← Chapters

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း (၁၀၁၃) - ပုကျိုး တောင် ၏ အမွေအနှစ်

ဤ နေရာ မှာ သေးငယ်သော ကမ္ဘာငယ် လေး လည်း မဟုတ်သလို ဝိညာဉ်ကမ္ဘာကြီးလည်း မဟုတ်ဘဲ... ကမ္ဘာ့ သမုဒ္ဒရာ ကြီး တစ်ခုလုံး ကို လွှမ်းခြုံ ထားသည့် နေရာ ဖြစ်သည်။

သူတော်စင် ဘိုးဘေးကြီး က တိုးတိတ်စွာ ရေရွတ်လိုက်၏။

"ဒါက... ဒဏ္ဍာရီ ထဲက တောင်ကြီး များလား"

သူ သည် ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား တွင် ဆက်စပ် နေသော ဖော်ပြချက်များကို မြင်တွေ့ ခဲ့ဖူး သဖြင့်... သူ၏ အရှေ့ရှိ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် နှင့် ချက်ချင်း ပင် ဆက်စပ် တွေးတောလိုက်မိ၏။

တောင်ဘိုးဘေးကြီး မှ ဆင့်ခေါ်ထားသော နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် မှာ ပုံရိပ်ယောင် သက်သက် မဟုတ်ဘဲ... စစ်မြေပြင်နယ်မြေ အတွင်းရှိ စည်းမျဉ်းများဖြင့် ဖွဲ့စည်း ထားခြင်း ပင်။

ထို ခမ်းနား ကြီးကျယ်လှသော အရှိန်အဝါ ကြီးမှာ... ဒဏ္ဍာရီလာ ပုကျိုး တောင်အား အစစ်အမှန် ဆင့်ခေါ်လိုက်ခြင်း နှင့် ပိုမို ဆင်တူ နေတော့၏။

ဒဏ္ဍာရီ များ အရ... ပုကျိုး တောင် ကြီး ပြိုကျ ပျက်စီးသွားပြီးနောက် တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ခြင်း မရှိဘဲ ၎င်း၏ အစစ်အမှန် ခန္ဓာကိုယ် မှာ နယ်မြေများ ပင်လယ် ၏ အတွင်းဘက် ၌ ကျန်ရှိ နေဆဲ ဖြစ်သော်ငြားလည်း... မည်သည့် နေရာ တွင် ရှိနေသနည်း ဆိုတာကိုတော့ မည်သူ ကမျှ မသိရှိကြချေ။

သက်ရှိ အားလုံး ကို ဖိနှိပ် ချုပ်ချယ် ထားပြီး လူတိုင်း ကို အင်မော်တယ် လောက သို့ တက်လှမ်း ခြင်း မှ တားဆီး ပိတ်ပင် ထားသော ဤ နတ်ဘုရား တောင်ကြီး ၏ အရှေ့တွင်... လူတိုင်း မှာ ဖော်ပြ၍ မရနိုင်သော ဖိနှိပ်မှု ခံစားချက် ကြီး တစ်ခု ကို ခံစားလိုက်ကြရ၏။

သူတို့ အထဲတွင်... ပင်လယ်ဘိုးဘေးကြီး နှင့် အင်မော်တယ် များ၏ တည်ရှိမှု နှင့် အနီးစပ်ဆုံး ဖြစ်သော ကျင့်ကြံသူ များမှာ၊ ထို ဖိနှိပ်မှု ခံစားချက် ကို အထူးသဖြင့် အာရုံခံစား လွယ်ကြသည်။

သူတို့ ၏ နှလုံးသား များ အပေါ် သို့ အလေးတုံး ကြီး တစ်ခု ဖိချလိုက်သလို... လည်ချောင်း ထဲတွင် တစ်ခုခု တစ်ဆို့ နေကာ အသက်ရှူ ရန်ပင် မဖြစ်နိုင်တော့ပေ။

ဆန့်ကျင်ဘက် အနေဖြင့်... နင်ချီ၊ ကျောက်ယွီကျွင်း နှင့် ကုန်းထျန်းတောက် တို့ ကဲ့သို့သော ကျင့်ကြံသူ များမှာမူ ထို ဖိနှိပ်မှု ကို ထိုမျှလောက် အပြင်းအထန် မခံစား ခဲ့ကြရချေ။

"မင်း သူ့ကို ဘာလို့ မနိုင်တာလဲ ဆိုတာ... ငါ နားလည်သွားပြီ"

သူတော်စင် ဘိုးဘေးကြီး က သူ၏ အနောက်ဘက် ခပ်လှမ်းလှမ်း တွင် ရှိနေသော ပင်လယ်ဘိုးဘေးကြီး ကို ရုတ်တရက် လှမ်းပြောလိုက်သည်။

သူက သူမ နှင့် စကားပြော ရန်ပင် အချိန် ရနေသေးပုံ ရ၏။

ထိုစကား ကို ကြားလိုက်ရသောအခါ... ပင်လယ်ဘိုးဘေးကြီး သည် နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို စူးစူးရဲရဲ ကြည့်ကာ အံ တင်းတင်း ကြိတ်လိုက်ပြီး... လှပသော မျက်နှာထက်ဝယ် ရူးသွပ်မှု အရိပ်အယောင် အချို့ ပေါ်ထွက်လာတော့သည်။

သူမ သည် တောင်ဘိုးဘေးကြီး ကို ဘယ်သောအခါ မှ မအောင်နိုင် ခဲ့။ ဤ ကိစ္စ မှာ သူမ၏ နှလုံးသား ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ် နေသော နာကျင်မှု တစ်ခု အဖြစ် ကျန်ရှိ နေခဲ့ပြီး သူမ ဘဝ ၏ အကြီးမားဆုံးသော ဝမ်းနည်း ပူဆွေးမှု ကြီး တစ်ခု ဖြစ်လာခဲ့လေပြီ။

သူတော်စင် ဘိုးဘေးကြီး က ဆက်ပြောလာ၏။

"မင်း က တောင်နဲ့ ပင်လယ် ကမ္ဘာ ကို ကာကွယ် ဖို့ အတွက် သက်သက်... သူ့ဘက် မှာ ရပ်တည် ဖို့ ဆုံးဖြတ်ထားတုန်းပဲလား"

"ဟား... မင်း က တောင်နဲ့ ပင်လယ် ကမ္ဘာ ကို တကယ် ကာကွယ် နေတာလား။ ငါ မင်းကို ပြောပြမယ်... အကယ်၍ ဒီ ဝိညာဉ်နယ်မြေ စစ်ပွဲ က ငါတို့ အနိုင်ရသွားရင်တောင် မှ မင်းတို့ ရဲ့ တောင်နဲ့ ပင်လယ် ကမ္ဘာ ကို ငါ ဘယ်တော့မှ ကျူးကျော်ဖို့ စိတ်ကူး မရှိဘူး"

"မင်း နဲ့ ပတ်သက်ပြီး ပြောရရင်... အခု မင်း က အဲဒီ ကောင် ကို တိုက်ခိုက် ဖို့ အတွက် ငါ ဆိုတဲ့ ပြင်ပ ရန်သူ တစ်ယောက် ကို နောက်ဆုံး မှာ ရထားပြီ ဆိုတော့၊ အကယ်၍ မင်းရဲ့ မူဝါဒ တွေကို ဆက်ပြီး စွဲကိုင် ထားမယ် ဆိုရင်... ငါ့ရဲ့ ကျယ်ပြန့်သော ကမ္ဘာ က အရေးနိမ့်သွားတာနဲ့ တစ်ပြိုင်နက်၊ သူ က ပိုပြီး မြင့်မားတဲ့ နယ်ပယ် တစ်ခု ကို တက်လှမ်း နိုင်မယ့် အခွင့်အရေး အရမ်း ကို များသွားလိမ့်မယ်။ အဲဒီ အချိန်ကျရင် မင်း က သူ့ကို အနိုင်ယူ ဖို့ အခွင့်အရေး ရှိသေးတယ် လို့ ထင်နေလား"

သူတော်စင် ဘိုးဘေးကြီး က တည်ငြိမ်စွာ ဖြင့် တလျှောက်တည်း ပြောဆိုလိုက်၏။

သူ၏ စကား များမှာ မည်သည့် လှည့်စားမှု လှည့်ကွက် များနှင့် မျှ ရောယှက် နေခြင်း မရှိဘဲ... ဆန့်ကျင်ဘက် အနေဖြင့် အလွန်တရာ ပွင့်လင်း ရိုးသား လွန်းလှသည်။

နင်ချီ က အကဲခတ်ကြည့်လိုက်ရာ... ပင်လယ်ဘိုးဘေးကြီး ၏ လှပသော မျက်နှာလေး ပေါ်တွင် ရုန်းကန် နေရမှု များ ပိုမို ပြင်းထန်လာနေပြီး ရွေးချယ်စရာ နှစ်ခု အကြား တွင် သူမ အလွန်အမင်း ဗျာများ နေသလို ရှိနေရသည်။

သူတော်စင် ဘိုးဘေးကြီး ၏ စကား များကြောင့် ပင်လယ်ဘိုးဘေးကြီး မှာ စိတ်ပြောင်းသွားဟန် ရှိသော်ငြားလည်း... မိမိ၏ ရပ်တည်ချက် ကြောင့် အလွန်အမင်း ရုန်းကန် နေရပြီး ချောက်ကမ်းပါး အစွန်း တွင် လူးလာ ခေါက်တုံ့ ဖြစ်နေကြောင်း ကို နင်ချီ ချက်ချင်း နားလည် သဘောပေါက်လိုက်

တော့သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ပင်လယ်ဘိုးဘေးကြီး တစ်ဦး အနေဖြင့်... သူမ သည် ကျယ်ပြန့်သော ကမ္ဘာ ၏ ဘိုးဘေးကြီး ကို မဖြစ်မနေ ရင်ဆိုင် ရမည် ဖြစ်သော်ငြား တောင်ဘိုးဘေးကြီး ကိုလည်း အသည်းအသန် အနိုင်ယူ လိုနေပြန်၏။

မည်သည့် အရာ က ပို၍ အရေးကြီး သနည်း ဆိုသည်ကို ဆုံးဖြတ် ရန် ပင်လယ်ဘိုးဘေးကြီး အတော်လေး ခက်ခဲ နေပုံ ရသည်။

ပင်လယ်ဘိုးဘေးကြီး သည် မိမိကိုယ်ကို အလွန်တရာ စည်းကမ်း တင်းကျပ် သူ တစ်ဦး ဖြစ်ကြောင်း နင်ချီ မျက်စိတစ်မှိတ် အတွင်း နားလည် သဘောပေါက်လိုက်တော့၏။

သူမ သည် သူမ၏ ကိုယ်ပိုင် မူဝါဒ များကြောင့် ကန့်သတ် ချုပ်ချယ် ခံနေရပုံ ရပြီး... ဒါကပင် သူမ အတွက် ဆုံးဖြတ်ချက် များ ချမှတ် ရန် ခက်ခဲ စေခဲ့၏။

ရိုးရှင်းစွာ ပြောရမည် ဆိုလျှင်... ပင်လယ်ဘိုးဘေးကြီး၏ ကိုယ်ကျင့်တရား စံသတ်မှတ်ချက် မှာ အရမ်း ကို မြင့်မား လွန်းနေပြီး ပြောင်းလွယ် ပြင်လွယ် မရှိပေ။

..

သူတို့ကို တွန်းအား တစ်ခု ပေးရန် လိုအပ်သည် ဟု နင်ချီ ခံစားလိုက်ရသည်။

All Chapters