အခန်း ၁၀၁၅
Vol. 68 Ch. 1015
အခန်း (၁၀၁၅) - နတ်ဘုရား စာလုံး ကျောင်းတော်
ကျင့်ကြံခြင်း ပိုင်း နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင် တောင်ဘိုးဘေးကြီး သည် သူ နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ထက် ပိုမို အစွမ်းထက် နေကာ တာအို အင်မော်တယ် ဖြစ်ခြင်း ၏ နယ်ပယ် သို့ ပိုမို နီးစပ်၏။
ပင်လယ်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး ၏ အနောက်ဘက် တွင် လွင့်မျော နေပြီး... သူမ၏ ရေခဲ အလား အေးစက်နေသော မျက်ဝန်း အစုံ မှာ တဆတ်ဆတ် တုန်ယင် နေတော့၏။
အစပိုင်း တွင်... သူမ သည် သူတော်စင် ဘိုးဘေးကြီး နှင့် တောင်ဘိုးဘေးကြီး တို့ကို အလှည့်ကျ အကြည့်ပို့လွှတ်နေခဲ့သော်ငြားလည်း ယခုအခါ တွင်မူ သူမ၏ အကြည့်များ မှာ တောင်ဘိုးဘေးကြီး အပေါ်သို့သာ လုံးလုံးလျားလျား စူးစိုက် ကျရောက် နေခဲ့လေပြီ။
နှစ်ပေါင်း များစွာ ကြာမြင့် ခဲ့ပြီးနောက်... သူမ သည် တောင်ဘိုးဘေးကြီး နှင့် မျက်နှာချင်းဆိုင် မရင်ဆိုင် ဖြစ်ခဲ့သည်မှာ အချိန် အတော် ကြာမြင့် နေခဲ့ပြီ ဖြစ်ပြီး တောင်ဘိုးဘေးကြီး မည်မျှ အထိ တိုးတက်လာခဲ့ပြီ ဆိုသည်ကို ပင်လယ်ဘိုးဘေးကြီး လုံးဝ မသိရှိ ခဲ့ပါ။
ယခုတော့ သူမ သိသွားခဲ့ပြီ...။ တောင်ဘိုးဘေးကြီး က ဒီလို နယ်ပယ် မျိုး အထိ ရောက်ရှိသွားလိမ့်မည်ဟု သူမ စိုးစဉ်းမျှ ထင်မှတ်မထားခဲ့မိချေ။
‘ဟောင်ရှန်း ရခဲ့တဲ့ အမွေအနှစ် က တကယ်ပဲ ဒီလောက်တောင် အံ့မခန်း ဖြစ်နေခဲ့တာလား’
“ဝှစ်…”
ရုတ်တရက်... နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် အတွင်း၌ လွင့်နေသော တောင်ဘိုးဘေးကြီး သည် ၎င်း အတွင်းမှ အလိုအလျောက် ပျံထွက်လာပြီး နတ်ဘုရား တောင်ကြီး ၏ ဧရိယာ မှနေ၍ ထွက်ခွာလာခဲ့တော့၏။
ကြယ်တံခွန် တစ်ခု အလား... သူ့ကိုယ်ခန္ဓာသည် မီးတောက် များဖြင့် လွှမ်းခြုံနေ၏။
တောင်ဘိုးဘေးကြီးက သူတော်စင် ဘိုးဘေးကြီး ရှိရာ နေရာဆီသို့ တဟုန်ထိုး ဝင်တိုက်လိုက်တော့သည်။
ဤ အခိုက်အတန့် တွင်... သူ၏ ပတ်လည်ရှိ အရှိန်အဝါ မှာ ယခင် ကနှင့် လုံးဝ ကွဲပြား ခြားနား နေခဲ့လေပြီ။
ယခင် က... သူ သည် တောင်ကြီး တစ်လုံး အလား အများအားဖြင့် တည်ငြိမ်ပြီး မတုန်မလှုပ် ရှိနေခဲ့သော်ငြားလည်း ယခုအခါ တွင်မူ... သူ၏ နောက်ကွယ် ရှိ မိုးထိအောင် မြင့်မားလှသော ပုကျိုး တောင် ၏ တောင်ထွတ်ကြီး အလား ရှိနေတော့၏။
"ဘာလဲ... ငါ မင်းကို ကြောက်အောင် လုပ်လိုက်မိလို့လား။ မင်းရဲ့ အရှိန်အဝါ တွေ ဘယ်ရောက်သွားပြီလဲ"
ထိုစဉ် သူတော်စင် ဘိုးဘေးကြီး သည်လည်း ရင်ဆိုင် တိုက်ခိုက် ရန် အတွက် ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာခဲ့၏။
"အချိန် တွေက မြစ်ရေ လို စီးဆင်း နေတယ်... နေ့ရော ညပါ ဘယ်တော့မှ မရပ်တန့်ဘူး"
သူ က စကား တစ်ကြောင်း ကို လျင်မြန်စွာ ရွတ်ဆိုလိုက်သော်ငြားလည်း... ၎င်းမှာ တောင်ဘိုးဘေးကြီး အား တုံ့ပြန် နေခြင်း မဟုတ်ဘဲ မန္တန် တစ်ခု ကို ရွတ်ဆို နေသလို ပိုမို ဆင်တူ နေတော့၏။
ဒါကလည်း ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား ထံမှ သူ ရရှိခဲ့သော လျှို့ဝှက်ချက် တစ်ခု ပါပင်။
ရှေးဟောင်း သူတော်စင် ၏ စာအုပ် ဖြစ်သော "ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား ၏ စကားများ" မှ ဆင်းသက်လာခြင်း ဖြစ်ကာ သူ၏ သဘာဝ နှင့် လွန်စွာ နီးစပ် လှသည်။
စကားသံအဆုံးမှာ အရှေ့သို့ တိုးဝင် နေသော သူတော်စင် ဘိုးဘေးကြီး၏ ခြေဖဝါး အောက်တွင် ဒြပ်မဲ့ ရေလှိုင်း ဂယက်များ တဖျတ်ဖျတ် လှုပ်ရှားသွားတော့၏။
ရေလှိုင်း ဂယက်များသည် ဟင်းလင်းပြင် ကို ဖြတ်သန်း စီးဆင်းသွားပြီး... အလွန်တရာ မှိုင်းရီ နေဟန် ရှိသည်။ ရေလှိုင်း ဂယက် များ ပေါ်ထွက်
လာပြီးနောက် ပတ်ဝန်းကျင် ရှိ ဟင်းလင်းပြင် မှာလည်း အလွန် လျင်မြန်စွာ မှုန်ဝါးသွားတော့သည်။
ယခင်က ဖော်ထုတ်ခဲ့သော "မနက်ခင်း တွင် တာအို ကြားနာပြီး ညနေခင်း တွင် သေဆုံး ခြင်း" နည်းစနစ် နှင့် နှိုင်းယှဉ် ကြည့်မည် ဆိုပါက... ဤ နည်းစနစ် မှာ သိသိသာသာ ပိုမို အစွမ်းထက်၏။
သူတော်စင် ဘိုးဘေးကြီးက အချိန် နိယာမ စည်းမျဉ်းများကို နောက်တစ်ကြိမ် ထပ်မံ လှုံ့ဆော်လိုက်ပြန်၏။
အခြားသော ကျင့်ကြံသူများကို အသာထား... နင်ချီ ပင်လျှင် ဤ အခိုက်အတန့် တွင် သူတော်စင် ဘိုးဘေးကြီး ၏ ပုံရိပ် ကို ခွဲခြား သိမြင် နိုင်ရန် အလွန်တရာ ခက်ခဲ နေတော့သည်။
သူတော်စင် ဘိုးဘေးကြီး သည် ယခုအခါ အချိန် မြစ် ကြီး အတွင်းသို့ ဝင်ရောက်သွားသည့်နှယ် ၎င်း အတွင်း၌ လုံးလုံးလျားလျား နစ်မြုပ်နေ၏။
နေ့ နှင့် ည အကြား ကွဲပြား ခြားနားမှု မရှိတော့သဖြင့်... မည်သူ ကမျှ သူ၏ တည်နေရာ ကို နောက်ယောင်ခံလိုက်ရန် မဖြစ်နိုင်တော့ပေ။
ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ... ကြယ်တံခွန် တစ်ခု အလား တဟုန်ထိုး ပြေးဝင်လာနေသော တောင်ဘိုးဘေးကြီး ၏ မျက်လုံးများ ထဲတွင် စိတ်လှုပ်ရှား မှု များ တိတ်တဆိတ် ပေါက်ကွဲ ထွက်ပေါ်လာရ၏။
သူတော်စင် ဘိုးဘေးကြီး က အချိန် နိယာမ စည်းမျဉ်းများကို နောက်တစ်ကြိမ် ထပ်မံ ဖော်ထုတ်လိုက်ခြင်း ကြောင့်... တောင်ဘိုးဘေးကြီး၏ ရှေ့သို့ တိုးဝင် နေသော အရှိန်အဟုန် မှာ မရပ်တန့်ဘဲ ဆန့်ကျင်ဘက် အနေဖြင့် အမြန်နှုန်း ပိုမို မြင့်တက်သွားသည်။
ဤ တစ်ကြိမ် တွင်... သူတော်စင် ဘိုးဘေးကြီး ၏ အချိန် နိယာမ စည်းမျဉ်းများက သူ့အပေါ် သက်ရောက်မှု မရှိတော့ချေ။