အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) ရှန်ဟိုင်းမှ ကြေးနန်းစာ
"အင်း... အရသာရှိသားပဲ..."
ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းများ၌ ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာကာ သူ ၏ လေသံမှာ များစွာ နူးညံ့သွားခဲ့လေသည်... ။
"နောက်နေ့ကျရင် မင်း သိမ်းထားဖို့အတွက် ကိုယ် ထပ်ဝယ်ပေးမယ်လေ... အဲ့ဒါဆိုရင် ဆန်ပြုတ်နဲ့ ဟင်းရည် ချက်တဲ့အခါ အဆင်ပြေသွားမှာပေါ့..."
သူသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား ခေတ္တမျှ ရပ်တန့်သွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်...။
"ဒါနဲ့ စကားမစပ်... မင်းရဲ့ အပ်ချုပ်ဆိုင်က အခြေအနေ ဘယ်လိုရှိလဲ... ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အပင်ပန်းမခံနဲ့ဦးနော်..."
"လတ်တလောကတော့ တော်တော်လေး အလုပ်များနေတယ်... ဆောင်းဦးပေါက်ကတည်းက အထည် သစ် ချုပ်တဲ့သူတွေနဲ့ ပြင်ခိုင်းတဲ့ ဖောက်သည်တွေ ပိုများလာတယ်လေ..."
ခေတ္တမျှ စဉ်းစားပြီးနောက် ထျန်ရှောင်ယာက တိုးညှင်းစွာ ပြန်ဖြေလိုက်လေသည်...။
"ဒါပေမဲ့ လီလီ့ကို ကျွမ်းကျင်တဲ့ အန်တီအနည်းငယ်လောက် ထပ်ရှာခိုင်းထားတယ်... သူတို့အားလုံးက မြန်ဆန်သွက်လက်ကြပြီး ရိုးသားယုံကြည်ရတဲ့ လူတွေချည်းပဲ... ဆိုင်က အလုပ်များနေပေမဲ့လည်း ဖရို ဖရဲတော့ ဖြစ်မနေပါဘူး..."
"ကောင်းပြီလေ... ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးနဲ့... ပြီးတော့ ပင်ပန်းတဲ့အထိလည်း မလုပ်နဲ့ နော်..." ဟု ကျိုးချန်ယဲ့က ညင်သာစွာ အကြံပြုလိုက်လေသည်။
"စိတ်မပူပါနဲ့... ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မ သိပါတယ်..."
ထျန်ရှောင်ယာသည် သူမ၏ ပြန့်ပြူးနေသော ဗိုက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ နှုတ်ခမ်း ထက်၌ နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့လေ၏...။
"အခုလောလောဆယ် ကျွန်မက ဒီဇိုင်းပုံကြမ်းတွေပဲ ဆွဲပေးတာပါ... အန်တီတွေက အဝတ်ညှပ်တာနဲ့ အဝတ်ချုပ်တာတွေကို တာဝန်ယူပေးတော့ ကျွန်မ မပင်ပန်းပါဘူး..."
"ပြီးတော့ မရီးဝမ်ကလည်း ဆိုင်က ကိစ္စတွေကို ကူညီပြီးကြည့်ပေးတော့ ကျွန်မ တော်တော်လေး စိတ်အေးရတယ်လေ..."
ကျိုးချန်ယဲ့သည် ဝမ်တာ့ကျွမ်း၏ ဇနီးကို တွေးမိလိုက်ရာ ထိုဇနီးမောင်နှံ နှစ်ဦးစလုံးမှာ ရိုးသားသူများ ဖြစ်ကြပေသည်။ သူက ပြုံးလျက် ပြောလိုက်လေသည်...။
"အင်း... မရီးဝမ်ရဲ့ အပ်ချုပ်စွမ်းရည်က အပ်ချုပ်သမားဟောင်းလောက် မကောင်းပေမဲ့ သူ့ရဲ့ အကျင့် စရိုက်ကတော့ အပြစ်ဆိုစရာ မရှိအောင် ရိုးသားပါတယ်..."
"ပီကင်းမှာ တစ်နှစ်ကျော်လောက် နေလာရတော့ လောကကြီးအကြောင်းကို အများကြီး သိလာပြီး လူ တွေနဲ့ ဆက်ဆံတဲ့အခါ ပိုပြီး ပါးနပ်လာတယ်လေ... အရင်တုန်းကလို သတ္တိကြောင်တဲ့သူ မဟုတ်တော့ ဘူး..."
"ဖြစ်နိုင်မယ်ဆိုရင် သူတို့ကို တဖြည်းဖြည်း လေ့ကျင့်ပေးပြီး စီမံခန့်ခွဲရေး ရာထူးတွေကို တိုးပေးလို့ရ တယ်လေ... အလုပ်တာဝန်တွေကို ခွဲဝေပေးနိုင်တဲ့ အရည်အချင်းရှိတဲ့သူ ရှိနေရင် မင်းအတွက် အများ ကြီး သက်သာသွားမှာပေါ့..."
ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာသည် မျက်တောင်လေး ညင်သာစွာ ခတ်လိုက်ပြီး အနည်း ငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်...။
"အစ်ကို ဆိုလိုတာက အရင်တုန်းက ဆိုင်တွေမှာရှိတဲ့ မန်နေဂျာမျိုးကို ပြောတာလား..."
"ဒါပေမဲ့ ကျွန်မတို့ရဲ့ အပ်ချုပ်ဆိုင်က အစကတည်းက အရမ်းမကြီးပါဘူး... စုစုပေါင်းမှ လူဆယ်ယောက် ကျော်လောက်ပဲ ရှိတာလေ... အခုချိန်မှ မန်နေဂျာ တစ်ယောက် ခန့်လိုက်မယ်ဆိုရင်... အရမ်းများလွန်း မနေဘူးလား..."
ဇနီးဖြစ်သူ၏ စကားကို ကြားသောအခါ ကျိုးချန်ယဲ့သည် တိုးညှင်းစွာ ရယ်မောလိုက်ပြီး လက်ကိုဆန့် ထုတ်ကာ သူမ၏ ဆံပင်များကို ဖွလိုက်ရာ သူ၏ မျက်ဝန်းများတွင် သေချာမှုများ ပြည့်နှက်နေခဲ့လေ ၏...။
"အရူးမလေး... ဆိုင်က သေးနေသေးတော့ တဖြည်းဖြည်း အစီအစဉ်ဆွဲရမှာပေါ့... မင်းရဲ့ အရည်အချင်း နဲ့ အမြော်အမြင်ကို ကိုယ် ယုံကြည်တယ်... အပ်ချုပ်ဆိုင်ကို အနှေးနဲ့အမြန်တော့ တိုးတက်လာအောင် လုပ်နိုင်မှာပါ..."
"ဒါကို ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပါ... နောက်ပိုင်း ဆိုင်ခွဲတွေ ဖွင့်တဲ့အခါ စီမံခန့်ခွဲမှု အတွေ့အကြုံတွေ စုဆောင်းရာမှာလည်း အထောက်အကူ ဖြစ်စေမှာလေ... အရေးကြီးဆုံး ကတော့ မင်းအတွက် ပိုပြီး သက်သာသွားစေမှာပဲ..."
ခင်ပွန်းဖြစ်သူ၏ မျက်ဝန်းများကို ကြည့်ရင်း ထျန်ရှောင်ယာ၏ ရင်ထဲတွင် နွေးထွေးသွားခဲ့ပြီး ၎င်းတို့ထဲမှ အပြည့်အဝ ယုံကြည်မှုနှင့် ထောက်ခံအားပေးမှုတို့ကို မြင်တွေ့လိုက်ရလေသည်။
မူလက သူမသည် အပ်ချုပ်ဆိုင်ကို ကောင်းစွာ လည်ပတ်နိုင်ရန်နှင့် တည်ငြိမ်သော ဘဝတစ်ခုတွင် နေထိုင်ရန်သာ ဆန္ဒရှိခဲ့သော်လည်း ယခုအခါတွင်မူ သူမ၌ မျှော်လင့်ချက် အနည်းငယ် ရှိလာခဲ့ပြီ ဖြစ် ပေသည်။
သူမက ပြုံးလိုက်ပြီး ကျိုးချန်ယဲ့၏ လက်မောင်းကို ညင်သာစွာ ထိုးလိုက်လေသည်...။
"အစ်ကိုက အရမ်းတွေးခေါ်တတ် တာပဲ... ကျွန်မ သေချာ စဉ်းစားရတော့မယ်... အစ်ကို့ကို စိတ် မပျက်စေရပါဘူး..."
လူကြီးများ ပြောနေသည်ကို နားမလည်နိုင်သော ကျောက်ခဲလေးမှာ မိဘများကို မော့ကြည့်ကာ တခစ်ခစ်ဖြင့် လိုက်လံ ရယ်မောနေခဲ့လေသည်။
——————————
ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျိုးချန်ယဲ့သည် ရှန်ဟိုင်းမှ ပေးပို့လိုက်သော ကြေးနန်းစာကို နောက်ဆုံးတွင် လက်ခံရရှိခဲ့လေသည်။
တရုတ်စာလုံး အနည်းငယ်သာ ပါရှိသော ပါးလွှာသည့် စာရွက်တစ်ရွက်ပင် ဖြစ်လေ၏။
သူသည် ဖခင်ဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သွားရန် တစ်ချက်သာ ကြည့်ရှုလိုက်လေသည်။
သူသည် ကြေးနန်းစာကို သေချာစွာ သိမ်းဆည်းလိုက်ရင်း သူ၏ လက်ကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ထားလိုက်လေ၏။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် လှည့်ကာ ဒုတိယအစ်ကို၏ မုန့်ဆိုင်ရှိရာသို့ လျှောက်သွားခဲ့လေတော့သည်။
သူ မုန့်ဆိုင်သို့ မရောက်မီမှာပင် ကျိုးချန်ဟွမ်သည် သူ့အား စောင့်နေခဲ့သည့်အလား ဆိုင်ထဲမှ ထွက်လာ ကာ သူ၏ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
"ရှောင်ယဲ့..."
ကျိုးချန်ဟွမ်က ကျိုးချန်ယဲ့ရှေ့တွင် ရပ်လိုက်ပြီး အတင်းပြုံးကာ နှုတ်ဆက်လိုက်လေသည်။
သူ၏ မျက်နှာအမူအရာကို ကြည့်ရင်း ကျိုးချန်ယဲ့မှာ ဘာမှမတတ်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက် လေသည်...။
"ခင်ဗျား ရယ်မပြချင်ရင်လည်း အတင်းကြီး လုပ်မနေပါနဲ့..."
ကျိုးချန်ဟွမ်၏ အပြုံးမှာ တစ်စက္ကန့်ခန့် အေးခဲသွားပြီးနောက် ချက်ချင်းပင် ရုပ်တည်သွားကာ သူ၏ ပုံမှန် အေးစက်ပြီး လေးနက်သော အမူအရာသို့ ပြန်လည်ရောက်ရှိသွားခဲ့လေ၏။
သူ၏ အေးစက်သော်လည်း ကြည့်ကောင်းသော မျက်နှာကို ကြည့်ရင်း ကျိုးချန်ယဲ့သည် စိတ်ထဲမှ တိတ် တဆိတ် ခေါင်းညိတ်လိုက်မိလေသည်...။
*ဒီလိုကမှ သူ့ ကြည့်ရတာ ပိုပြီး မျက်စိပသာဒဖြစ်ပြီးတော့ သက်တောင့်သက်သာ ရှိသေးတယ်…*
ကျိုးချန်ယဲ့သည် စကားကို လှည့်ပတ်မနေတော့ဘဲ အိတ်ကပ်ထဲမှ ကြေးနန်းစာကို ထုတ်ကာ ပြုံးလျက် ကမ်းပေးလိုက်လေသည်...။
"နောက်ရက်နည်းနည်းလောက်နေရင် ငါ့မိသားစု ပီကင်းကို လာကြလိမ့်မယ်..."
ကျိုးချန်ဟွမ်က ကြေးနန်းစာကို လှမ်းယူလိုက်ရာ သူ၏ လက်ချောင်းထိပ်လေးများမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး တိုတောင်းသော စာကြောင်းကို အမြန်ဖတ်ရှုလိုက်လေသည်...။
"သုံးရက်နေရင် ပီကင်းကို လာခဲ့မယ်..."
သူ၏ မျက်ဝန်းများမှာ မှောင်မိုက်သွားပြီး ကျိုးချန်ယဲ့အား မော့ကြည့်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်...။
"ငါ ချက်ချင်း ပြန်သွားပြီး အဘိုးနဲ့ အဖေ့ကို ပြောပြလိုက်မယ်... အဲ့ဒီနေ့ကျရင် ဒုတိယဦးလေးကို သွား ကြိုဖို့ မင်းနဲ့အတူ ငါလိုက်ခဲ့မယ်..."
ထိုသို့ပြောပြီးနောက် ကျိုးချန်ဟွမ်သည် စကားဆက်မပြောတော့ဘဲ ခေါင်းအနည်းငယ် ညိတ်ပြကာ လှည့်ထွက်သွားခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် သူ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တိုးညှင်းစွာ သက်ပြင်းချလိုက်လေ သည်။
*ငါက ဒီအထိ ရောက်နေပြီဆိုတော့ မုန့်ဆိုင်က လတ်တလော စီးပွားရေး ဘယ်လိုရှိလဲဆိုတာ ဝင်ကြည့် တာ ပိုကောင်းမယ်...*
သူသည် အထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အန်တီကျောက်က လတ်လတ်ဆတ်ဆတ် ဖုတ်ထား သော မုန့်များပါသည့် ဝါးခြင်းတောင်းကို သယ်ဆောင်ကာ သစ်သားစင်ပေါ်သို့ တစ်ခုချင်းစီ တင်နေ သည်ကို မြင်တွေ့လိုက်ရလေသည်။
အန်တီကျောက်က မော့ကြည့်လိုက်ရာ သူ့ကို မြင်လိုက်ရသဖြင့် လုပ်လက်စများကို ချက်ချင်း ချထား လိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်လေသည်...။
"ရှောင်ယဲ့... ရောက်လာတာကိုး... လာခဲ့လေ... ထိုင်ပါဦး... ချင်းလင်းက အနောက်ဘက် မီးဖိုချောင်ထဲ မှာ မုန့်လုပ်နေတယ်လေ..."
"အန်တီ..."
ကျိုးချန်ယဲ့က ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားကာ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်....
"အစ်ကိုတာ့ရှန်းရော ဘယ်မှာလဲ..."
အန်တီကျောက်က လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော မက်မွန်သီး မုန့်ကြွပ်များကို စင်ပေါ်သို့ ကျွမ်းကျင်စွာ တင်ထားရင်း ပြုံးလျက် ပြန်ဖြေလိုက်လေသည်...။
"တာ့ရှန်းလား... ဖောက်သည်တစ်ယောက်က ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကရင်မ်ကိတ်တစ်ခု အော်ဒါ မှာထားတာ ဒီနေ့ လာပို့ပေးဖို့ ပြောထားတာနဲ့ သူ မနက်အစောကြီးကတည်းက ထွက်သွားတယ်လေ..."
ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်သည်...။
"ဒါဆိုရင် အန်တီ... ကျွန်တော် ဒုတိယအစ်ကို့ကို သွားရှာဖို့ အနောက်ဘက်ခြံဝင်းထဲကို သွားလိုက် ဦးမယ်..."
"သွားလေ... သွားလေ..."
အန်တီကျောက်က ပြုံးလျက် လက်ယမ်းပြကာ ပြောလိုက်လေသည်။
————————————
ကျိုးချန်ယဲ့သည် မီးဖိုချောင် တံခါးဝအထိ လျှောက်သွားလိုက်ရာ အထဲတွင် မီးခိုးများဖြင့် ပြည့်နှက်နေ သည်ကို မြင်တွေ့လိုက်ရလေသည်။ သူက တံခါးအပြင်ဘက်မှ ရပ်ကာ လှမ်းခေါ်လိုက်လေသည်...။
"ဒုတိယအစ်ကို..."
အသံကြားသောအခါ ထျန်ချင်းလင်းက မော့ကြည့်လိုက်ပြီး သူဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချက် ချင်း ပြန်ထူးလိုက်လေသည်....။
"ယောက်ဖ... မင်း ရောက်နေတာကိုး..."
ကျိုးချန်ယဲ့သည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ ဟိုဟိုဒီဒီ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်လေ၏။ မုန့်မျိုးစုံ ဖြင့် ပြည့်နှက်နေသော စဉ်းတီတုံးကို မြင်လိုက်ရသောအခါ သူသည် အနည်းငယ် အံ့အားသင့်သွားမိ လေသည်။
သူက လက်ညှိုးထိုးပြကာ အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်...။
"ဒုတိယအစ်ကို... ဒါတွေ အားလုံးကို အစ်ကို တစ်ယောက်တည်း လုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော်..."
"ဟဲဟဲ..."
ဒုတိယအစ်ကို ထျန်ချင်းလင်းက ခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်လေ၏။ သူသည် လက်ကို တစ်ဝက်လောက် မြှောက်လိုက်မိစဉ်မှာပင် သူ၏ လက်များ၌ ဂျုံမှုန့်ဖြူများ ပေကျံနေကြောင်း ရုတ် တရက် သတိရသွားခဲ့လေသည်။
သူ၏ လှုပ်ရှားမှုများမှာ ရုတ်တရက် ရပ်တန့်သွားပြီး ခေတ္တမျှ ကြောင်အမ်းသွားပုံရကာ အလွန်တရာ ရိုးသားဖြူစင်လှဆုံး ပုံစံပေါက်နေခဲ့ပေသည်။
ဒုတိယအစ်ကို၏ ဘာမှမတတ်နိုင်သော အမူအရာကို ကြည့်ရင်း ကျိုးချန်ယဲ့မှာ အသံထွက်၍ပင် ရယ်မိလုမတတ် ဖြစ်သွားခဲ့လေသည်။
ဒုတိယအစ်ကို ထျန်ချင်းလင်းသည် သူ၏ လက်ပေါ်မှ ပိုလျှံနေသော ဂျုံမှုန့်များကို ခါချလိုက်ပြီး သက် ပြင်းချကာ ဖြည်းညင်းစွာ စကားစလိုက်လေသည်...။
"ဒီအချိန်အတောအတွင်း မင်းရဲ့ ဒုတိယမရီးက မုန့်မလုပ်နိုင်သေးဘူးလေ... ဒါပေမဲ့ ဆိုင်မှာတော့ မုန့်တွေ ပြတ်သွားလို့ မဖြစ်ဘူးပေါ့..."
"အဲ့ဒါကြောင့် လွန်ခဲ့တဲ့ရက်က မင်းရဲ့ ဒုတိယမရီးကို လမ်းညွှန်ခိုင်းပြီး ကိုယ်တိုင် စမ်းလုပ်ကြည့်ခဲ့ တာလေ..."
ထိုသို့ ပြောဆိုနေစဉ် သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် မြင့်တက်လာကာ ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ်ဖြင့် ပြောလိုက်လေသည်...။
"မင်းသိလား... ကိုယ်က မုန့်လုပ်တဲ့ နေရာမှာ တော်တော်လေး ပါရမီ ပါပုံရတယ်..."
ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။
" ဒုတိယမရီး မီးတွင်းထဲက ထွက်လာတာနဲ့ အစ်ကိုတို့နှစ်ယောက် အလှည့်ကျ မုန့်လုပ်လို့ ရပြီလေ... အဲ့ဒါဆိုရင် ဒုက္ခတော်တော် သက်သာသွားမှာပေါ့..."
သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဒုတိယအစ်ကိုထံသို့ လာခဲ့ရသည့် အဓိက အကြောင်းရင်းကို ရုတ်တရက် သတိရသွားကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်...။
"ဒါနဲ့ ဒုတိယအစ်ကို... ခုနက ဆိုင်ရှေ့မှာ အန်တီကျောက် ပြောတာ ကြားလိုက်တယ်... အစ်ကိုတာ့ရှန်း က တစ်ယောက်ယောက်ဆီကို မုန့်သွားပို့ပေးတယ်ဆို..."
ဒုတိယအစ်ကို ထျန်ချင်းလင်းသည် မုန့်နယ်နေခြင်းကို ခေတ္တရပ်လိုက်ပြီး ယောက္ခဖဖြစ်သူအား မော့ ကြည့်ကာ ပြုံးလျက် ပြန်ဖြေလိုက်လေသည်...။
"ဟုတ်တယ်... ငါတို့ဆိုင်မှ ကရင်မ်ကိတ် အသစ်တွေ လုပ်ထားတယ်လေ..."
"အရင်တုန်းက မင်းပြောခဲ့ဖူးတယ်မလား... ဒါကို မွေးနေ့ကိတ်လို့လည်း ခေါ်ပြီး မွေးနေ့ပွဲတွေမှာ သုံးကြတယ်ဆိုတာလေ..."
"ကိုယ်က ဖောက်သည်တွေကို အဲ့ဒီအကြောင်း စမ်းပြီး ပြောပြလိုက်တာ... အံ့သြစရာကောင်းလောက် အောင်ကို တုံ့ပြန်မှုက တော်တော်လေး ကောင်းနေတယ်လေ..."