← Chapters

အခန်း ၉၂၁

Vol. 62 Ch. 921

အခန်း ၉၂၁

Vol. 62 Ch. 921

အခန်း (၉၂၁) ဝိညာဉ်ခွဲထွက် အဆင့်သို့ တက်လှမ်းကာ လေဟာနယ်အား ထိုးခွဲသွားသော သစ်ကိုင်းတစ်ကိုင်း (အပိုင်း-၂)

ထိုအခိုက်အတန့်၌ စုယွီ ၏ မူလဝိညာဉ်မှာ အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးလုမတတ် ရိုက်ခတ်ခံလိုက်ရ၏။

သို့ရာတွင် မကြာမီပင် သတိပြန်လည်လာပြီး သူ၏ ခန္ဓာအား ကာကွယ်ရန် ပြီးပြည့်စုံသော ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်ကို ပြန်လည်ဖွဲ့စည်းလိုက်တော့သည်။ ကြေမွနေသော ခန္ဓာကလည်း လျင်မြန်စွာ ပြန်လည်သက်သာလာလေ၏။

ရှေ့ရှိ ငါးရောင်ခြယ် ကမ္ဘာကြီးအား လှမ်းကြည့်လိုက်ရာ သူ တွေ့မြင်လိုက်ရသည်မှာ အဆုံးအစမဲ့ လေဟာနယ်ကြီးအလား အတားအဆီးမဲ့ ကျယ်ပြောလှသော ငါးရောင်ခြယ် နဂါးငွေ့တန်းကြီးပင်။ ကြောက်မက်ဖွယ် ဓာတ်ကြီး ငါးပါး တာအိုလမ်းစဉ်၏ စွမ်းအားများက သူ၏ ပတ်လည်တွင် ပေါ်ပေါက်လာပြီး သူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် ရိုက်ခတ် တိုက်ခိုက်လာတော့၏။

သူ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာနှင့် တာအိုအုတ်မြစ်တို့ ခံနိုင်ရည်ရှိသော ကန့်သတ်ချက်သို့ ရောက်သည့်တိုင်အောင် စုယွီ ဆက်လက် ရှေ့ဆက်သွားခဲ့ပြီး ထို့နောက် မဟာတာအို၏ ကိုယ်ပိုင်အမှတ်အသားကို ရိုက်နှိပ်လိုက်သည်။

"မဟာယာန အမှတ်အသားဖြစ်ဖို့ နည်းနည်းလေး လိုနေသေးတဲ့ပုံပဲ..."

စုယွီက အနည်းငယ် နှမြောတသ ရေရွတ်လိုက်၏။

သို့သော်လည်း သူ မသိခဲ့ပေ။

တာအိုတစ်ခုနှင့် တစ်ခုကြားတွင် ကွာဟချက် ရှိပေ၏။

အကယ်၍သာ ၎င်းက ဓာတ်ကြီး ငါးပါး တာအိုလမ်းစဉ်ထဲမှ လမ်းစဉ်တစ်ခုတည်းသာ ဖြစ်ခဲ့လျှင် သူ၏ ပြီးပြည့်စုံသော တာအိုနယ်ပယ် အခြေခံဖြင့် ဝိညာဉ်ခွဲထွက် အဆင့်သို့ တက်လှမ်းသည့် ခဏ၌ပင် မဟာတာအို၏ မဟာယာန အမှတ်အသားကို ရရှိနိုင်ပေမည်။

သို့သော် ဓာတ်ကြီး ငါးပါး ပေါင်းစည်းသွားသောအခါ ထိုသို့သော ကြီးမြတ်သည့်လမ်းစဉ်၏ ကောင်းကင်စွမ်းအားကို သာမန်လမ်းစဉ်တစ်ခုနှင့် မည်သို့ နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း။

ဓာတ်ကြီး ငါးပါး လမ်းစဉ်သည် ဟင်းလင်းပြင် သို့မဟုတ် အချိန် တာအိုတို့လောက် လျှို့ဝှက်ဆန်းကြဲကာ ခန့်မှန်းရခက်ခြင်း မရှိသော်လည်း ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အမွေအနှစ်ကား အသေအချာပင် ရှိနေ၏။

မဟာတာအို၏ အမှတ်အသားကို ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက် မဟာတာအို၏ အရှိန်အဝါကို အစဉ်တစိုက် ခံစားသိရှိနိုင်ပြီး မိမိ၏ထိန်းချုပ်မှုအောက်ရှိ မဟာတာအို၏ စွမ်းအားများ အကန့်အသတ်သို့ ရောက်ရှိသွားသည်အထိ မိမိတို့၏ ကိုယ်ပိုင်အမှတ်အသားကို ဆက်တိုက်ဆိုသလို အားဖြည့်ပေးနိုင်တော့သည်။

၎င်းက ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်တို့၏ တာအိုပင်တည်း။

ပကတိ ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိသွားသောအခါ မဟာတာအို၏ အမှတ်အသားသည် တာအိုစင်မြင့်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

ထို့ပြင် စုယွီသည် သိုင်းကျမ်းတစ်သောင်း မျှော်စင်ရှိ ရှေးပညာရှင်တို့၏ မှတ်တမ်းတစ်ခုတွင် တာအို ပေါင်းစည်းနယ်ပယ် တာအိုဘုရင်များနှင့် ပတ်သက်၍ မြင်တွေ့ခဲ့ဖူး၏။

တာအို ပေါင်းစည်းနယ်ပယ် အဆင့်တွင် တာအိုနှင့် ခန္ဓာတို့ တစ်သားတည်း ပေါင်းစည်းသွားခြင်းပင်။

တစ်လှမ်းလျှင် အမှတ်အသားတစ်ခု။

တာအိုနယ်ပယ်မှသည် မဟာတာအို၏ အမှတ်အသားဆီသို့ ထိုမှတစ်ဆင့် တာအိုစင်မြင့်ဆီသို့တည်း။

ဒါက ထာဝရရှင်သန်ခြင်း လမ်းစဉ်ပေါ်သို့ လှမ်းတက်မည့် ကျင့်ကြံသူများအတွက် အခြေခံအုတ်မြစ်ပင်။

မိမိ၏ ကန့်သတ်ချက်ကို ခံစားသိရှိလိုက်သည်နှင့် စုယွီ ရှေ့သို့ ဆက်သွားရန် အတင်းအကျပ် မကြိုးစားတော့ပေ။ မဟာတာအို၏ အမှတ်အသားကို ရိုက်နှိပ်ပြီးနောက် သူ၏ အသိစိတ်သည် ခန္ဓာတွင်းသို့ ပြန်လည်ရောက်ရှိလာတော့၏။ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ ရုပ်ခန္ဓာနှင့် တာအိုအရှိန်အဝါတို့၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာတွင် အလွန်ထူးကဲလှသော ထာဝရစွမ်းအား အရှိန်အဝါတစ်ခု ထပ်တိုးလာသည့်နှယ် ရှိနေ၏။

သူ၏ ခန္ဓာ အနက်ပိုင်းတွင် မဟာတာအို စွမ်းအား၏ အရိပ်အယောင်များကို မှိန်ဖျော့ဖျော့ မြင်တွေ့နေရဆဲပင်။

သူ၏ ခန္ဓာမှာ ဒဏ်ရာရရှိထားခြင်း မရှိပေ။ ပြောင်းပြန်အားဖြင့် သူ၏ ရုပ်ခန္ဓာ ခွန်အားမှာ အဆင့်တစ်ဆင့်သို့ တက်လှမ်းသွားသည့်နှယ် ခံစားလိုက်ရပြီး လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့်မြေကြီး၏ အမည်မသိ ကြီးမားလှသော စွမ်းအားတစ်ရပ်ကို ဖော်ဆောင်နိုင်စွမ်း ရှိနေတော့သည်။

ထို့အပြင် ဒန်တျန်အတွင်းရှိ သူ၏ မူလဝိညာဉ် ချီစွမ်းအင်များမှာလည်း အသွင်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်လာခဲ့၏။

ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ စွမ်းအား အဖြစ်သို့ အသွင်ပြောင်းသွားရာ ဤထာဝရစွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာလေသည်။

ဒါက ကြီးမားထင်ရှားလှသော အသွင်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်၏။

သို့သော်လည်း စုယွီ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာမှာ နတ်ဘုရားခန္ဓာအဖြစ်သို့ မပြောင်းလဲသေးဘဲ ဝိညာဉ်ကို ခွဲထုတ်ကာ ခဲတည်ထားရုံသာ ရှိသေးသဖြင့် ဤကျင့်စဉ်နယ်ပယ် ကျော်ဖြတ်မှုကား မပြီးဆုံးသေးပေ။

သူ၏ အသွင်ပြောင်းလဲမှုကို နားလည်သဘောပေါက်ပြီးနောက် စုယွီ အာရုံစူးစိုက်လိုက်ရာ ဒန်တျန်အတွင်းရှိ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာက အပြင်သို့ ခြေတစ်လှမ်း လှမ်းထွက်လာတော့၏။

သူ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ နည်းစနစ်ကို အသုံးပြုလိုက်ပြီး ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာအား ဝူထုံသစ်သားခန္ဓာထဲသို့ ပေါင်းစည်းဝင်ရောက်ခွင့် ပြုလိုက်သည်။

ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ပေါင်းစည်းသွားသည်နှင့် စုယွီ၏ ဝူထုံသစ်သားကို သန့်စင်သည့်နှုန်းမှာ ယခင်ကထက် နှစ်ဆနီးပါး မြင့်တက်သွားတော့၏။

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

စုယွီ နယ်ပယ်ကျော်ဖြတ်နေစဉ်အတွင်း ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော်ကို တွေ့ရှိကာ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားလာကြသော မိစ္ဆာမျိုးနွယ်ဝင် အချို့နှင့် ဝင်ရောက်စီးနင်းလိုသည့် လူသားမျိုးနွယ် ကျင့်ကြံသူ တစ်စုကိုပါ ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်က ဖြေရှင်းပေးခဲ့ပြီး ၎င်းတို့အားလုံး ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်၏ လက်အောက်တွင် သုတ်သင်ခံလိုက်ရ၏။

စုယွီ နယ်ပယ်ကျော်ဖြတ်မှု အောင်မြင်သွားပြီး ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာဖြင့် ဝူထုံသစ်သားသန့်စင်မှုကို အရှိန်မြှင့်ကာ နတ်ဘုရားခန္ဓာကို စတင်ဖွဲ့စည်းတော့၏။ ထိုအခိုက် ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်သည် ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော်ကို ဟင်းလင်းပြင် အတွင်း ပုန်းကွယ်စေရန် ဦးဆောင်သွားခဲ့ရာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။

အင်မော်တယ် မြို့တော် ပျောက်ကွယ်သွားပြီးနောက် မကြာမီပင် မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့မှ အစွမ်းထက်သူများက ဤနေရာသို့ လာရောက် စုံစမ်း ထောက်လှမ်းကြလေ၏။

"ဒီနေရာမှာ ရှေးဟောင်း အင်မော်တယ် မြို့တော် အပျက်အစီး တစ်ခု ပုန်းအောင်းနေတယ်လို့ ကောလာဟလ ထွက်နေကြတာ မဟုတ်လား... ဘာလို့ ပျောက်သွားရတာလဲ..."

"ကျစ်... ငါတို့ ခြေတစ်လှမ်း နောက်ကျသွားတာပဲ..."

"ခြေရာလက်ရာတောင် မကျန်ဘဲ ပျောက်သွားတာပဲ... ဒီအင်မော်တယ် မြို့တော်က..."

မိစ္ဆာမျိုးနွယ်ဝင် အချို့က ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်ကြ၏။

ထို့အပြင် အင်မော်တယ် မြို့တော် အပျက်အစီး နယ်မြေ ပျောက်ကွယ်သွားမှုကြောင့် အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်သွားကြသော မိစ္ဆာမျိုးနွယ်ဝင်များနှင့် လူသားမျိုးနွယ် ကျင့်ကြံသူများလည်း ရှိနေကြပေသည်။

အပျက်အစီး နယ်မြေ ပျောက်ကွယ်သွားခြင်းက ၎င်းသည် ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်သွားခြင်း ဟူသော ဖြစ်နိုင်ခြေ တစ်ခုတည်းကိုသာ ညွှန်ပြနေ၏။

ထို့ပြင် ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိသော အင်မော်တယ် မြို့တော် အပျက်အစီး နယ်မြေတစ်ခုက ရိုးရှင်းပါမည်လော။

"မြန်မြန်... ဒီသတင်းကို ပြန်ပို့ကြ..."

ကြက်သေ သေကာ ဝမ်းမြောက်သွားကြသော ဤမိစ္ဆာမျိုးနွယ်ဝင်များနှင့် လူသားမျိုးနွယ်ဝင်တို့က သတင်းကို မိမိတို့၏ မျိုးနွယ်စုများ သို့မဟုတ် နတ်ဂိုဏ်းများဆီသို့ အလျင်စလို ပြန်လည်ပို့ဆောင်လိုက်ကြတော့သည်။

...

ခွန်းလင် ဝိညာဉ် အသိုက် ပေါ်ပေါက်လာပြီးနောက် (၉၈) နှစ်အကြာ။

စုယွီ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာက ဝူထုံသစ်သားနှင့် အောင်မြင်စွာ ပေါင်းစည်းသွားခဲ့ပြီး ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ နည်းစနစ်ဖြင့် ဝိညာဉ်အပင် တစ်ခုလုံးကိုပင် သန့်စင်လိုက်နိုင်သော်လည်း ဤအချိန်၌ စုယွီ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။

သူသည် ဆန်းကြယ်သော အင်မော်တယ် မျိုးစေ့၏ ဝူထုံသစ်သားနှင့် ဆက်နွှယ်မှုကို အားထားရသည့်အပြင် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်းကျင့်စဉ်နှင့် ဓာတ်ကြီး ငါးပါး ကျင့်စဉ်မှ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ နည်းစနစ်တို့ကိုပါ ပေါင်းစပ်ကာ ဤဝိညာဉ်အပင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သော်ငြားလည်း

ဝူထုံသစ်သားကြီးက အလွန် ကြီးမားလေးလံလွန်းနေပြီး ၎င်း၏ခန္ဓာမှာ ယခင်က စွမ်းအားနှင့် သက်စွမ်းအင်များ ကင်းမဲ့နေသည့်တိုင် သာမန်ထက် ကျော်လွန်နေသော အလွန်ထူးကဲသည့် ရတနာတစ်ပါး ဖြစ်နေဆဲပင်တည်း။

အတိုင်းအဆမဲ့သော စွမ်းအားများနှင့် တာအိုအရှိန်အဝါများလည်း ကိန်းဝပ်နေ၏။

စုယွီ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာက အတားအဆီး မရှိ ပေါင်းစည်းသွားခဲ့သော်လည်း သူ၏ ပေါင်းစည်းမှုမှာ ပေတစ်သောင်း မြင့်သော အင်မော်တယ် တောင်ကြီးကို ပင့်မနေသည့် မွေးကင်းစ ကလေးငယ် တစ်ဦးနှင့် တူနေတော့သည်။

အောင်မြင်စွာ သန့်စင်ထားသော ဝူထုံသစ်သားကို ရွေ့လျားလာစေရန် ထိန်းချုပ်ဖို့ ဝေးစွ၊ ၎င်းကို သူ၏ နတ်ဘုရားခန္ဓာအဖြစ် အမှန်တကယ် ပြောင်းလဲပစ်ရန်ပင် စွမ်းအား မရှိသေးချေ။

'ဒီ အကြီးအကဲဝူထုံက ရှေးခေတ်ကာလက အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦး ပိုင်ဆိုင်ခဲ့တာ သေချာတယ်...'

အကြီးအကဲဝူထုံထဲတွင် သူ ထိုးထွင်းမမြင်နိုင်သော အရာ တစ်ခု ပါဝင်နေသည်ဖြစ်ရာ ရှေးဟောင်း အသိဉာဏ်ရှိ ဝိညာဉ်အပင်၏ အစွမ်းထက်ကြီးမြတ်မှုကို သူ အထင်သေးမိနေသေးသည်ပင်။

ထိုအသိနှင့်အတူ စုယွီ၏ နှလုံးသားမှာ တန်လှုပ်သွားတော့၏။

ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်ကပင် သူတောင်မှ ဝူထုံကြီးပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့နိုင်မည် မဟုတ်ဟု မှတ်ချက်ချခဲ့သည်မှာ အံ့သြစရာ မရှိတော့ပါ။ ဒါက အမှန်တကယ်ပင် ဖြစ်နိုင်ပါ၏။

ဤအကြီးအကဲဝူထုံမှာ မရေမတွက်နိုင်သော နှစ်ကာလများစွာ ပြိုလဲပျက်စီးနေခဲ့သည့်တိုင် ၎င်း၏ ခန္ဓာ အကြွင်းအကျန်များက အလွန်အမင်း မာကျောခိုင်ခံ့နေဆဲပင်။

ဆွေးမြေ့ပျက်စီးခြင်း အရိပ်အယောင်လည်း အလျဉ်းမရှိပေ။

'ငါသာ အကြီးအကဲဝူထုံကို ရွေ့လာအောင် ထိန်းချုပ်နိုင်မယ်ဆိုရင်...'

စုယွီ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိတော့သည်။

All Chapters