ့တင် တိုက်ပွဲကို ရပ်တန့်ရမယ်... နှစ်ဖက်စလုံး ကို အချီပေါင်း (၈၀၀) နဲ့ ကန့်သတ်ထားတယ်”
“အကယ်၍ အချီပေါင်း (၈၀၀) ကျော်တဲ့အထိ အနိုင်အရှုံး မပေါ်လာဘူး ဆိုရင် သရေကျတယ်လို့ သတ်မှတ်မယ်”
“ဘယ်လိုလဲ...”
အရက်သမားရူး သည် ဘယ်ညာ လှည့်ပတ် ကြည့်ရှုလိုက်ပြီး သူတို့နှစ်ဦး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေ၏။
“ကျွန်တော် အဆင်ပြေပါတယ်” ဟန်ယုံဟွေး ခေါင်းညိတ်လိုက်၏။
“ကျွန်တော်လည်း အဆင်ပြေပါတယ်” ကျိုးဖုန်းယွမ် ကလည်း ခေါင်းညိတ်လိုက်ပြီး ဟန်ယုံဟွေး ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် အခြားသူ တစ်ယောက်၏ အမိန့်ပေးမှုကြောင့် လှုပ်ရှားနေခြင်း ဖြစ်ပြီး၊ မြူခိုးဂိုဏ်း မှ တပည့် တစ်ဦးကို အနိုင်ယူ၍ အရှက်ခွဲရန် ရည်ရွယ်ချက် ရှိနေသည် မဟုတ်ပါလော။ ဤသို့ဖြင့် မြူခိုးဂိုဏ်း ၏ ဂုဏ်သိက္ခာကို အမြစ်ပြတ် ချေမှုန်းပစ်ရန် သူ ကြိုးပမ်းနေခြင်းပင်။
“ကောင်းပြီ... သုံး လို့ ရေတွက်လိုက်တာနဲ့ ချက်ချင်း စကြမယ်”
အရက်သမားရူး က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ “သုံး... နှစ်... တစ်မှတ်ငါး... တစ်... စကြ..”
“တစ်မှတ်ငါး” ဟု ရေတွက်လိုက်စဉ်မှာပင် လူအုပ်ကြီး တစ်ခုလုံး ဟားတိုက်သံများဖြင့် ဆူညံသွားတော့သည်။ အရက်သမားရူး က ဤမျှတောင် နောက်ပြောင်တတ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
“စကြ” ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် ဟန်ယုံဟွေး နှင့် ကျိုးဖုန်းယွမ် တို့၏ တိုက်ပွဲမှာ တရားဝင် စတင်သွား၏။
“ဓားအရိပ်များ၊ ကြည်လင် တောက်ပခြင်း”
ဟန်ယုံဟွေး ၏ ကျောဘက်မှ အဆင့်နိမ့် ဝိညာဉ်ရတနာ ဓားပျံ တစ်လက်မှာ အလိုအလျောက် အိမ်မှ ထွက်လာ၏။ သူ၏ ဘယ်လက်ဖြင့် ဓားသိုင်း အမူအရာ ပြုလုပ်လိုက်ပြီး ညာလက်ဖြင့် ဓားပျံ ကို ဆုပ်ကိုင်လိုက်ကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်းတန်း ရာပေါင်းများစွာ ကို ခုတ်ပိုင်းလိုက်၏။
“ကလေးကလား လှည့်ကွက်တွေ”
ကျိုးဖုန်းယွမ် သည် လက်နှစ်ဖက်ကို ပေါင်းစပ်လိုက်ရာ သူ၏ ချပ်ဝတ် မှ အလင်းတန်း ဒိုင်းလွှာ များ ထပ်ဆင့် ပေါ်ထွက်လာပြီး ဓားအလင်းတန်း များစွာကို ကာကွယ်လိုက်၏။ ထို့နောက် သူက ပြန်လည် တိုက်ခိုက်ခြင်းကို စတင်လိုက်တော့သည်။
“မဟာ မူလအစ မိုးကြိုး အလင်းတန်း”
ကျိုးဖုန်းယွမ် သည် ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါး ထဲတွင် ဧရာမ မိုးကြိုး အလင်းတန်း များ ပေါ်ထွက်လာ၏။ သူသည် လက်နှစ်ဖက်ကို မြန်ဆန်သော အရှိန်ဖြင့် လှည့်ပတ်ကာ မိုးကြိုးများကို မိုးကြိုးဓားများ အဖြစ် ပြောင်းလဲပြီး ဟန်ယုံဟွေး ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။
“ချွင်... ချွင်... ချွင်...”
ဟန်ယုံဟွေး သည် ညာလက်ဖြင့် ဓားကို ဝှေ့ယမ်းကာ ပြင်းထန်သော မိုးကြိုး အလင်းတန်း များကို ဟန့်တားလိုက်ပြီး၊ ဘယ်လက်ဖြင့် ဓား ၀င်္ကပါ တစ်ခုကို ဖန်တီးကာ မိမိကိုယ်ကို ပတ်လည် ကာကွယ်ထားလိုက်ရာ မိုးကြိုး အလင်းတန်း များပင် မဖောက်ဝင်နိုင်တော့ဘဲ အနိုင်မခံ အရှုံးမပေးသည့် အနေအထားကို ထိန်းထားလိုက်၏။
တိုက်ပွဲမှာ အပြန်အလှန် ဖြစ်ပွားနေ၏။ ခဏအကြာမှာပင် အချီပေါင်း တစ်ရာကျော် တိုက်ခိုက်ပြီးသွားကြသည်။
“မြူခိုးဂိုဏ်း တပည့် ဆိုတာ ဒီလောက်ပဲလား... ဒီလောက် ကျွမ်းကျင်မှုမျိုးနဲ့ပဲလား... ဟားဟား” ကျိုးဖုန်းယွမ် ၏ မောက်မာမှု များ တိုးပွားလာ၏။
ဟန်ယုံဟွေး ကမူ တိတ်ဆိတ်နေဆဲပင်။
'စမ်းသပ်တာတွေ ပြီးပြီ... ဒီ လေ့ကျင့်ရေး တိုက်ပွဲ ကို မိုးကြိုး တစ်ချက်တည်းနဲ့ အဆုံးသတ်ရမယ့် အချိန် ရောက်ပြီ' ဟု ဟန်ယုံဟွေး စိတ်ထဲမှ တွေးတောလိုက်သည်။
နောက်တစ်စက္ကန့်တွင်..
မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုက ကျိုးဖုန်းယွမ် ကို လွှမ်းခြုံသွားရာ သူ၏ အရှိန်အဟုန် များမှာ လုံးဝ ဖိနှိပ်ခံလိုက်ရသလို ဖြစ်သွားပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ မမြင်နိုင်သော စွမ်းအားကို တွန်းလှန်ရန် အားကုန် ထုတ်သုံးလိုက်ရတော့သည်။
ဒါက နတ်ဘုရား အာရုံ စွမ်းအား ပင် ဖြစ်၏။ မြူခိုးဂိုဏ်း သို့ ဝင်ရောက်ပြီးနောက် ဟန်ယုံဟွေး သည် ကာလတစ်ခုအထိ သီးသန့် နေထိုင်ကာ "ကိုးထပ် ကောင်းကင် နတ်ဘုရား နည်းစနစ်" ကို ကြိုးပမ်း ကျင့်ကြံခဲ့ရာ နတ်ဘုရား အဆင့် သို့ ရောက်ရှိသွားပြီး သူ၏ နတ်ဘုရား အာရုံ စွမ်းအား မှာ တဟုန်ထိုး မြင့်တက်လာခဲ့ခြင်းပင်။
“ဒါ ဘယ်လို နတ်ဘုရား စွမ်းရည်မျိုးလဲ”
ကျိုးဖုန်းယွမ် အံ့ဩသွား၏။ နတ်ဘုရား အာရုံ စွမ်းအား ၏ ဖိနှိပ်မှုမှ လွတ်မြောက်သွားပြီးနောက် သူ ခေါင်းမော့ကြည့်လိုက်ရာ ဟန်ယုံဟွေး သည် သူ့ရှေ့တွင် ရောက်ရှိနေပြီး ဓားကို အားကုန် ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသည်။
“ချွင်...”
ကျိုးဖုန်းယွမ် မှာ ရှောင်တိမ်းရန် အချိန် မရတော့ဘဲ ဓားချက်ကို ထိမှန်သွားသဖြင့် သူ၏ ချပ်ဝတ် မှာ ကွဲအက်သွားတော့သည်။ ပြင်းထန်သော ခွန်အားများမှာ သူ၏ ရင်ဘတ်ကို ရိုက်ခတ်သွားသဖြင့် သူသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွား၏။
ဟန်ယုံဟွေး သည် နောက်ဆုံး စက္ကန့်တွင် သူ၏ ခွန်အားကို ပြန်ရုတ်သိမ်းလိုက်၏။ မဟုတ်ပါက ကျိုးဖုန်းယွမ် မှာ မြေပြင်ပေါ်သို့ ပြုတ်ကျရုံတင် မဟုတ်ဘဲ သူ၏ ချပ်ဝတ် နှင့်အတူ ထက်ပိုင်း ခုတ်ထစ်ခံလိုက်ရပေလိမ့်မည်။
“ဂိုဏ်း၏ ဈေးကွက် ထဲကနေ အမှတ် သောင်းနဲ့ချီ ပေးပြီး လဲလှယ်ထားတာ... တကယ်ကို ထက်မြက်တာပဲ” ဟန်ယုံဟွေး သည် သူ၏ လက်ထဲရှိ အဆင့်နိမ့် ဝိညာဉ်ရတနာ ဓားပျံ ကို ကြည့်ကာ ချစ်ခင်စွာ ချီးကျူးလိုက်သည်။
“ဝှီး...”
ဟန်ယုံဟွေး သည် လျင်မြန်စွာ ဆင်းသက်လိုက်ပြီး ကျိုးဖုန်းယွမ် ၏ ရင်ဘတ်ပေါ်သို့ နင်းလိုက်ကာ ဓားပျံ ၏ ထိပ်ဖျားဖြင့် သူ၏ လည်ချောင်းကို ထောက်ထားလိုက်၏။ ထိုအတောအတွင်း နတ်ဘုရား အာရုံ စွမ်းအား များမှာ တဟုန်ထိုး မြင့်တက်လာပြီး ကျိုးဖုန်းယွမ် ကို မလှုပ်နိုင်အောင် တင်းကျပ်စွာ ဖိနှိပ်ထားတော့သည်။
“အရှုံးပေးလိုက်တော့”
ဟန်ယုံဟွေး က ပြုံးလျက် ပြောလိုက်သည်။
ကျိုးဖုန်းယွမ် မှာ အလွန် မကျေမနပ် ဖြစ်သွားပြီး အော်ဟစ်လိုက်၏။ “မင်း လိမ်တယ်... အကြီးအကဲတို့... ကျွန်တော် မမြင်နိုင်တဲ့ စွမ်းအားတစ်ခုနဲ့ ဖိနှိပ်ခံလိုက်ရတာ... ဒါ သေချာပေါက် မြူခိုးဂိုဏ်း တပည့် တစ်ယောက်ရဲ့ နည်းစနစ် မဟုတ်ဘူး”
“လိမ်တာ မဟုတ်ဘူး”
အရက်သမားရူး က ဆေးဝိုင် ကို အားရပါးရ သောက်ပြီးနောက် ရှင်းပြလိုက်သည်။ “ဒါက နတ်ဘုရား အာရုံ စွမ်းအား ပဲ... နတ်ဘုရား အာရုံ နဲ့ ဆန်းကြယ်မှု သဘောသဘာဝချင်း တူညီပြီး ဒီ တိုက်ပွဲ မှာ မြူခိုးဂိုဏ်း တပည့် ဟန်ယုံဟွေး အနိုင်ရရှိသွားပြီ”
ဟန်ယုံဟွေး ၏ အနိုင်ရရှိမှုမှာ လူအုပ်ကြီးကြားတွင် ချက်ချင်း ဆွေးနွေးစရာ ဖြစ်လာတော့သည်။
“မြူခိုးဂိုဏ်း တပည့် တွေက တော်တော် သန်မာတာပဲ”
“ပြီးတော့ ဒါက တတိယ မျိုးဆက် တပည့် တစ်ယောက်တည်းပဲ ရှိသေးတာ... ဒုတိယ သို့မဟုတ် ပထမ မျိုးဆက် ဖြစ်ရင် ပိုတောင် အစွမ်းထက်မှာ မဟုတ်ဘူးလား”
လူအုပ်ကြီးမှာ ဟန်ယုံဟွေး သည် တတိယ မျိုးဆက် တပည့် များထဲတွင် အစွမ်းထက်ဆုံး ဖြစ်ပြီး၊ သူ၏ ခွန်အား မှာ ဒုတိယ မျိုးဆက် တပည့် အများစု ကိုပင် ဖိနှိပ်နိုင်ကြောင်း မသိရှိကြချေ။ ထို့ထက် ပိုသည်မှာ သူသည် ပထမ မျိုးဆက် တပည့် အားနည်းသူများနှင့်ပင် တန်းတူ ရှိနေခြင်းပင်။
“အရမ်း နက်နဲတဲ့ နတ်ဘုရား အာရုံ စွမ်းအား ပဲ... အလွန် ပြည့်စုံတဲ့ အထောက်အကူပြု ကျင့်စဉ် နည်းလမ်း တစ်ခုကို ကျင့်ကြံထားတာ ဖြစ်ရမယ်” ယွီလော့ တပိုင်းသူတော်စင် က တိုးတိတ်စွာ မှတ်ချက်ချလိုက်၏။
သူ၏ အသံကို ကြားသောအခါ လူအုပ်ကြီးက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ ဤတိုက်ပွဲ၏ ရလဒ်နှင့် ပတ်သက်၍ မည်သူမျှ ကန့်ကွက်စရာ မရှိတော့သဖြင့် ကျိုးဖုန်းယွမ် ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူသည် ခေါင်းကို ငုံ့လျက် တိတ်ဆိတ်စွာ သူ၏ နေရာသို့ ပြန်သွား၏။
ထျန်းမြောင် မြင့်မြတ်သော မြို့တော် ၏ မြို့စားမင်း သည် ကျိုးဖုန်းယွမ် ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်များ ပေါ်လာရသည်။
မြူခိုးဂိုဏ်း တပည့် မှာ ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သို့သော် ယင်ရူရုံ ၏ အမိန့်အရ သူသည် မြူခိုးဂိုဏ်း ကို အရှက်ခွဲရန် ထိပ်တန်း ပါရမီရှင် အချို့ကို စိန်ခေါ်ရန် စီစဉ်ထားခဲ့၏။ သဘာဝကျစွာပင် ကျိုးဖုန်းယွမ် သည် သူ၏ တစ်ဦးတည်းသော အတားအဆီး မဟုတ်ချေ။
“ဂါရဝပြုပါတယ် အားလုံး... ကျွန်တော် က လီမူချန်ပါ... ခုနက တိုက်ပွဲ က တကယ့်ကို မျက်စိပွင့်သွားရတယ်... လီ ဆိုတာ အရည်အချင်း မရှိလှပါဘူး... ဒါပေမဲ့ မြူခိုးဂိုဏ်း က တပည့် တစ်ယောက်ယောက် နဲ့ လေ့ကျင့်ရေး တိုက်ပွဲ လုပ်ကြည့်ချင်ပါတယ်”
ထိုသို့ နောက်ထပ် လူတစ်ဦး မတ်တတ်ရပ်လာ၏။
ဤသူမှာ အဖြူရောင် ဝတ်ရုံ ကို ဝတ်ဆင်ထားသော ရုပ်ရည် ချောမောသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါ အရ မူလနတ်ဘုရားအဆင့် (၃) ၏ အထွတ်အထိပ် သို့ ရောက်ရှိနေကြောင်း သိရှိရ၏။ သူ၏ အပြုံးမှာ ဆန်းကြယ်လှသော ဆွဲဆောင်မှု တစ်ခု ရှိနေပြီး အခြားသော ကျက်သရေ တစ်ခုကို ပေါင်းစပ် ထည့်သွင်းထား၏။ အမျိုးသမီး အများအပြားမှာ သူ့ကို မြင်သည်နှင့် မျက်ဝန်းကလေးများ တောက်ပလာတော့သည်။
“မြူခိုးဂိုဏ်း ရဲ့ ပါရမီရှင် တွေထဲက ဘယ်သူက ငါနဲ့ တိုက်ချင်လဲ”
လီမူချန် သည် ကောင်းကင်သို့ ပျံတက်သွားပြီး၊ မြူခိုးဂိုဏ်း တပည့် များ ထိုင်နေသော ခုံများ ဘက်သို့ ဦးညွှတ် အရိုအသေ ပေးလိုက်၏။
“ငါ သွားမယ်”
ဝမ်ဖင်းအန်း က တဟားဟား ရယ်လျက် အနက်ရောင် ဟင်းချက်အိုးကြီး ကို ပွေ့ပိုက်ကာ ကောင်းကင်သို့ တက်သွားတော့သည်။
“အနက်ရောင် ဟင်းချက်အိုးကြီး ကိုင်ထားတဲ့ လူငယ်လေး... သူက ဘယ်သူလဲ”
ဝမ်ဖင်းအန်း ၏ ထူးဆန်းသော ဝတ်စားဆင်ယင်မှု ကြောင့် အဓိက အင်အားစု များ အားလုံး၏ အကြည့်များမှာ ချက်ချင်းပင် ရောက်ရှိလာ၏။
“ဒါ ဝမ်ဖင်းအန်း... မြူခိုးဂိုဏ်း ရဲ့ ပထမ မျိုးဆက် တပည့် တစ်ယောက်... အရမ်း အစွမ်းထက်တဲ့ ဆေးဖော်စပ်သူ တစ်ယောက်လို့ ကြားတယ်”
“ဟင်... ဆေးဖော်စပ်သူ ဟုတ်လား”
လူတိုင်း ဆွံ့အသွားကြသည်။
ဆေးဖော်စပ်သူ တစ်ဦး က တိုက်ပွဲ လုပ်မှာလား။
ထိုကဲ့သို့သော ကျင့်ကြံသူများသည် အစွမ်းထက်သူများ၏ အကာအကွယ် အောက်တွင် တိတ်ဆိတ်စွာ ဆေးဖော်စပ်လေ့ ရှိကြသည် မဟုတ်ပါလော။
တကယ့် တိုက်ပွဲ ဆိုလျှင် ဆေးဖော်စပ်ခြင်း စွမ်းရည် ကိုသာ ယှဉ်ပြိုင်သင့်သည် မဟုတ်ပါလော။
သည်နေရာတွင် တိုက်ခိုက်ဖို့ လာခြင်းက ဘာအဓိပ္ပာယ်လဲ။
မြူခိုးဂိုဏ်း မှာ လူမရှိတော့ဘူးလား။
သို့မဟုတ် မြူခိုးဂိုဏ်း က ဆေးဖော်စပ်သူ တစ်ယောက် လွှတ်လိုက်ရုံဖြင့် အခြား အင်အားစု များမှ ထိပ်တန်း ပါရမီရှင် များကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေသလား။
အဓိက အင်အားစု များမှ လူများမှာ ဇဝေဇဝါ ဖြစ်နေကြ၏။
“မူလနတ်ဘုရားအဆင့် ဒုတိယ အလွှာ... တာအို ရောင်းရင်း... ခင်ဗျားက ကျွန်တော့် ပြိုင်ဘက် မဟုတ်ဘူး”
လီမူချန် က ခေါင်းခါလျက် ပြောလိုက်သည်။ ဆေးဖော်စပ်သူ တစ်ဦးက သူ့ကို စိန်ခေါ်ရဲခြင်းမှာ ရှုံးနိမ့်ရန် လာခြင်းသာ ဖြစ်သည်ဟု လီမူချန် တွေးတောနေသည်။
“ဟားဟား... မင်း ပြောတာ မှန်ပါတယ် သူငယ်ချင်း... မင်းက ချောမောပြီး အဆင့်မြင့် ကျင့်ကြံခြင်း ပါရမီ လည်း ရှိတယ်... ငါက သေချာပေါက် မနိုင်ပါဘူး... ဒါပေမဲ့ ငါ မင်းနဲ့ တိုက်ကြည့်ချင်တယ်... ငါ့ရဲ့ အသစ် ဖန်တီးထားတဲ့ ‘ရူးသွပ်စွာ ပေါက်ကွဲခြင်း ဆေးလုံး’ ရဲ့ စွမ်းအား ကို စမ်းသပ်ကြည့်ချင်လို့ပါ”
ဝမ်ဖင်းအန်း က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်၏။
“ငါ့ကို မင်းရဲ့ ဆေးလုံး စမ်းသပ်ဖို့ အတွက် သုံးမလို့လား”
လီမူချန် အလွန် ဒေါသထွက်သွားသော်လည်း မြူခိုးဂိုဏ်း ၏ အရှိန်အဟုန် ကို လျှော့ချရန် သူ၏ တာဝန် ကို သတိရကာ လှောင်ပြောင်ပြီး ဝမ်ဖင်းအန်း ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ယံတွင်..
“သုံး... နှစ်... တစ်... စကြ..”
ဒီတစ်ခါတော့ အရက်သမားရူး သည် နောက်ပြောင်ခြင်း မပြုတော့ဘဲ သုံးမှ တစ်အထိ လျင်မြန်စွာ ရေတွက်လိုက်ပြီး တိုက်ပွဲ ကို အမြန်ဆုံး စတင်စေလိုက်၏။
“ကောင်လေး... မင်း ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာမို့ ငါ့ကို အပြစ်မတင်ပါနဲ့” လီမူချန် က လှောင်ပြောင်လိုက်၏။ သူသည် လက်တံ များ ပြုလုပ်ကာ နတ်ဘုရား စွမ်းရည် များကို ထုတ်ဖော်ရန် ပြင်ဆင်နေတော့သည်။
“ပေါက်ကွဲစမ်း”
ထိုအခိုက်အတန့်တွင် ဝမ်ဖင်းအန်း သည် သူ၏ ဘယ်လက်တွင် သိုလှောင်အိတ် တစ်လုံးကို ကိုင်ထားပြီး ညာလက်ဖြင့် အတွင်းသို့ ဝင်ကာ အနက်ရောင် ဆေးလုံး တစ်ဒါဇင်ကျော် ကို ထုတ်ယူပြီး လီမူချန် ထံသို့ ပစ်ပေါက်လိုက်သည်။
မလုံလောက်သေးဟု ခံစားမိသဖြင့် နောက်ထပ် အကြိမ်များစွာ ထပ်မံ ပစ်ပေါက်လိုက်၏။ တစ်ခဏချင်းမှာပင် ရာပေါင်းများစွာသော ရူးသွပ်စွာ ပေါက်ကွဲခြင်း ဆေးလုံး များသည် လီမူချန် ကို ဝန်းရံသွားလေ၏။ ဆက်တိုက်ပင် တစ်လုံးပြီး တစ်လုံး ပေါက်ကွဲသွားရာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများ ဖြစ်ပေါ်လာပြီး လူတိုင်း၏ အမြင်အာရုံကို ဖုံးကွယ်သွားစေမည့် မည်းမှောင်နေသော တိမ်တိုက်ကြီးများ ပေါ်ထွက်လာတော့သည်။
“မင်းမှာ အဆိပ် ရှိတယ်”
မည်းမှောင်နေသော တိမ်တိုက်များ အတွင်းမှ လီမူချန် ၏ ဒေါသထွက်နေသော အော်ဟစ်သံ နှင့်အတူ သူ၏ မပီမသ ညည်းတွားသံ များ ထွက်ပေါ်လာ၏။
“အုန်း...”
လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် လီမူချန် သည် မည်းမှောင်နေသော တိမ်တိုက် များထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ သူ၏ အဝတ်အစားများ အားလုံး စုတ်ပြတ်နေကာ နှာခေါင်းမှလည်း မီးခိုးငွေ့ များ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
သူ ချောင်းဆိုး လိုက်သည်နှင့် ပါးစပ်မှလည်း မီးခိုးငွေ့ များ ထွက်လာ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မင်အိုးထဲတွင် နှစ်ထားသည့်နှယ် အနက်ရောင် ဖြစ်နေပြီး လောင်ကျွမ်းနေသော အနံ့ဆိုးကြီး တစ်ခု ထွက်ပေါ်လာသည်။ သူ၏ အသွင်အပြင်မှာ သနားစရာ အကောင်းဆုံး ဖြစ်နေတော့သည်။
“ဟားဟား... စွမ်းအား မဆိုးဘူး” ဝမ်ဖင်းအန်း သည် ပျော်ရွှင်စွာ ပြုံးလျက် ဆင်းသက်လာတော့သည်။
လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
အချို့သော ဆေးဖော်စပ်သူ များသည် အထူး ပေါက်ကွဲခြင်း ဆေးလုံး အမျိုးအစား များ ရှိကြောင်း သိကြသော်လည်း သူတို့သည် အံ့ဩခြင်း မရှိကြချေ။ သို့သော် ဝမ်ဖင်းအန်း ကဲ့သို့ တစ်ပြိုင်နက်တည်း ဆေးလုံး ရာပေါင်းများစွာ ကို ပစ်ပေါက်နိုင်ခြင်းမှာ ရူးသွပ်လောက်အောင် ရက်ရောလွန်းလှသည်။ ကြည့်ရှုသူ များစွာ၏ ပါးစပ်များပင် တွန့်ကွေးသွားကြတော့သည်။
--