← Chapters

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း (၁၀၂၀) - နတ်ဘုရား စာလုံး ကျောင်းတော်

တောင်ဘိုးဘေးကြီး သည် သူ၏ လက်သီးချက်ကိုပင် ပြန်လည် ရုပ်သိမ်း ၍ မရနိုင်အောင် ဖြစ်သွားရတော့သည်။

ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ... သူတော်စင် ဘိုးဘေးကြီး သည် သူတို့ ၏ ယခင် တိုက်ပွဲ များတွင် ဖော်ထုတ် ခဲ့သော နတ်ဘုရား မှော်စွမ်းရည် ဖြစ်သည့်... စာလုံးတစ်ရာ မှော်စွမ်းရည် ကို ဖော်ထုတ် နေကြောင်း နင်ချီ နှင့် ပင်လယ်ဘိုးဘေးကြီး တို့ နှစ်ဦးစလုံး သဘောပေါက်သွားကြတော့၏။

သို့သော် နတ်ဘုရား စာလုံးများဆက်တိုက် ပျံထွက်လာသည် နှင့်အမျှ... နင်ချီ နှင့် ပင်လယ်ဘိုးဘေးကြီးတို့ ကွာခြားချက်များကို သတိပြု မိသွားကြသည်။

သူတော်စင် ဘိုးဘေးကြီး သည် သူတို့ နှင့် တိုက်ခိုက် စဉ် က... စာလုံးတစ်ရာ မှော်စွမ်းရည် ကို ဖော်ထုတ်ခဲ့သည်။ ၎င်းမှာ ကာကွယ်ရေး နှင့် တိုက်ခိုက်ရေး နှစ်မျိုး စလုံး အတွက် အသုံးဝင် ခဲ့၏။

သို့သော် ယခု အခါ တွင်မူ... သူတော်စင် ဘိုးဘေးကြီး ၏ ပုံရိပ် မှာ ပျောက်ကွယ်သွားပြီး သူ ကိုယ်တိုင် ပင် နတ်ဘုရား စာလုံးများအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။

ဤ အပြောင်းအလဲ အသစ် က နင်ချီ နှင့် ပင်လယ်ဘိုးဘေးကြီးအား အလိုအလျောက် မျက်လုံးများ ပြူးကျယ်သွားစေတော့၏။

ရုတ်ချည်းပင်... နတ်ဘုရား စာလုံး တစ်ရာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသော်ငြားလည်း ၎င်းမှာ ဤမျှ နှင့် အဆုံးသတ်သွားခြင်း မရှိခဲ့‌‌ပါ။

သူတော်စင် ဘိုးဘေးကြီး ရှိနေသော နေရာ တွင်... နတ်ဘုရား စာလုံး များက တစ်ခု၊ ဆယ်ခု၊ ရာခု၊ နှင့် ထောင်ခု အထိ အဆက်မပြတ် ဖွဲ့တည်လာနေတော့၏။

ဤ အခိုက်အတန့် တွင်... ဟင်းလင်းပြင် နေရာလွတ် အတွင်း၌ နတ်ဘုရား စာလုံး ထောင်ပေါင်း များစွာ ပေါ်ထွက်လာခဲ့သော်ငြားလည်း သူတော်စင် ဘိုးဘေးကြီး ကိုတော့ လုံးဝ ရှာမတွေ့ နိုင်တော့ပေ။

သို့တည်းမဟုတ်... ထို စာလုံး တစ်ထောင် ပါဝင်သော နတ်ဘုရား စာလုံး များမှာ သူတော်စင် ဘိုးဘေးကြီး ပင် ဖြစ်နေတော့၏။

တစ်ခဏမျှ... နတ်ဘုရား စာလုံး များမှာ ဟင်းလင်းပြင် နေရာလွတ် ပေါ်တွင် အရူးအမူး ကခုန် နေကြတော့သည်။

နတ်ဘုရား စာလုံး တစ်လုံးစီ တိုင်း မှာ... နေမင်းကြီးနှယ် လင်းလက် တောက်ပ နေပြီး ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် စူးရှ တောက်ပ နေတော့၏။

"အကျဉ်းထောင် ကို ဖိနှိပ် ချုပ်ချယ် မယ့် ဒင်္ဂါးပြား တစ်ထောင်"

ဟင်းလင်းပြင် နေရာလွတ် ၏ အတွင်းဘက် ၌... နတ်ဘုရား အသံများ ထွက်ပေါ်လာတော့၏။

နတ်ဘုရား စာလုံး တစ်ထောင် သည် အတူတကွ ကခုန် လှုပ်ရှား နေကြပြီး... သူတို့ ၏ အရှေ့ရှိ တောင်ဘိုးဘေးကြီး ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားတော့သည်။

တစ်ချိန်တည်းမှာပင်... နတ်ဘုရား စာလုံး တစ်လုံးစီ တိုင်း မှာ အသံများကို ထုတ်လွှတ် နေပြီး သူတို့ ၏ အသံများနှင့် ပုံသဏ္ဌာန် များမှာ တစ်ခု နှင့် တစ်ခု ဆက်စပ် နေကာ... ဇင် ဘုန်းတော်ကြီး တစ်ပါး ၏ ရွတ်ဖတ် သရဇ္ဈာယ် သံ များနှင့် ဆင်တူ နေတော့၏။

တောင်ဘိုးဘေးကြီး သည် နတ်ဘုရား စာလုံး ပင်လယ်ကြီး ထဲတွင် လုံးလုံးလျားလျား နစ်မြုပ်သွားပြီး... တာအို ရွတ်ဖတ် သရဇ္ဈာယ် သံ များက သူ့ကို အဆက်မပြတ် ရိုက်ခတ်နေတော့သည်။

အတွင်းဘက် ၌ ရှိနေသော တောင်ဘိုးဘေးကြီး ကို အသာထား... ဘေးမှ စောင့်ကြည့် နေကြသော သူများ ပင်လျှင် နတ်ဘုရား စာလုံးများ၏ ပဲ့တင်ထပ် သံများကို သူတို့၏ နားထဲတွင် ကြားနေရလေသည်။

နတ်ဘုရား အသံများမှာ အဆက်မပြတ် စီးဆင်း နေပြီး... တစ်ခါတစ်ရံ တွင် မြင့်တက်လာ၏။ တစ်ခါတစ်ရံ တွင် နိမ့်ဆင်းသွားပြီး တစ်ခါတစ်ရံ တွင် ကျယ်လောင်လာကာ... တစ်ခါတစ်ရံ တိုးညင်း၏။ တစ်ခါတစ်ရံ တွင် မြန်ဆန်လာကာ... တစ်ခါတစ်ရံ နှေးကွေးသွားသော်ငြားလည်း ၎င်းတို့ မှာ ဘယ်သောအခါ မှ မရပ်တန့်သွားပေ။

စိတ်မရှည်သော ကျင့်ကြံသူ အများအပြား သည် သူတို့၏ စိတ်ဝိညာဉ် စွမ်းအား များနှင့် စည်းမျဉ်းများကို ဖော်ထုတ်ကာ မိမိကိုယ်ကိုယ် အလျင်အမြန် ပိတ်ဆို့လိုက်

ကြသော်ငြားလည်း... အံ့အားသင့်ဖွယ် ကောင်းလှစွာ ပင် နတ်ဘုရား အသံ မှာ သူတို့၏ နှလုံးသား နှင့် အသိစိတ် များထဲတွင် ပဲ့တင်ထပ် နေဆဲ ပင် ဖြစ်၏။

သူတို့ သည် ယခု အချိန်အထိ မယုံကြည် နိုင်သေးဘဲ... ဝိညာဉ်ချီ ၏ စည်းမျဉ်းများကို နောက်တစ်ကြိမ် ပြန်လည် ခြယ်လှယ် ကာ အာရုံခံစားမှု အားလုံးကို လုံးလုံးလျားလျား ပိတ်ဆို့ ရန် ကြိုးစားလိုက်ကြပြန်သည်။

သို့သော် နောက်တစ်စက္ကန့် တွင်... ဤ လူများ သည် မျက်လုံးများ ပြန်ဖွင့်လိုက်ကြပြီး ဤ နတ်ဘုရား အသံ ၏ ကျူးကျော် ဝင်ရောက်မှု ကို လုံးဝ (လုံးဝ) မတားဆီးနိုင်သည့် အဖြစ်အား မှင်သက်ဖွယ် တွေ့ရှိလိုက်ကြရတော့၏။

ဤ နတ်ဘုရား အသံ သည် ကောင်းကင် နှင့် မြေကြီး ၏ အသံ၊ သူတို့ ၏ ကိုယ်ပိုင် အသံ၊ သူတို့ ၏ အသက် စွမ်းအင် ၏ အသံ ကဲ့သို့တည်း။ သေဆုံးခြင်း မှသာလျှင် ဤ နတ်ဘုရားအသံ မှ လွတ်မြောက် နိုင်စွမ်း ရှိလိမ့်မည်။

လူတိုင်း ၏ နှလုံးသား များ အရူးအမူး တဒိတ်ဒိတ် ခုန်လာကြ၏။ တစ်ခဏမျှ သူတို့ သည် မကောင်းဆိုးဝါး နတ်ဆိုး တစ်ကောင် ၏ ပူးကပ် ခံလိုက်ရသလို ခံစားလိုက်ရ၏။

နတ်ဘုရား အသံ က သူတို့ ၏ နှလုံးသား နှင့် အသိစိတ် များထဲတွင် ဆက်လက် ရွတ်ဖတ် ပဲ့တင်ထပ် နေသည် နှင့်အမျှ... သူတို့ သည် အရာအားလုံး ကို စွန့်လွှတ်လိုက်ပြီး သူတော်စင် ဘိုးဘေးကြီး ထံသို့ လုံးလုံးလျားလျား အညံ့ခံ အရှုံးပေး ချင်စိတ် များ ပေါက်ဖွားလာရတော့သည်။

အထူးသဖြင့် ကုန်းထျန်းတောက် ၏ လက်အောက်ရှိ ကျင့်ကြံသူ များမှာ... နတ်ဘုရား အသံ ၏ လွှမ်းမိုးမှု ကို အများဆုံး ခံနေကြရသူများ ပင် ဖြစ်၏။

နင်ချီက သူတော်စင် ဘိုးဘေးကြီး နှင့် သက်ဆိုင်သော နတ်ဘုရား မှော်စွမ်းရည် ကို ယခင် ကတည်းက မျက်မြင်ကိုယ်တွေ့ မြင်တွေ့ ခဲ့ဖူးပြီး ဖြစ်ရာ... သူ၏ အရှေ့ရှိ နတ်ဘုရား အသံ မှာ ၎င်း၏ မျိုးကွဲ တစ်ခု နှင့် အဆင့်မြှင့်တင် ထားသော ဗားရှင်း တစ်ခု သက်သက်ပင်။

နင်ချီသသည် နတ်ဘုရား အသံ ကို တန်ပြန် ရန် အတွက် သူ၏ ကိုယ်ပိုင် အသံ ကို ဖော်ထုတ်လျက် ဓားဘိုးဘေးကြီး နှင့် အခြားသူများကို နတ်ဘုရား အသံ ၏ ကျူးကျော် ဝင်ရောက်မှု မှ ကာကွယ် ပေးလိုက်၏။

ကျောက်ယွီကျွင်း နှင့် ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ရှိ အခြားသော ကျင့်ကြံသူ များ နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... ပင်လယ်ဘိုးဘေးကြီး က သူတို့ကို ပုံရိပ်ယောင် သမုဒ္ဒရာ ရေစီးကြောင်း ဖြင့် ချက်ချင်း ပင် လွှမ်းခြုံ ကာကွယ် ပေးလိုက်သည်။

သမုဒ္ဒရာ ရေစီးကြောင်း များက ဒီရေ လှိုင်း များအလား ကြည်လင် ပြတ်သားသော အသံ တစ်ခု ကို အဆက်မပြတ် ထုတ်လွှတ် နေပြီး... နတ်ဘုရား အသံ ကို လွင့်စင်သွားစေတော့၏။

ပင်လယ်ဘိုးဘေးကြီး ကိုယ်တိုင် မှာလည်း ၎င်း၏ သက်ရောက်မှု ကို ခံရပုံ မပေါ်ပါ။

သူမ ၏ ယခင် ရုန်းကန် နေရမှု များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

လူတိုင်း က ဆက်လက် စောင့်ကြည့် နေကြ၏။

တောင်ဘိုးဘေးကြီး ၏ ပုံရိပ် မှာ အချိန် အတော် ကြာကတည်းက ပျောက်ကွယ်သွားချေပြီ။

စာလုံး တစ်ထောင် ပါရှိသော နတ်ဘုရား စာလုံး များ၏ အောက်တွင် လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့လေပြီ။

All Chapters