← Chapters

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း (၁၀၁၄) - ပုကျိုး တောင် ၏ အမွေအနှစ်

'ဘိုးဘေးကြီး သုံးပါးက အချင်းချင်း သူတို့ဘာသာသူတို့ တိုက်ခိုက်နေကြရင်... ငါက ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ အနိုင်ရနိုင်မှာလဲ...'

'လောလောဆယ် အခြေအနေအရ ကြည့်ရင်တော့... တောင်ဘိုးဘေးကြီးက အမှန်တကယ်ပဲ အရမ်းကို အစွမ်းထက်လွန်းတယ်။ ပိုပြီး အရေးကြီးတဲ့အချက်က... အဲဒီတောင်ဘိုးဘေးကြီးက သွေးအေးလွန်းပြီး သူ့လက်အောက်ငယ်သားတွေရဲ့ အသက်ကို လုံးဝကို ဂရုမစိုက်တာပဲ...'

'သူ ပေါ်လာကတည်းက ကုန်းထျန်းတောက်နဲ့ တခြားကျင့်ကြံသူတွေရဲ့ ဘေးကင်းလုံခြုံရေးကို တစ်ခါမှ လှည့်မမေးဖူးဘူး။ သူတို့ကို စစ်မြေပြင်မှာ သေဖို့သက်သက်ပဲ စေလွှတ်ထားသလိုမျိုး...'

လူတိုင်း၏ မျက်စိရှေ့မှောက်တွင်.. နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်က ပို၍ ပို၍ ကြီးမားလာပြီး ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်လာတော့သည်။

တောင်ဘိုးဘေးကြီးက ထိုအထဲတွင် လွင့်မျောနေလျက်.. နတ်ဘုရားတစ်ပါးအလား သက်ရှိအားလုံးကို အထက်စီးမှ စူးစူးရဲရဲ ငုံ့ကြည့်နေတော့၏။

နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်က ဆန်းပြားထွေပြားလှသော အသွင်သဏ္ဍာန်မျိုးစုံနှင့်အတူ ပိုမိုပီပြင်ထင်ရှားလာပြီး အသက်ရှူမှားလောက်စရာ ကြောက်မက်ဖွယ်ရာ ဖိအားလှိုင်းများကို အရပ်မျက်နှာအနှံ့ ဖြာထွက်စေတော့သည်။

ထိုအငွေ့အသက်များ ရိုက်ခတ်လာသည့် အခိုက်အတန့်တွင်.. သူတော်စင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့ပင် မျက်နှာပျက်သွားကြရပြီး နင်ချီပင်လျှင် နှလုံးသားတစ်ခုလုံး သွေးရူးဆန်းပြား တဒိတ်ဒိတ် ခုန်လှုပ်လာသည်ကို ခံစားလိုက်ရ၏။

ဒီလှိုင်းက စစ်မြေပြင်နယ်မြေ သို့မဟုတ် ဝိညာဉ်ကမ္ဘာကြီးဆီက ဆင်းသက်လာသည့် သတင်းစကားမျိုး မဟုတ်ဘဲ ပိုမိုမြင့်မားလွန်းလှသော အထက်ဘုံ နယ်ပယ်တစ်ခုခုဆီမှ ရိုက်ခတ်လာတာမျိုးနှင့် ပိုတူနေသည်။

နင်ချီ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားမိ၏။

'ဒါက... အင်မော်တယ်ကမ္ဘာရဲ့ ဒဏ္ဍာရီတစ်ခုလား... ဒါမှမဟုတ် အထက်ဘုံရဲ့ သတင်းစကား

တစ်ခုလား...'

သူတော်စင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့၏ မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်မှု အမူအရာများကို သူ အကဲခတ်မိလိုက်သည်။

ဤအရာက အင်မော်တယ်အဆင့် ကျင့်ကြံသူများသာ နားလည်သဘောပေါက်နိုင်မည့် လျှို့ဝှက်ချက်တစ်ခုခု ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။ ထိုနေရာမှ မှုတ်ထုတ်လိုက်သည့် လေတစ်ချက်ကပင် ခေါင်းဆောင်ကြီးနှစ်ဦးစလုံးအား တစ်ပြိုင်နက်တည်း သွေးပျက်သွားစေနိုင်စွမ်း ရှိနေသည်။

နင်ချီ၏ အကြည့်များက တောင်ဘိုးဘေးကြီးနှင့် နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်ဆီသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။

တမင်တကာပဲဖြစ်ဖြစ်.. မတော်တဆပဲဖြစ်ဖြစ်.. တောင်ဘိုးဘေးကြီးသည် စစ်မြေပြင်နယ်မြေ၏ အစိတ်အပိုင်းအများစုကို ပိတ်ဆို့ရန်အတွက် နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်ကို အလုံးစုံ ဖြန့်ကျက်ထားလိုက်ပြီး တောင်နှင့်ပင်လယ်ကမ္ဘာနှင့် စစ်မြေပြင်နယ်မြေကို ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင်ဝင်ပေါက်ကို လုံးဝဥဿုံ ဖုံးကွယ်ပစ်လိုက်ကြောင်း နင်ချီ ရိပ်မိလိုက်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် အင်အားကြီးမားလှသော တောင်နှင့်ပင်လယ်ကမ္ဘာမှ ကျင့်ကြံသူများအား တောင်နှင့်ပင်လယ်ကမ္ဘာအတွင်းရှိ တာအိုလမ်းကြောင်းဆီသို့ ဆုတ်ခွာခွင့်မရအောင် လမ်းကြောင်းဖြတ်တောက် ပိတ်ဆို့လိုက်ခြင်းပင်။

နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်က ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်သည်နှင့်အမျှ သူတို့သည် ကျယ်ပြန့်သော ကမ္ဘာဆီသို့သာ မဖြစ်မနေ အတင်းအကျပ် ဆုတ်ခွာသွားရန် ဖိအားပေးခြင်း ခံလိုက်ရတော့သည်။ နင်ချီ၊ ကျောက်ယွီကျွင်းနှင့် ကုန်းထျန်းတောက်တို့သည် မိမိတို့၏ လက်အောက်ခံ ကျင့်ကြံသူများကို အကာအကွယ်ပေးရင်း နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကြရ၏။

သူတော်စင်ဘိုးဘေးကြီးပင်လျှင် ဤအခိုက်အတန့်တွင် ပင်လယ်ဘိုးဘေးကြီးနှင့် စကားမဆိုနိုင်တော့ပေ။ သူသည် နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်ပေါ်ရှိ အင်မော်တယ်တာအိုအငွေ့အသက်ကို အာရုံခံမိလိုက်သဖြင့် မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ပို၍ပို၍ တည်ကြည်

လေးနက်လာတော့သည်။

ထိုအင်မော်တယ်အငွေ့အသက်များတွင် အရင်းအမြစ် နှစ်ခု ရှိနေသည်ကို သူ အာရုံရလိုက်၏။

ပထမတစ်ခုမှာ နတ်ဘုရားတောင်ကြီး၏ ပုံရိပ်ယောင်ပင် ဖြစ်သည်။ အကယ်၍ ဤနတ်ဘုရားတောင်ကြီးသည် ဒဏ္ဍာရီလာ ပုကျိုးတောင်အစစ်အမှန်သာ ဖြစ်ခဲ့မည်ဆိုပါက ၎င်းတွင် အင်မော်တယ်ရတနာများ ပါရှိနေမည်မှာ သေချာလှသဖြင့် အင်မော်တယ်ချီစွမ်းအင်များ ပါဝင်နေခြင်းက အံ့ဩစရာ မဟုတ်ချေ။

ဒုတိယအချက်မှာ ၎င်းသည် အတွင်းဘက်ရှိ တောင်ဘိုးဘေးကြီးထံမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ထိုအချက်ကပင် သူတော်စင်ဘိုးဘေးကြီးကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်တော့သည်။

'တောင်ဘိုးဘေးကြီးက အင်မော်တယ်ဖြစ်လာဖို့ သူ့ဘာသာသူ ကျင့်ကြံခဲ့တာလား... ဒါမှမဟုတ် သူက သူ့ကိုယ်တွင်းမှာ အင်မော်တယ်ဖြစ်လာဖို့ ပုကျိုးတောင်ရဲ့ ပုံရိပ်ယောင်ကို ဖော်ထုတ်ခဲ့တာလား... ဒါမှမဟုတ် ပုကျိုးတောင်ရဲ့ ပုံရိပ်ယောင်ကိုယ်တိုင်ကပဲ သူ့အထဲမှာ ကောင်းကင်ဘုံရဲ့ အရှိန်အဝါတစ်ခုကို တက်ကြွစွာ ပြုစုပျိုးထောင်ပေးနေခဲ့လို့ ဒီလို အင်မော်တယ်ချီ အရှိန်အဝါတွေ ထွက်နေတာလား...'

အချုပ်အားဖြင့်ဆိုရသော် ထိုနှစ်ခုအနက်မှ မည်သည့်အရာက အမှန်တကယ် ဖြစ်နေပါစေ ၎င်းတို့အားလုံးက အချက်တစ်ချက်တည်းကိုသာ ညွှန်ပြနေတော့သည်။

All Chapters