← Chapters

အခန်း ၉၂၂

Vol. 62 Ch. 922

အခန်း ၉၂၂

Vol. 62 Ch. 922

အခန်း (၉၂၂) - ဝိညာဉ်ခွဲထွက် အဆင့်သို့ တက်လှမ်းကာ လေဟာနယ်အား ထိုးခွဲသွားသော သစ်ကိုင်းတစ်ကိုင်း (အပိုင်း-၃)

ဝူထုံသစ်သား၏ ဟင်းလင်းပြင် အတွင်း၌ စုယွီ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဝူထုံသစ်သား၏ အခြေအနေကို ဂရုတစိုက် အကဲခတ်လိုက်၏။ ယခုအခါ ၎င်းမှာ အခြေခံအားဖြင့် အပြည့်အဝ သန့်စင်ပြီးသွားပြီပင်။

နောက်ဆုံးအဆင့်ကား ဝူထုံသစ်သားကို ထိန်းချုပ်ကာ နတ်ဘုရားခန္ဓာအဖြစ် ပြောင်းလဲသွားစေရန် ချယ်လှယ်ရန်သာ ကျန်တော့သည်။ သို့ရာတွင် သေချာစွာ အာရုံခံကြည့်ပြီးနောက် ဤဝူထုံ နတ်ဘုရား ခန္ဓာကို မကြာမီ အချိန်အတွင်း အမှန်တကယ် အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း သူ သိလိုက်၏။

သူ၏ မူလဝိညာဉ်နှင့် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာတို့က ဤဝူထုံသစ်သားကို ထောက်ပံ့ပေးနိုင်လောက်အောင် အားကောင်းမလာသရွေ့ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း...စုယွီ၏ စိတ်အာရုံက ဝူထုံသစ်သား၏ အသစ် ထွက်ပေါ်လာသော သစ်ကိုင်းလေးထံသို့ စူးစိုက်သွားပြီး သူ၏အတွေး အနည်းငယ် ရွေ့လျားလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသစ်ကိုင်းလေးက သစ်ပင်ပေါ်တွင် ယိမ်းနွဲ့သွားတော့သည်။

ဤသစ်ကိုင်းအသစ်ကိုမူ သူ ထိန်းချုပ်နိုင်စွမ်း ရှိ၏။

စုယွီက ၎င်းအတွင်းသို့ ဝိညာဉ်စွမ်းအားများ စီးဆင်းဝင်ရောက်စေလိုက်သည်နှင့် အသည်းခိုက်မတတ် ကြောက်ရွံ့ဖွယ် နတ်ဘုရားစွမ်းအင်လှိုင်းတစ်ခုက သစ်ကိုင်းပေါ်တွင် စတင်ဖွဲ့တည်လာတော့သည်။

မြစိမ်းရောင် ကောင်းကင်အလင်းတန်းများ စုဝေးလာကာ ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော် တစ်ခုလုံးကို စူးရှတောက်ပသော အစိမ်းရောင် အလင်းဖြင့် ဖုံးလွှမ်းသွားလေ၏။

သစ်ကိုင်း၏ အောက်ဘက်တွင် ဟင်းလင်းပြင်က အဆုံးအစမဲ့ လှိုင်းဂယက်များ ထနေတော့သည်။

သစ်ကိုင်းမှ ညင်သာစွာ ရိုက်ခတ်လိုက်ရုံဖြင့် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ဟင်းလင်းပြင်ကို အပိုင်းပိုင်းအစစ ရိုက်ချိုးပစ်နိုင်မည့် အလားပင်။

ဤစွမ်းအားက အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှ၏။

ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော်၏ အင်မော်တယ်နန်းတော် အတွင်း၌ ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်နှင့် ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်တို့ တစ်ဖန် မျက်လုံးပွင့်လာကြပြီး ဝူထုံသစ်သားမှ ထိုသစ်ကိုင်း၏ လှုပ်ရှားမှုနှင့် ထွက်ပေါ်လာသော မြကမ္ဘာအရောင် ကောင်းကင်အလင်းတန်းကို ခံစားလိုက်ရသောအခါ သူတို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားတော့သည်။

'ဒီကောင်လေးက တကယ်ပဲ ဝူထုံကြီးရဲ့ ရုပ်အလောင်းကို နတ်ဘုရားခန္ဓာအဖြစ် ပြောင်းလဲပစ်လိုက်တာများလား...'

သို့သော် ခဏကြာ အကဲခတ်ပြီးနောက် ပြဿနာကို သူတို့ မြင်တွေ့သွားကြ၏။

ဝူထုံကြီး၏ ရုပ်အလောင်းက မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

အသက်ပြန်ဝင်လာသော ထိုသစ်ကိုင်းငယ်လေး တစ်ခုတည်းကိုသာ စုယွီ ထိန်းချုပ် ကိုင်တွယ်နိုင်ခြင်းပင်။

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မျက်မှောင်အနည်းငယ် ကုတ်လိုက်ကာ ညည်းတွားလိုက်သည်။

"ဒီကိစ္စက နည်းနည်းတော့ ဒုက္ခပေးမယ့်ပုံပဲ..."

ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ မျက်နှာကလည်း အနည်းငယ် ရှုပ်ထွေးသွားပြီး အသံဩဩဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒါကို အောင်မြင်တယ်လို့ သတ်မှတ်ရမလား... ကျရှုံးတယ်လို့ပဲ သတ်မှတ်ရမလား..."

ခဏတာ စဉ်းစားခန်းဝင်ပြီးနောက် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က သက်ပြင်းဖွဖွချကာ တုံ့ပြန်လိုက်သည်။

"ဒီအဆင့်အထိ ရောက်လာတာကတင် ငါ့ရဲ့ မျှော်လင့်ထားမှုတွေကို ကျော်လွန်နေခဲ့ပြီပဲ..."

"သူက ဒီသစ်ကိုင်းကို ထိန်းချုပ်ပြီး ဝူထုံကြီးရဲ့ စွမ်းအားတွေကို စုစည်းနိုင်သေးတယ်... ဒါကို ကျရှုံးတယ်လို့ မသတ်မှတ်နိုင်ဘူး..."

"ဒါပေမဲ့ သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ မူလဝိညာဉ် အခြေအနေအရ ဝူထုံကြီးရဲ့ စွမ်းအား... ပိုတိတိကျကျ ပြောရရင် ဒီနတ်ဘုရား ခန္ဓာရဲ့ စွမ်းအားကို အသုံးပြုဖို့ဆိုရင် သူ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်..."

"ဒီနတ်ဘုရားခန္ဓာကို သူ တကယ် အပြည့်အဝ မထိန်းချုပ်

နိုင်သေးသရွေ့ပေါ့လေ..."

အခြား တစ်ဖက်တွင်မူ စုယွီက သစ်ကိုင်းထံမှ သူ၏ အာရုံစူးစိုက်မှုကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ဝူထုံ နတ်ဘုရား ခန္ဓာ၏ စွမ်းအားကို ခဏတာမျှ စုစည်းလိုက်ရုံဖြင့် သူ၏ စိတ်ဝိညာဉ် အနည်းငယ် ပင်ပန်းနွမ်းနယ်သွားသည့်နှယ် ခံစားလိုက်ရသည်။

စွမ်းအားများ စုစည်းရန် နတ်ဘုရား ခန္ဓာကို ထိန်းချုပ်ပြီး ထိုသစ်ကိုင်းကို အသုံးပြုခြင်းက လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။

သို့သော် စုယွီက ထိုစွမ်းအားကို ယခုလေးတင် ခံစားသိရှိခဲ့ပြီးဖြစ်ရာ လက်ရှိအချိန်၌ပင် ကြီးမားသော ပေးဆပ်မှု လုပ်ရမည်ဆိုလျှင်တောင် ဤဝိညာဉ်ခွဲထွက်အဆင့် နတ်ဘုရား ခန္ဓာက ထိုက်တန်သည်ဟု သူ ခံစားရ၏။

လက်ရှိ မပြည့်စုံသေးသော အခြေအနေမျိုးတွင်ပင် သစ်ကိုင်းပေါ်၌ စုစည်းသွားသော စွမ်းအားမှာ...

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ စီးတော်ယာဉ်ဖြစ်သော နတ်ဘုရားရုပ်တု ကောင်းကင်ပင့် ရွှေချို‌

ဆုတောင်းဆင်ကြီးထက်ပင် များစွာ သာလွန်နေကြောင်း သူ အခိုင်အမာ ခံစားလိုက်ရသည်။

စိတ်ဝိညာဉ် ရတနာအဖြစ် ဝူထုံသစ်သားမှ ဖန်တီးထားသော ဤနတ်ဘုရားခန္ဓာက သူ၏ လျှို့ဝှက်ဖဲချပ် အသစ်တစ်ခု ဖြစ်လာတော့မည်။

အာရုံများကို ပြန်လည်စုစည်းလိုက်ရင်း စုယွီ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားလှိုင်းထန်ကာ စိတ်လှုပ်ရှားသွားတော့၏။

ရှေးယခင် အချိန်ကာလများက ယွဲ့အင်မော်တယ်စံအိမ်မှ အစွမ်းထက် ပုဂ္ဂိုလ် ချန်ရစ်ခဲ့သော ခြေရာလက်ရာများနှင့် အခြေခံအုတ်မြစ်များ ဖြစ်သည့် ဝူထုံသစ်သားအတွင်း ကိန်းဝပ်နေသော သစ်သားဓာတ်၏ တာအိုအရှိန်အဝါများကို စုယွီ ဂရုတစိုက် အာရုံခံလိုက်သည်။

အကယ်၍သာ ၎င်းတို့ထံမှ လျှို့ဝှက်ချက် အချို့ကို ဖော်ထုတ်နိုင်မည်ဆိုလျှင် ဝိညာဉ်ခွဲထွက်အဆင့်သို့ ယခုလေးတင် တက်လှမ်းထားသော သူ့အတွက် အတိုင်းမသိ ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်ပေမည်။

'ဒီနတ်ဘုရားခန္ဓာနဲ့ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ကို ကျင့်ကြံလို့ ရနိုင်မလား...'

စုယွီ ခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်လာတော့၏။

တစ်ချိန်တည်းမှာပင် သူက အတွေးတစ်ချက်ဖြင့် ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို ထုတ်ယူလိုက်သည်။

ထို့နောက် ချီသန့်စင်အိုးကိုပါ ဆင့်ခေါ်လိုက်၏။

ချီသန့်စင်အိုးသည် ယခုအခါ အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်လာခဲ့ပြီ။ အဆင့် (၆) အဆင့်မြင့် ဝိညာဉ်အရည်ကို စုစည်းပေးနိုင်စွမ်း ရှိနေပြီပင်။

အကယ်၍ ဤဝူထုံသစ်သား နတ်ဘုရားခန္ဓာက ချီသန့်စင်အိုးမှ ရရှိသော အဆင့် (၆) အဆင့်မြင့် ဝိညာဉ်အရည်၏ အကူအညီဖြင့် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ကိုသာ ကျင့်ကြံနိုင်မည် ဆိုပါက...ထူးဆန်းသော အင်မော်တယ် မျိုးစေ့လည်း ရှိနေသေးသည်ဖြစ်ရာ မည်သို့သော အသွင်ပြောင်းလဲမှုမျိုးတွေ ဖြစ်လာနိုင်မည်လဲ။

မည်သူ သိနိုင်ပါမည်နည်း။

All Chapters