← Chapters

အခန်း ၁၀၁၇

Vol. 68 Ch. 1017

အခန်း ၁၀၁၇

Vol. 68 Ch. 1017

အခန်း (၁၀၁၇) - နတ်ဘုရား စာလုံး ကျောင်းတော်

နင်ချီ ၏ မိစ္ဆာနှ်ိမ် ရွှေရောင် မျက်လုံး များက... နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် နှင့် တောင်ဘိုးဘေးကြီး တို့ကို ဆက်သွယ် ပေးလိုက်ပြီး သူတို့ နှစ်ခု အကြား ရှိ သိမ်မွေ့သော ဆက်သွယ်မှု တစ်ခု ကို သူမ ချက်ချင်း ရှာဖွေ တွေ့ရှိသွားတော့၏။

သို့သော်ငြား... တောင်ဘိုးဘေးကြီး ထံမှ မည်သည့် စွမ်းအင် မှ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် အတွင်းသို့ စီးဝင် နေခြင်း မရှိချေ။

တစ်နည်းအားဖြင့် ဆိုရလျှင်... နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို သူ က ဆင့်ခေါ် ခဲ့သည် မှန်သော်ငြားလည်း ၎င်းသည် ၎င်း၏ ကိုယ်ပိုင် တည်ရှိမှု ကို ထိန်းသိမ်း ထားရန် အတွက် တောင်ဘိုးဘေးကြီး ၏ ကျင့်ကြံခြင်း စွမ်းအင်များကို ဆွဲယူ ဖော်ထုတ် နေခြင်း မဟုတ်ပေ။

နင်ချီ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့ ရှိရာ အရပ်ဆီသို့ ရုတ်တရက် အကြည့်ပို့လိုက်၏။

ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ သည် သူတို့၏ သက်ဆိုင်ရာ နေရာ အသီးသီး တွင် ရပ်နေကြသည်။

နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ပေါ်ထွက်လာကတည်းက သူတို့ သည် မတုန်မလှုပ် ရှိနေခဲ့ကြပြီး... ဟင်းလင်းပြင် နေရာလွတ် အတွင်း၌ အေးခဲ ရပ်တန့် နေသလို ပင် ဖြစ်၏။

သူတို့ သည် မူလ က ပုံသဏ္ဌာန် မရှိ၊ အသွင်အပြင် မရှိသော သူများ ဖြစ်ကြပြီး... စစ်မြေပြင်နယ်မြေ အတွင်း၌ ပေါ်ထွက်လာခဲ့သည် များမှာ ဝိညာဉ်ကမ္ဘာ ၏ ဆန္ဒတော် များ မှ ဆင့်ခေါ်ထားသော ကိုယ်ပွား များ သာလျှင် ဖြစ်၏။

သို့သော်ငြားလည်း... သူတို့ နှစ်ဦး စလုံး မှာ လက်ရှိ တွင် နေရာ၌ပင် အေးခဲ ရပ်တန့် နေကြပြီး စစ်မြေပြင်နယ်မြေ ကို ပြုပြင် မွမ်းမံ ရန် ကိရိယာ များ အဖြစ်သို့ လက်တွေ့ ကျကျ ပြောင်းလဲသွားခဲ့ကြလေပြီ။

နင်ချီ ကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည် မှာ... သူတို့ နှစ်ဦး စလုံး ၏ စွမ်းအား များမှာ အားနည်းလာနေကြောင်း ကို သူ အာရုံခံ သိရှိလိုက်ရခြင်း ပင်။

သို့တည်းမဟုတ် နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် သည် ၎င်း၏ ကိုယ်ပိုင် ဖော်ထုတ်ရန် အတွက် သူတို့ နှစ်ဦး စလုံး ၏ စွမ်းအားများကို ဆွဲယူ ဖော်ထုတ် နေခြင်း လည်း ဖြစ်နိုင်၏။

ဤ ရှာဖွေ တွေ့ရှိမှုကြောင့် နင်ချီသည် အန္တရာယ် ရှိသော အရှိန်အဝါအား ချက်ချင်း ခံစားလိုက်ရစေတော့သည်။

ဤ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် မှာ သူ စိတ်ကူး ထားခဲ့သည် ထက် များစွာ ပိုမို အစွမ်းထက် နေလောက်ပြီး... သူ မသိရှိသေးသော အခြားသော စွမ်းအားများကိုပါ ပိုင်ဆိုင် ထားနိုင်ချေ ရှိ၏။

နင်ချီ စစ်မြေပြင်နယ်မြေ တစ်ခုလုံး ကို တိတ်ဆိတ်စွာ တစ်ချက် ဝေ့ကြည့်လိုက်သည်။

ကံကောင်း ထောက်မစွာဖြင့်... သူ ယခင် က တိတ်တဆိတ် ထွင်းထု ထားခဲ့သော အခင်းအကျင်း ပုံစံ များမှာ ရှိနေဆဲ ပင် ဖြစ်၏။

သို့သော်ငြား... အကယ်၍ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ကို ကမ္ဘာကြီး နှစ်ခု ၏ စွမ်းအားများကို ဆက်လက် စုပ်ယူ ခွင့် ပေးထားမည် ဆိုပါက... သူ၏ အခင်းအကျင်း ပုံစံ များမှာ တဖြည်းဖြည်း နှင့် အသုံးမဝင် တော့ဘဲ ဖြစ်လာနိုင်ချေ ရှိ၏။

"ဝုန်း..."

ဟင်းလင်းပြင် နေရာလွတ် ၏ အတွင်းဘက် မှ နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံ ကြီး တစ်ခု က နင်ချီ ၏ အသိစိတ်များကို လက်တွေ့ ကမ္ဘာ ဆီသို့ ပြန်လည် ဆွဲခေါ်လာတော့၏။

နင်ချီ က မော့ကြည့်လိုက်ရာ... တောင်ဘိုးဘေးကြီး တို့ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက် နေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤ တစ်ကြိမ် တွင်မူ ယခင် ကနှင့် မတူတော့ဘဲ... သူတော်စင် ဘိုးဘေးကြီး မှာ တောင်ဘိုးဘေးကြီး ၏ ဖိနှိပ် ချုပ်ချယ် မှုကို ခံနေရလေပြီ။

သူတို့ နှစ်ဦး စလုံး မှာ တန်းတူ ခမ်းနား ကြီးကျယ်လှပြီး... သူတို့၏ ခန္ဓာကိုယ် များမှာလည်း တူညီသော အရွယ်အစား သို့ ကျုံ့ဝင်သွားခဲ့ကြသော်ငြားလည်း သူတို့ ဖော်ထုတ် နေသော စွမ်းအား များမှာမူ ကွဲပြား ခြားနား နေခဲ့၏။

သူတော်စင် ဘိုးဘေးကြီး သည် ရှေးဟောင်း သူတော်စင် ၏ အမွေအနှစ် စွမ်းအားများကို ဆက်လက် ဖော်ထုတ် နေဆဲ ဖြစ်ပြီး... အချိန် နိယာမ စည်းမျဉ်း ၏ စွမ်းအား အနည်းငယ် မျှလည်း ရောနှော ပါဝင် နေသည်။

သို့သော်ငြား... တောင်ဘိုးဘေးကြီး သည် သူ့ကို လွှမ်းမိုး အုပ်စိုး နိုင်စွမ်း ရှိနေဆဲ ပင်။

လက်သီး၊ ခြေကန်ချက်၊ တံတောင်ဆစ်၊ နှင့် ဒူးများကို ဖော်ထုတ် နေကြသော သူတို့ ၏ တိုက်ပွဲ မှာ... ကမ္ဘာဦး ခေတ် က သတ်ကွင်းတွေ ထဲမှာ တိုက်ခိုက်နေကြသော စစ်သည်တော် တွေရဲ့ တိုက်ပွဲနှင့် ဘာမှ မကွာခြား တော့ပေ။

"အဆုံးစွန်သော ပေါက်ကွဲ သတ်ဖြတ်မှု"

တောင်ဘိုးဘေးကြီး က အော်ဟစ်လိုက်၏။

သူ၏ တိုက်ခိုက်မှု များမှာ အလွန်တရာ ထက်မြက်လာတော့၏။။ တိုက်ခိုက်မှု တစ်ခုစီ တိုင်း တွင် လောက ကြီး ၌ အစွမ်းအထက်ဆုံး နှင့် အကြမ်းတမ်းဆုံး သော စွမ်းအင် များ ပါဝင် ကိန်းအောင်း နေသလို ထင်မှတ်ရပြီး ၎င်း၏ ထက်မြက်မှု တွင် ပြိုင်ဘက် ကင်းလွန်းလှသည်။

ဟင်းလင်းပြင် နေရာလွတ် အတွင်းမှ ပေါက်ကွဲသံ ကြီးများ ဆက်တိုက် ပဲ့တင်ထပ်လာတော့၏။

အလွန်တရာ အစွမ်းထက်လှသော ပုံရိပ်ကြီး နှစ်ခု သည် အကြိမ်ကြိမ် အလီလီ ထိပ်တိုက် ရင်ဆိုင် နေကြပြီး... အကြိတ်အနယ် နှင့် အကြိတ်အနယ် အပြန်အလှန် တိုက်ခိုက် နေကြသည်။

သူတော်စင် ဘိုးဘေးကြီး၏ ပတ်ပတ်လည်၌ မှေးမှိန်သော ရွှေရောင် အလင်းတန်းများ ဖြာထွက်နေ၏။ သူ၏ လှုပ်ရှားမှု တိုင်း တွင် ဟင်းလင်းပြင် တစ်ခုလုံး သို့ လှိုင်းဂယက်များ ပြန့်နှံ့သွားကာ... အချိန် ၏ စီးဆင်းမှု ကို နှေးကွေးသွားစေတော့၏။

တောင်ဘိုးဘေးကြီး ကမူ အလွန်တရာ လျင်မြန်သော အရှိန်အဟုန် နှင့် ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေး စွမ်းအား ဖြင့် လှုပ်ရှား နေပြီး... သူတော်စင် ဘိုးဘေးကြီး ဖန်တီးထားသော အချိန် နှင့် ဟင်းလင်းပြင် အပြောင်းအလဲများကို အောင်မြင်စွာ ဖိနှိပ် ချုပ်ချယ် နိုင်ခဲ့လေသည်။

All Chapters