Chapters

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း (၁၀၀၉) - အချိန် နိယာမ စည်းမျဉ်းများ

ယနေ့တိုင်အောင်... ကမ္ဘာကြီး နှစ်ခု လုံး တွင် မည်သူ တစ်ဦးတစ်ယောက် ကမျှ အချိန် နိယာမ စည်းမျဉ်းများကို ဖော်ထုတ် နိုင်သည် ကို သူ တစ်ခါမှ မမြင်တွေ့ ဖူးခဲ့သလို ၎င်း၏ အရိပ်အယောင် အနည်းငယ် မျှကိုပင် ထုတ်ဖော် ပြသ နိုင်စွမ်း လုံးဝ (လုံးဝ) မရှိကြချေ။

အကြောင်းမူကား အချိန် နိယာမ စည်းမျဉ်းများမှာ ဤ လောက ကြီး တွင် အထူးခြားဆုံး နှင့် အဆန်းကြယ်ဆုံး သော စည်းမျဉ်းများ ဖြစ်ကြပြီး... ကျင့်ကြံသူ များ အတွက် ဆိုလျှင်တော့ နတ်ဘုရား အဆင့် စည်းမျဉ်းများ ဖြစ်နေသောကြောင့်ပါ။

နင်ချီ ၏ ကောင်းကင် ကို အံတုနိုင်သော နားလည် သဘောပေါက်နိုင်စွမ်း ရှိသည့် တည်ရှိမှု ပင်လျှင်... အချိန် နိယာမ စည်းမျဉ်းများကို ယခု အချိန်အထိ လုံးဝ (လုံးဝ) မကျွမ်းကျင် သေးပေ။

ယခုအခါ... သူတော်စင် ဘိုးဘေးကြီး ၏ သိုင်းကွက် တွင် အချိန် နိယာမ စည်းမျဉ်း ၏ စွမ်းအား အချို့ အမှန်တကယ် ပင် ပါဝင် နေခြင်း က... နင်ချီ ကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့တော့၏။

"ဘုန်း.."

ကျယ်လောင်လှသော ပေါက်ကွဲသံ ကြီး နှင့်အတူ... သူတော်စင် ဘိုးဘေးကြီး ၏ လက်သီး နှစ်ချက် က တောင်ဘိုးဘေးကြီး ၏ ကာကွယ်ရေး ကို ဖောက်ထွင်းသွားပြီး တောင်ဘိုးဘေးကြီး ၏ ကျယ်ပြန့်သော ရင်ဘတ် ကို တိုက်ရိုက် ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်... တောင်ဘိုးဘေးကြီး မှာ နောက်သို့ ခြေလှမ်း ငါးလှမ်း ခန့် လွင့်စင်သွားတော့၏။

တိုက်ခိုက်မှု ၏ အရှိန်အဟုန် ကို အကဲဖြတ် ကြည့်မည် ဆိုလျှင်... တောင်ဘိုးဘေးကြီး သည် အနည်းဆုံး ခြေလှမ်း တစ်ဒါဇင် ခန့် နောက်ဆုတ်သွားသင့်သည် ဟု ခန့်မှန်း ရသော်ငြားလည်း သူ သည် နောက်ဆုတ် နေမှုကို အတင်းအကျပ် ရပ်တန့်လိုက်ပြီး ခြေလှမ်း ငါးလှမ်း အကွာအဝေး တွင် ရပ်တန့်သွားခဲ့လေ၏

တောင်ဘိုးဘေးကြီး သည် ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်ပြီး... သူ့ ရင်ဘတ် ကို တစ်ချက် အကြည့်ပို့လိုက်သည်။

သူ၏ ကြွက်သားပြိုင်းပြိုင်းထသော ရင်ဘတ် ပေါ်တွင်... နက်ရှိုင်းသော လက်သီးရာ နှစ်ခု အထင်းသား ပေါ်လွင် နေပြီး မတူညီသော မီးခိုးငွေ့ များ အဆက်မပြတ် ထွက်ပေါ် နေလေသည်။

တစ်ခု မှာ ရွှေရောင် ဖျော့ဖျော့ ဖြစ်ပြီး အခြား တစ်ခု မှာမူ အနီရောင် ဖျော့ဖျော့ ဖြစ်သည်။ သူတို့၏ စွမ်းအား များမှာ ဆင်တူ သော်ငြားလည်း အချင်းချင်း တွန်းကန် နေကြပြီး... သူ၏ ခန္ဓာကိုယ် အပေါ် တွင် သက်ရောက်မှု ရှိသော ဆန့်ကျင်ဘက် စွမ်းအား စုံတွဲ တစ်ခု အဖြစ် ဖွဲ့စည်းသွားကြတော့၏။

တောင်ဘိုးဘေးကြီး သည် အသက် ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။

တောင်ဘိုးဘေးကြီး မည်သည့် မှော်ပညာ ကို ဖော်ထုတ်လိုက်သနည်း ဆိုတာကိုတော့ မည်သူကမျှ မသိရှိ ကြ။

သူ၏ ရင်ဘတ် မှာ နိမ့်ချည် မြင့်ချည် ဖြစ်ကာ တုန်ခါသွားပြီး... အဆုတ် အထိ ရောက်ရှိသွားသော ထို နက်ရှိုင်းသည့် လက်သီးရာ နှစ်ခု မှာ အလွန် လျင်မြန်စွာ ပြန်လည် သက်သာလာနေ၏။ ထို အထဲမှ စွမ်းအားများကို အတင်းအကျပ် နှင်ထုတ် ပစ်လိုက်တော့၏။

ဤ မြင်ကွင်း က တောင်ဘိုးဘေးကြီး ကို သဘာဝကျစွာ ပင် အံ့အားသင့်သွားစေခဲ့၏။

ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား ထံမှ သူ ရရှိခဲ့သော အသိအမြင် တရားများသည် သူ၏ ရန်သူများကို အမြဲတမ်း သေဆုံးစေသည် (သို့မဟုတ်) ၊ ကိုယ်လက် အင်္ဂါ ချို့တဲ့သွားစေခဲ့သော်ငြားလည်း တောင်ဘိုးဘေးကြီး ကတော့ ချွင်းချက် တစ်ခု သေချာပေါက် ဖြစ်နေခဲ့လေပြီ။

တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး ကို စူးစိုက် ကြည့်လိုက်ရာ... မျက်ခုံးတန်း များ အနည်းငယ် တွန့်ချိုးသွားတော့၏။

သူ သည် ဒဏ်ရာ ရရှိသွားခြင်း ကို ဂရုမစိုက် ခဲ့ပါ။

တောင်ဘိုးဘေးကြီး အမှန်တကယ် ဂရုစိုက် နေသည် မှာ... ကြိုတင် ခန့်မှန်း သိရှိပြီး ကာကွယ်ရေး လှုပ်ရှားမှုများကို ပြုလုပ် ခဲ့သော်ငြားလည်း သူတော်စင် ဘိုးဘေးကြီး ၏ တိုက်ခိုက်မှု ကို အောင်မြင်စွာ မကာကွယ်နိုင်ခဲ့ခြင်းပင်။