← Chapters

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း (၉၂၇) - မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ အပြန်၊ လွှမ်းမိုးနေသော သတ်ဖြတ်လိုစိတ်များ (အပိုင်း-၃)

ပထမဆုံးအချက်မှာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အခြေအနေ ဖြစ်၏။

နှစ်တစ်ရာကျော်တိုင်တိုင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့၏ ကျူးကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ အကြီးအကျယ် အထိနာခဲ့လေပြီ။ ၎င်းတို့၏ ပိုင်နက်အတွင်း၌ ယခုအခါ အင်မော်တယ်ဂိုဏ်း တစ်ခုနှင့် အင်မော်တယ်မြို့တော် တစ်မြို့သာ ကျန်ရစ်တော့၏။

အင်မော်တယ်ဂိုဏ်းအတွင်းရှိ မူလက ဆယ်ပါးပင် မပြည့်သော ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးများထဲမှ ထက်ဝက်ခန့်မှာ ဤနှစ်ကာလများအတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသည်။

ယခုအခါ လေးပါးသာ အသက်ရှင်ကျန်ရစ်တော့၏။

ထိုလေးပါးအထဲတွင် အပြင်းအထန် ဒဏ်ရာရထားသော သူ၏ဆရာ တာအိုဆရာ ထျန်းယွီလည်း အပါအဝင်ပင်။

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ မြေကမ္ဘာအင်မော်တယ်တပ်မတော် အတွက်မူ အင်အား ငါးထောင်ပင် မပြည့်တော့ချေ။

ရေခဲနှင်းဝက်ဝံ မြေကမ္ဘာအင်မော်တယ်တပ်မတော်၏ အစွမ်းအထက်ဆုံး ခေါင်းဆောင်ဖြစ်သော ဟွမ်ရှီထောင်မှာ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ညာဏ်အလင်းပွင့်သွားကာ ဝိညာဉ်ခွဲထွက်အဆင့် ပထမအလွှာသို့ တက်လှမ်းနိုင်ခဲ့၏။ သို့သော်လည်း အဆင့်တက်ပြီး မကြာမီမှာပင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ အရှင်သခင်တစ်ပါး၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရရှာသည်။

ရေခဲနှင်းဝက်ဝံ မြေကမ္ဘာ

အင်မော်တယ်တပ်မတော်တွင် ယခုအခါ တပ်သား တစ်ထောင်ခန့်သာ ကျန်ရှိတော့၏။

ဤမျှ ကျန်ရှိနေခြင်းကပင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့၏ ပြင်းထန်သော ထိုးစစ်နှင့် ဖိအားတစ်စိတ်တစ်ပိုင်းကို တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့က ဝင်ရောက် တာဝန်ယူ

ပေးထားသောကြောင့်သာ ဖြစ်သည်။

ထိုသို့သာ မဟုတ်ခဲ့လျှင် မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် နောက်ဆုံးကျန်ရစ်သော တိလင် (မြေကမ္ဘာ တောင်တန်း) အင်မော်တယ်မြို့တော်ကိုပင် ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ယွဲ့အင်မော်တယ်စံအိမ်မှ စုဆောင်းရရှိထားသော မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ သတင်းအချက်အလက်များအရ လက်ရှိ သူတို့ သိမ်းပိုက်ထိန်းချုပ်ထားသော မြေကမ္ဘာအင်မော်တယ်စံအိမ် ပိုင်နက်နယ်မြေ မြေပုံအပြင် အင်အားဖြန့်ကျက်မှုနှင့် တိကျသော စွမ်းပကားများပါ အသေးစိတ် ပါဝင်နေ၏။

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က စတင် ထိုးစစ်ဆင်ကတည်းက စုစုပေါင်း ကျင့်ကြံသူ တပ်သား အင်အား တစ်သိန်းခွဲခန့်ကို ဆင့်ခေါ် အသုံးပြုခဲ့သည်။

တာအို သခင်ကြီး အပါးရှစ်ဆယ်ထက် မနည်း ရောက်ရှိလာခဲ့၏။

ခေါင်းဆောင်ဖြစ်သူမှာ ပကတိဟင်းလင်းပြင် အဆင့် အဋ္ဌမအလွှာရှိ လေ့ကျန်းဟု ခေါ်သော တာအို သခင်ကြီး ကျန်းယွမ် ပင်တည်း။

ယခုအခါ ရာစုနှစ်တစ်ခုစာမျှ ကြာမြင့်ခဲ့သော အပြင်းအထန် တိုက်ပွဲကြီးများအပြီးတွင် ဤကျင့်ကြံသူ တပ်သား တစ်သိန်းခန့်သာ ကျန်ရှိတော့၏။ ထက်ဝက်ခန့်မှာ အင်မော်တယ်မြို့တော် အသီးသီးတွင် ကင်းစောင့်နေကြသည်။ ကျန် ခုနစ်သောင်းခန့်က တာ့ယန် အင်မော်တယ်မင်းဆက်နှင့် ပူးပေါင်း၍ တိလင် (မြေကမ္ဘာ တောင်တန်း) အင်မော်တယ်မြို့တော်ကို ဝန်းရံ ပိတ်ဆို့ထားကြ၏။

ထို့ပြင် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့မှ အခြားသော စစ်ကူများ ရောက်မလာစေရန်လည်း သတိဝီရိယ အပြည့်ဖြင့် တားဆီးထားကြ၏။

တာ့ယန် အင်မော်တယ်မင်းဆက်ကမူ ကျင့်ကြံသူ တပ်သား လေးသောင်းခန့်ကို စေလွှတ်ခဲ့သည်။ ယခုအခါ သုံးသောင်းပင် မပြည့်တော့ချေ။

တာ့ယန် အင်မော်တယ်မင်းဆက်မှ တာအို သခင်ကြီး လေးပါးနှင့်အတူ ကျင့်ကြံသူ တပ်သားများက မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တိလင် (မြေကမ္ဘာ တောင်တန်း) အင်မော်တယ်မြို့တော်နှင့် အင်မော်တယ်ဂိုဏ်းကို လောဘတကြီး စောင့်ကြည့်နေကြ၏။

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်မော်တယ်ဂိုဏ်းကို ချိုးဖျက်ကာ ရတနာများကို လုယက်ရန် ကြံစည်နေကြခြင်းပင်။

ဤအခြေအနေများကို မြင်တွေ့လိုက်ရသောအခါ ပိုင်နက်နယ်မြေနှင့် အရင်းအမြစ်များကို ထည့်မတွက်လျှင်ပင်...

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ပြင်ပ ဩဇာလွှမ်းမိုးမှု အားလုံးနီးပါးမှာ ဖျက်ဆီးခံလိုက်ရပြီး ရှိပင် မရှိတော့ချေ။

အတွင်းပိုင်း စံအိမ်မှာလည်း ထက်ဝက်ကျော်ခန့် ပျက်စီးသွားခဲ့လေပြီ။

ကျန်ရှိနေသော လူများမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်မော်တယ်ဂိုဏ်း အခြေခံအုတ်မြစ်နှင့် တိလင် (မြေကမ္ဘာ တောင်တန်း) အင်မော်တယ်မြို့တော်ကို အားပြုကာ အသက်ဆက်နေကြရုံသာ ရှိတော့သည်။

ဤသို့ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် ဖူလင်း ပင်လယ်နယ်မြေ အထက်ရှိ ခွန်းလင် ဝိညာဉ် အသိုက် ကိစ္စက မပြီးဆုံးသေးဘဲ ချန်ကု အင်မော်တယ်မြို့တော်ရှိ အဓိက မိသားစုကြီး ငါးခု၏ အင်အားများ အားလုံးက ထိုနေရာတွင် အာရုံစိုက်နေရသောကြောင့် ဖြစ်၏။

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာကို မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က ကျူးကျော်နေခြင်းကို သူတို့ လုံးဝ အာရုံမစိုက်နိုင်ကြချေ။

ထို့ပြင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်ဟူသည် ချန်ကျိုးနယ်မြေ တစ်ခုလုံးကို ပေါင်းစည်းထားသော အင်အားနှင့်ပင် ရင်ပေါင်တန်းနိုင်စွမ်း ရှိသည့် ထိပ်တန်းအင်အားစုကြီး တစ်ခု ဖြစ်၏။

၎င်းတို့ထံတွင် တာအိုပေါင်းစည်း အဆင့် ဘိုးဘေးတစ်ပါး တည်ရှိနေကြောင်း ကောလာဟလများပင် ထွက်ပေါ်နေခဲ့သည်။ ထိုမင်းဆက်၏ အစွမ်းသတ္တိမှာ တာ့ချန်ကျင့်ကြံခြင်းကမ္ဘာထက် အဆမတန် ကျော်လွန်နေရုံသာမက မြေကမ္ဘာအင်မော်တယ်စံအိမ်ထက်လည်း အဆပေါင်းများစွာ သာလွန်ကြီးမားနေ၏။

မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် မဖျက်ဆီးခံရဘဲ ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းကပင် အံ့ဖွယ်တစ်ခုသဖွယ် ဖြစ်နေခဲ့ပြီတည်း။

သူတို့၏ စွမ်းပကားနှင့် အခြေခံအုတ်မြစ်က အားနည်းသည်ဟု မဆိုသာတော့ချေ။

ယွဲ့အင်မော်တယ်စံအိမ်မှ စုဆောင်းထားသော သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် စုယွီ၏ မျက်နှာမှာ မှိုင်းညို့သွား၏။ သူ့မျက်လုံးများထဲတွင် သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။ သို့သော်လည်း သူက 'ရွှေရောင် ပုစဉ်းရင်ကွဲ' နည်းစနစ်ကို အသုံးပြုထားလေ၏။

ထို့ကြောင့် သူ၏ စိတ်အာရုံက အလွန်တရာ အေးဆေးတည်ငြိမ်နေပြီး အတွင်းစိတ်သဏ္ဌာန်မှာ ငြိမ်သက်ကာ အတွေးများမှာလည်း လေဟာနယ်ပမာ ရှင်းလင်းနေဆဲပင်။

'ဒီကောင်တွေ... ငါ့ဆရာကိုတောင် ထိရဲတယ်ပေါ့လေ...'

သူက တာအိုဆရာ ရှုယွီနှင့် ကောင်းကင် အပျက်အစီး ခန်းမသခင်တို့ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့ ဘယ်လိုမြင်ပါသလဲ..."

တာအိုဆရာ ရှုယွီ၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးသွားပြီး နှုတ်ဆိတ်နေ၏။

ကောင်းကင် အပျက်အစီး ခန်းမသခင်ကမူ ခေတ္တမျှ စဉ်းစားပြီးနောက် အလွန် တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။

"မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်ကို ဟန့်တားနိုင်မယ့် အင်အားစု မရှိဘူးဆိုရင်တော့... လက်အောက်ငယ်သား ကျွန်တော့်အမြင်အရ မြေကမ္ဘာအင်မော်တယ်စံအိမ်အတွက် အကောင်းဆုံး လမ်းစဉ်က ခံစစ်ကို စွန့်လွှတ်ပြီး အဝေးကို ထွက်ပြေးဖို့ပါပဲ..."

"စံအိမ်သခင်ရဲ့ အင်အားတွေ တိုးတက်လာမယ့် အချိန်ကို စောင့်ပြီးမှ မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ အရှင်သခင်တွေကို ဦးဆောင်ပြီး ပြန်လာခဲ့ဖို့ပါ..."

"စံအိမ်သခင်ရဲ့ ပါရမီနဲ့ ခွန်အားအရ ပကတိဟင်းလင်းပြင် အဆင့် အထွတ်အထိပ်ကိုသာ တက်လှမ်းနိုင်ခဲ့ရင်... ကောလာဟလထဲက သူတို့ရဲ့ တာအို ပေါင်းစည်းအဆင့် ဘိုးဘေးကြီးသာ ပြန်မလာခဲ့ဘူးဆိုရင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်ကတောင် စံအိမ်သခင်ရဲ့ရှေ့မှာ ခေါင်းငုံ့ရလိမ့်မယ်..."

"အဲဒီအချိန်ကျမှ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နဲ့ တာ့ယန် အင်မော်တယ်မင်းဆက်ကို ဒီသွေးကြွေးအတွက် ဆယ်ဆ... အဆ တစ်ရာ ပြန်ပြီး ပေးဆပ်ခိုင်းလို့ ရတာပဲ”

All Chapters