← Chapters

အခန်း ၉၃၀

Vol. 62 Ch. 930

အခန်း ၉၃၀

Vol. 62 Ch. 930

အခန်း (၉၃၀) သွေးကြွေးကို သွေးဖြင့်ဆပ်မည်... လှုပ်ရှားခြင်း (အပိုင်း- ၁)

တာအိုဆရာ ထျန်းယွီ၏ မျက်နှာအမူအရာက ပုံမှန်ပင်ဖြစ်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ချိတ်ဆွဲထားပြီး တပည့်ဖြစ်သူ ပြန်လည်ရောက်ရှိလာသည်ကို ကြည့်နေ၏။

။သူက တင်ပျဉ်ခွေထိုင်ရာ ဖျာပေါ်တွင် ထိုင်လျက်ပင် စုယွီအား စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။

တာအိုဆရာ ထျန်းယွီ၏ မျက်နှာက ပုံမှန်မဟုတ်ဘဲ ဖြူရော်နေသည်။ သူက အေးဆေးတည်ငြိမ်စွာ မေးမြန်းလိုက်သည်။

"ဒီတစ်ကြိမ် ပြန်လာဖို့ကို နှစ်တစ်ရာကျော်တောင် ကြာခဲ့တယ်... မင်း အဆင့် ချိုးဖြတ်သွားပြီလား..."

စုယွီက ရှေ့သို့ လျှောက်သွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံး ထွက်ပေါ်လာတော့၏။

ထိုကျောက်စိမ်းပုလင်းထဲတွင် သူ သိမ်းဆည်းထားခဲ့သော ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည် ကိုးစက် ရှိနေပေသည်။

စုယွီက ကျောက်စိမ်းပုလင်းကို သူ၏ဆရာထံ ကမ်းပေးလိုက်ရင်း ရှင်းပြလိုက်သည်။

"ကျွန်တော် နည်းနည်း အဆင့်တက်သွားတာလေး ရှိပါတယ်... ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး... ဆရာက ခေါင်းမာမာနဲ့ အတင်းမခုခံဘဲ ဒဏ်ရာရပြီးတာနဲ့ ကုသဖို့ တံခါးပိတ်ကျင့်ကြံရမယ်မှန်း သိနေလို့ တော်သေးတာပေါ့..."

တာအိုဆရာ ထျန်းယွီက ကျောက်စိမ်းပုလင်းထဲရှိ ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည်ကို ကြည့်ရင်း ရင်ထဲတွင် ညည်းတွားလိုက်မိသည်။

'ဒဏ္ဍာရီလာ သားရဲလျှို့ဝှက်နယ်မြေကနေ ဒီနှစ်တွေထဲမှာ ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည်တချို့ ထွက်ပေါ်လာခဲ့ပေမဲ့ တိုက်ပွဲမှာ လိုအပ်လာတဲ့အခါကျတော့ ဘယ်လိုမှ မလုံလောက်နိုင်သေးဘူးပဲ...'

သူက ခေတ္တရပ်တန့်သွားပြီးနောက် ထပ်မံဖြည့်စွက် ရှင်းပြလိုက်သည်။

"စံအိမ်သခင်က တာ့ချန်ကနေ ဆုတ်ခွာဖို့ စီစဉ်နေတာ သေချာပါတယ်... သွားရမယ့် နေရာကိုတော့ မဆုံးဖြတ်ရသေးဘူး..."

ထိုအခါ စုယွီ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားကာ တုံ့ပြန်လိုက်သည်။

"ဒီကိစ္စကို ဆွေးနွေးဖို့ ကျွန်တော် စံအိမ်သခင်နဲ့ ခဏနေရင် တွေ့လိုက်ပါ့မယ်..."

တာအိုဆရာ ထျန်းယွီ အနည်းငယ် အံ့အားသင့်သွား၏။

‘ဆိုလိုတာက ဒီကောင်လေးက နောက်မဆုတ်ချင်ဘူးပေါ့လေ…’

သို့သော် သူက စုယွီ၏ အတွေးများကို ထပ်မံမစူးစမ်းတော့ဘဲ ခေါင်းကို ညင်သာစွာ ညိတ်ပြရင်း မှာကြားလိုက်သည်။

"ဒါဆိုရင်လည်း အင်မော်တယ်ဂိုဏ်းရဲ့ အခြေအနေကို မင်း နားလည်ထားသင့်တယ်..."

"မင်းရဲ့ စီနီယာအစ်ကို တာအိုဆရာ ဟုန်ယွဲ့က ဖူလင်း ပင်လယ် နယ်မြေက ခွန်းလင် ဝိညာဉ် အသိုက်ဆီ လူတွေကို ခေါ်သွားခဲ့တယ်... အဲဒီမှာ မိစ္ဆာသခင် တစ်ပါးနဲ့ ရင်ဆိုင်နေရတုန်း လူသားမျိုးနွယ်ဖွား တာအို သခင်ကြီး တစ်ပါးရဲ့ ခြုံခိုတိုက်ခိုက်

ခံလိုက်ရတယ်... သူက နက်ရှိုင်းတဲ့ ဟင်းလင်းပြင်ထဲကို ထွက်ပြေးခဲ့ရပြီး သူ့ရဲ့ ဝိညာဉ်ကျောက်ပြားက အကောင်းအတိုင်း ရှိနေသေးပေမဲ့ ဘယ်ရောက်နေလဲ ဆိုတာကိုတော့ မသိရသေးဘူး..."

"ပြီးတော့..."

တာအိုဆရာ ထျန်းယွီက စုယွီကို တစ်ချက်ကြည့်ကာ တိုးညှင်းသော အသံဖြင့် ရှင်းပြလိုက်သည်။

"ချန်ယွီနဲ့ ထျန်းလင်တို့လည်း ခွန်းလင် ဝိညာဉ် အသိုက် အနီးတစ်ဝိုက်မှာ ပျောက်ဆုံးသွားကြတယ်... သူတို့ ခွန်းလင် ဝိညာဉ် အသိုက်ထဲကို ဝင်သွားတာလား .. ဘာဖြစ်သွားသလဲ ဆိုတာ သေချာ မသိရသေးဘူး..."

"အော်... ပြီးတော့ ရှူဟိုင် ဆိုတဲ့လူ... မင်းရဲ့ သူငယ်ချင်းနဲ့ တူတယ်... သူပါ ပျောက်နေတယ်..."

"သူတို့ရဲ့ ဝိညာဉ်ကျောက်ပြားတွေ အကောင်းအတိုင်း ရှိနေပေမဲ့ တိကျတဲ့ အခြေအနေကိုတော့ မသိရသေးဘူး..."

စုယွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့၏။

‘ချန်ယွီ... ထျန်းလင်း... ရှူဟိုင်... သူတို့သုံးယောက်လုံး ပျောက်ဆုံးနေတာလား…’

သူ၏ စီနီယာအစ်ကိုကြီး ဟုန်ယွဲ့ ပျောက်ဆုံးနေကြောင်းကို သူ သိထားသော်လည်း လော့ချန်ယွီ... မာထျန်းလင်နှင့် တာအိုဆရာ ရှူဟိုင်တို့ ပျောက်ဆုံးနေကြောင်းကို ယွဲ့အင်မော်တယ် မျှော်စင်၏ အစီရင်ခံစာများတွင် ဖော်ပြထားခြင်း မရှိပေ။

သူက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။

"ခွန်းလင် ဝိညာဉ် အသိုက်ရဲ့ စူးစမ်းရှာဖွေမှုက မပြီးဆုံးသေးဘူးလား...ဆရာ"

"မပြီးသေးတဲ့ပုံပဲ... ငါ့ဆီမှာရှိတဲ့ အချက်အလက် အနည်းငယ်အရ ခွန်းလင် ဝိညာဉ် အသိုက်ရဲ့ နယ်မြေက အပြည့်အဝ မပွင့်သေးဘူး... အထဲကို ဝင်လို့ရပေမဲ့ အပြင်ကို ပြန်ထွက်ခွင့် မပြုသေးဘူး..."

"ခွန်းလင် ဝိညာဉ် အသိုက်ရဲ့ အပြင်ဘက် နယ်မြေတွေမှာ လူသားမျိုးနွယ်ဖွား... ပင်လယ်နွယ်ဖွားနဲ့ မိစ္ဆာနွယ်ဖွားတွေရဲ့ သွေးတွေနဲ့ နီရဲစွန်းထင်းနေပြီ..."

"တာအို သခင်ကြီး အဆင့်ရှိတဲ့ ကျင့်ကြံသူ ဆယ်ယောက်ကျော်လောက်တောင် သေဆုံးသွားလောက်ပြီပင်..."

တာအိုဆရာ ထျန်းယွီက ခေါင်းကို ဖွဖွယမ်းကာ ထပ်မံ ပြောဆိုလိုက်သည်။

"တာအို သခင်ကြီး အဆင့်အောက် သေဆုံးသွားတဲ့ သူတွေရဲ့ အရေအတွက်ကိုဆိုရင် ရေတွက်လို့တောင် ရနိုင်မှာ မဟုတ်ဘူး..."

ထိုအခါ စုယွီက ပြီးပြည့်စုံသော အရည်အသွေးရှိ ပဉ္စမအဆင့် အဆင့်နိမ့် ဆေးလုံး ပုလင်း အများကြီး ထုတ်ယူလိုက်သည်။

အချို့မှာ ရုပ်ခန္ဓာကို ပြန်လည်ကုစားရန်၊ အချို့မှာ နတ်ဘုရားဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်အတွက် ဖြစ်ပါ၏။

ဝိညာဉ်အရည်နှင့် ပတ်သက်၍မူ သူ၏ ချီသန့်စင်အိုးထဲတွင် ပဉ္စမအဆင့် ဝိညာဉ်အရည် သုံးထောင်ခန့် ကျန်ရှိနေသေး၏။

သူက အစက်တစ်ထောင်ကို ထုတ်ယူကာ တာအိုဆရာ ထျန်းယွီထံသို့ ကမ်းပေးလိုက်သည်။

"ဆရာ... လောလောဆယ် ဒဏ်ရာတွေကို ကုသဖို့ပဲ အာရုံစိုက်ထားလိုက်ပါ... ကျွန်တော် စံအိမ်သခင်နဲ့ သွားတွေ့လိုက်ပါဦးမယ်..."

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ လျှို့ဝှက်နယ်မြေထဲတွင် အချိန်ဆွဲမနေတော့ဘဲ စုယွီက ကုသရေး ပစ္စည်းများကို တာအိုဆရာ ထျန်းယွီထံ လွှဲပြောင်းပေးအပ်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင်လှိုင်းများ ရိုက်ခတ်သွားသည့်အခိုက် သူ၏ ပုံရိပ်က တာအိုဆရာ ထျန်းယွီ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့၏။

တာအိုဆရာ ထျန်းယွီ တိတ်ဆိတ်စွာ စဉ်းစားခန်းဝင်သွားပြီး သူ၏ မျက်လုံးများတွင် ထက်မြက်သော အလင်းရောင်များ ဝင်းလက်သွားကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"ဒီကောင်စုတ်လေးက အဝေးမှာ နှစ်တစ်ရာကျော် ကြာပြီးတဲ့နောက် ဘယ်လို ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားလိမ့်မလဲ..."

"မူလဝိညာဉ် နှောင်းပိုင်းအဆင့်လား... ဒါမှမဟုတ်... ဝိညာဉ်ခွဲထွက်အဆင့်ကိုတောင် ရောက်နေပြီလား..."

အခြားတစ်နေရာ၊ အဓိကတောင်ထွတ်ပေါ်၌

အင်မော်တယ်နန်းတော်၏ ခန်းမကြီးထဲတွင်..

ဦးလေးငယ် စုယွီ ပြန်လည်ရောက်ရှိလာကြောင်း စံအိမ်သခင် ဖန်ရှောင်က ကြာမြင့်စွာကတည်းက သတင်းရရှိထားပြီး ဖြစ်၏။ သူမ၏ စိုးရိမ်ပူပန်နေသော နှလုံးသားမှာ အနည်းငယ် သက်သာရာရသွားပြီး ယခုအခါ နှစ်သိမ့်မှု လှိုင်းဂယက်လေးများပင် ဖြစ်ပေါ်နေလေပြီ။

လွန်ခဲ့သော နှစ်တစ်ရာအတွင်း သူမနှင့် မြေကမ္ဘာအင်မော်တယ်စံအိမ်တို့ အလွန်များပြားလှသော အခက်အခဲများကို ဖြတ်သန်းခဲ့ရပြီးချေပြီ။

နှစ်တစ်ရာကျော်ကြာအောင် ပေါ်မလာခဲ့သော ဤဦးလေးငယ် အကြောင်းကို သူမ လုံးဝနီးပါး မေ့ပျောက်နေခဲ့ပြီပင်။

ထိုသို့ တွေးမိသည်နှင့် ဖန်ရှောင်မှာ ခံစားချက်ပေါင်းစုံ ရောထွေးသွားတော့၏။

ထိုအခိုက် ခန်းမကြီးအတွင်းရှိ ဟင်းလင်းပြင်က ရေပြင်အလား လှိုင်းထသွား၏။ အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်တစ်ဦး သူမ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာသောအခါ ဖန်ရှောင်၏ မျက်နှာပေါ်တွင် မိန်းမပျိုလေး တစ်ဦး၏ နာကြည်းနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူမ၏ အကြည့်များကို သူမရှေ့ရှိ လူထံသို့သာ စူးစိုက်ထားလိုက်သည်။

ဖန်ရှောင်က နှာခေါင်းရှုံ့ကာ မေးခွန်းထုတ်လိုက်သည်။

"ဦးလေးငယ်... ရှင်က ကျွန်မကို ရင်ထဲမှာ မထားတာက တစ်ပိုင်းပေါ့... ဒါပေမဲ့ အခု ရှင်က အင်မော်တယ်ဂိုဏ်းကိုတောင် စိတ်ထဲမှာ နေရာမပေးတော့ဘူးလား..."

"ရှင် ထွက်သွားတာ ဘယ်လောက်တောင် ကြာပြီလဲ... နှစ်တစ်ရာကျော်တောင် ရှိနေပြီ..."

"နှစ်တစ်ရာ တင်းတင်းတောင် ရှိနေပြီ..."

"အင်မော်တယ်ဂိုဏ်းကြီး ပြိုကျပျက်စီးလုနီးပါး ဖြစ်နေပြီ..."

သူမ စကားပြောလိုက်သည်နှင့်အမျှ ဤနှစ်များအတွင်း ဖန်ရှောင် ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုများနှင့် ဖိနှိပ်ခံထားရမှုများ အားလုံး ပေါက်ကွဲထွက်လာသည့်နှယ် ဖြစ်သွားပ၏။ သူမ၏ မျက်နှာတွင် နာကြည်းမှုများ ပြည့်နှက်နေကာ စုယွီအား စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ဤနှစ်များတစ်လျှောက်လုံး ဖိအားများ မည်မျှပင် ရှိနေပါစေ ဖန်ရှောင်က သူမ၏ အားနည်းသော အခြမ်းကို မည်သူ့ကိုမျှ မပြသခဲ့ချေ။

တာအိုဆရာ ထျန်းယွီကဲ့သို့သော အင်မော်တယ်ဂိုဏ်း၏ အကြီးအကဲများ ရှေ့တွင်ပင် သူမက စံအိမ်သခင် တစ်ဦး၏ ဂုဏ်သိက္ခာနှင့် အေးစက်ခက်ထန်မှုကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။

တစ်ခုလုံးရှိ အင်မော်တယ်ဂိုဏ်းတွင် မည်သူမဆို အချိန်မရွေး သူတို့၏ ခံစားချက်များကို ပေါက်ကွဲထုတ်ပစ်နိုင်၏။ သို့သော် သူမကတော့ မရချေ။

ယခု သူမ၏ ဦးလေးငယ် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသော ဤအခိုက်အတန့်တွင်မူ ဖန်ရှောင်က သူမ၏ ခံစားချက်များကို ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ဘဲ ပေါက်ကွဲထွက်လာတော့၏။

သူမ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်ဝိုင်းလာ၏။

ဖန်ရှောင်၏ ဤအခြေအနေကို မြင်လိုက်ရသောအခါ စုယွီလည်း အံ့အားသင့်သွားရလေသည်။

သူ၏ ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ယောက်က နာကြည်းမှုများနှင့် မျက်ရည်များ ကျဆင်းနေသည်ကို သူ မမြင်ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဖန်ရှောင်၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားပင် တစ်ခဏမျှ လှုပ်ခတ်သွားရလေသည်။

သို့သော် သူက ရှေ့သို့ လှမ်းမသွားဘဲ ဖန်ရှောင် သူမ၏ ခံစားချက်များကို ထိန်းချုပ်ကာ ထုတ်ဖော်ခွင့် ရစေရန် စောင့်ဆိုင်းနေလိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက်

ဖန်ရှောင်က သူမ၏ ခန္ဓာတွင်းရှိ ဝိညာဉ်စွမ်းအားများကို လှည့်ပတ်ကာ မျက်နှာပေါ်ရှိ မျက်ရည်စများကို သုတ်ဖယ်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် ဤလူက မည်သို့သော ရှင်းပြချက်မျိုး ပေးမည်ကို ကြည့်ရန် ရည်ရွယ်ချက်ဖြင့် စံအိမ်သခင်၏ နေရာသို့ ပြန်လည် ထိုင်ချလိုက်လေတော့သည်။

All Chapters