← Chapters

အခန်း ၆၇၆

Vol. 46 Ch. 676

အခန်း ၆၇၆

Vol. 46 Ch. 676

အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၆)

ဘာသာပြန်သူ နေဇင်။

အခန်း (၆၇၆) အင်မော်တယ်နန်းတော်အား ထိန်းချုပ်ခြင်း။

ဟွမ်ထန်းလုံ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချင်ယွင်သည် သူ၏စိတ်နှလုံးထဲ တွင် သက်ပြင်းမောကြီး မချဘဲမနေနိုင်ပါချေ။

သူသည် ပြိုင်ဘက်ကင်းဖြစ်ခဲ့သော ကျွမ်းကျင်ပညာရှင် ဧကရာဇ်ယူမင်ကဲ့သို့ အမြင့်မြတ်ဆုံးသော တည်ရှိမှုဖြစ်လာသင့်သော်လည်း၊ သူယုံကြည်ရသူတစ်ဦး၏ သစ္စာဖောက်မှုကြောင့် သူသည် ဤမျှဆိုးရွားသော အခြေအနေဖြင့် အဆုံးသတ်သွားခဲ့ သည်။ ဤသည်မှာ တကယ့်ကို ဝမ်းနည်းစရာပင် ဖြစ်ရပါသည်။

"မေ့လိုက်ပါ၊ ငါ ဤအင်မော်တယ်နန်းတော်ရဲ့ကြယ်အမြုတေကို အရင်ဆုံး သန့်စင်ပြီး ဒီနေရာကနေ ထွက်သွားသင့်တယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် အနှောင့်အယှက် အတွေးများအားလုံးကို ဖယ်ရှားလိုက်ပြီး အင်မော်တယ်နန်းတော်၏ကြယ်အမြုတေကို သူ၏ ဒန်တန်ထဲသို့ ထည့်လိုက်ပါသည်။ သူသည် အင်မော်တယ်နန်းတော်၏ ကြယ်အမြုတေကို တစ်ဖြည်းဖြည်းချင်း လုံးလုံးလျားလျား သန့်စင်နိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရကို အသုံးပြုလိုက်ပါသည်။

နောက်ဆုံးတွင်၊ သူသည် သုံးနာရီကြာအောင် သန့်စင်ပြီးနောက်၊ သူ၏စိတ်သည် အင်မော်တယ်နန်းတော်နှင့် လုံးဝ ဆက်သွယ်မူရှိနေကြောင်း ချင်ယွင် တွေ့ရှိလိုက်၏။ အင်မော်တယ်နန်းတော်တစ်ခုလုံး၏ ဖွဲ့စည်းပုံများသည်လည်း ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာပါသည်။

အင်မော်တယ်နန်းတော်၏ အထပ်ကိုးထပ်အပြင်၊ အင်မော်တယ်နန်းတော်တွင် သီးခြား နေရာ ၃ ခုလည်း ရှိနေပါသည်။

၎င်းတို့အနက်၊ ချင်ယွင် လက်ရှိရောက်ရှိနေသည့် လေဟာနယ်သည် သီးခြား လေဟာနယ်နေရာ သုံးခုထဲမှ တစ်ခုဖြစ်ပါသည်။ အခြားနေရာ တစ်ခုသည် အင်မော်တယ်ဘုရင်၏ ယခင်အိပ်ခန်းနှင့် ကျင့်ကြံရာနေရာ ဖြစ်သင့်သည်။

တတိယမြောက်နေရာကတော့ မှန်ပါသည်။ ထိုနေရာသည် ရှေးဟောင်း ဖရိုဖရဲ ရတနာ နှစ်ခုကို သိမ်းဆည်းထားသည့် နေရာဖြစ်ပါသည်။

ဘန်း…..။

အတွေးတစ်ချက်ဖြင့်၊ ချင်ယွင်၏ရုပ်အသွင်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အခြားနေရာတစ်ခုတွင် ပေါ်လာသည်။

ဤနေရာသည် ချင်ယွင် ယခင်က ရောက်ရှိခဲ့သော လေဟာနယ်နေရာနှင့် အလွန်မင်း ကွာခြားခြင်းမရှိပါချေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤနေရာ၏ ရှေ့တွင် ကြီးမားသော စင်မြင့်တစ်ခု ရှိနေခြင်းပင် ဖြစ်ပါသည်။

စင်မြင့်ပေါ်တွင် အလွန်အစွမ်းထက်သော ရတနာနှစ်ခုက လွင့်မျောနေပါသည်။ တစ်ခုမှာ လက်သီးစုပ်အရွယ် ကျောက်စိမ်းတံဆိပ် ဖြစ်သည်။ ကျောက်စိမ်းတံဆိပ်ပေါ် တွင် နဂါးကြီးကိုးကောင်ပုံစံကို ထွင်းထုထားပြီး တစ်ကောင်ချင်းစီသည် ကြီးမြတ်သော နဂါးကြီးကိုးကောင်နှင့် တူသည်။

ကြီးမားလှသော နဂါးကြီးကိုးကောင်သည် ကောင်းကင်ယံသို့ ပျံတက်နေဖြင့် ကျောက်စိမ်းတံဆိပ်၏ ဘေးတွင် ရှိနေခဲ့ပြီး ဝင်းလက်တောက်ပနေကာ ပတ်ဝန်းကျင် ကို ခြိမ်းချောက်နေဟန်ရှိသည်။ ချင်ယွင်သည် ပေတစ်ရာအကွာအဝေးမှပင် ကျောက်စိမ်းတံဆိပ်မှ ထုတ်လွှတ်နေသော ကြီးမားသည့် ဖိအားကို ခံစားနိုင်ပြီး ကျောက်စိမ်းတံဆိပ်မှ ထုတ်လွှတ်နေသော စွမ်းအင်အတက်အကျလှိုင်းများက သူ၏ နှလုံးကို ပို၍ပင် တလှပ်လှပ် တုန်စေသည်။

"ဒါက နတ်နဂါးကျောက်စိမ်းတံဆိပ်လား ?" ချင်ယွင်က အံ့သြသွားသည့် အမူအရာဖြင့် ရေရွတ်လိုက်မိသည်။

ဤနတ်နဂါးကျောက်စိမ်းတံဆိပ်သည် ရှေးဟောင်း ဖရိုဖရဲ ရတနာတွေထဲမှာ တစ်ခု အပါဝင်ဖြစ်ရုံသာမက၊ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ စွမ်းအား၏သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ပိုင်ဆိုင်ထားသူသည် နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို အမိန့်ပေးနိုင်ပါသည်။ ထို့ကြောင့် ဤအရာသည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး အိပ်မက်မက်ခဲ့ရသော ရတနာတစ်ခုဖြစ်ပြီး ၎င်းသည် နဂါးမျိုးနွယ်၏ အကြီးမြတ်ဆုံး အဆင့်အတန်း၏ သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။

ထိုအချိန်တုန်းက၊ မီးနဂါးကြီးသည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ရယူပေးရန် သူ့ကို တောင်းဆိုခဲ့သော်လည်း၊ မီးနဂါးကြီးသည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို သီးသန့် ရယူလိုသောကြောင့် ဤအကြောင်းကို နတ်ဆိုးမျိုးနွယ်သို့ သတင်းပို့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ချင်ယွင်၏ လက်ရှိစွမ်းအားဖြင့်၊ သူသည် နတ်နဂါးကျောက်စိမ်း တံဆိပ်၏ အနီးသို့ ချဉ်းကပ်ရန်ပင် အရည်အချင်း မရှိပေ။

အကယ်၍ ချင်ယွင်သာ အနီးကပ်သွားပါက၊ နတ်နဂါးကျောက်စိမ်းတံဆိပ်မှ ထုတ်လွှတ် သော စွမ်းအားကြောင့် သူသည် တိုက်ရိုက် ချေမှုန်းခံရမည် ဖြစ်သည်။ ထို့ကြောင့်၊ ဟွမ်ထန်းလုံသည် နဂါးကျောက်စိမ်းတံဆိပ်ကို သူ၏သခင်အဖြစ် အသိအမှတ် ပြုမူအတွက် မကြိုးစားမီ သူ၏ခွန်အားကို လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိသည်အထိ စောင့်ရန် အကြံပေးခြင်းသည် ယုတ္တိမရှိခြင်း မဟုတ်တော့ပေ။

"ဒါက ကြည်လင်ကောင်းကင်ဓားလား?" ချင်ယွင်၏အကြည့်က နတ်နဂါးကျောက်စိမ်း တံဆိပ်၏ဘေးတွင် လွင့်မျောနေသောဓားဆီသို့ တစ်ဖန်ပြောင်းသွားပြန်သည်။

ဤသည်မှာ ရှည်လျားပြီး နက်မှောင်နေသော ဓားတစ်ချောင်းဖြစ်ပြီး ရိုးရှင်းပြီး လက်ရာမြောက်လှသည်။

သို့သော်လည်း ဓားအလင်းမှ ထုတ်လွှတ်နေသော စွမ်းအားသည် အလားတူ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ချင်ယွင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်၊ သူ၏မျက်လုံးများသည် ဓားဖြင့်ထိုးစိုက်ခံရပြီး ကန်းသွားသလို ခံစားလိုက်ရသည်။

ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရတနာနှစ်ခုဆီသို့ အစမ်းသဘောဖြင့် ချဉ်းကပ်ကြည့်လိုက်ပါသည်။

ဘန်း…..။

ချက်ခြင်းပင် ရတနာနှစ်ခုသည် ပြင်းထန်စွာ တုန်ခါသွားသည်။ တစ်ချိန်တည်းမှာ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းနှစ်ခုက ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်၏ ရင်ဘတ်ကို ချက်ချင်း ရိုက်ခတ်လိုက်သည်။

ချင်ယွင်သည် နောက်သို့ တိုက်ရိုက်ပင် လွင့်ပျံသွားခဲ့ပြီး အဝေးမှ နေရာတံတိုင်းကို ပြင်းထန်စွာ ရိုက်ချိုးလိုက်သည်။ သူ၏ပါးစပ်မှ သွေးများ ဖျန်းခနဲ ဖျန်းခနဲ လွင့်စင်သွား ပြီး သူ၏မျက်လုံးများက တုနှိုင်းမရအောင် ထိတ်လန့်သွားဟန်ဖြင့် ရတနာနှစ်ခုကို ကြည့်နေလေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုပဲ။ တကယ်လို့ ငါသာ အဝါရောင် နတ်ဆိုးပညာရပ်ရဲ့ စတုတ္ထအဆင့်ကို ရောက်မနေသေးဘူးရင်၊ ယခုလေးတင် တိုက်ခိုက်က ငါ့အသက်ကို ဆုံးရှုံးသွားမှာကိုတောင် ငါကြောက်မိတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ ထိတ်လန့်တကြား ရေရွတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထဲမှာ စိတ်ပျက်သွားသည့် ခံစားချက်တစ်ခု ပေါ်လာပါသည်။

ယခုအချိန်တွင်၊ သူသည် ဤဖရိုဖရဲ ရတနာနှစ်ခု၏ အနီးသို့ပင် မကပ်နိုင်သေးပေ။ ၎င်းတို့၏ အသိအမှတ်ပြုမှုကို ရရှိပြီး ၎င်းတို့ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သေးပေ။

ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ပြီး ဆုတ်ခွာရန်သာ ရွေးချယ်နိုင်ခဲ့သည်။ နောင်အနာဂတ်တွင် သူသည် ဤရတနာနှစ်ခုကို လက်မြှောက်အရှုံးပေးအောင် လုပ်ဆောင်ဖို့ သူ့အတွက် အချိန်မနှောင်းသေးပါ။ ဤရတနာနှစ်ခုသည် ဤနေရာတွင် ရှိနေသရွေ့ ၎င်းတို့သည် တစ်နေ့နေ့တွင် ချင်ယွင်ထံ၌ နောက်ဆုံး လက်နက်ချ အညံ့ရမည် ဖြစ်ပါသည်။

ဘန်း….။

အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ကိုးထပ်မြောက်ရှိ မက်မွန်ပွင့်သစ်တောထဲသို့ တစ်ဖန်ပြန်၍ ပေါ်လာပါသည်။

“ဒီလက်အောက်ငယ်သားက သခင်အသစ်ကို နှုတ်ဆက်တယ်။”

ချင်ယွင် ပေါ်လာသည်နှင့် တပြိုင်နက် အသံများ ဆက်တိုက် ကြားလိုက်ရသည်။ ဆံပင်ဖြူအဖိုးအို၊ သွေးနီရောင်ဝတ် အမျိုးသားနှင့် ကိုရုပ်ချောတို့ အပါအဝင် လူကိုးယောက်သည် ချင်ယွင်၏ရှေ့တွင် ဒူးထောက်ထိုင်ကြသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ?" ချင်ယွင်သည် သူ၏ရှေ့မှ လူကိုးယောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ဦးဆောင်သူ ကိုရုပ်ချောက ချင်ယွင်၏ အမေးကို ကြားတော့ ပြောပြသည် “ သခင်၊ သူတို့အားလုံးကလည်း သခင်အဟောင်းလက်ထဲက အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းရဲ့ ပစ္စည်းဝိညာဉ်တွေပါပဲ။ သခင်အသစ်က အင်မော်တယ်နန်းတော်ကို ထိန်းချုပ်ပြီးတာနဲ့ သခင်အသစ်နောက်လိုက်ဖို့ သခင်အဟောင်းက အမိန့်ပေးခဲ့ဖူး တယ်။ ဒါ့ကြောင့် အခု သခင်က အင်မော်တယ်နန်းတော်ရဲ့ ကြယ်အမြုတေကို သန့်စင်ပြီးပြီဆိုတော့ သခင်က ငါတို့ရဲ့သခင်အဖြစ် သဘာဝအတိုင်း ဖြစ်သွားပါပြီ”။

"ဒီလိုလား?.. ။" ချင်ယွင်လည်း ရုတ်တရက် ခေါင်းညိတ်လိုက်မိသည်။

ချက်ခြင်းပင်၊ ချင်ယွင်၏ မျက်နှာသည် နှိုင်းစာ၍ မရလောက်သည့် အံ့အားသင့်ဟန် အမူအရာ ပေါ်လာသည်။

အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း ရှစ်ခု။

ဤအင်မော်တယ် ဘုရင်စံအိမ်ကြီးပါ အပါအဝင်ဆိုလျှင်၊ အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်း ကိုးခုပင် ရှိနေပြီ။

ချင်ယွင်သည် ဖရိုဖရဲ ရတနာနှစ်ခုကို မထိန်းချုပ်နိုင်သော်လည်း၊ သူသည် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း ကိုးခုကို ချက်ချင်း ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့အပြင်၊ ၎င်းတို့၏ ပစ္စည်းဝိညာဉ်များသည် ရုပ်အသွင်အပြင် ထင်ရှားပေါ်လွင်ပြီး အလွန်မင်း အစွမ်းထက်၏။

ဤအရာက ဟွမ်ထန်းလုံကို သဘောတူလိုက်ခြင်းသည် ဆုံးရှုံးမှု မဟုတ်ကြောင်း ချင်ယွင်သည် ရုတ်တရက် ခံစားရစေသည်။

ထို့နောက်တွင် ကိုလူချောက ချင်ယွင်အား အခြားသော အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်း ရှစ်မျိုးနှင့် ၎င်းတို့၏ ပစ္စည်းဝိညာဉ်များအကြောင်း မိတ်ဆက်ပေးခဲ့သည်။

အဆုံးတွင် ချင်ယွင်သည် ကောက်ချက်ချနိုင်လိုက်သည်။ ဤအကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း ရှစ်မျိုးစလုံးသည် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းများ ဖြစ်ကြပြီး အဆိုပါ ပစ္စည်းဝိညာဉ်ရှစ်ခု၏ အစွမ်းများလည်း အလွန် ထူးခြားပါသည်။

၎င်းတို့အနက် ငါးဦးသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်တွင် ရှိနေပြီး၊ သုံးဦးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်တွင် ရှိနေပါသည်။ ထိုကိုလူချောသည် အင်မော်တယ်ဘုရင် နယ်ပယ်မှာ ရှိနေသည်။ ဤသည်မှာ ချင်ယွင်သည် ထိပ်တန်းကျွမ်းကျင်သူ ကိုးယောက်ကို တပြိုင်နက်တည်း ရရှိသွားခြင်း နှင့် အတူတူပင် ဖြစ်ပါသည်။

ကံမကောင်းစွာပင်၊ ကိုလူချောက သူတို့၏သခင်ဟောင်းက စည်းကမ်းတွေကို ချမှတ်ထားသည်ဟု ပြောပြပါသည်။

ချင်ယွင်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်အဆင့်သို့ ရောက်မှသာ သူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်ကို စည်းရုံးပြီး ဆင့်ခေါ်နိုင်ရန် အရည်အချင်း ပြည့်မှီမည်ဖြစ်ပြီး၊ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်သို့ ရောက်ရှိမှသာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူကို ခေါ်ယူရန် အရည်အချင်း ပြည့်မှီမည် ဖြစ်ပါသည်။ သူသည် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိမှသာ၊ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူကို စည်းရုံးရန် အရည်အချင်း ပြည့်မီမည် ဖြစ်ပါသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ပါးစပ်မှ သွေးအန်လုမတတ်ပင် ဖြစ်သွားရသည်။

ယခုအချိန်တွင် သူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်တွင်သာ ရှိနေသေးသည်။ တစ်နည်းဆိုရသော် သူသည် ၎င်းတို့ ကိုးဦးတွင် မည်သူ့ကိုမျှ အမိန့် မပေးနိုင်သေးပေ။ သူသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်သွား မည်ဆိုလျှင်ပင်၊ သူသည် ၎င်းတို့ ကိုးဦးအနက်မှ တစ်ဦးတစ်ယောက်ကိုမှ ဆင့်ခေါ်နိုင် စွမ်းမရှိသေးပေ။

ဤအရာက သူ့ကို အလွန် စိတ်ဓာတ်ကျစေပါသည်။ မူလကတည်းက သူသည် ဖရိုဖရဲ ရတနာနှစ်ခုကို မြင်ရုံသာမြင်ရပြီး မသုံးနိုင်သည့်အတွက် စိတ်ဓာတ်ကျနေခဲ့ပြီ။ ကံကောင်းထောက်မစွာပင်၊ သူသည် သူ၏ရှေ့မှာ ထိပ်တန်း လက်အောက်ငယ်သား ကိုးယောက်ကို ရရှိပိုင်ဆိုင်ခဲ့သော်လည်း စည်းရုံးဖို့ပင် အရည်အချင်း မရှိသေးချေ။ ဤအရာက၊ သင်၏ရှေ့မှာ ကိုယ်လုံးတီးချွတ်ထားသော အလှပိုင်ရှင် အမျိုးသမီး တစ်ယောက် မတ်တပ်ရပ်နေသော်လည်း သင်က ဘာမှလုပ်ဆောင်နိုင်ခွင့် မရှိသလိုပင် ဖြစ်နေသည်။ ဤသည်မှာ အလွန်မင်း အဆင်မပြေသောအရာ ဖြစ်ပါသည်။

"သခင်၊ အင်မော်တယ်နန်းတော်ထဲမှာ ဖြတ်ကျော်သွားသူသုံးဦး ရှိနေပါသေးတယ်။ ၎င်းတို့ကို ဘယ်လို လုပ်ဆောင်ရမလဲ?" ချင်ယွင်သည် စိတ်ဓာတ်အကြီးအကျယ် ကျနေချိန်မှာ ကိုလူချောက ထပ်ပြောလာပြန်သည်။

"သုံးယောက်လား….?" ချင်ယွင် အနည်းငယ် အံ့သြသွားသည်။

အတွေးတစ်ချက်ဖြင့် သူ၏စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာပါသည်။ နှင်းအမျိုးသမီး၊ လင်းယွန်ယန် နှင့် ယောင်လင်းခေါင်တို့သည် စတုတ္ထထပ်ရှိ ရေခဲများ နှင့် နှင်းများကြားထဲတွင် လမ်းလျှောက်နေကြသည်။

"သူတို့သုံးယောက်လုံးကို ဒီကို ရွှေ့လိုက်ပါ။" ချင်ယွင်က ပြောသည်။

ဤကိုလူချောသည် အင်မော်တယ်နန်းတော်၏ ပစ္စည်းဝိညာဉ် ဖြစ်သည်။ ချင်ယွင် ကဲ့သို့ ပင်၊ သူသည်လည်း အင်မော်တယ်နန်းတော်ကို ထိန်းချုပ်ပိုင်ခွင့် ရှိလေသည်။

"ဟုတ်ကဲ့ပါ သခင်။" ကိုလူချောက ပြန်ပြောပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူတို့သုံးယောက်သည် ချင်ယွင်၏ ရှေ့မှာ ပေါ်လာပါသည်။

All Chapters