← Chapters

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း ၁၀၁၆

Vol. 68 Ch. 1016

အခန်း (၁၀၁၆) - နတ်ဘုရား စာလုံး ကျောင်းတော်

မျက်စိတစ်မှိတ် အတွင်းမှာပင်... ကြယ်တံခွန် တစ်ခု က ဟင်းလင်းပြင် နေရာလွတ် အား ဖြတ်သန်း တိုက်ခတ်သွားပြီး ဘိုးဘေး နှစ်ဦး ဖြတ်သန်းထိတိုက်မိသွားကြတော့၏။

သူတို့ နှစ်ဦး ဖြတ်သန်း ထိတိုက် မိသွားပြီးနောက်... လေထဲတွင် အမှန်ခြစ် လေး တစ်ခု ခြစ်လိုက်သလို သူတို့ ၏ မူလ နေရာ အသီးသီး သို့ ပြန်လည် လွင့်မျောသွားကြသော်ငြားလည်း နေရာများ အပြန်အလှန် လဲလှယ်လိုက်ကြကြောင်း နင်ချီ တွေ့မြင်လိုက်ရသည်။

သူတော်စင် ဘိုးဘေးကြီး သည် အထက် မှ အောက် သို့ ဆက်လက်မြင့်မားနေဆဲ ဖြစ်သော နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ရှေ့တွင် ရပ်နေ၏။

ထို့နောက် တောင်ဘိုးဘေးကြီး သည် သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ၏ နယ်မြေ များ အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သူတို့ ရပ်တန့်သွားပြီး နောက်မှ သာ... သူတို့ နှင့် ယခုလေးတင် မှ ဖြတ်သန်း ဝင်တိုက် မိသွားခဲ့သော ဟင်းလင်းပြင် နေရာလွတ်၌ အပြောင်းအလဲ များ ဖြစ်ပေါ်သွားခဲ့ကြောင်း သတိပြု မိသွားတော့၏။

"ဘုန်း.."

ထို နေရာ တွင် ရှိနေကြသော သူများ အားလုံး သည် ထူးဆန်းသော အသံကြီး တစ်သံ ကို ကြားလိုက်ရ၏။ ထို ဟင်းလင်းပြင် ကို နောက်တစ်ကြိမ် ပြန်လည် ကြည့်ရှုလိုက်သော အခါ တွင်မူ... ကျောချမ်းဖွယ် မြင်ကွင်း တစ်ခု နှင့် ချက်ချင်း ရင်ဆိုင်

လိုက်ကြရတော့သည်။

ဟင်းလင်းပြင်ကြီးမှာ... ထုနှက် ခံလိုက်ရသော မောင်းကြီး တစ်လုံး အလား အဆက်မပြတ် တုန်ခါ နေတော့၏။

ရေ မျက်နှာပြင်နှယ်... အဆက်မပြတ် လှိုင်းဂယက် ထနေတော့သည်။

လှိုင်းဂယက်များ ငြိမ်ကျသွားပြီးနောက်... ဟင်းလင်းပြင်ကြီးမှာ ကျုံ့ဝင်လိုက် ပြန့်ကားလိုက် ရှိ၏။ နောက်ဆုံး တွင်တော့ လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ... ဟာလာဟင်းလင်း နေရာလွတ်ကြီး တစ်ခု ကိုသာ ချန်ရစ် ထားခဲ့တော့၏။

ယခင် က သူတို့ တိုက်ခိုက် ခဲ့စဉ် က ပြိုကျ ပျက်စီးသွားခဲ့သော ဟင်းလင်းပြင် နှင့် မတူညီဘဲ... ဤ ဟင်းလင်းပြင်ကြီးမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ဘာမှ မကျန်တော့ချေ။ ဝိညာဉ်ချီ၊ စည်းမျဉ်းများ၊ စွမ်းအင် များ၊ ဟင်းလင်းပြင်... အားလုံး က ဗလာနတ္ထိ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ဟူသော ဝိညာဉ်ကမ္ဘာကြီး၏ ဆန္ဒတော် နှစ်ခု သည် တစ်ဖက် တစ်ချက်စီ တွင် အသီးသီး နေရာ ယူထားကြသည်။

ထို နေရာ ရှိ ဟင်းလင်းပြင် ကို နောက်တစ်ကြိမ် ထပ်မံ ပြုပြင်ဖို့ သူတို့၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအားများကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြတော့၏။

သို့သော် ဤ တစ်ကြိမ် တွင်မူ... သူတို့ ၏ ပြုပြင် မွမ်းမံမှု မှာ ကျရှုံးသွားခဲ့လေပြီ။

ထို ဟင်းလင်းပြင်ကြီးမှာ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီး... ပြုပြင် ၍လည်း မရ၊ ပြောင်းလဲ ၍လည်း မရနိုင်သော ထူးဆန်း ဆန်းပြားသည့် ဧရိယာ တစ်ခု အဖြစ် ဖွဲ့စည်းသွား၏။

သူတို့ ၏ ကမ္ဘာ့နယ်နိမိတ် စွမ်းအား များ ထို နေရာ သို့ ရောက်ရှိသွားသော အခါ... ၎င်းကို လုံးဝ (လုံးဝ) ထိတွေ့၍ မရနိုင်သလို ဖြစ်နေသဖြင့် ဘယ်လို လုပ်ပြီး ပြုပြင် မွမ်းမံ နိုင်ပါတော့ပါမည်နည်း။

ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ... ဝိညာဉ်ကမ္ဘာကြီး ၏ ဆန္ဒတော် နှစ်ခု စလုံး မှာ ချွေးစေးများ သုတ်ဖယ်လိုက်ကြရတော့၏။

ဝိညာဉ်ကမ္ဘာကြီး၏ ဆန္ဒတော် များ အနေဖြင့်... တာအို ၏ ယုတ္တိဗေဒ အရ ဆိုလျှင် သူတို့ သည် ကမ္ဘာကြီး နှစ်ခု တွင် အစွမ်းအထက်ဆုံး ဖြစ်တည်မှုများ သေချာပေါက် ဖြစ်သင့်သည်။

သို့သော်ငြား... ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ ကြောင့် ဖြစ်ပေါ်လာသော ပျက်စီး ဆုံးရှုံးမှု များမှာ... သူတို့ ၏ စွမ်းအား ကန့်သတ်ချက် ကို ရှင်းလင်းစွာ ကျော်လွန် နေခဲ့လေပြီ။

သို့သော် ဘာကြောင့် ဤသို့ ဖြစ်ရသနည်း ဆိုသည်ကို သူတို့ အားလုံး နားလည် သဘောပေါက် နေကြ၏။

အကြောင်းမူကား... သူတို့ သည် ဝိညာဉ်ကမ္ဘာကြီး၏ ဆန္ဒတော် များ ဖြစ်ကြသော်ငြားလည်း တောင်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီး တို့ ရရှိ ခဲ့သော အမွေအနှစ် စွမ်းအား များမှာ ဝိညာဉ်ကမ္ဘာကြီးထက် သိသိသာသာ သာလွန် နေသောကြောင့် ပင်... ဤ အခြေအနေ မျိုး ဖြစ်ပေါ်လာရခြင်း ပင်။

ဘိုးဘေးကြီး နှစ်ပါး သည် ဤ အမွေအနှစ် များကြောင့်သာ ယခု လက်ရှိ အဆင့်အတန်း သို့ ရောက်ရှိလာခဲ့ကြသည်။

ဤ အမွေအနှစ် များကြောင့် သာလျှင်... နောက်ထပ် ရှေ့ဆက် တိုးတက် နိုင်မည့် အလားအလာ များ ရှိနေ၏။

သို့မဟုတ်ပါက... အကယ်၍ သူတို့ သာ ဝိညာဉ်ကမ္ဘာကြီး၏ ဆန္ဒတော်များကို ဆက်လက် နာခံ နေကြမည် ဆိုပါက၊ မည်သို့ ကျော်လွန် နိုင်မည်နည်း... သို့မဟုတ် မည်သို့ ရှေ့ဆက်သွားနိုင်မည်နည်း။

ယခုအခါ တောင်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီးတို့ အချင်းချင်း မျက်နှာချင်းဆိုင် ရပ်နေကြ၏။

သူတော်စင် ဘိုးဘေးကြီး သည် ထို ဗလာနတ္ထိ နေရာလွတ် ကြီးကို စူးစိုက် ကြည့်နေပြီး... သူ၏ မျက်ခုံးတန်း များမှာ ပို၍ပင် နက်ရှိုင်းစွာ တွန့်ချိုးသွားတော့၏။

ယခင် က... သူ၏ "မနက်ခင်း တွင် တာအို ကြားနာပြီး ညနေခင်း တွင် သေဆုံး ခြင်း" နည်းစနစ် သည် တောင်ဘိုးဘေးကြီး ၏ အချိန် စီးဆင်းမှု ကို သက်ရောက် နိုင်စွမ်း ရှိခဲ့သော်ငြားလည်း ခုလေးတင် မှ သူ ဖော်ထုတ် ခဲ့သော အစွမ်းအထက်ဆုံး "ရေစီးကြောင်း အလား သေဆုံးခြင်း" နည်းစနစ် ကတော့ တောင်ဘိုးဘေးကြီး ၏ အချိန် စီးဆင်းမှု ကို ပြောင်းလဲ နိုင်စွမ်း မရှိခဲ့ပေ။

ဒါက ဘာဖြစ်လို့လဲ။

စိတ်ဝိညာဉ် အာရုံဖြင့် တောင်ဘိုးဘေးကြီး နှင့် သူ၏ နောက်ကွယ် ရှိ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို ဖြတ်သန်း စစ်ဆေးလိုက်ပြီးနောက်... သူတော်စင် ဘိုးဘေးကြီး၏ နှလုံးသား ထဲတွင် အဖြေ ကို ရှာတွေ့သွားခဲ့လေပြီ။

‘တောင်ဘိုးဘေးရဲ့ နောက်ကွယ် ရှိ ပုကျိုး တောင် ပုံရိပ်ယောင် က... အချိန် နိယာမ စည်းမျဉ်းများကိုတောင် ဖိနှိပ် ချုပ်ချယ် နိုင်စွမ်း ရှိနေတာများလား’

တောင်ဘိုးဘေးကြီး က ရယ်မောလိုက်သည်။

"အဲဒါ ဆိုရင် မင်း နောက်ဆုံးတော့ နားလည်သွားပြီပေါ့။ ငါ က ဒီ နတ်ဘုရား တောင်ကြီး ရဲ့ ပုံရိပ်ယောင် ကို အကြောင်းပြချက် မရှိဘဲ အလဟဿ ဆင့်ခေါ်လိုက်မယ် လို့ မင်း ထင်နေတာလား"

စကားပြောပြီးသည် နှင့်... တောင်ဘိုးဘေးကြီး သည် ဟင်းလင်းပြင် နေရာလွတ် ၏ အတွင်းဘက် မှ နေ၍ သူတော်စင် ဘိုးဘေးကြီး ဆီသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်သွားပြန်သည်။

လူတိုင်း ကို အံ့အားသင့်သွားစေခဲ့သည် မှာ... တောင်ဘိုးဘေးကြီး သည် သူတို့ နှစ်ဦး အကြား တွင် ဖန်တီး ထားသော၊ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ ပင်လျှင် ဖျက်ဆီး ၍ မရနိုင်သော ဗလာနတ္ထိ နေရာလွတ် ကြီးကို မရှောင်တိမ်းဘဲ တိုက်ရိုက် ဖြတ်သန်းသွားခဲ့ခြင်းပင်။

တောင်ဘိုးဘေးကြီး အနီးသို့ ချဉ်းကပ်လာသည် နှင့် တစ်ပြိုင်နက်... သူ၏ နောက်ကွယ် ရှိ နတ်ဘုရား တောင် ပုံရိပ်ယောင် က ထို ဦးတည်ချက် သို့ အလင်းတန်း တစ်ခု ဖြာထွက် ပေးနေကြောင်း လူတိုင်း သတိပြု မိလိုက်ကြ၏။

အလင်းတန်း က ဧရိယာ တစ်ဝိုက်လုံး ကို ဖြတ်သန်း တိုက်ခတ်သွားပြီး... ဗလာနတ္ထိ နေရာလွတ် ကို အစစ်အမှန် ဟင်းလင်းပြင် တစ်ခု အဖြစ်သို့ မျက်စိတစ်မှိတ် အတွင်း ပြန်လည် ပြောင်းလဲပေးနေသည်။

ဤ မြင်ကွင်း က လူတိုင်း ကို တိတ်တဆိတ် အံ့အားသင့် မှင်သက်သွားစေခဲ့၏။

နင်ချီ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို စူးစိုက် ကြည့်နေပြီး... ၎င်းကို အသစ်တဖန် လေးစား အားကျ သော အကြည့် ဖြင့် ကြည့်မိသွားရတော့၏။

ထူးဆန်း သည်မှာ... တောင်ဘိုးဘေးကြီး က နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို ဆင့်ခေါ်ပြီးနောက်၊ ၎င်းသည် ပုံရိပ်ယောင် ထဲမှ သူ့ဘာသာသူ အလိုအလျောက် ခွဲထွက်သွားခဲ့သော်ငြားလည်း... ပုံရိပ်ယောင် မှာ လွင့်စင် ပျောက်ကွယ် မသွားခဲ့ပေ။

၎င်းမှာ ထို နေရာ တွင် မတုန်မလှုပ် ဆက်လက် ရပ်တည် နေဆဲသာ။

တောင်ဘိုးဘေးကြီး ရှိနေစဉ် အချိန် ကနှင့် နှိုင်းယှဉ် ကြည့်မည် ဆိုပါက ၎င်း၏ အပြင်ဘက် သို့ ပြန့်ကျယ်လာမှု မှာ သိသိသာသာ ပင် နှေးကွေးသွားခဲ့ပြီ ဖြစ်သော်လည်း တဖြည်းဖြည်း နှင့် ဆက်လက် ပြန့်ကျယ်နေဆဲ ပင် ဖြစ်၏။

All Chapters