အခန်း ၁၀၀၈
Vol. 68 Ch. 1008
အခန်း (၁၀၀၈) - အချိန် နိယာမ စည်းမျဉ်းများ
တစ်ဖက် ရှိ တောင်ဘိုးဘေးကြီး ၏ မျက်ခုံးတန်း များ အနည်းငယ် တွန့်ချိုးသွားတော့၏။
‘မင်း တိုက်ခိုက်ချင်တယ် ဆိုရင်လည်း တိုက်ခိုက်လေ... စကား တွေ အများကြီး ပြောပြီး ကြွားဝါ နေတာ က ဘာအဓိပ္ပာယ် ရှိလို့လဲ’
သူတော်စင် ဘိုးဘေးကြီး က တောင်ဘိုးဘေးကြီးကို အထင်အမြင် သေးစွာ ပြုံးပြလိုက်ပြီး...
"ပညာမဲ့ တဲ့ ကောင်"
("မနက်ခင်း မှာ တာအို ကို ကြားနာ ရရင်... ညနေခင်း မှာ ကျေကျေနပ်နပ် ကြီး သေဆုံး နိုင်တယ်”)
ဤ စကားစု မှာ... ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား အတွင်းရှိ ရှေးဟောင်း သူတော်စင် များ အနက်မှ တစ်ဦး ၏ ထံမှ သူတော်စင် ဘိုးဘေးကြီး ရရှိခဲ့သော စာအုပ် တစ်အုပ် မှ ကောက်နုတ် ထားခြင်း ပင်။
ဆိုလိုသည်မှာ... ‘မနက်ခင်းမှာ တာအို ၏ အိမ် သို့သွားရာ လမ်း ကို မင်း သိခဲ့ရင် အဲဒီ ည မှာ မင်း သေသွားလိမ့်မယ်... ’ ဟူ၍ ဖြစ်၏။
အသေအချာ သုတေသန ပြုလုပ်ပြီးနောက် တွင်... ဤ စာအုပ်မှာ လူများကို အင်အား ဖြင့် နှိမ်နင်း ခြင်း အပေါ် တွင် အဓိက အာရုံစိုက် လေ့လာ ခဲ့သော ရှေးဟောင်း သူတော်စင် တစ်ဦး က ရေးသား ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ အမည် မှာ "လွန်းယွိ" ဟု ခေါ်ကြောင်း သူတော်စင် ဘိုးဘေးကြီး လေ့လာ သိရှိခဲ့ရသည်။
တောင်ဘိုးဘေးကြီး သည် ဤမျှ ရိုးရှင်းသော အရာများကိုပင် နားမလည်သော အသိပညာ ကင်းမဲ့သည့် လူမိုက် တစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှ၏။
ထို့ကြောင့် သူတော်စင် ဘိုးဘေးကြီး သည် ထို ရှေးဟောင်း သခင်ကြီး ထံမှ သင်ယူပြီး... လူများကို အင်အား ဖြင့် နှိမ်နင်း ရမည်သာ။
သို့သော်... သူတော်စင် ဘိုးဘေးကြီး လှုပ်ရှား ရန် ပြင်လိုက်စဉ် မှာပင် တောင်ဘိုးဘေးကြီး သည် သူ၏ အရှေ့သို့ လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းသွားပြီး... သူ၏ မျက်နှာ ကို လက်သီး ဖြင့် တန်းတန်းမတ်မတ် ထိုးနှက်လိုက်တော့၏။
လက်သီးချက် ထွက်ပေါ်သွားသည့် မျက်စိတစ်မှိတ် အတွင်းမှာပင်... ၎င်း က တောင်ဘိုးဘေးကြီး ၏ အနောက်ဘက် ရှိ စစ်မြေပြင်နယ်မြေ ထက်ဝက် ၏ စွမ်းအင်များကို တုန်ခါသွားစေပြီး ပဲ့တင်ထပ်သွားစေတော့သည်။
သူတို့ သည် သူတော်စင် ဘိုးဘေးကြီး ၏ မျက်နှာ သို့ နောက်ဆုံး တွင် ရောက်ရှိလာသောအခါ... ပိုမို ဝေးကွာသော နေရာ တွင် ရှိသည့် တောင်နှင့် ပင်လယ် ကမ္ဘာ ထံမှ ဖြာထွက်လာသော ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအားများကိုပင် ဝေဝါးစွာ ခံစား သိရှိနိုင်ကြလေသည်။
လက်သီး တစ်ချက် တည်း ဖြင့် စစ်မြေပြင်နယ်မြေ ထက်ဝက် နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအင်များကို အပြည့်အဝ ပေါက်ကွဲ ထုတ်လွှတ် နိုင်စွမ်း ရှိခြင်း မှာ... တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သူတော်စင် ဘိုးဘေးကြီး သည် လက်ကို မြှောက်လိုက်ပြီး... အံ့အားသင့်ဖွယ် ကောင်းလှစွာ ပင် ထို လက်သီးချက် ကို လက်ဖဝါးဖြင့် အောင်မြင်စွာ ပိတ်ဆို့ တားဆီးလိုက်တော့၏။
ကြီးမား ထွားကျိုင်းပြီး ကြွက်သား တောင့်တင်းသော အမျိုးသားကြီး နှစ်ဦး အပြင်းအထန် ဝင်တိုက် မိသွားကြပြီး... ဧရာမ အပေါက်ကြီး တစ်ပေါက် ရုတ်တရက် ပေါ်ထွက်လာ၏။ ဟင်းလင်းပြင် မှာ ဖန်သားပြင် အလား ဖြစ်သွားပြီး... ပင့်ကူအိမ် အလား အက်ကွဲကြောင်း များဖြင့် ဖုံးလွှမ်းသွားတော့သည်။
"ဝုန်း..."
ကြမ်းတမ်း ပြင်းထန်လှသော တာအို စည်းမျဉ်းများက အရပ် လေးမျက်နှာ သို့ ပြန့်ကျဲသွား၏။ တာအို စည်းမျဉ်းများ ပိုမို ဝေးကွာစွာ ရောက်ရှိသွားလေလေ၊ ဘေးမှ စောင့်ကြည့်နေကြသော သူများ ဆီသို့ တဟုန်ထိုး တိုက်ခတ်သွားသော တာအို စည်းမျဉ်း မုန်တိုင်းကြီး တစ်ခု ကိုပင် ဖန်တီးလိုက်လေ ဖြစ်တော့၏။
မုန်တိုင်းကြီး သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာချိန် တွင် နင်ချီ၊ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့ တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။
နင်ချီ ၏ အနည်းငယ် ထိတွေ့မှု ဖြင့်... မုန်တိုင်းကြီး မှာ ချက်ချင်း ပင် ငြိမ်ကျသွားတော့၏။
ကျောက်ယွီကျွင်း မလှုပ်ရှား နိုင်ခင် မှာပင်... ပင်လယ်ဘိုးဘေးကြီး က တာအို စည်းမျဉ်း နတ်ဘုရား မှော်စွမ်းရည် တစ်ခု ကို ထုတ်လွှတ်လိုက်ပြီး သူမ၏ အရှေ့ရှိ စည်းမျဉ်း မုန်တိုင်းကြီး ကို အလွယ်တကူ ပင် တံမြက်စည်း လှည်း သလို ဖယ်ရှား ပစ်လိုက်တော့သည်။
ကုန်းထျန်းတောက် နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... သူ အတော်လေး ကံကောင်းသွားသည် ဟု ဆိုရမည်။ မုန်တိုင်းကြီး က သူ နှင့် တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူ များ ဆီသို့ ရောက်ရှိလာချိန် တွင်... ၎င်း၏ စွမ်းအား အများစု မှာ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။
မုန်တိုင်းကြီး ငြိမ်ကျသွားပြီးနောက်... လူတိုင်း က ဆက်လက်၍ ဝေ့ဝဲ ကြည့်ရှုလိုက်ကြသည်။
ရုတ်တရက်... သူတော်စင် ဘိုးဘေးကြီး နှင့် တောင်ဘိုးဘေးကြီး တို့ ၏ တိုက်ပွဲ အရှိန်အဟုန် မှာ တဟုန်ထိုး မြင့်တက်သွားတော့၏။
လက်သီး မှသည် တံတောင်ဆစ်၊ တံတောင်ဆစ် မှသည် ခြေထောက် အထိ... တိုက်ခိုက်မှု တစ်ခုစီ တိုင်း က စည်းမျဉ်း မုန်တိုင်းများကို အဆက်မပြတ် ဖြစ်ပေါ် စေတော့သည်။
သို့သော် အံ့အား အသင့်ဆုံး သူ မှာ တောင်ဘိုးဘေးကြီး ပင် ဖြစ်၏။ ကျယ်ပြန့်သော ကမ္ဘာ ၏ ဘိုးဘေးကြီး က... ကိုယ်ခံပညာ တိုက်ခိုက်ရေး တွင် သူ့ကို အမှန်တကယ်ပင် သရေကျ အောင် တိုက်ခိုက် နိုင်လိမ့်မည်ဟု သူ ဘယ်သောအခါ မှ မထင်မှတ် ထားခဲ့မိပေ။
"မနက်ခင်း မှာ တာအို ကို ကြားနာ ရရင်... ညနေခင်း မှာ ကျေကျေနပ်နပ်ကြီး သေဆုံး နိုင်တယ်"
ရုတ်တရက်... သူတော်စင် ဘိုးဘေးကြီး က ကြွေးကြော်လိုက်၏။
သူ၏ လက်သီးများက နဂါးများ အလား လျှပ်တစ်ပြက် ပစ်ထွက်၏။ လက်သီး တစ်ချက် စီတိုင်း တွင် အရောင် နှစ်မျိုး ထွက်ပေါ် နေသည်။ တစ်ခု မှာ နံနက်ခင်း နေမင်းကြီး အလား ရွှေဝါရောင်၊ အခြား တစ်ခု မှာမူ နေဝင်ဆည်းဆာ အလား အနီရောင် ဖျော့ဖျော့ လေး ဖြစ်၏။
လက်သီး နှစ်ခု ဝင်တိုက် မိသွားကြပြီး... လက်သီးချက်များ၏ စွမ်းအား နှင့် အရောင် တစ်ထေရာတည်း တူညီသော နဂါးကြီး နှစ်ကောင် ပေါ်ထွက်လာ၏။
နဂါးကြီးများက တောင်ဘိုးဘေးကြီး ဆီသို့ အဟုန်ပြင်းစွာ ကိုက်ခဲ
လိုက်တော့သည်။
တောင်ဘိုးဘေးကြီး ၏ မျက်လုံးအိမ်များ အနည်းငယ် ကျုံ့ဝင်သွားပြီး... တစ်စုံတစ်ရာ မှားယွင်း နေကြောင်း ကို အာရုံခံ မိလိုက်၏။
အကြောင်းမူကား ဤတစ်ကြိမ် တွင်... သူတော်စင် ဘိုးဘေးကြီး ၏ လက်သီးချက် ၌ အချိန် နိယာမ စည်းမျဉ်း ၏ စွမ်းအား အချို့ အမှန်တကယ်ပင် ပါဝင် နေသောကြောင့်တည်း။
ပင်လယ်ဘိုးဘေးကြီး နှင့် နင်ချီ တို့ သည်လည်း ဤ အပြောင်းအလဲ ကို ချက်ချင်း သတိပြု မိသွားကြသည်။
ပင်လယ်ဘိုးဘေးကြီး ၏ ရေခဲအလား အေးစက်နေသော မျက်ဝန်း များ မှာလည်း အံ့အားသင့်သွားတော့၏။
‘သူတော်စင် ဘိုးဘေးကြီး က ငါနဲ့ တိုက်ခိုက် တုန်းက သူ့ရဲ့ ခွန်အား တွေကို တမင် ဖုံးကွယ် ထားခဲ့တာ များလား…’
နင်ချီသည် မိစ္ဆာ နှိမ် ရွှေရောင် မျက်လုံး သို့ အသွင်ပြောင်းလိုက်ပြီ ဖြစ်ပြီး... တိုက်ပွဲ ဝင်နေကြသော သူတို့ နှစ်ဦး ကို မျက်တောင် မခတ်တမ်း တည်ကြည် လေးနက်စွာ ဖြင့် စူးစိုက် ကြည့်နေတော့၏။
"မနက်ခင်း မှာ တာအို ကြားနာ ရတယ် ဆိုတာ... ဒါက အချိန် နိယာမ စည်းမျဉ်း တွေရဲ့ စွမ်းအားများလား"