← Chapters

အခန်း ၉၁၆

Vol. 62 Ch. 916

အခန်း ၉၁၆

Vol. 62 Ch. 916

အခန်း (၉၁၆) ကောင်းကင်ထိုးဖောက် ဝူထုံသစ်ပင်နှင့် မိစ္ဆာလိပ်ငယ်၏ နတ်ဘုရား စွမ်းရည်များ

ထူးဆန်းသော အင်မော်တယ် မျိုးစေ့မှ ရွှေရောင် အလင်းတန်းများ ခပ်ဖျော့ဖျော့ တောက်ပလာ၏။ ထိုမျိုးစေ့ အတွင်းမှ စိမ့်ထွက်လာသော သက်စောင့်စွမ်းအင် အားလှိုင်းများက လွန်စွာ ပြင်းထန်လွန်းလှသည်။ အဆင့် (၅) ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် နှစ်ခုကို ကျွမ်းကျင် ပိုင်နိုင်ထားပြီး အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ကို လေ့ကျင့်ထားသည့် စုယွီပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်ပေ။

၎င်းက သက်ရှိများ၏ မျိုးရိုး အဆင့်အတန်း ကွာဟချက် တစ်ခု အလားပင်။

အကယ်၍ ဤမျိုးစေ့ကို အပြင်ဘက် ကျင့်ကြံခြင်း ကမ္ဘာသို့ ချပြလိုက်မည် ဆိုပါက ၎င်း ထွက်ပေါ်လာသည့် မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် စစ်ပွဲကြီး တစ်ရပ် သေချာပေါက် ပေါ်ပေါက်လာမည်သာ။

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်နှင့် ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်တို့၏ မျက်နှာ အမူအရာများ ချက်ချင်း ပြောင်းလဲသွား၏။ သူတို့၏ အကြည့်များက စုယွီ၏ လက်ထဲတွင် ရှိနေသော မျိုးစေ့ဆီသို့ ရုတ်တရက် စူးစိုက် ကျရောက်သွားတော့သည်။

မျိုးစေ့မှာ အကြိမ်ကြိမ် အသွင်ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ပြီးနောက် ယခုအခါ မူလ အသွင်အပြင်နှင့် လုံးဝ ကွဲပြား ခြားနားနေခဲ့ပြီ။

အင်မော်တယ် မျိုးစေ့မှာ စိမ်းလန်းသော အရောင်အဆင်း မရှိတော့ဘဲ ဖော်ပြ၍ မရနိုင်သော ရွှေရောင် တာအို နိမိတ် လက္ခဏာများဖြင့် ဖုံးလွှမ်းနေ၏။ ထိုအရာများက ကောင်းကင်ဘုံ၏ ကျမ်းများ အလား ပုံဖော်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် အရှိန်အဝါ တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒါ... ဒါက အင်မော်တယ် မျိုးစေ့လား..."

ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မျက်မှောင်ကြုတ်သွား၏။

သူက ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို တစ်ခဏမျှ အကဲခတ်လိုက်ပြီးနောက် ခေါင်းယမ်းပြကာ ‌ထင်ကြေးပေးလိုက်သည်။

"သိပ်တော့ မတူဘူး... ယုတ္တိဗေဒ အရ ပြောရရင် ဒါက တကယ်သာ အင်မော်တယ် မျိုးစေ့ ဆိုရင်... သူ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကောင်းကင်နဲ့ မြေကြီး တုန်လှုပ်သွားလောက်တဲ့ အမှတ်အသားတွေ ဖြစ်ပေါ်လာပြီး အထွတ်အထိပ် သိုင်းသမားတွေတောင် လုယက် တိုက်ခိုက်ကြမှာ သေချာတယ်..."

"ဒီ အရှိန်အဝါက နည်းနည်း လျှို့ဝှက်ဆန်းကြယ်ပေမဲ့ အဲဒီလောက် အဆင့်မြင့်တဲ့ မျိုးစေ့တော့ မဟုတ်တန်ရာဘူး..."

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မျိုးစေ့ကို အကဲခတ်လိုက်ပြီးနောက် ထို မျိုးစေ့၏ အရှိန်အဝါများကို ခံစားရင်း ယွဲ့ အင်မော်တယ်မြို့တော်၏ တစ်ဝက်ခန့်အား လွှမ်းခြုံထားသော ဝူထုံကြီး၏ ဧရာမ သစ်ကိုင်းကြီးများဆီသို့ လှမ်းကြည့်လိုက်၏။

အင်မော်တယ်မြို့တော်၏ အထက်၊ ကောင်းကင်နှင့် မြေကြီး ကြားရှိ မှုန်ဝါးဝါး အလင်းရောင် အောက်တွင်... ကျောက်စိမ်းရောင် သုံးပေခန့် ရှည်လျားသော သစ်ကိုင်း တစ်ကိုင်းက မှိန်ပျပျ တောက်ပနေသည်။ ၎င်းက ကျောက်သား အဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သော ဝူထုံကြီး၏ ပင်စည်မှနေ၍ တွဲလောင်းကျကာ ထွက်ပေါ်လာပြီး လောက တစ်ခုလုံးကို အလင်းပေးနေ၏။

ဝူထုံကြီး၏ သစ်ကိုင်း ပထမဆုံး အကြိမ် ပြန်လည် ရှင်သန်လာခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုက သိပ်ပြီး သိသာ ထင်ရှားခြင်း မရှိပါ။

သို့သော် အနည်းငယ်တော့ ကြီးထွားလာခဲ့သည်။

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မျိုးစေ့ကို မြင်လိုက်ရသည့် မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအရာကို ခံစား သိရှိလိုက်ပြီး ဖြစ်၏။

မျိုးစေ့ထံမှ လွင့်ပျံလာသော အရှိန်အဝါက ဝူထုံကြီး၏ ပြန်လည် ရှင်သန်လာသော သစ်ကိုင်းနှင့် တစ်နည်းတစ်ဖုံ ဆင်တူနေခဲ့သည်။

'ဪ... ကျောက်သား ဖြစ်နေတဲ့ ဝူထုံကြီးရဲ့ ရုပ်အလောင်းက ပြန်လည် ရှင်သန်လာနိုင်ရတဲ့ အကြောင်းရင်းက ဒါကိုး...'

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က သူ့ဘာသာ တိတ်တဆိတ် မှန်းဆလိုက်သည်။

စုယွီ၏ လက်ထဲတွင် ရှိနေသော မျိုးစေ့က ဒဏ္ဍာရီလာ အင်မော်တယ် မျိုးစေ့နှင့် မတူညီကြောင်း ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ပြောဆိုခဲ့သည့် အချက်က အနည်းငယ် ယုတ္တိတန်သော်ငြား ထို အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ဤ မျိုးစေ့မှာ သာမန် ပစ္စည်း လုံးဝ မဟုတ်ကြောင်း ထင်ရှားလှ၏။

သို့မဟုတ်ပါက မရေမတွက်နိုင်သော နှစ်ကာလများစွာ ကျောက်သား အဖြစ်သို့ ပြောင်းလဲနေခဲ့သော ဝူထုံကြီး၏ ပင်စည်ကို ၎င်းက မည်သို့လျှင် ပြန်လည် ရှင်သန်လာစေနိုင်ပါမည်နည်း။

စုယွီ၏ ခန္ဓာမှ စိမ့်ထွက်နေသော သစ်သား တာအို ဝိညာဉ် စွမ်းအားများကို အကဲခတ်လိုက်ပြီးနောက် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ မျက်လုံးများ စူးရှသွားကာ လေးနက် တည်ကြည်စွာဖြင့် မှာကြားလိုက်သည်။

"မင်း ကိုယ်တိုင် အရင် စမ်းသပ်ကြည့်လိုက်ပါ..."

"ဒါပေမဲ့ မှတ်ထား... မင်းရဲ့ စွမ်းရည်နဲ့ ကိုက်ညီသလောက်ပဲ လုပ်ဆောင်ရမယ်..."

"ဝိညာဉ်ခွဲထွက်အဆင့် ကို ချိုးဖြတ်ဖို့ အခက်အခဲ တွေ့ပြီး ဝူထုံကြီးရဲ့ ရုပ်အလောင်းကို သန့်စင်ဖို့ မထိန်းချုပ်နိုင်ဘူး ဆိုရင်... ချက်ချင်း လက်လျှော့လိုက်ဖို့ ဝန်မလေးနဲ့..."

"မင်းရဲ့ နတ်ဘုရားခန္ဓာအတွက် စိတ်ဝိညာဉ် ရတနာကို တခြား အရာတစ်ခုနဲ့ အစားထိုးလိုက်..."

"မဟုတ်ရင် မင်းရဲ့ ဝိညာဉ်က ဝူထုံကြီးရဲ့ ရုပ်အလောင်း ထဲမှာ ပိတ်မိသွားပြီး ဝိညာဉ်ခွဲထွက်အဆင့် ရဲ့ အထက်က နယ်ပယ်ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး..."

ဝိညာဉ်ခွဲထွက်အဆင့် ဆိုသည်မှာ နတ်ဘုရား ဝိညာဉ် တစ်ခုက ရုပ်ဝတ္ထုမဲ့ အခြေအနေမှနေ၍ ရုပ်လုံးပေါ်လာသည့် အသွင်ကူးပြောင်းမှု သက်သက် မဟုတ်ပါ။

၎င်းက နတ်ဘုရားခန္ဓာအတွက် စိတ်ဝိညာဉ် ရတနာ အပေါ်တွင် အခြေခံကာ ဝိညာဉ် ခွဲထွက်ခြင်းကို ဗဟိုပြုပြီး အမြင့်ဆုံး ဝိညာဉ် စွမ်းအားများဖြင့် ပြုစုပျိုးထောင်ထားသော အခြား ခန္ဓာ တစ်ခုကို ဖန်တီးခြင်းပင် ဖြစ်၏။

ဤ အသစ် ထွက်ပေါ်လာသော နတ်ဘုရားခန္ဓာ သည် မိမိ၏ တာအို အခြေခံအုတ်မြစ်နှင့် မွေးရာပါ ပါရမီများကို ပြန်လည် ပုံဖော်နိုင်မည့် ကြီးမားသော အခွင့်အရေး တစ်ရပ် အဖြစ် မှတ်ယူနိုင်သည်။

ဥပမာ ဆိုရလျှင် ဝိညာဉ် အမြစ်၏ အလားအလာ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ကြီးမားလှသော အခက်အခဲများနှင့် ကံကောင်းမှုများဖြင့် အဟန့်အတားများကို ကျော်ဖြတ်ကာ ဝိညာဉ်ခွဲထွက်အဆင့် သို့ ခက်ခက်ခဲခဲ ချိုးဖြတ်လာခဲ့သော ကျင့်ကြံသူ တစ်ဦးနှင့် ဆင်တူ၏။

သို့သော် သူ၏ ကံကြမ္မာက ကောင်းကင်ကိုပင် အံတုနိုင်ခဲ့ပြီး သူ၏ နတ်ဘုရားခန္ဓာအတွက် စိတ်ဝိညာဉ် ရတနာ အဖြစ် အဆင့်မြင့် ကောင်းကင် ရတနာ တစ်ခုကို ရရှိသွားခဲ့ခြင်းပင်တည်း။

၎င်းကို သူ၏ နတ်ဘုရားခန္ဓာ အဖြစ် သန့်စင်လိုက်ပြီးနောက် မူလ ခန္ဓာက နတ်ဘုရားခန္ဓာ ထံမှ စွမ်းအားများကို ပြန်လည် ရရှိလာပေမည်။

ထိုအခါ ကျင့်ကြံခြင်း အမြန်နှုန်းမှာလည်း အဆမတန် မြင့်တက်လာမည်သာ။

နတ်ဘုရားခန္ဓာ ကို ဆက်လက် ပြုစု ပျိုးထောင်ခြင်းဖြင့် ၎င်း၏ ပါရမီများနှင့် တာအို အခြေခံအုတ်မြစ်ကို ပိုမို ကြီးထွားလာစေနိုင်သည်။

တစ်နေ့တွင် နတ်ဘုရားခန္ဓာ နှင့် မူလ ခန္ဓာတို့ တစ်သားတည်း ပေါင်းစည်းသွားကာ အတုအယောင်များကို ချိုးဖျက်ပြီး ပကတိ ပကတိဟင်းလင်းပြင် အဆင့် သို့ တက်လှမ်းနိုင်ခဲ့မည် ဆိုလျှင် နတ်ဘုရားခန္ဓာ သည် မူလ ခန္ဓာကို အသွင်ပြောင်းလဲစေမည့် အံ့မခန်း အခွင့်အရေး တစ်ရပ် ဖြစ်လာမည်မှာ အသေအချာပင်။

ဤ အခွင့်အရေးမှာ ပြီးပြည့်စုံသော အုတ်မြစ်တည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေနှင့် တာအိုနယ်မြေ တို့ကို ဖွဲ့စည်းနိုင်မည့် အခွင့်အရေးများ အလား ကြီးမားလှသည်။

အကယ်၍ စိတ်ဝိညာဉ် ရတနာ၏ အရည်အသွေးကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်မြင့် ဟူ၍ သုံးပိုင်း ခွဲခြားထားမည် ဆိုလျှင် ဤ ရှေးဟောင်း ခေတ်မှ စိတ်ဝိညာဉ် သစ်သားမှာ နတ်ဘုရားခန္ဓာ အတွက် သေချာပေါက် အဆင့်မြင့် နတ်ဘုရားခန္ဓာအတွက် စိတ်ဝိညာဉ် ရတနာ တစ်ခု ဖြစ်နေမည်သာ။

*

စုယွီ အင်မော်တယ်နန်းတော် ထဲမှ ထွက်လာခဲ့ပြီး အင်မော်တယ်မြို့တော်၏ တစ်ဝက်ကို လွှမ်းခြုံထားသော အကြီးအကဲ ဝူထုံကို မော့ကြည့်လိုက်၏။

ထို့နောက် သူက အကြီးအကဲ ဝူထုံကို လေးစားမှု ပြသသည့် အနေဖြင့် ရိုကျိုးစွာ ဦးညွှတ် ဂါရဝပြုလိုက်သည်။

ပြီးနောက် သူသည် အကြီးအကဲ ဝူထုံ၏ ခန္ဓာ အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားကာ တစ်ခါက ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် သူ့ကို ခေါ်ဆောင်သွားခဲ့ဖူးသော ထို စိတ်ဝိညာဉ် အခန်းငယ်လေး အတွင်းသို့ ရောက်ရှိသွားတော့သည်။

စိတ်ဝိညာဉ် အခန်း အတွင်းသို့ ဝင်ရောက်လိုက်သည့် မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီက ပြင်းထန်လှသော သစ်သား တာအို ဝိညာဉ် စွမ်းအင် လှိုင်းလုံးကြီး တစ်ခု သူ့ဆီသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ သူ တစ်ခါက လုံးဝ ခန်းခြောက်အောင် စုပ်ယူခဲ့ဖူးသော အခန်းတွင်းရှိ စိတ်ဝိညာဉ် ရေကန်ကို ကြည့်ကာ သူ အလွန်အမင်း အံ့အားသင့်သွားခဲ့ရ၏။

အကြီးအကဲ ဝူထုံ ကျောက်သား အဖြစ်သို့ ပြောင်းလဲသွားခဲ့မှု ကြောင့် ဤ ရေကန် အတွင်းရှိ စိတ်ဝိညာဉ် အရည်များ၏ အရင်းအမြစ်မှာ ပြတ်တောက်သွားခဲ့သည်မှာ ကာလ ကြာရှည်ခဲ့ပြီပင်။

၎င်းက ပြန်လည် ထွက်ပေါ်လာတော့မည် မဟုတ်ချေ။

သို့သော် ယခု အခိုက်အတန့်တွင်ကား ရေကန် အတွင်း၌ စိတ်ဝိညာဉ် အရည်များ အနည်းငယ် စုဝေးနေခဲ့သည်။

ပမာဏ နည်းပါးနေသေးသော်ငြား...သည်ဖြစ်ရပ်က အကြီးအကဲ ဝူထုံ နောက်တစ်ကြိမ် သစ်ကိုင်း တစ်ကိုင်း ထွက်ပေါ်လာပြီး သက်စောင့် စွမ်းအင်များ ပြန်လည် ရှင်သန်လာခဲ့ပြီးနောက် ဤ စိတ်ဝိညာဉ် ရေကန်မှာ ယင်းကဲ့သို့သော စိတ်ဝိညာဉ် အရည်များကို ပြန်လည် စုဆောင်းနိုင်ပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။

ဤကဲ့သို့သော စိတ်ဝိညာဉ် အရည် မျိုးမှာ ဝိညာဉ်ခွဲထွက်အဆင့် တွင် ရှိနေသော ကျင့်ကြံသူ တစ်ဦး အတွက်ပင် ကျင့်ကြံခြင်းနှင့် ဝိညာဉ် စွမ်းအား များကို မြှင့်တင်ရန် လွန်စွာ ရှားပါး ကောင်းမွန်လှသော သဘာဝ ရတနာ တစ်ပါး ပပါပင်။

ဤအရာက ချီသန့်စင်အိုး အတွင်း၌ စုဆောင်းထားသော စိတ်ဝိညာဉ် အရည်များနှင့်တော့ အနည်းငယ် ကွာခြားလှသည်။

ချီသန့်စင်အိုး အတွင်းရှိ စိတ်ဝိညာဉ် အရည်များတွင် အထွတ်အထိပ် သက်စောင့် စွမ်းအင်များနှင့် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအား အရှိန်အဝါလေး တစ်ခု ပါဝင်နေပြီး ခန္ဓာကို အသွင်ပြောင်းလဲစေနိုင်ကာ သက်တမ်းကို အနည်းငယ် တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။

ရေတို ကာလတွင် ဤ အကျိုးသက်ရောက်မှုများက မသိသာသော်ငြားလည်း ကာလ ကြာရှည်စွာ စားသုံးပြီး သန့်စင်လိုက်မည် ဆိုပါက တဖြည်းဖြည်း စုဆောင်းမိလာမှုက နောက်ဆုံးတွင် အံ့မခန်း အသွင်ပြောင်းလဲမှု တစ်ခုဆီသို့ မုချ ဦးတည်သွားစေလိမ့်မည်။

'တကယ်လို့ ငါသာ ဒါကို နတ်ဘုရားခန္ဓာ အဖြစ် ပြောင်းလဲလိုက်မယ် ဆိုရင်... ဒီ စိတ်ဝိညာဉ် အရည်တွေ စုဆောင်းမိတဲ့ အရှိန် ပိုမြန်လာမလား မသိဘူး...'

စုယွီက က်ြိတ်၍ မှန်းဆလိုက်မိ၏။

သို့ရာတွင် အကယ်၍ သူသာ အကြီးအကဲ ဝူထုံ၏ ခန္ဓာကို နတ်ဘုရားခန္ဓာ အဖြစ် အမှန်တကယ် ပြောင်းလဲနိုင်ခဲ့မည် ဆိုပါက ဤ စိတ်ဝိညာဉ် အရည်များက ဘာများ အရေးပါတော့မည်နည်း။

စုယွီ ချက်ချင်း သဘောပေါက်သွားတော့သည်။

ဤ အတွေးများကို ဖယ်ရှားလိုက်ပြီး သူက စိတ်ဝိညာဉ် အခန်း အတွင်းရှိ စိတ်ဝိညာဉ် ရေကန် အရှေ့တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။

ရွှေရောင် ပုစဉ်းရင်ကွဲ မျက်လုံး နည်းစနစ်ကို စတင် လည်ပတ်လိုက်တော့သည်။

"ဝီ..."

မျက်စိတစ်မှိတ် အတွင်းမှာပင်...

စုယွီ၏ စိတ်အာရုံမှာ လုံးဝ ငြိမ်သက်သွားခဲ့ပြီး သူ၏ အတွေးများက တည်ငြိမ်သွား၏။ သူ နက်ရှိုင်းသော ကျင့်ကြံမှု အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အမျှ ဓာတ်ကြီးငါးပါး နယ်မြေ၊ ဟင်းလင်းပြင် တာအို နယ်မြေ၊ အချိန် တာအို နယ်မြေ စသည့် တာအိုနယ်မြေ များက သူ၏ ပတ်ဝန်းကျင်တွင် စတင် စုဝေးလာတော့သည်။

All Chapters