← Chapters

အခန်း ၉၂၈

Vol. 62 Ch. 928

အခန်း ၉၂၈

Vol. 62 Ch. 928

အခန်း (၉၂၈) - ကုစားခြင်း..စတင် သုတ်သင်လေပြီ

ထိုသို့ပြောပြီးနောက် ကောင်းကင် အပျက်အစီး ခန်းမသခင်က စုယွီအား ဂရုတစိုက် အကဲခတ်ကာ ဆက်ပြောလိုက်၏။

"ဒါက အလုံခြုံဆုံး ချဉ်းကပ်နည်းတစ်ခုပါပဲ... လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ စံအိမ်သခင်ကို ဒီလမ်းစဉ်ကိုပဲ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်..."

"ဘာပဲဖြစ်ဖြစ် စံအိမ်သခင်ရဲ့ ထူးကဲလှတဲ့ ပါရမီနဲ့ဆိုရင် တည်တည်ငြိမ်ငြိမ် ဆက်ပြီး ကျင့်ကြံသွားမယ်ဆိုရင် အနာဂတ်မှာ ကျင့်ကြံခြင်းကမ္ဘာရဲ့ ထိပ်တန်းအဆင့်ကို ရောက်လာမှာ သေချာသလို... ကျင့်ကြံခြင်းကမ္ဘာကြီး တစ်ခုလုံးကို လိုသလို ခြယ်လှယ်နိုင်မယ့် စွမ်းအားတွေကိုလည်း ပိုင်ဆိုင်လာမှာပါ..."

"ဒါပေမဲ့ စံအိမ်သခင်က ဒီလိုလုပ်ဖို့ မရည်ရွယ်ဘူးဆိုရင်တော့... ပထမဆုံး စဉ်းစားရမယ့် ကိစ္စက မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ..."

"မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ဟိုနတ်ဘုရားရုပ်တု ရှိနေသရွေ့တော့ ကာလတိုအတွင်းမှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်သေးပါဘူး..."

"စံအိမ်သခင် ဒါမှမဟုတ် မြေကမ္ဘာအင်မော်တယ်စံအိမ် အနေနဲ့ ချန်ကု အင်မော်တယ်မြို့တော်က မိသားစုကြီး ငါးခုလိုမျိုး အစွမ်းထက်တဲ့ စစ်ကူတွေကို ရှာဖွေနိုင်ပြီး မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်ကို ပြန်လည် တိုက်ထုတ်နိုင်မယ် ဆိုရင်တော့... ဒီအကျပ်အတည်းက ခေတ္တခဏ ပြေလည်သွားနိုင်ပါတယ်..."

ထိုသို့ပြောပြီးနောက် သူက ခေတ္တမျှ ရပ်တန့်သွားကာ စကားဆက်လိုက်သည်။

"ဒါပေမဲ့ ဒါကလည်း ယာယီပဲ ဖြစ်မှာပါ..."

ကောင်းကင် အပျက်အစီး ခန်းမသခင်က ဆက်လက် ရှင်းပြလာ၏။

"ကောလာဟလတွေအရ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က မြေကမ္ဘာအင်မော်တယ်စံအိမ်ကို တိုက်ခိုက်နေရတဲ့ အကြောင်းရင်းက မြေကမ္ဘာအင်မော်တယ်စံအိမ်က ရှေးဟောင်း အစွမ်းထက် အင်အားစုတစ်ခုရဲ့ အကြွင်းအကျန် အမွေအနှစ်တွေကို ရယူထားလို့ ဆိုပဲ..."

"ပြီးတော့ အဲဒီ အကြွင်းအကျန်တွေထဲမှာ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် လိုချင်နေတဲ့ အရာတစ်ခု ပါဝင်နေတယ်တဲ့..."

"အကယ်၍ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်သာ သူတို့ရဲ့ ရည်မှန်းချက်ကို မအောင်မြင်ဘူးဆိုရင် ဒီတစ်ကြိမ် ချန်ကျိုး နယ်မြေကနေ နှင်ထုတ်ခံရရင်တောင် နောက်တစ်ချိန်မှာ သေချာပေါက် ပြန်လာကြဦးမှာပါပဲ..."

ကောင်းကင် အပျက်အစီး ခန်းမသခင်က အပို စကားများကို မပြောခဲ့ချေ။

ဥပမာအားဖြင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် အလိုရှိနေသော ရှေးဟောင်း အကြွင်းအကျန်မှာ ယွဲ့အင်မော်တယ်စံအိမ် ဖြစ်ကြောင်းကို သူ ရှာဖွေတွေ့ရှိထားပြီး ဖြစ်၏။

ထို့ပြင် သူတို့၏ အင်အားစုက...

ယွဲ့အင်မော်တယ်စံအိမ် ဟု ခေါ်သည့်အချက်ကိုရောပင်။

စံအိမ်သခင် ကိုယ်တိုင်က တစ်စုံတစ်ရာ ထုတ်ဖော် မပြောကြားသရွေ့ ဤကိစ္စနှင့် ပတ်သက်၍ သူ စကားတစ်ခွန်းမျှ ဟမည် မဟုတ်ပေ။

ကောင်းကင် အပျက်အစီး ခန်းမသခင်၏ အကြံပြုချက်များနှင့် ပတ်သက်၍ စုယွီက မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့သလို အင်မော်တယ်ဂိုဏ်းကို စွန့်လွှတ်ကာ တာ့ချန် သို့မဟုတ် ချန်ကျိုး နယ်မြေမှ ထွက်ပြေးရန် အကြံပြုချက်မှာလည်း မှားယွင်းနေသည်ဟု သူ မထင်ခဲ့ချေ။

ဒါက အမှန်တကယ်ပင် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ စွမ်းပကားမှာ ယခုအခါ သူက ဝိညာဉ်ခွဲထွက်အဆင့်သို့ ချိုးဖြတ်ထားနိုင်ပြီ ဖြစ်သော်ငြားလည်း အလွယ်တကူ ရင်ဆိုင်နိုင်သော အရာမျိုး မဟုတ်သေးပါ။

သတင်းအချက်အလက် စုဆောင်းရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ တစ်ယောက်အနေဖြင့် သည်းခံနိုင်စွမ်း မရှိဘဲ အသက်ရှင်သန်ဖို့ မကြိုးစားတတ်သူမှာ သေချာပေါက် သက်တမ်းရှည်မည် မဟုတ်။

ကောင်းကင် အပျက်အစီး ခန်းမသခင် အနေဖြင့် ယွဲ့အင်မော်တယ်စံအိမ်ကို ဦးဆောင်ရန် အလွန် သင့်လျော်ပေသည်။

သို့သော်လည်း...

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်က အစွမ်းထက်လှပြီး တာ့ယန် အင်မော်တယ်မင်းဆက်၏ အကူအညီကို ရရှိထားသော်ငြားလည်း စုယွီက သူတို့ကို တစ်စက်ကလေးမျှ မကြောက်ပါ။

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့က မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်မော်တယ်မြို့တော်များနှင့် အရင်းအမြစ် နယ်မြေ အများအပြားကို သိမ်းပိုက်ထားခဲ့၏။ သူ့လူများစွာ၏ သွေးများဖြင့် ၎င်းတို့ လက်တွင်း၌ ပေကျံနေခဲ့လေပြီ။

‘ငါက ဒီကိစ္စကို ဒီအတိုင်း လွယ်လွယ်လေး လွှတ်ပေးလိုက်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…:

စုယွီက ကောင်းကင် အပျက်အစီး ခန်းမသခင်အား စိတ်ဝင်တစား ကြည့်ကာ မေးလိုက်၏။

"အကယ်၍ ကျွန်တော်က မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်ရဲ့ ထက်မြက်လှတဲ့ ဓားသွားကို ရှောင်ရှားဖို့ မရည်ရွယ်ဘူး... တခြား နယ်မြေတွေကို ထွက်ပြေးဖို့ အစီအစဉ် မရှိဘူး... ပြီးတော့ နှစ်ရာနဲ့ချီ စောင့်ပြီးမှ ပြန်လာပြီး စာရင်းရှင်းဖို့လည်း မတွေးထားဘူးလို့ ပြောရင်... ခင်ဗျား အများကြီး စိတ်ပျက်သွားမလား"

ကောင်းကင် အပျက်အစီး ခန်းမသခင်က ရိုသေလေးစားမှု အပြည့်ဖြင့် ခေါင်းငုံ့ကာ တုံ့ပြန်လိုက်သည်။

"ဘယ်လို ရွေးချယ်မှုမျိုးပဲဖြစ်ဖြစ် စံအိမ်သခင်ရဲ့ ချင့်ချိန် ဆုံးဖြတ်မှုသာ ဖြစ်ရပါမယ်..."

"ကျွန်တော်က သတင်းအချက်အလက်တွေ စုဆောင်းဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့နဲ့ စံအိမ်သခင်ကို သစ္စာအရှိဆုံး အကြံပြုချက်တွေ ပေးဖို့ပဲ တာဝန်ယူရတာပါ..."

"စံအိမ်သခင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမိန့်တွေကိုတော့ ကျွန်တော်က ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ"

စုယွီက ပြုံးလိုက်၏။ သူက ဤလက်အောက်ငယ်သား အသစ်ကို အပြည့်အဝ မယုံကြည်သေးသော်လည်း လက်ရှိအချိန်တွင် သူ ပြောသော စကားများကို ယုံကြည်ပေးထားမည်သာ။

အနည်းဆုံးတော့...

သူက ယွဲ့အင်မော်တယ် မျှော်စင်ပား ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသရွေ့ ထိုလူကို ယုံကြည်ထားမည်ပင်။

မကြာသေးမီက ကောင်းကင် အပျက်အစီး ခန်းမသခင်နှင့် ပတ်သက်၍ သူ နားလည်ထားမှုအရ ခန်းမသခင်မှာ လုံးဝ အကြောင်းအကျိုး ဆင်ခြင်တတ်သူ တစ်ဦးဖြစ်ပြီး အန္တရာယ်၏ အရိပ်အယောင် အနည်းငယ်မျှ ရှိနေလျှင်ပင် ပါဝင်ပတ်သက်ရန် ရွေးချယ်မည် မဟုတ်ချေ။ ထို့ပြင် ထိုပုဂ္ဂိုလ်က တွက်ချက်ခြင်းနှင့် ကံကြမ္မာ ဟောကိန်းထုတ်ခြင်းတို့တွင် ကျွမ်းကျင်သူ ဖြစ်ရာ လူအများစုက သူ့ကို ရှာဖွေတွေ့ရှိရန် အလွန် ခဲယဉ်းလှသည်။

ယခင်တစ်ကြိမ်က စုယွီ..သူ့ကို ရှာဖွေခဲ့စဉ်က ပေါ်လာခဲ့ခြင်းမှာ သူ ကြိုတင် တွက်ချက်

ထားနိုင်ခဲ့သောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အရာအားလုံးက ကောင်းကင်အပျက်အစီး ခန်းမသခင်၏ မျှော်လင့်ထားချက်များ အတွင်း၌သာ ရှိနေခဲ့၏။

"ပကတိဟင်းလင်းပြင် အဆင့်ကို ရောက်ဖို့ ခင်ဗျားမှာ ဘာတွေ လိုအပ်နေသေးလို့လဲ"

စုယွီက ကောင်းကင် အပျက်အစီး ခန်းမသခင်ကို ဂရုပြုကြည့်လိုက်ရာ ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ် ကျင့်ကြံမှု တွင်သာ ရှိနေသေးကြောင်း သတိပြုမိသွားသဖြင့် မေးလိုက်သည်။

ကောင်းကင် အပျက်အစီး ခန်းမသခင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ညှိုးနွမ်းသော အပြုံးဖြင့် ခေါင်းခါလိုက်၏။

"အချိန်အခါက မသင့်တော်သေးလို့ပါ..."

သူက စုယွီအား ကြည့်ကာ ရှင်းပြလိုက်သည်။

"သာမန် ကျင့်ကြံသူတွေ အတွက်တော့ ပကတိဟင်းလင်းပြင် အဆင့်ကို ထိုးဖောက် ဝင်ရောက်ပြီး တာအို သခင်ကြီး တစ်ပါး ဖြစ်လာတာက ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တစ်ခုပါ..."

"ကျင့်ကြံမှု စွမ်းအား၊ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာတွေ အကုန်လုံးက မြင့်တက်သွားပြီး ကျင့်ကြံခြင်းကမ္ဘာက မဟာကျင့်ကြံသူတွေ ကြားထဲမှာ ထိပ်တန်း တည်ရှိမှုတစ်ခု ဖြစ်လာမှာပေါ့..."

"ဒါပေမဲ့ ဟောကိန်းထုတ် လောကထဲမှာ အမြဲတမ်း ပျံ့နှံ့နေတဲ့ ကောလာဟလ တစ်ခု ရှိပါတယ်... အဲဒါက ကိုယ်ပိုင် ဟောကိန်းထုတ်ခြင်း တာအိုကို ကျင့်ကြံပြီး အဆင့်တက်သွားသူတိုင်း မကြာခင်မှာပဲ အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်

သွားတတ်ကြတယ် ဆိုတာပဲ..."

စုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"ဘာဖြစ်လို့လဲ"

ကောင်းကင် အပျက်အစီး ခန်းမသခင်က ဘာကိုမှ မဖုံးကွယ်တော့ဘဲ ဖြေကြားလိုက်သည်။

"အများကြားထဲမှာတော့ ယုတ္တိဗေဒ အချို့ ပျံ့နှံ့နေပါတယ်... တချို့ကတော့ မဟာတာအိုကို ဟောကိန်းထုတ်တဲ့ ပကတိ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါးနဲ့ ကောင်းကင်တာအိုက သဟဇာတ မဖြစ်တာကြောင့် အဆင့်တက်လှမ်း

ပြီးတာနဲ့ နတ်ဘုရားကပ်ဘေးနဲ့ ရင်ဆိုင်ရတယ်လို့ ပြောကြတယ်..."

"တချို့ကတော့ မဟာတာအိုကို ဟောကိန်းထုတ်တဲ့ ပကတိ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး ဖြစ်လာပြီးတဲ့နောက်မှာ အင်မော်တယ်တာအိုရဲ့ လျှို့ဝှက်ချက်တွေကို မြင်တွေ့ခွင့်ရသွားနယ်၊ အင်မော်တယ်တာအိုရဲ့ အခွင့်အရေးတွေကို ရှာဖွေဖို့အတွက် အဲဒီ မဟာကျင့်ကြံသူတွေက သေမျိုး လောက ကနေ ပျောက်ကွယ်သွားပြီး.. အင်မော်တယ်တာအိုကို ရှာဖွေဖို့ အာရုံစိုက်သွားကြတယ်လို့ ပြောကြပြန်တယ်..."

"ဒါပေမဲ့ အဖြစ်နိုင်ဆုံး အခြေအနေကတော့ သူတို့တွေ ဖမ်းဆီးခံလိုက်ရတာပဲလို့ ကျွန်တော် ယုံကြည်တယ်..."

စုယွီ၏ မျက်နှာက လေးနက်သွားတော့၏။

ဟောကိန်းထုတ်ခြင်း တာအိုလမ်းစဉ်တွင် ထူးချွန်သော ပကတိ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါးကိုပင် ဖမ်းဆီး ခေါ်ဆောင်သွားနိုင်စွမ်း ရှိသည်တဲ့လား။

"ဘယ်သူကများ အဲဒီလောက် အစွမ်းထက်နေတာလဲ"

ကောင်းကင် အပျက်အစီး ခန်းမသခင်က အသံထွက်၍ မပြောတော့ဘဲ နှုတ်ခမ်းလှုပ်ရုံဖြင့် စကားလုံး အချို့ကို ရွတ်ဆိုပြလိုက်သည်။

‘စိမ်းပြာငရဲ အင်မော်တယ်နန်းတော်…’

ကောင်းကင် အပျက်အစီး ခန်းမသခင်၏ နှုတ်ခမ်း လှုပ်ရှားမှုကို သတိပြုမိလိုက်သောအခါ စုယွီ၏ သူငယ်အိမ်များက ရုတ်တရက် အနည်းငယ် ကျုံ့ဝင်သွားတော့၏။ ပင်လယ်နယ်မြေရှိ ရွှေဝိညာဉ် ကျားငါးမန်း မျိုးနွယ်စု၏ ဒုတိယအကြီးအကဲထံမှ သူ ယခင်က ရရှိခဲ့သော အလယ်အလတ်အဆင့် မှော်လက်နက် တစ်ခုကို သူ ပြန်လည် အမှတ်ရသွားသည်။

ထိုအထဲတွင် စိမ်းပြာငရဲ အင်မော်တယ်နန်းတော်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် နှစ်ပါး ပါဝင်နေပုံ ရလေ၏။

ယခုအခါ ကောင်းကင် အပျက်အစီး ခန်းမသခင်၏ စကားများအရ စိမ်းပြာငရဲ အင်မော်တယ်နန်းတော်က ဟောကိန်းထုတ်ခြင်း တာအိုလမ်းစဉ်တွင် ကျွမ်းကျင်သော ကျင့်ကြံသူများကို ယခုတိုင်အောင် တက်ကြွစွာ ဖမ်းဆီးနေဆဲလား။

ပကတိ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီးများကိုပင် ဖမ်းဆီးနိုင်စွမ်း ရှိနေသည်တဲ့လား။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ စွမ်းပကားက ဘယ်လောက်တောင် အစွမ်းထက်နေသလဲ...

စုယွီ၏ အံ့အားသင့်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကောင်းကင် အပျက်အစီး ခန်းမသခင်က ပြောလိုက်၏။

"ဒီအင်အားစုက တကယ်ကို ခန့်မှန်းလို့ မရနိုင်အောင် နက်နဲလှပါတယ်... ဒါပေမဲ့ ရန်စလို့ လုံးဝ မရနိုင်တာမျိုးတော့ မဟုတ်ပါဘူး..."

"ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီး ပြိုကျလာရင်တောင် ထမ်းထားပေးမယ့် အရပ်ရှည်တဲ့သူတွေ ရှိနေမှာပါပဲ... ပြဿနာသေးသေးလေးတွေ လုပ်ရုံနဲ့တော့ ဒုက္ခရောက်လာမှာ မဟုတ်ပါဘူး..."

All Chapters