← Chapters

အခန်း ၉၂၄

Vol. 62 Ch. 924

အခန်း ၉၂၄

Vol. 62 Ch. 924

အခန်း (၉၂၄) အချိန် မဟာတာအို၏ အမှတ်အသား၊ သက်တမ်း နှစ်ခြောက်ထောင် (အပိုင်း-၂)

ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူများ၏ မှော်စွမ်းအင်များထဲတွင် မဟာတာအို၏ နက်နဲသော လျှို့ဝှက်ချက်များ ပါဝင်နေတတ်၏။ ထိုစွမ်းအားများက ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းဆက်သွယ်နိုင်စွမ်း ရှိလှသည်။

သူတို့၏ စွမ်းပကားက မူလဝိညာဉ်အဆင့်မှ အရှင်သခင်များထက် အဆပေါင်းများစွာ သာလွန်လှ၏။

စုယွီ၏ မူလခန္ဓာက မျက်လုံးများ ဖွင့်လိုက်သည်။ အောက်ဘက်ရှိ သူ၏ ဝူထုံသစ်သား ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ကို ငုံ့ကြည့်လိုက်၏။

အချိန်တာအို မြစ်လက်တက်ရှည်ကြီးထဲတွင် သူ မျောပါပျောက်ဆုံးနေခဲ့သော နှစ်ကာလများတစ်လျှောက် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ၏ ကျင့်ကြံမှုက တစ်စက္ကန့်လေးမျှ ရပ်တန့်မသွားခဲ့။

ချီသန့်စင်အိုးထဲတွင် စုဆောင်းထားသော ဝိညာဉ်အရည် အများစုကို သန့်စင်ပြီးနောက် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ စွမ်းအားမှာ ပဉ္စမအကြိမ်မြောက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။ ဒါက ဝိညာဉ်ခွဲထွက်အဆင့်၏ အထွတ်အထိပ် ကျင့်ကြံမှုနှင့် တန်းတူပင်။

ဤစွမ်းအားက စုယွီ၏ မူလခန္ဓာကိုပင် အများကြီး ကျော်လွန်သွားခဲ့လေပြီ။

ထိုအင်အားများက ဝူထုံသစ်သားထဲတွင် မူလကတည်းက ကိန်းအောင်းနေသော အမြင့်ဆုံးစွမ်းအားများထံမှ လာခြင်းမဟုတ်။ စုယွီ ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုကြောင့်သာ ရရှိလာခြင်းသာ။

'ဝိညာဉ်စွမ်းအားတွေ တော်တော်လေး တိုးတက်လာတာပဲ...'

'နောက်တစ်ဆင့်အနေနဲ့ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ က ရွှေရောင် ပုစဉ်းရင်ကွဲ မျက်လုံး နည်းစနစ်ကို အာရုံစိုက် ကျင့်ကြံရမယ်... ဒါမှ နတ်ဘုရားဝိညာဉ်ရဲ့ အစွမ်းကို မြှင့်တင်နိုင်မှာ... ပြီးတော့ အချိန်တာအိုကို နားလည်သဘောပေါက်ပြီး အချိန်တာအို အမှတ်အသားရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ရမယ်...'

စုယွီ တိတ်ဆိတ်စွာ တွေးတောလိုက်၏။ လောလွန်းလျှင် အမှားပါတတ်သည်။ သူ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ က ထိုစွမ်းအားများကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသဖြင့် ရှေ့ဆက်တိုးခြင်းက အကျိုးထက် အပြစ်ကိုသာ ဖြစ်စေလိမ့်မည်။

ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ၏ ဝိညာဉ်စွမ်းအားများ ဝိညာဉ်ခွဲထွက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းကပင် သူ၏ မျှော်မှန်းထားချက်များကို ကျော်လွန်နေခဲ့ပြီ။

နောက်ထပ် ခြေလှမ်းက ပကတိဟင်းလင်းပြင် အဆင့်။ သို့သော် ဝူထုံသစ်သားက ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ သက်သက်သာ။

ပကတိဟင်းလင်းပြင် အဆင့်သို့ တက်လှမ်းရန်အတွက် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ နှင့် မူလခန္ဓာတို့ ပေါင်းစည်းပြီးမှသာ အဆင့်တက်ခြင်းကို စတင်နိုင်မည်။

ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ က အဓိက မဟုတ်။ မူလခန္ဓာကသာ အရေးအကြီးဆုံးအရာပါပင်။ သို့ကြောင့် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ကျင့်ကြံမှု၏ ကန့်သတ်ချက်မှာ ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ်သာ ဖြစ်၏။

ဤနေရာမှစ၍ နတ်ဘုရားဝိညာဉ်နှင့် နတ်ဘုရား ခန္ဓာ၏ အခြေခံအုတ်မြစ်ကိုသာ ဆက်လက် မြှင့်တင်နိုင်တော့မည်။ အဓိက ရည်မှန်းချက်မှာ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ နှင့် မူလဝိညာဉ်တို့ ပေါင်းစည်းမည့်နေ့တွင် မူလခန္ဓာ၏ အခြေခံအုတ်မြစ်ကို အရည်အသွေးပိုင်းအရ အသွင်ပြောင်းလဲနိုင်ရန်ပင်။

၎င်းက ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ တည်ရှိနေခြင်း၏ အခြေခံအကျဆုံးသော ရည်ရွယ်ချက် ဖြစ်သည်။ နတ်ဘုရားဝိညာဉ်၏ စွမ်းပကားကို မြှင့်တင်ခြင်းကလည်း အလွန်အရေးကြီး၏။ သို့မှသာ ဝူထုံသစ်သား၏ စွမ်းအားများကို သူ ပိုမို ထိန်းချုပ်နိုင်လာလိမ့်မည်။ လက်ရှိအချိန်ကဲ့သို့ လက်တစ်ချောင်းမျှပင် မလှုပ်ရှားနိုင်လောက်အောင် အသုံးမကျဖြစ်နေမည် မဟုတ်ပါ။

ယခုမူ အသစ်ပေါက်လာသော သစ်ကိုင်းလေးကိုသာ သူ ထိန်းချုပ်နိုင်ပါသေးသည်။

'သက်စောင့်အနှစ်သာရတွေ ပိုပြီး ကြွယ်ဝလာတယ်... ဗဟိုချက်မှာလည်း နက်နဲတဲ့ အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသလိုပဲ...'

အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ ပဉ္စမမြောက် အလွှာအား ကျင့်ကြံပြီးနောက် ဝူထုံသစ်သားကိုယ်ထည်ရှိ အပြောင်းအလဲများကို စုယွီ ခံစားသိရှိလိုက်၏။

ဤသက်စောင့်အနှစ်သာရများ၏ လွှမ်းမိုးမှုအောက်တွင် ဝူထုံသစ်သားအတွင်း ကိန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုအရှိန်အဝါနှင့် စွမ်းအားများမှာ ပိုမို သိပ်သည်း ထင်ရှားလာပုံရသည်။ အလွန်တရာ ရှုပ်ထွေးနက်နဲလှသော ပုံစံခွက်များကလည်း တစ်စိတ်တစ်ပိုင်း ပေါ်လွင်လာ၏။

၎င်းက တစ်ချိန်က မဟာစွမ်းအားကြီး တစ်ခု ဖြစ်ခဲ့သော ရှေးဟောင်းဝူထုံသစ်သား၏ တာအိုအရှိန်အဝါများကို နားလည်သဘောပေါက်ရန် စုယွီအား များစွာ အထောက်အကူ ပြုလေသည်။

စုယွီ၏ စိတ်အာရုံက ကျွမ်းကျင်မှု အချက်အလက်ပြ မျက်နှာပြင်ဆီသို့ ရောက်ရှိသွားသည်။

[ကျင့်ကြံမှု - ဝိညာဉ်ခွဲထွက်အဆင့် ပထမအလွှာ]

[သက်တမ်း - (၅၁၂ / ၆၅၄၇) နှစ်]

[ကျင့်စဉ်နည်းစနစ်များ - ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ဝိညာဉ်ခွဲထွက်အဆင့် ပထမအလွှာ၊ ကျွမ်းကျင်မှု ၃၈.၈၃ ရာခိုင်နှုန်း)၊ ကောင်းကင်အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ် (အဆင့် ငါး၊ ကျွမ်းကျင်မှု ၂၆.၁၆ ရာခိုင်နှုန်း)၊ သွေးဝေလငါး လမင်းမြို ကျင့်စဉ် (အဆင့် ငါး၊ ကျွမ်းကျင်မှု ၂၀ ရာခိုင်နှုန်း)၊ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံ)... ရွှေရောင် ပုစဉ်းရင်ကွဲ မျက်လုံး ကျင့်စဉ် (အဆင့် ငါး၊ ကျွမ်းကျင်မှု ၁၇.၁၁ ရာခိုင်နှုန်း)၊ ကန်းကျင်း ကောင်းကင် ဓား ကျင့်စဉ် (အဆင့် ငါး၊ ကျွမ်းကျင်မှု ၁၅.၆၄ ရာခိုင်နှုန်း)၊ နတ်ဘုရား ဖြစ်တည် သိုင်းကျမ်း (အဆင့် လေး၊ ကျွမ်းကျင်မှု ၉၉.၇၇ ရာခိုင်နှုန်း)]

[မှော်အတတ်များ - သစ်သားနွယ်ပင် မန္တန် (ပြီးပြည့်စုံ)... ဟင်းလင်းပြင် လွတ်မြောက်ခြင်း နည်းစနစ် (အောင်မြင်မှုအဆင့်၊ ကျွမ်းကျင်မှု ၃၁.၄၁ ရာခိုင်နှုန်း)၊ နတ်ဘုရားအသွင် ပြောင်းလဲခြင်း ကျင့်စဉ် (အဆင့် ငါး ၊ ကျွမ်းကျင်မှု ၃.၄၃ ရာခိုင်နှုန်း)၊ မီးဖီးနစ်၏ ဘဝ ကိုးခု (ကျွမ်းကျင်မှု ၅၂.၄၅ ရာခိုင်နှုန်း)]

ဝူထုံသစ်သားနှင့် အချိန်တာအိုတို့၏ ပေါင်းစည်းမှုကြောင့် ဝိညာဉ်ခွဲထွက်အဆင့်သို့ တက်လှမ်းရန် စုယွီအတွက် နှစ်တစ်ရာကျော် ကြာမြင့်ခဲ့သော်လည်း ရလဒ်များက တန်ဖိုးမဖြတ်နိုင်အောင် ကြီးမားလှ၏။

ဤရှေးဟောင်း ဝိညာဉ်သစ်သား မဟာစွမ်းအားကြီးကို ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ အဖြစ် အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ရုံသာမက။ ဓာတ်ကြီး ငါးပါး တာအိုနှင့် အချိန် မဟာ တာအိုတို့၏ အမှတ်အသားတို့ကိုပါ ဆက်တိုက် ဖွဲ့စည်းနိုင်ခဲ့သည်။

ထိုကာလအတွင်း ဓာတ်ကြီး ငါးပါး နည်းစနစ်ကဲ့သို့သော ကျင့်စဉ်များလည်း တိုးတက်လာခဲ့ပြီး ကျွမ်းကျင်မှု အတိုင်းအတာတစ်ခုအထိ စုဆောင်းနိုင်ခဲ့၏။

ယခုအခါ စုယွီက သူ၏ အဆင့်နိမ့် ဓာတ်ကြီး ငါးပါး ဝိညာဉ်မြစ် ပါရမီဖြင့် ဝိညာဉ်ခွဲထွက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျွမ်းကျင်မှု စုဆောင်းနှုန်းမှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။

အကယ်၍ သူသာ ချီသန့်စင်အိုးထဲမှ ဝိညာဉ်အရည်များကို ပုံမှန်သောက်သုံးပြီး ပဉ္စမအဆင့် ပြီးပြည့်စုံသော အရည်အသွေးရှိ ဆေးလုံးများကို သုံးစွဲ ကျင့်ကြံမည်ဆိုလျှင် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန် အနှစ်ငါးဆယ် ၊ ခြောက်ဆယ်ခန့် ကြာမြင့်နိုင်ပါသည်။

ဤနှုန်းက နှေးကွေးသည်ဟု မဆိုသာ။

သာမန် ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ နှစ်နှစ်ထောင်အထိ ရှိ၏။ ယခင် ဖြတ်သန်းခဲ့သော နှစ်များကို နှုတ်လိုက်လျှင်ပင် သူတို့အနေဖြင့် နောက်ထပ် နှစ်တစ်ထောင်ကျော် အသက်ရှင်နိုင်ပါသေးသည်။

သူ၏ လက်ရှိ ကျင့်ကြံမှုနှုန်းမှာ သာမန် အဆင့်မြင့် ဝိညာဉ်မြစ် ပါရမီရှင်များ၏ နှုန်းထားနှင့် ညီမျှနေပြီ။

စုယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို ဝူထုံသစ်သား ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ထံတွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်၏။ ဝူထုံသစ်သားကို ထိုမျိုးစေ့အား ကျင့်ကြံပြုစုပျိုးထောင်ခွင့် ပြုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အစပိုင်းတွင် ဝူထုံသစ်သားအား ပြန်လည် ရှင်သန်လာစေခဲ့သည်မှာ ဤမျိုးစေ့၏ ကျေးဇူးကြောင့်ပင်။ တစ်နေ့တွင် ဤမျိုးစေ့က ဝူထုံသစ်သား ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာ ၏ ကျင့်ကြံမှုအတွက် ကြီးမားသော အထောက်အကူ ပြုလာနိုင်စွမ်း ရှိသည်။

ထို့နောက် စုယွီက သူ၏ အရှိန်အဝါများကို ထိန်းချုပ်ဖုံးကွယ်ကာ ဤကမ္ဘာလောကထဲမှ ပျောက်ကွယ်သွားတော့၏။

*

ယွဲ့ အင်မော်တယ်နန်းတော်ဝယ်၊

စုယွီက ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်နှစ်ဦးကို ဂါရဝပြုဖို့ ဝင်ရောက်လာခဲ့သည်။ သူ၏ ကျင့်ကြံမှု အဆင့်တက်သွားခဲ့သော်လည်း သူတို့ရှေ့တွင်မူ အကြွင်းမဲ့ ရိုသေလေးစားမှုကို ပြသနေဆဲပင်။

"စီနီယာတို့..."

ပထမနှင့် ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်များက မျက်လုံးများကို ဖွင့်ကာ သူ့ဆီသို့ ကြည့်လာကြသည်။ အပြင်ဘက်ရှိ မိုးထိမတတ် မြင့်မားနေသော ဝူထုံသစ်ပင်ကြီးကိုလည်း တစ်ချက် အကြည့် ပို့လွှတ်လိုက်ကြ၏။

"မင်း တကယ်ပဲ ဝူထုံကြီးရဲ့ မူလခန္ဓာကို ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာအဖြစ် အသွင်ပြောင်းလိုက်တာလား..."

ဒုတိယ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

"မပြီးသေးပါဘူး... ကျွန်တော့်ရဲ့ လက်ရှိ ဝိညာဉ်စွမ်းအားနဲ့ဆိုရင် အကြီးအကဲ ဝူထုံး ချန်ရစ်ခဲ့တဲ့ မူလခန္ဓာကို မထိန်းချုပ်နိုင်သေးပါဘူး... ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားတွေ ပိုပြီး သန်မာလာတဲ့ တစ်နေ့ကျမှပဲ တကယ် ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ..."

စုယွီက ခါးသီးသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

"ဒါဆိုရင် မင်းရဲ့ အင်အားတွေ တစ်ဝက်လောက် လျော့ကျသွားပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား..."

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

စုယွီ ခေတ္တမျှ တွေးတောပြီးနောက် တုံ့ပြန်လိုက်၏။

"အဲဒီလိုတော့ မဟုတ်သေးပါဘူး..."

သူက ဝိညာဉ်ခွဲထွက်အဆင့်တွင် ပိုမိုမြင့်မားသော အလွှာတစ်ခုသို့ တက်လှမ်းခဲ့ပြီး အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ။

ပကတိဟင်းလင်းပြင် အဆင့်မှ စွမ်းအားရှင်များကို မရန်စသရွေ့ ဝိညာဉ်ခွဲထွက်အဆင့်ရှိ အခြားသော အထွတ်အထိပ် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရာတွင် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကို သုံးရန် မလိုအပ်ဟု စုယွီ ခံစားမိသည်။

သို့ရာတွင် အချက်တစ်ချက်ကတော့ လုံးဝ မှန်ကန်နေ၏။ အပြင်ဘက် လောကတွင် သွားလာလှုပ်ရှားရန် မူလခန္ဓာအစား ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကို သူ အစားထိုး အသုံးပြု၍ မရနိုင်သေးပါ။

ထိုအရာကို တွေးမိသည်နှင့် စုယွီ၏ စိတ်ထဲတွင် စိတ်ပိုင်းဖြတ်လိုက်သည်။

'ငါ တာအိုရုပ်သေးကို ဖန်တီးမှ ရတော့မယ်... ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာက အပြင်မှာ မလှုပ်ရှားနိုင်တော့တဲ့အတွက် အစားထိုးအနေနဲ့ တာအိုရုပ်သေးကိုပဲ သုံးနိုင်တော့မယ်...'

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ထပ်မံ၍ စကားမဆိုတော့။

စုယွီ၏ အသံကို ကြားပြီးနောက် သူက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ကာ စုယွီ၏ ခါးရှိ အမှတ်အသား

တံဆိပ်ပြားကို လက်လှမ်းထိလိုက်ပြီး အင်မော်တယ် အလင်းတန်း တစ်ခု ရိုက်နှိပ်ပေးလိုက်၏။

လျှပ်တပြက်ပင် စုယွီ၏ ခါးရှိ အမှတ်အသား

တံဆိပ်ပြားလေး အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

စုယွီက စိတ်ဝိညာဉ်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ယွဲ့အင်မော်တယ်စံအိမ်၏ ‘လ’မျိုးဆက် တပည့်အဆင့်မှနေ၍ ‘ကြယ်’ မျိုးဆက် စီမံခန့်ခွဲသူ အဆင့်သို့ တိုးမြှင့်ခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။ သည်အခြေအနေက သိုင်းကျမ်းတစ်သောင်း မျှော်စင်နှင့် လညွှန်နန်းတော်တို့မှ ဆဋ္ဌမအဆင့် အဆင့်မြင့် အခင်းအကျင်းဆရာ၏ အမွေအနှစ်ကို ဆက်ခံထားသော အုအ်ချုပ်သူ ဝေရှင်းဟယ်၏ အဆင့်အတန်းနှင့် တစ်ပုံစံတည်းပင်။

လက်ရှိတွင် သူ၏ ကျင့်ကြံမှုမှာ ဝိညာဉ်ခွဲထွက်အဆင့်၌သာ ရှိနေသေးသော်လည်း သူ၏ အဆင့်အတန်းကမူ ဆဋ္ဌမအဆင့် အဆင့်မြင့် အခင်းအကျင်းဆရာ ဝေရှင်းဟယ်နှင့် တန်းတူ ဖြစ်နေခဲ့ပြီ။

"မင်း အခု သိုင်းကျမ်းတစ်သောင်း မျှော်စင်ရဲ့ တတိယထပ်ကို သွားလို့ ရပြီ..."

ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ခွင့်ပြုလိုက်၏။

"ပြီးတော့ အင်မော်တယ်မြို့တော်ရဲ့ တည်နေရာ ပြောင်းသွားပြီ... နောက်တစ်ခါ ဒီကိုလာရင် နေရာမှား မသွားစေနဲ့..."

ထိုစကားကို ကြားသောအခါ စုယွီက ရုတ်ချည်းပင် အရိုအသေပေးလိုက်ရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ..."

ထို့နောက် စုယွီက နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။ ပထမဆုံးအနေဖြင့် အင်မော်တယ်မြို့တော်ရှိ သူ၏ ဂူစံအိမ်ဆီသို့ ပြန်သွားလိုက်သည်။ ထိုနေရာတွင် သူက ရုပ်သေးပညာရပ်ကို တစ်ဖန် ပြန်လည် ဖော်ဆောင်ကာ သူ၏ နတ်ဘုရားဝိညာဉ်မှ အမျှင်တန်း တစ်ခုကို ခွဲထုတ်လိုက်သည်။

ယခင်က ဖန်တီးခဲ့ဖူးသော ပဉ္စမအဆင့် အဆင့်နိမ့် မီးဖီးနစ် ကောင်းကင်လေး ရုပ်သေးကို ထုတ်ယူလိုက်ပြီး ရုပ်သေးပညာရပ်ကို အသက်သွင်းလျက် သူ၏ နတ်ဘုရားဝိညာဉ်ကို ထိုရုပ်သေးထဲသို့ ပေါင်းစပ်လိုက်တော့သည်။

"ဝုန်း..."

မီးဖီးနစ် ကောင်းကင်လေး ရုပ်သေး၏ ပုံပန်းသဏ္ဌာန် ပြောင်းလဲသွားသည်နှင့်အမျှ တဖြည်းဖြည်းချင်း စုယွီ၏ ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားကာ မျက်လုံးများ ပွင့်လာတော့၏။

စုယွီက တာအိုရုပ်သေးကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ၎င်း၏ ရုပ်သွင်မှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး တာအိုဆရာ အရိပ်နီ၏ ပုံစံသို့ ကူးပြောင်းသွားသည်။

"ဒီလောက်ဆို ရပြီ..."

စုယွီက ကျေနပ်အားရစွာ ရေရွတ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် တာအိုရုပ်သေးက ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော်မှ ထွက်ခွာသွားတော့သည်။

သူ၏ မူလခန္ဓာအတွက်မူ ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော်မှ ယခုချက်ချင်း ထွက်ခွာရန် အစီအစဉ် မရှိသေးပါ။

အဘယ်ကြောင့်ဆိုသော် သူက ဝိညာဉ်ခွဲထွက်အဆင့်သို့ ယခုလေးတင် ချိုးဖြတ် တက်လှမ်းထားခြင်းဖြစ်ရာ ပိုမိုမြင့်မားသော သိုင်းကျမ်းများနှင့် ကျင့်ကြံခြင်း အမွေအနှစ်များကို ရှာဖွေရန် သိုင်းကျမ်းတစ်သောင်း မျှော်စင်ကို စူးစမ်း

လေ့လာချင်နေသေး၏။

ထို့ပြင် သူ၏ ခန္ဓာအတွင်းရှိ မှော်လက်နက်ကိုလည်း ပြန်လည် သန့်စင် ကျင့်ကြံရန် လိုအပ်သေးသည်။

၎င်းအပြင် သူ ပိုင်ဆိုင်သော အသက်သွေးကြော မှော်လက်နက်ကိုလည်း ပြုစုပျိုးထောင်ရန် လိုအပ်လှ၏။ သို့မှသာ ပကတိဟင်းလင်းပြင် အဆင့်သို့ သူ ရောက်ရှိသွားချိန်တွင် သူ၏ အသက်သွေးကြော မှော်လက်နက်ကို တာအိုရတနာ သန္ဓေသားအဖြစ်သို့ အသွင်ပြောင်းလဲနိုင်လိမ့်မည်။

သူ၏ ကိုယ်ပိုင် အသက်သွေးကြော တာအိုရတနာကို သန္ဓေတည်နိုင်ရန်ပင်။ သို့သော်လည်း လိုအပ်သော ကုန်ကြမ်းပစ္စည်းများအတွက် ရွေးချယ်စရာများကို စဉ်းစားရန် လိုအပ်နေသေး၏။

သူ၏ လက်ထဲတွင် ကုန်ကြမ်းပစ္စည်းများ အများအပြား ရှိနေသော်လည်း အားလုံးက ပဉ္စမအဆင့် ဝိညာဉ်သတ္တုရိုင်းများသာ ဖြစ်ပြီး ဆဋ္ဌမအဆင့် တစ်ခုမျှ မပါဝင်ပါ။

၎င်းတို့ကို တာအိုရတနာ သန္ဓေသားများအဖြစ် အသုံးပြုရန် အနည်းဆုံး ကောင်းကင်နှင့် မြေကြီး ရတနာများ အဆင့်အတန်းမျိုး ဖြစ်ရန် လိုအပ်လှသည်။

'သိုင်းကျမ်းတစ်သောင်း မျှော်စင်မှာ အချိန်တစ်ခုလောက် တံခါးပိတ်ကျင့်ကြံပြီးရင် သင့်တော်တဲ့ ပစ္စည်းတွေ ရနိုင်မလားဆိုတာ အပြင်ထွက်ပြီး ရှာကြည့်ရမယ်... ပြီးတော့ ငါ့အတွက် ပြုစုပျိုးထောင်ဖို့ အကောင်းဆုံး အသက်သွေးကြော တာအိုရတနာက ဘာများဖြစ်မလဲ...'

စုယွီက ဦးနှောက်ကို အလုပ်ပေးနေမိ၏။

သိုင်းကျမ်းတစ်သောင်း မျှော်စင်သို့ ဝင်ရောက်သွားပြီးနောက် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ကာ တတိယထပ်သို့ တက်လှမ်းသွားပြီး ထိုနေရာရှိ ရှေးဟောင်း သိုင်းကျမ်းများကို အာရုံစူးစိုက်နေတော့သည်။

တစ်ချိန်တည်းမှာပင် တာအိုရုပ်သေးက ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော်မှ ထွက်ခွာလာခဲ့၏။ မြေအောက်မှ ပေါ်ထွက်လာသည်နှင့် ၎င်း၏ မျက်လုံးများရှေ့တွင် ဝိညာဉ်စွမ်းအင်များ အလွန်အမင်း ရှားပါးခေါင်းပါးနေသော အပျက်အစီးနယ်မြေ တစ်ခုက ဆီးကြိုနေသည်။

ဤနယ်မြေက ဝိညာဉ်မဲ့ မြေရိုင်းပြင်၏ နယ်စပ်နှင့် သိပ်ဝေးမည် မဟုတ်ပါ။ သို့သော် ၎င်းက ယခင် ဝိညာဉ်မဲ့ မြေရိုင်းပြင်နှင့် တူညီခြင်း မရှိတော့ပေ။

'ဘယ်နေရာကိုများ ပြောင်းသွားတာပါလိမ့်...'

စုယွီ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သူ၏ ဘေးပတ်လည်ရှိ ဟင်းလင်းပြင်က လှိုင်းထသွားပြီး သူက ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

မိစ္ဆာမျိုးနွယ်စုမှ သားရဲတစ်ကောင်အပေါ် ဝိညာဉ်ရှာဖွေ စစ်ဆေးလိုက်ပြီးနောက် ဤနေရာသည် တစ်ချိန်က အင်မော်တယ် တစ်သောင်း နန်းတော်၏ အရိုင်းနယ်မြေ ဖြစ်ခဲ့ဖူးသော နယ်စပ်ဒေသ ဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။

'ဒါဆို အင်မော်တယ်မြို့တော်ရဲ့ လားရာက ဒီဘက်ပဲ...'

မိမိ၏ လားရာကို အတိအကျ သတ်မှတ်ပြီးနောက် တာအိုရုပ်သေးက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ပထမ အင်မော်တယ်မြို့တော်ဆီသို့ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရိပ်ခနဲ ရွေ့လျားသွားတော့သည်။

All Chapters