အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) အဖေကျိုးနှင့် အမေကျိုးတို့ ပီကင်းသို့ ရောက်ရှိလာခြင်း
ထိုသို့ပြောဆိုနေစဉ် သူ၏ လက်မောင်းများ၌ ဂျုံမှုန့်များ ပေကျံနေသည်ကိုပင် သတိမထားမိတော့ဘဲ မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသော အမူအရာတစ်ခု ပေါ်လာခဲ့လေသည်...။
"ဘယ်သူက သိမှာလဲ... ကြေညာလိုက်တာနဲ့ ဒီလွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကိတ်မုန့်လာမှာတဲ့ သူတွေ ရုတ်တရက်ကို များလာတာပဲလေ..."
"ကိုယ်က မုန့်လုပ်ဖို့ အလုပ်များနေတော့ မုန့်သွားပို့တဲ့ တာဝန်က ယောက်ဖဆီကို ရောက်သွားတာပေါ့..."
"ဒုတိယအစ်ကို... မုန့်ဆိုင်လုပ်ငန်းကို တိုးချဲ့ဖို့ စဉ်းစားဖူးလား..."
ကျိုးချန်ယဲ့သည် ဂျုံနယ်ခြင်းကို ကြိုးကြိုးစားစား ပြုလုပ်နေသော ဒုတိယအစ်ကိုအား ကြည့်ကာ ရုတ် တရက် စကားစလိုက်လေ၏။
ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ဂျုံနယ်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ရာ ဂျုံတုံးကြီးမှာ စဉ်းတီတုံးပေါ်သို့ ဘိုင်းကနဲ အသံမည်လျက် ပြုတ်ကျသွားခဲ့လေသည်။
သူသည် ခန္ဓာကိုယ်ကို အမြန်မတ်လိုက်ပြီး ဂျုံမှုန့်များ ပေကျံနေသော ခါးချည်အေပရွန်ပေါ်တွင် သူ၏ လက်များကို ဖြစ်သလို ပွတ်သပ်လိုက်လေသည်။
သူက ချက်ချင်း လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်နှာပေါ်ရှိ ကျေနပ် ဂုဏ်ယူနေမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ကာ အံ့အားသင့်နေသော အမူအရာသာ ကျန်ရစ်နေခဲ့တော့ သည်။
"တိုးချဲ့မယ်ဟုတ်လား... ယောက်ဖ... ဘယ်လိုလုပ် တိုးချဲ့မှာလဲ..."
ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ပြာယာခတ်သွားခဲ့လေတော့သည်။
သူသည် ဤမုန့်ဆိုင်ကို ဖွင့်လှစ်လာခဲ့သည်မှာ အချိန်အတန်ကြာမြင့်နေပြီဖြစ်သော်လည်း သူရရှိနေ သည်မှာ ပင်ပန်းဆင်းရဲစွာ ရှာဖွေထားရသော ငွေကြေးများသာ ဖြစ်လေသည်။
တိုးချဲ့ခြင်း ဟူသော ဤမျှကြီးမားသည့် အကြံအစည်မျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မစဉ်းစားဖူးခဲ့သဖြင့် ဤစကားကို ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် ဗလာကျင်းသွားခဲ့ခြင်းဖြစ် လေ၏။
သို့သော် သူ၏ မျက်ဝန်းများမှာမူ တဖြည်းဖြည်းနှင့် ပို၍ တောက်ပလာခဲ့ပေသည်။ အလွန်တရာကိုပင် တောက်ပနေခဲ့ခြင်း ဖြစ်လေသည်။
ဒုတိယအစ်ကို ထျန်ချင်းလင်းသည် တံထွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ရှေ့သို့ ခြေတစ်ဝက်ခန့် တိုး သွားကာ စိုးရိမ်ထိတ်လန့်မှုနှင့် မျှော်လင့်တောင့်တမှုတို့ ရောယှက်နေသော လေသံဖြင့် ပြောလိုက်လေ သည်...။
"ယောက်ဖ... မင်းမှာ အစီအစဉ် ရှိနေပြီလား... အစ်ကို့ကို အမှန်တိုင်း ပြောစမ်းပါ... ငါတို့ရဲ့ ဆိုင်လေးက တကယ်ပဲ တိုးချဲ့လို့ ရနိုင်မှာလား..."
ဒုတိယအစ်ကို၏ အမူအရာကို ကြည့်ရင်း ကျိုးချန်ယဲ့သည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီးနောက် ...၊
"တကယ်ပါ ဒုတိယအစ်ကို... ကျွန်တော် ဒီကိစ္စကို အလေးအနက်ထားပြီး စဉ်းစားနေတာ ရက်အတော် ကြာနေပါပြီ..."
ဒုတိယအစ်ကို ထျန်ချင်းလင်းသည် တံထွေးကို ထပ်မံ မျိုချလိုက်ပြီး ယောက္ခဖဖြစ်သူအား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့လေ၏။ သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများကြောင့် ဗြောင်းဆန်နေသော် လည်း တစ်ဖက်လူ ဆက်ပြောမည့် စကားများကို မမျှော်လင့်ဘဲ မနေနိုင်ခဲ့ချေ။
သူသည် ဂျုံမှုန့်များ ပေကျံနေသော လက်များကို တင်းကျပ်စွာ ဆုပ်ထားရင်း တိုးညှင်းစွာ ပြောလိုက်လေ သည်...။
"ဒါပေမဲ့ ငါတို့မှာ အရင်းအနှီး သိပ်များများစားစား မရှိဘူးလေ... ပြီးတော့ ငါနဲ့ မင်းရဲ့ မရီး နှစ်ယောက် တည်း ရှိတာ... တကယ်လို့များ တိုးချဲ့လိုက်လို့ အဆင်မပြေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
သူသည် စကားမဆုံးမီမှာပင် ရပ်တန့်လိုက်လေ၏။
သူက အောင်မြင်ချင်စိတ် မရှိ၍ကား မဟုတ်ပေ။ ဆုံးရှုံးသွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေခြင်း ဖြစ်ပြီး သူ အနိုင်နိုင် ကြိုးစားတည်ဆောက်ထားရသော ဤမုန့်ဆိုင်လေး ပျက်စီးသွားမည်ကို စိုးရိမ်နေ သောကြောင့် ဖြစ်ပေသည်။
ထိုအရာကို မြင်သောအခါ ကျိုးချန်ယဲ့သည် စိတ်အေးသွားစေရန် ပြုံးပြလိုက်ပြီး သူ၏ လေသံကို လျှော့ချကာ ပြောလိုက်လေသည်...။
"ဒုတိယအစ်ကို... စိတ်မပူပါနဲ့... ဆိုင်ကို ချက်ချင်း ပြင်ဆင်မွမ်းမံရမယ်လို့ကျွန်တော် ဆိုလိုတာ မဟုတ် ပါဘူး..."
"ကြည့်ပါဦး... ငါတို့ရဲ့ မုန့်တွေက အရသာရှိပေမဲ့ အခုချိန်မှာ ပတ်ဝန်းကျင်က ဒေသခံတွေလောက်ပဲ လာဝယ်ကြတာလေ..."
"ပီကင်းဆိုတာ ဒီလောက် ကြီးမားတဲ့ မြို့ကြီးဖြစ်ပေမဲ့ ငါတို့က ကိုယ့်ရပ်ကွက်ထဲမှာပဲ ဒီစီးပွားရေး လုပ်ငန်းလေးကို လုပ်နေရတာလေ..."
ယောက်ဖဖြစ်သူ၏ စကားများကို ကြားသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ တဖြည်းဖြည်း လေးနက်လာပြီး ကျိုးချန်ယဲ့အား မော့ကြည့်ကာ မေးလိုက်လေသည်...။
"ဒါဆိုရင် မင်းမှာ ဘယ်လို အကြံကောင်းတွေ ရှိနေလို့လဲ..."
"ကျွန်တော် စဉ်းစားထားတာက ဒီလိုပါ... အစ်ကိုတာ့ရှန်းကို ကျွန်တော်တို့ရဲ့ နာမည်ကြီး မုန့်တွေကို နေ့တိုင်း ယူသွားခိုင်းပြီး တခြားလမ်းတွေနဲ့ ဟင်းသီးဟင်းရွက် စျေးတွေရဲ့ ရှေ့မှာ ဆိုင်လေး တစ်ဆိုင် လောက် စမ်းဖွင့်ကြည့်ခိုင်းမလားလို့လေ..."
"သူက ငယ်ရွယ်သန်စွမ်းပြီး အရမ်းကို ရိုးသားတဲ့လူလေ... အဲ့ဒီအပြင် ကျွန်တော်တို့ မုန့်တွေရဲ့ အရသာ ကလည်း ပြောစရာကို မလိုဘူးလေ... စားဖူးတဲ့သူတိုင်းက ကောင်းတယ်လို့ပဲ ချီးကျူးကြတာချည်းပဲ..."
ကျိုးချန်ယဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်လေသည်...။
"အစ်ကိုတာ့ရှန်းက တည်ငြိမ်တဲ့ အလုပ်တစ်ခု ရဖို့ မျှော်လင့်ချက်နဲ့ ပီကင်းကို လာခဲ့တာလေ... ဒါပေမဲ့ ဆိုင်တစ်ဆိုင် ဖွင့်ဖို့ဆိုတာက အရင်းအနှီး အများကြီး လိုအပ်သလို အန္တရာယ်လည်း တော်တော်လေး များတယ်လေ..."
"ကျွန်တော်တို့ရဲ့ နည်းလမ်းနဲ့ဆိုရင် သူ တစ်ပြားတစ်ချပ်မှ ရင်းနှီးစရာ မလိုဘူးလေ... အစ်ကိုတာ့ရှန်းနဲ့ အန်တီကျောက်တို့က ဒီအစီအစဉ်ကို သဘောကျမှာ သေချာပါတယ်..."
သူက ပြုံးလျက် ထပ်မံပြောလိုက်လေသည်...။
"အဲ့ဒီအခါကျရင် ကျွန်တော်တို့က သူ့ကို အမြတ်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ကနေ နှစ်ဆယ်ရာခိုင်နှုန်း အထိ ခွဲပေးလိုက်မယ်လေ..."
"သူ ပိုရောင်းရလေ ပိုရလေဆိုတော့ သဘာဝကျကျပဲ သူက ပိုပြီး စိတ်နှစ်လာမှာပေါ့... အဲ့ဒါဆိုရင် ကျွန်တော်တို့လည်း သူနဲ့အတူ ဝင်ငွေပိုပြီး ရလာနိုင်တာပေါ့..."
ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ပေါင်ကို ရိုက်ကာ ပြောလိုက်လေသည်...။
"ကောင်းပြီလေ... စမ်းကြည့်ကြတာပေါ့..."
သူသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ယောက်ဖဖြစ်သူ၏ စရိုက်လက္ခဏာကို တွေးမိသွားကာ မစိုးရိမ်ဘဲ မနေနိုင်တော့ချေ...။
"ဒါပေမဲ့... ငါ့ယောက်ဖက ရိုးအလွန်းတော့... သူတစ်ယောက်တည်း ဆိုင်ထွက်ရောင်းဖို့ အဆင်ပြေ ပါ့မလား..."
ကျိုးချန်ယဲ့က ပြုံးလိုက်ရာ သူ၏ လေသံမှာ တည်ငြိမ်ပြီး ပြတ်သားနေခဲ့လေသည်...။
"အစ်ကိုတာ့ရှန်းက မလုပ်နိုင်ဘူးဆိုရင်တောင် အန်တီကျောက် ရှိနေသေးတယ်လေ... ဟုတ်တယ် မလား... တကယ်လို့ အန်တီကျောက်က ပီကင်းမှာ အမြဲတမ်း မနေနိုင်ဘူးဆိုရင်တောင် အစ်ကိုတာ့ရှန်းရဲ့ ဇနီး လာပြီး ကူညီပေးလို့ ရတာပဲလေ..."
"အဲ့ဒီအပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို လေ့လာကြည့်ရသလောက်တော့ အစ်ကိုတာ့ရှန်းက အလုပ်ကြိုးစားတဲ့ သူတစ်ယောက်ဆိုတာ ကျွန်တော် မြင်ပါတယ်..."
ထိုစကားကို ကြားသောအခါ ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ ချက်ချင်း မျက်နှာလင်းလက်သွားပြီး စိတ်ထဲမှ တွေးလိုက်မိလေသည်...။ မှန်ပေသည်၊ သူ၏ ယောက်ဖဖြစ်သူ၏ ဇနီးမှာ အလွန်တရာ "ရည်မှန်းချက်ကြီးသော" လူတစ်ဦးပင် ဖြစ်လေသည်။
ထိုအရာကို တွေးမိသွားသောအခါ သူက ပြုံးလျက် ပြောလိုက်လေသည်...။
"ကောင်းပြီလေ... ညကျရင် ငါ သူ့ကို ပြောလိုက်ပါ့မယ်..."
ကျိုးချန်ယဲ့က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်...။
"ဟုတ်ပါပြီ ဒုတိယအစ်ကို... အစ်ကို သင့်တော်သလိုသာ စီစဉ်လိုက်ပါ... ကျွန်တော် ပြန်တော့မယ်..."
သူက ထွက်သွားရန် လှည့်လိုက်စဉ်မှာပင် ဒုတိယအစ်ကို ထျန်ချင်းလင်းက သူ့အား အလျင်စလို လှမ်း ခေါ်လိုက်လေသည်...။
"ယောက်ဖ... ခဏလေး စောင့်ပါဦး..."
ကျိုးချန်ယဲ့သည် ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်လိုက်လေ၏။
ဒုတိယအစ်ကိုသည် လှည့်ကာ စဉ်းတီတုံးဆီသို့ အလျင်စလို လျှောက်သွားလိုက်ပြီး သန့်ရှင်းသော ဆီစိမ် စက္ကူ အနည်းငယ်ကို ယူကာ ချိုမြိန်ပြီး နူးညံ့ကာ အစာကြေလွယ်သော မုန့်အနည်းငယ်ကို သေချာစွာ ရွေးချယ်လိုက်လေသည်။
သူက ၎င်းတို့ကို တစ်လွှာပြီးတစ်လွှာ ထုပ်ပိုးလိုက်ပြီးနောက် ကျိုးချန်ယဲ့၏ လက်ထဲသို့ အတင်းထိုးထည့် ပေးလိုက်ကာ ပြုံးလျက် ပြောလိုက်လေသည်...။
"ရော့... ဒါတွေက နူးညံ့တယ်လေ... ကျောက်ခဲလေးအတွက် ယူသွားပေးလိုက်..."
ကျိုးချန်ယဲ့သည် ငြင်းဆန်ခြင်း မပြုတော့ပေ။ သူက မျက်ခုံးပင့်ပြလိုက်ပြီး ပြုံးလျက် ပြန်ဖြေလိုက် လေသည်...။
"ဒါဆိုရင်... ကျောက်ခဲလေး ကိုယ်စား ဒုတိယဦးလေးကို ကျေးဇူးတင်ပါတယ်ဗျာ..."
စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် သူသည် လှည့်ကာ တန်းတန်းမတ်မတ် ထွက်သွားခဲ့လေတော့ သည်။
————————————
ညစာစားချိန်အတွင်း တစ်မိသားစုလုံး စုံလင်နေချိန်တွင် ဒုတိယအစ်ကိုသည် သူနှင့် ယောက္ခဖဖြစ်သူတို့ စဉ်းစားထားသော အစီအစဉ်ကို အသေးစိတ် ရှင်းပြလိုက်လေ၏။
ထိုစကားကို ကြားသောအခါ အမေကျောက်၏ မျက်နှာမှာ ချက်ချင်းပင် အပြုံးများဖြင့် လင်းလက်သွား ခဲ့ပြီး သူမက အကြိမ်ကြိမ် ခေါင်းညိတ်ကာ ပြောလိုက်လေသည်...။
"ကောင်းလိုက်တာ... အရမ်းကောင်းတာပဲ... ဒီကိစ္စက သတင်းကောင်းပဲလေ..."
ကျောက်တာ့ရှန်းမှာ ဘေး၌ ထိုင်နေရင်း စိတ်လှုပ်ရှားမှုနှင့် ကမန်းကတန်း ဖြစ်မှုတို့ကို တစ်ပြိုင်နက် တည်း ခံစားနေရကာ သူ၏ လက်များမှာ အနည်းငယ် တုန်ယင်နေခဲ့ပေတော့သည်။
သူသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီးနောက် နောက်ဆုံးတွင် တိုးညှင်းသော လေသံဖြင့် ပြောလိုက်လေသည်...။
"ကျွန်တော်... ကျွန်တော် အပြင်ထွက်ပြီး ဆိုင်ထွက်ရောင်းရမှာလား... အဲ့ဒါ အဆင်ပြေပါ့မလား... ကျွန်တော်က စကားပြော မတတ်ဘူးလေ... ပြီးတော့ ကုန်ပစ္စည်းတွေကို ဘယ်လိုအော်ရောင်းရမလဲ ဆိုတာကိုလည်း နားမလည်ဘူး... စကားချိုချိုလေးတွေဆို ပိုတောင် မပြောတတ်သေးတယ်..."
အမေကျောက်က ချက်ချင်းပင် ပြန်ပြောလိုက်ရာ သူမ၏ အသံမှာ ပို၍ပင် ကျယ်လောင်သွားခဲ့လေ သည်...။
"ဘာကို ကြောက်နေရတာလဲ... မနက်ဖြန်ကျရင် မင်းနဲ့အတူ ငါလိုက်ခဲ့မယ်... ဆိုင်ကို အရောင်းမြှင့်တင် ဖို့ ငါကူညီပေးမယ်... မင်းက ဆိုင်ကို ကြည့်ထားပေးရုံပဲလေ..."
"အစ်ကို... စိတ်မပူပါနဲ့... အရင်တုန်းက ရွာထဲမှာဆိုရင် ငါတို့အမေရဲ့ အပြောအဆို ညက်ညောပုံကို လူတိုင်း သိကြတာပဲလေ..."
ဒုတိယမရီး ကျောက်ရှောက်ထင်က ဘေးမှနေ၍ ဝင်ပြောလိုက်လေသည်...။
"ပြီးတော့ ငါတို့ရဲ့ မုန့်တွေက အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာဆိုတော့ အရသာက လည်း တကယ်ကောင်းတယ်လေ... သေချာပေါက် ရောင်းရမှာပါ..."
လူအနည်းငယ်ခန့် အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ဤကိစ္စမှာ နောက်ဆုံး၌ ချောမွေ့စွာ ပြေလည်သွားခဲ့လေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ကျောက်တာ့ရှန်းသည် မုန့်များကို ယူဆောင်ကာ ဆိုင်ထွက်ရန်အတွက် အပြင်သို့ ထွက်သွားခဲ့လေသည်။
————————————
ထိုအချိန်၌ မိုင်ပေါင်းထောင်ချီ ကွာဝေးသော နေရာရှိ ကျိုးမိဘနှစ်ပါးမှာ ပီကင်းသို့ ဦးတည်သွားမည့် အစိမ်းရောင် ရထားပေါ်သို့ တက်ရောက်နေကြပြီ ဖြစ်လေသည်။
ရထားကြီးမှာ လမ်းတစ်လျှောက်လုံး တချွတ်ချွတ် အသံမြည်ကာ ယိမ်းထိုးနေခဲ့ပြီး တစ်ရက်နှင့် တစ်ည တိတိ လှိုင်းဒဏ်ခံခဲ့ရပြီးနောက် နောက်ဆုံးတွင် ပီကင်း ဘူတာရုံသို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာခဲ့လေ တော့သည်။
"ဘော်..."
ရထားဥဩဆွဲသံ ရှည်ကြီး ထွက်ပေါ်လာသည်နှင့်အတူ အမေကျိုးသည် ထိုင်ခုံနောက်ကျောကို အားပြု ကာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်လေ၏။ သူမ၏ ခြေထောက်များမှာ အနည်းငယ် ထုံကျင်နေခဲ့ပြီး သူမက နောက်ပြောင်မပြောဘဲ မနေနိုင်ခဲ့ချေ...။
"နောက်ဆုံးတော့ ရောက်ပြီပေါ့... အသက်ကြီးလာတာကို ငြင်းလို့မရတော့ဘူး... ဒီလောက် ယိမ်းထိုး နေတဲ့ ခရီးစဉ်ကြောင့် ငါ့အရိုးတွေတောင် ပြုတ်ထွက်သွားတော့မလို ခံစားနေရပြီ..."
အဖေကျိုးက သူမအား တွဲထူပေးလိုက်ရာ သူ၏ နှုတ်ခမ်းထက်၌ ဖျော့တော့သော အပြုံးတစ်ခု ပေါ် လာခဲ့လေသည်။
ရောက်လာချိန်တွင် သူ၏ စိတ်ထဲ၌ လေးလံနေခဲ့သော စိုးရိမ်ပူပန်မှုများမှာ အမေကျိုး၏ တစ်ဝက် ညည်းတွားကာ တစ်ဝက် နောက်ပြောင်နေသော စကားများကြောင့် ပျောက်ကွယ်သွားခဲ့ပေသည်။
"ရထားပေါ်က ဆင်းကြစို့... ရှောင်ယဲ့က အပြင်ဘက်မှာ ငါတို့ကို စောင့်နေလောက်ပြီ..."
သူက တိုးညှင်းစွာ သက်ပြင်းချလိုက်ရာ သူ၏ လေသံမှာ နောက်ဆုံး၌ နူးညံ့သွားခဲ့လေ၏။
သူတို့နှစ်ဦးသည် လူအုပ်ကြီးနှင့်အတူ ရထားတွဲထဲမှ ဖြည်းညင်းစွာ တိုးထွက်လာခဲ့ကြပြီး ထွက်ပေါက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရင်းနှီးနေသော ပုံရိပ်တစ်ခုက သူတို့၏ အာရုံကို ဖမ်းစားသွားခဲ့လေ တော့သည်။