အခန်း ၇၆၃
Vol. 51 Ch. 763
အခန်း (၇၆၃) အခမ်းအနား ပြီးဆုံးခြင်း၊ စိတ်လှုပ်ရှားဖွယ် သတင်းစကား၊ တာဝန်အသစ်
ဂိုဏ်းချုပ် ၏ ထိုင်ခုံတွင်..
ယဲ့ဖုန်း သည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ လူတိုင်း၏ ခန္ဓာကိုယ် ထဲသို့ အေးမြသော လေပြေညင်း တစ်ခု ဖြတ်သန်းသွားသည့်နှယ် ခံစားလိုက်ရပြီး သူတို့၏ ပုံမှန် အခြေအနေ သို့ ပြန်လည် ရောက်ရှိသွားကြသည်။
သူတို့သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး ယဲ့ဖုန်း ကို ကြည့်လိုက်ကြရာ၊ ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ကြောင့် ယဲ့ဖုန်း ၏ ပုံရိပ်မှာ အဆပေါင်းများစွာ မြင့်တက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူသည် ရှန်ကျိုးတိုက်ကြီး ၏ နတ်ဘုရားပင် ဖြစ်၏။
“အားလုံး... ယင်ကောင် အနှောင့်အယှက် တွေ ထွက်သွားပြီ ဆိုတော့ ဆက်ပြီး သောက်ကြရအောင်..”
ယဲ့ဖုန်း သည် ဂုဏ်ပြုခွက်ကို မြှောက်လိုက်ပြီး လေးစားသော အမူအရာဖြင့် အရင်ဆုံး သောက်သုံးလိုက်သည်။
လူအုပ်ကြီးမှာမူ အံ့ဩ မှင်တက် နေဆဲ ဖြစ်သော်လည်း ခေါင်းညိတ်ကာ လိုက်ပါ သောက်သုံးလိုက်ကြ၏။ သို့သော် သူတို့၏ စိတ်ထဲတွင် ယဲ့ဖုန်း က မြူခိုးသူတော်စင် ကို အင်အားသုံး၍ သတ်ဖြတ်ခြင်း၊ လင်းဝေ သူတော်စင် ဧကရာဇ် ကို ဒဏ်ရာပြင်းထန်စွာ ဖြစ်စေခြင်း နှင့် ကံကြမ္မာရဲ့ သမီးတော် ကို ဖယ်ရှားပစ်ခြင်း တို့၏ မြင်ကွင်းများသာ အဆက်မပြတ် ပြန်လည် ပေါ်ပေါက်နေတော့သည်။
တပည့်များမှာမူ ပို၍ပင် ထိတ်လန့်သွားကြ၏။
ယဲ့ဖုန်း သာ ရုတ်တရက် အစွမ်းပြ မလာခဲ့ပါက သူတို့၏ ဂိုဏ်းချုပ် သည် သူတော်စင်အဆင့် ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြောင်း သူတို့ သိရှိခဲ့မည် မဟုတ်ချေ။
“ဒီဘဝမှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော စံပြ ပုဂ္ဂိုလ် က ဂိုဏ်းချုပ် ပဲ..”
တပည့် အချို့က ရူးသွပ်သော အမူအရာများဖြင့် ပြောဆိုလိုက်ကြသည်။
အောင်ပွဲခံ အခမ်းအနား မှာ ဆက်လက် ဖြစ်ပေါ်နေ၏။
ယဲ့ဖုန်း သည် သူ၏ နေရာတွင် ထိုင်နေသော်လည်း မည်သည့် ပျော်ရွှင်မှု အရိပ်အယောင် မျှ မရှိချေ။
ယနေ့ သူသည် သူတော်စင်အဝင် အဆင့် ၏ မြင့်မြတ်သော ရုပ်ခန္ဓာ ကို ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း၊ ၎င်းမှာ သူ အမှန်တကယ် ပြိုင်ဘက်ကင်း ဖြစ်သွားပြီဟု မဆိုလိုချေ။
မြင့်မြတ်သော နတ်ဘုရား ပုံစံ ကို တစ်လလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
အကယ်၍ သူသည် ဂုဏ်သတင်း မှတ်တိုင် များ ကို အသုံးပြုပါက အချိန်မရွေး နေရာမရွေး မြင့်မြတ်သော နတ်ဘုရား ပုံစံ သို့ ဝင်ရောက်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သူ၏ ဂုဏ်သတင်း မှတ်တိုင် များမှာ ဘီလီယံ ဂဏန်းမျှသာ ရှိပြီး၊ အကြိမ် ရာပေါင်းများစွာ အတွက်သာ လုံလောက်ကာ နောက်ဆုံးတွင် ကုန်ဆုံးသွားမည့် နေ့ရက် တစ်နေ့ ရောက်ရှိလာလေမည်။
"အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု" နတ်ဘုရား စွမ်းရည် သည် အလွန် အစွမ်းထက်ရခြင်း အကြောင်းရင်းမှာ ဂိုဏ်းချုပ် ၏ ဆဋ္ဌမ အဆင့် တာဝန် ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး၊ "အချိန် ကျင့်စဉ်" ဒုတိယတွဲ နှင့် "ဟင်းလင်းပြင် ကျင့်စဉ်" တတိယတွဲ ကို ရရှိခဲ့ခြင်း ကြောင့် ဖြစ်ပြီး၊ အချိန် နှင့် ဟင်းလင်းပြင် စွမ်းအား များကို အကြီးအကျယ် တိုးတက်စေခဲ့ကာ ဤ နတ်ဘုရား စွမ်းရည် ၏ စွမ်းအား ကို မြှင့်တင်ပေးခဲ့သောကြောင့် ဖြစ်၏။
သို့သော် ကျင့်စဉ် အသစ်များ မရှိပါက "အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု" ၏ စွမ်းအား ကို မြှင့်တင်ရန် ခက်ခဲပေလိမ့်မည်။
ဖြစ်နိုင်ခြေ ရှိသည်မှာ ရပ်တန့်သွားနိုင်သည်။
“ရှေ့ဆက်ရမယ့် လမ်းက တော်တော်လေး ခက်ခဲဦးမှာပဲ..”
ယဲ့ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ဒါဆို ဂိုဏ်းချုပ် ရဲ့ သတ္တမ အဆင့် တာဝန် က ဘယ်တော့လောက် ဖြစ်လာမလဲ”
ယဲ့ဖုန်း တစ်ယောက် စဉ်းစားခန်း ဝင်သွားမိတော့၏။
...
မျောလွင့် တောင်တန်းဝယ်..
“ယဲ့ဖုန်း...နင်… ငါ့လက်နဲ့ သေစေရမယ်..”
ကံကြမ္မာရဲ့ သမီးတော် သည် ကြာပန်း ရေကန် ထဲမှ တွားသွား၍ ထွက်လာပြီး သူမ၏ စုတ်ပြတ်နေသော အဝတ်အစား များကို ငုံ့ကြည့်ကာ လက်နှစ်ဖက်ဖြင့် သူမ၏ ခန္ဓာကိုယ် ကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။
အချိန်နှင့် ဟင်းလင်းပြင် တိုက်ခိုက်မှု မှာ အလွန် စွမ်းအားကြီးလှသည်။
သို့သော် ကံကြမ္မာရဲ့ သမီးတော် မှာ အစွမ်းထက်သော သူတော်စင်ထင်ရှား အဆင့် စွမ်းအားရှင် ဖြစ်သဖြင့် ထို တိုက်ခိုက်မှု က သူမကို ပြင်းထန်သော တုန်ခါမှု တစ်ခုသာ ဖြစ်စေခဲ့သည်။ သူမ၏ အဝတ်အစားများ စုတ်ပြတ်သွားသော်လည်း သူမ၏ ခန္ဓာကိုယ် မှာ ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ချေ။
“သမီးတော်... မြူခိုးသူတော်စင် သေသွားပြီ..”
“သူက သူတော်စင် အရှင် ရဲ့ လက်အောက်မှာ ကိုးယောက်မြောက် တပည့် ဖြစ်ပြီး အခု သူ သေသွားပြီ ဆိုတော့... ငါတို့ ဘာဆက်လုပ်ကြမလဲ”
လင်းဝေ သူတော်စင် ဧကရာဇ် မှာ သေဆုံးခြင်း မရှိသေးချေ။
သို့သော် သူ၏ အခြေအနေ မှာလည်း အလွန် ဆိုးရွားလှသည်။
သူ၏ တစ်ကိုယ်လုံးတွင် အားနည်းလှသော မူလ ဝိညာဉ် သာ ကျန်ရှိတော့ပြီး သူ၏ ခွန်အား မှာ သူတော်စင်အဝင် အဆင့် သို့ အနီးစပ်ဆုံး ရောက်ရှိသွား၏။ သင့်တော်သော မြင့်မြတ်သော ရုပ်ခန္ဓာ မရှိဘဲနှင့် သူသည် တစ်သက်တာလုံး ဤအခြေအနေ မျိုးတွင်သာ ရှိနေလေတော့မည်။
သူသည် ရှေးဟောင်း မြင့်မြတ်သော အစစ်အမှန်နဂါး ကဲ့သို့ ကောင်းကင်တာအို အတု ဖြစ်လာရန် အလယ်အလတ် ကမ္ဘာကြီး တစ်ခုမှ တစ်စုံတစ်ဦး၏ ခန္ဓာကိုယ် ကို မသိမ်းပိုက်နိုင်ပါက မည်သည့်အခါမျှ ပြန်လည် ကုစားနိုင်မည် မဟုတ်ချေ။
“ထွက်သွား..”
ယဲ့ဖုန်း ၏ လက်ချက်ဖြင့် ကြာပန်း ရေကန် ထဲသို့ ပြုတ်ကျသွားပြီးနောက် ကံကြမ္မာရဲ့ သမီးတော် အလွန် ဒေါသထွက်နေ၏။ သူမတွင် လင်းဝေ သူတော်စင် ဧကရာဇ် ကို ဂရုစိုက်ရန် စွမ်းအင် မည်သည့်နေရာတွင် ရှိပါတော့မည်နည်း။
သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ကို မိုင်ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားစေသည်။
“ယဲ့ဖုန်း... ဒီနေ့ ငါ့ကို အရှက်ရအောင် လုပ်ခဲ့တဲ့ အတွက် တစ်နေ့ကျရင် ငါ မင်းရဲ့ ခန္ဓာကိုယ် ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်..”
ကံကြမ္မာရဲ့ သမီးတော် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
သူမသည် ယဲ့ဖုန်း ၏ ပြိုင်ဘက်ကင်း ကာကွယ်ရေး ကို ကြောက်ရွံ့သွားပြီး အဖြေရှာရန် အတွက် နောက်ဆုတ်သွားရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ဖုန်း ၏ ပြိုင်ဘက်ကင်း ကာကွယ်ရေး ကို ဖောက်ဖျက်နိုင်မည့် နည်းလမ်း မရရှိမချင်း ကံကြမ္မာရဲ့ သမီးတော် သည် မည်သည့် လှုပ်ရှားမှု မျှ ပြုလုပ်ရန် မစီစဉ်တော့ချေ။
...
မြူခိုးဂိုဏ်း။
ယနေ့ တိုက်ပွဲ အပြီးတွင် လူတိုင်းမှာ ဆေးဝိုင်သောက်ရန် စိတ်မပါတော့ဘဲ တစ်နာရီ ကျော် ကြာပြီးနောက် ဧည့်သည်တော် များမှာ တစ်ဦးပြီးတစ်ဦး ပြန်လည် ထွက်ခွာသွားကြ၏။
နောက်ဆုံးတွင် မြူခိုးဂိုဏ်း ၏ ကြယ် (၄) ပွင့် အဆင့် တက်လှမ်းခြင်း အောင်ပွဲခံ အခမ်းအနား မှာ နိဂုံးချုပ်သွားတော့သည်။
ယဲ့ဖုန်း တောင်ထိပ်တွင် တစ်ယောက်တည်း ထိုင်နေရင်း အလွန် အထီးကျန်ဆန်ကြောင်း ခံစားလိုက်ရသည်။
စိမ်းပြာရောင် တားမြစ်နယ်မြေ။
“သူက သူတော်စင်အဆင့် မဟုတ်ပေမယ့် သူတော်စင် ထက် ပိုသာတယ်... ငါတို့ မရှိတဲ့ အချိန်မှာ ရှန်ကျိုး ကို ယဲ့ဖုန်း မင်းပဲ တာဝန်ယူ စောင့်ရှောက်ပေးလိုက်ပါတော့”
စိမ်းပြာရောင် တားမြစ်နယ်မြေ ၏ သခင် သည် မြူခိုးဂိုဏ်း ရှိရာဘက်သို့ ကြည့်ကာ သူမ၏ လှပသော မျက်နှာပေါ်တွင် ချီးကျူးမှုများ ပြည့်နှက်နေသော အပြုံးဖြင့် တိုးတိတ်စွာ ပြောလိုက်၏။
ကျောင်းယန် နယ်မြေ၌..
“ဒီကောင်လေးက အံ့ဖွယ်ရာ တွေကို ဖန်တီးရာမှာ တကယ်ကို အရမ်း ကျွမ်းကျင်တာပဲ... ဒါကလည်း ငါ သူ့ကို အထင်မမှားဘူး ဆိုတာ သွယ်ဝိုက်ပြီး ပြသနေတာပဲ... သူ ဆက်ပြီးတော့တောင် ထပ်မံ မြင့်တက်လာပြီး အမြင့်ဆုံး အခြေအနေ ကို ရောက်ရှိပါစေ လို့ ငါ ဆုတောင်းပါတယ်”
ကျောင်းယန် ရှေးဟောင်း သူတော်စင် ၏ ကိုယ်ပွား က တိုးတိတ်စွာ ပြောလိုက်သည်။
အခြားသော မြင့်မြတ်သော နယ်မြေ များတွင်လည်း မြူခိုးဂိုဏ်း ဆီသို့ ကြည့်နေသော သူတော်စင်အဆင့် ကိုယ်ပွား များ ရှိကြပြီး တစ်ဦးစီတိုင်းမှာ မတူညီသော မျက်နှာအမူအရာ များဖြင့် ရှိနေကြ၏။
ထျန်းမြောင် မြင့်မြတ်သော နယ်မြေ။
“ဘုန်း...”
“အား…”
ယင်ရူရုံ သည် နှစ်ပေါင်း ငါးထောင် သက်တမ်း ရှိသော ပန်းအိုး တစ်လုံးကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“သူတော်စင် မဟုတ်ဘဲနဲ့ သူတော်စင် ကို သတ်နိုင်တယ် ဆိုတော့... ယဲ့ဖုန်းသာ ငါ့ကို သတ်ချင်ရင် မြင့်မြတ်သော လက်နက် ရှိရင်တောင် ငါ မတားနိုင်ဘူး”
ယင်ရူရုံ ၏ မျက်နှာမှာ မှိုင်းညို့နေ၏။
သူမ၏ လက်ထဲတွင် ရှိသော မြင့်မြတ်သော လက်နက် ကို ငုံ့ကြည့်ရင်း သူမ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေတော့သည်။
...
အခမ်းအနား တွင် ယဲ့ဖုန်း သည် တိုက်ပွဲ တစ်ပွဲတည်းဖြင့် နတ်ဘုရား ဖြစ်လာခဲ့လေပြီ။
သူ၏ သတင်းများမှာ ရှန်ကျိုး တစ်ဝှမ်းလုံး သို့ ထပ်မံ ပျံ့နှံ့သွားခဲ့ပြီး ရက်အနည်းငယ် အတွင်းမှာပင် မြူခိုးဂိုဏ်း အတွက် ဂုဏ်သတင်း မှတ်တိုင် ဘီလီယံ ပေါင်းများစွာ ကို ရိတ်သိမ်းနိုင်ခဲ့၏။
ယုံကြည်မှုစွမ်းအား မှာလည်း ကောင်းကင်ဧကရာဇ် အဆင့် သို့ တဟုန်ထိုး မြင့်တက်လာပြီး လျင်မြန်စွာ တိုးပွားနေဆဲပါပင်။
ယဲ့ဖုန်း သည် အချက်အလက် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်သည်။
[ဂိုဏ်း၏ ဂုဏ်သတင်း မှတ်တိုင် - (၆.၈၉၅) ဘီလီယံ]
[ယုံကြည်မှုစွမ်းအား - (၆၉၃.၂) ဘီလီယံ]
“ရှန်ကျိုးတိုက်ကြီး မှာ လူဦးရေ သန်းပေါင်း များစွာ ရှိနေတာတောင် ဂုဏ်သတင်း မှတ်တိုင် က ဘီလီယံ (၁၀၀) တောင် မပြည့်သေးဘူး... သိပ်နည်းလွန်းတယ်”
ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားရ၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ပတ်လည် မိုင်ပေါင်း သောင်းချီ အကွာအဝေး တွင် လူဦးရေ ဘီလီယံ (၁၀၀) နီးပါး ရှိသော်လည်း ယခုအချိန်အထိ မြူခိုးဂိုဏ်း ကို အသိအမှတ်ပြုသော သူမှာ ဘီလီယံ (၇၀) ခန့်သာ ရှိသေးသည်။
အခြား နေရာများ အတွက်မူ စုစုပေါင်း ဘီလီယံ (၂၀) ခန့်သာ ပံ့ပိုးပေးထား၏။
ဤသည်က ယဲ့ဖုန်း ကို အလွန် ဒေါသထွက်စေသည်။
“ဖြစ်နိုင်တာက လူအများစု က အလကား ကြည့်နေကြလို့ ဂုဏ်သတင်း မှတ်တိုင် တွေက ဒီလောက် နှေးနှေး တိုးတက်နေတာ ဖြစ်မယ်... ဟင်..”
ယဲ့ဖုန်း ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ဂုဏ်သတင်း မှတ်တိုင် များ တိုးတက်လာသည့်နှုန်းမှာ မြင့်တက်လာကြောင်း သူ သဘောပေါက်သွားပြီး လက်ရှိတွင် တစ်ရက်လျှင် ဘီလီယံ (၃) တိုးတက်နေကာ တည်ငြိမ်သော မြင့်တက်မှု လမ်းကြောင်း တစ်ခု ရှိနေတော့၏။
ဤအတိုင်းသာ ဆက်သွားမည် ဆိုပါက (၁၀) ရက် သို့မဟုတ် လဝက် အတွင်း ဘီလီယံ (၁၀၀) ကို ကျော်လွန်သွားလေမည်။
ထိုအချိန်ရောက်လျှင် ဝိညာဉ်သားရဲဆောင် ကို ထပ်မံ အဆင့်မြှင့်တင် နိုင်တော့မည် ဖြစ်၏။
“ဒါတွေကို ခဏ ဖယ်ထားလိုက်တော့မယ်”
“အခု မိုးကြိုးရေကန် နန်းတော် မှာ စွမ်းအင် တွေ အပြည့် စုစည်းပြီးပြီ ဆိုတော့... အဆင့် (၂) တပိုင်းသူတော်စင် ဖြစ်ဖို့ တက်လှမ်း လို့ ရပြီ”
ယဲ့ဖုန်း အလွန် ဝမ်းသာသွား၏။
အခြား ကျင့်ကြံသူ များမှာ အုပ်ချုပ်သူ အဆင့် ရှိ မူလစွမ်းအား မရှိဘဲ စုဆောင်းရန် အချိန် လိုအပ်သဖြင့် တပိုင်းသူတော်စင် အဆင့်တွင် နှေးကွေးစွာ တိုးတက်ကြ၏။
ယဲ့ဖုန်း တစ်ဦးတည်းသာ ဒြပ်စင် (၅) ပါးလုံး ကောင်းကင်ဧကရာဇ် အဆင့် သို့ ရောက်ရှိမှသာ ပထမဆုံး ခြေလှမ်း ကို စတင်ရဲခြင်းပင်။
သို့သော် ဤ ကျင့်ကြံခြင်း နည်းလမ်း မှာ အပြီးပြည့်စုံဆုံး ပင် ဖြစ်၏။
“ငါ့အတွက် ပေါင်းစပ်ပေး..”
ယဲ့ဖုန်း သည် ကျပန်း ဂုဏ်သတင်း မှတ်တိုင် (၁၀) သန်းကို အသုံးပြုကာ မြင့်မြတ်သော နတ်ဘုရား ပုံစံ သို့ ဝင်ရောက်ပြီး ပြိုင်ဘက်ကင်း ကာကွယ်ရေး ဖြင့် တည်ငြိမ်အောင် လုပ်ဆောင်ကာ၊ နတ်ဘုရား အာရုံ စွမ်းအား နှင့် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား တို့ကို ပေါင်းစပ်၍ ရရှိလာသော နတ်ဘုရား ဝိညာဉ် စွမ်းအား ကို နေမင်း၏ စွမ်းအား နှင့် ပေါင်းစပ်လိုက်၏။
အောင်မြင်သွားပါက ၎င်းမှာ နေမင်း နတ်ဘုရား စွမ်းအား ဖြစ်လာတော့မည် ဖြစ်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
မူလစွမ်းအား များ ပေါင်းစပ်ခြင်း လုပ်ငန်းစဉ် မှာ အလွန် အကြမ်းပတမ်း ဖြစ်ပြီး အခြား တပိုင်းသူတော်စင် များထက် အဆပေါင်း များစွာ ပိုမို ကြောက်စရာ ကောင်းလှသည်။
သူတော်စင်အဆင့် တစ်ယောက်ပင်လျှင် ၎င်းကြောင့် မျက်နှာပျက်သွားနိုင်သည်။
“မူလစွမ်းအား နှစ်ခု ပေါင်းစပ်တာလေးကတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ဖြစ်ပေါ်စေနိုင်တာ... တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ” ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွား၏။
မြင့်မြတ်သော နတ်ဘုရား ပုံစံ ဖြင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ် မှာ ချောမွေ့စွာ ပြီးဆုံးသွား၏။
နာရီဝက် ကြာပြီးနောက်..
မှေးမှိန်သော ရွှေရောင် အငွေ့အသက် တစ်ခုသည် ယဲ့ဖုန်း ၏ ပတ်လည်တွင် ဖြည်းညင်းစွာ လည်ပတ်နေပြီး နေမင်း နတ်ဘုရား စွမ်းအား တည်ရှိနေကြောင်း ညွှန်ပြနေတော့သည်။
“တီ..တီ...”
ယဲ့ဖုန်း သည် နေမင်း နတ်ဘုရား စွမ်းအား ကို ထိတွေ့လိုက်ပြီး ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် ထဲသို့ စုပ်ယူလိုက်ရာ မရေမတွက်နိုင်သော မိုးကြိုးများမှာ သူ၏ အရေပြား၌ တောက်ပနေတော့၏။
“မိုးကြိုးရေကန် နန်းတော်... ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ရဲ့ စွမ်းအား ကို အမြင့်ဆုံး အထိ မြှင့်တင်လိုက်”
ယဲ့ဖုန်း အမိန့်ပေးလိုက်သည်။
မိုးခြိမ်းသံများ စတင် ထစ်ချုန်းလာ၏။
ရှန်ကျိုးတိုက်ကြီး ၏ တောင်ပိုင်း ဒေသတွင် ကောင်းကင် မျက်လုံး ကို ဖွင့်ထားသော ကျင့်ကြံသူ အားလုံးသည် နေရောင် နှင့် ကောင်းကင် ကို ဖုံးကွယ်ထားသော မိုင်ပေါင်း သန်းပေါင်း များစွာ ကျယ်ပြန့်သည့် ဧရာမ ကပ်ဘေး တိမ်တိုက် ကို မြင်တွေ့နိုင်လေသည်။
ယဲ့ဖုန်း သည် သူ၏ ကပ်ဘေး ကို စတင် ကျော်ဖြတ်နေတော့၏။
“ဘုရားသခင်..”
“ဂိုဏ်းချုပ်ယဲ့ က အဆင့် (၁) တပိုင်းသူတော်စင် အဖြစ် တက်လှမ်းပြီးတာနဲ့ အဆင့် (၂) တပိုင်းသူတော်စင်အဆင့်ကို စတင် စိန်ခေါ်ပြန်ပြီလား..”
အဓိက အင်အားစု အသီးသီး မှ ကျင့်ကြံသူ များမှာ စကားမပြောနိုင် ဖြစ်သွားကြ၏။
ယဲ့ဖုန်း ၏ တက်လှမ်းခြင်း မှာ အရမ်း မြန်ဆန်လွန်းလှသည်။
ဤအတိုင်းဆိုပါက အဆင့် (၃) နှင့် အဆင့် (၄) တပိုင်းသူတော်စင် သို့ တက်လှမ်းရန် အချိန် များစွာ မလိုတော့ချေ။
“အရမ်း နှမြောစရာ ကောင်းတာပဲ..”
“ရှန်ကျိုးတိုက်ကြီး က သူတော်စင်တက်လှမ်းခြင်း ကပ်ဘေး ကို မခံနိုင်ဘူး... မဟုတ်ရင် ယဲ့ဖုန်း ရဲ့ ကောင်းကင်တာအို ကို ဆန့်ကျင်တဲ့ ပါရမီ နဲ့ဆို သူတော်စင်အဆင့် စွမ်းအားရှင် အဖြစ် အမြန်ဆုံး ပေါ်ထွက်လာမှာ”
အချို့မှာ နောင်တ ရနေကြ၏။
“သေစမ်း... ယဲ့ဖုန်း... မင်းက လူမဟုတ်ဘူး..”
စိမ်းပြာရောင် တားမြစ်နယ်မြေ တွင် ရှောင်ချန်းထျန်း သည် မြူခိုးဂိုဏ်း ထံမှ ထွက်ပေါ်လာသော ကြီးမားလှသော ကပ်ဘေး လှိုင်းလုံး များကြောင့် အလွန် အံ့ဩသွားကာ ကျိန်ဆဲလိုက်မိသည်။
ယဲ့ဖုန်း ၏ ကပ်ဘေး မှာ မည်သည့် အနှောင့်အယှက် မျှ မရှိချေ။
သူသည် ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ၏ စွမ်းအား ကို အမြင့်ဆုံး အထိ မြှင့်တင်လိုက်သော်လည်း အနာအဆာကင်းစင်နေပြီး မိုးကြိုး မူလစွမ်းအား များစွာကို လောဘတကြီး စုပ်ယူလိုက်ရာ သူ၏ ရုပ်ခန္ဓာ ခွန်အား မှာ အဆင့် (၃) တပိုင်းသူတော်စင် အဆင့် သို့ တဟုန်ထိုး မြင့်တက်သွားတော့သည်။
မိုးကြိုး အမြောက်အမြား ကို စုပ်ယူပြီးနောက် သူ၏ နေမင်း နတ်ဘုရား စွမ်းအား သည် ဒုတိယ အဆင့် တိုးတက်မှုကို ရရှိသွားပြီး သီအိုရီ အရ တွက်ချက်ထားသည့် တန်ဖိုး ထက် အဆပေါင်း များစွာ ပိုမို အားကောင်းလာခဲ့၏။
ယဲ့ဖုန်း မိုးကြိုးရေကန် မှ ထွက်လာသောအခါ သူသည် သူ၏ လက်သီးကို ဆုပ်ကိုင်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် မှာ ပြိုကွဲသွားပြီး သူ၏ ခန္ဓာကိုယ် ထဲတွင် တိုးပွားလာသော ခွန်အား များဖြင့် ပြည့်နှက်နေတော့သည်။
“နောက်ဆုံးတော့ အဆင့် (၂) တပိုင်းသူတော်စင် ဖြစ်သွားပြီ..”
“အခု... နေမင်း နတ်ဘုရား စွမ်းအား နဲ့ ရုပ်ခန္ဓာ ခွန်အား ကိုပဲ သုံးရင်တောင် အဆင့် (၄) တပိုင်းသူတော်စင် တစ်ယောက်ကို အနိုင်ယူနိုင်တယ်”
“အဆင့် (၃) တပိုင်းသူတော်စင် ကို တက်လှမ်းသွားရင်တော့ တပိုင်းသူတော်စင် အဆင့် မှာ ငါ့ကို ယှဉ်နိုင်မယ့်သူ ရှိမှာ မဟုတ်တော့ဘူး”
“အဆင့် (၄) တပိုင်းသူတော်စင် ဖြစ်လာရင်တော့... သူတော်စင် တွေကို သတ်ဖို့လား... အဟက်... အဲဒါက အခြေခံပါပဲ..”
ယဲ့ဖုန်း သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
“တီ..တီ... ဂိုဏ်းချုပ် အနေနဲ့ အဆင့် (၂) တပိုင်းသူတော်စင် သို့ တက်လှမ်းနိုင်ခဲ့တဲ့ အတွက် ဂိုဏ်းချုပ်ရဲ့ သတ္တမ အဆင့် တာဝန် ကို ဖော်ထုတ်လိုက်ပါပြီ..”
စနစ် ၏ အသိပေးချက် ထွက်ပေါ်လာ၏။
ယဲ့ဖုန်း သည် အံ့ဩသွားပြီးနောက် စိတ်လှုပ်ရှားသွားတော့သည်။
လာပြီ.. နောက်ဆုံးတော့ တာဝန် အသစ် ရောက်လာပြီ..
ဤတာဝန် ကို ပြီးမြောက်ပြီးနောက် အချိန်-ဟင်းလင်းပြင် ကျင့်စဉ် ၏ နောက်ဆက်တွဲ ကို ရရှိနိုင်မလား သို့မဟုတ် ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအား အသစ် ကို ရရှိနိုင်မလား။
ယဲ့ဖုန်း အလွန် မျှော်လင့် နေမိတော့သည်။
--