← Chapters

အခန်း ၆၇၇

Vol. 46 Ch. 677

အခန်း ၆၇၇

Vol. 46 Ch. 677

အခန်း (၆၇၇) နှင်းအမျိုးသမီး၏ ရည်ရွယ်ချက်။

နှင်းအမျိုးသမီးနှင့် အခြားသူများသည် သူတို့သည် ဤနေရာတွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသည်ကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ကြပါ။ ပေါ်လာသည်နှင့် တပြိုင်နက် သူတို့သည် လှည့်ပတ်ကြည့်ရူလိုက်ကြသည်။ ချင်ယွင်ကို တွေ့လိုက်သော အခါတွင် သူတို့၏ မျက်နှာများသည် အံ့သြသွားသည့် အမူအရာများ ဖြစ်ပေါ်လာကြပါ သည်။

ချင်ယွင်သည်လည်း သူတို့သုံးယောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီးနောက်၊ ရှင်းပြတော့မည့်အခိုက်မှာ သူသည် နှင်းအမျိုးသမီးနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

နှင်းအမျိုးသမီးသည် သူမ၏မျက်နှာပေါ်တွင် မျက်နှာဖုံးကာကို ၀တ်ဆင်ထားသော် လည်း ချင်ယွင်သည် နှင်းအမျိုးသမီး၏ စိတ်လှုပ်ရှားမှုကို ခံစားနေရဆဲ ဖြစ်သည်။ သူမ၏ ဝတ်စုံအောက်ရှိ သူမ၏လက်တွေက တုန်ယန်နေပါသည်။

" စီနီယာ နှင်းအမျိုးသမီး၊ စီနီယာ ဘာတွေဖြစ်နေတာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေး စွာဖြင့် မေးလိုက်သည်။

သို့သော် နှင်းအမျိုးသမီးသည် ချင်ယွင်၏စကားများကို လျစ်လျူရှုထားပြီး ချင်ယွင်၏ နောက်ကွယ်ရှိ ကိုလူချောကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

"ဖန်း၊ နင် အသက်ရှင်နေသေးလား? " နှင်းအမျိုးသမီးသည် ရုတ်တရက် ပြောလိုက်ပြီး သူမ၏ အသံက တုန်ယင်နေကာ မျက်ရည်များ စီးကျလာသည်။

ချင်ယွင်၏ နောက်ကွယ်မှ ကိုလူချောသည် နှင်းအမျိုးသမီး၏ စကားကို ကြားသောအခါ သူသည် နှင်းအမျိုးသမီးကို စူးစိုက်စိုက်စိုက် ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"မင်းက ဘယ်သူလဲ?" လူချောက မျက်မှောင်ကြုတ်ကာ မေးသည်။

"ငါက မင်းရဲ့ ရွဲ့အာလေ !" နှင်းအမျိုးသမီးသည် သူမ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးကာကို ဆွဲချွတ်လိုက်သည်နှင့် အလွန်လှပသော မျက်နှာတစ်ခု ပေါ်လာပါသည်။

ချောမောလှပသော ဤမျက်နှာကို မြင်လိုက်ရသောအခါတွင် ကိုလူချော၏ အမူအရာ သည် လုံးဝကို ထိတ်လန့်သွားပါသည်။

"ရွဲ့အာ၊ မင်းက ရွဲ့အာပဲ။ မင်း မသေသေးဘူးလား?" ကိုလူချောသည် အသံတုန်တုန်ယင်ယင်ဖြင့် အံ့သြစွာ ပြောလိုက်သည်။

"ငါ မသေသေးပါဘူး။ ငါ နေကောင်းပါတယ်။ ငါ အသက်ရှင်နေသေးတယ်။" နှင်းအမျိုးသမီးက စိတ်လှုပ်ရှားစွာ ပြောသည်။ သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည် စီးကြောင်းနှစ်ခု စီးကျလာပါသည်။

"မင်း မသေသေးဘူးဆိုတော့ ကောင်းတာပေါ့။ မင်း မသေသေးတာ ကောင်းပါတယ်" ကိုလူချောသည် နှင်းအမျိုးသမီးအား စိတ်လှုပ်ရှားစွာ ပွေ့ဖက်ထားသည်။

နှင်းအမျိုးသမီးသည် ကိုလူချော၏ ပခုံးကို ဆုပ်ကိုင်ထားပြီး သူမ၏ အမူအရာက အလွန် ချစ်ခင်တွယ်တာနေသည်။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်သည် အနည်းငယ် အံသြသွားသည်။ ဤနှင်းအမျိုးသမီးသည် ဤကိုလူချောကို အမှန်တကယ် သိနေခဲ့သည်။

ယောင်လင်းခေါင် နှင့် လင်းယွန်ယန်တို့လည်း ဤရုတ်တရက် မြင်ကွင်းကြောင့် အံ့အား သင့်သွားကြသည်။ သူတို့သည် စတုတ္ထထပ်ကနေ ဘာကြောင့် ဤနေရာသို့ ရုတ်တရက် ရောက်လာရသနည်းဆိုသည်ကိုပင် မေးရန် မေ့သွားကြသည်။

အချိန်အတော်ကြာပြီးနောက် နှင်းအမျိုးသမီးသည် ကိုလူချောနှင့် ခွဲခွာလိုက်သည်။

"ရွဲ့အာ၊ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ?။ မင်းက အင်မော်တယ် ကမ္ဘာထဲမှာ ရှိနေသင့်တယ် မဟုတ်လား?။ ပြီးတော့ မင်းက ဘယ်လိုလုပ် ရှင်သန်လွတ်မြောက် ခဲ့တာလဲ?" လူချောက မေးသည်။

"ငါ မသေခဲ့ပါဘူး။ အဲဒီတိုက်ပွဲမှာ ငါ့ဆရာက ငါ့ကို ကယ်တင်ခဲ့တယ်။ အခုက၊ မင်းကို ရှာဖို့ ငါ ဒီကိုလာခဲ့တာ" နှင်းအမျိုးသမီးက ပြောပြပါသည်။

"ငါ မသေသေးဘူး။ ပြီးတော့ သေမျိုးကမ္ဘာကြီးမှာ ရှိနေတယ်ဆိုတာကို မင်းက ဘယ်လို သိတာလဲ?။ ပြီးတော့ ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့ခဲ့တာလဲ?။" ကိုလူချောက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ချင်ယွင်လည်း အရမ်းကို သိချင်နေခဲ့ပါသည်။ ထိုအချိန်တုန်းက၊ စီနီယာ ဟွမ်ထန်းလုံ သည် အင်မော်တယ်ကမ္ဘာ၏ အတားအဆီးများကို ဖြတ်ကျော်ပြီး သေမျိုးကမ္ဘာသို့ ထွက်ပြေးခဲ့သည်။ ထိုအင်မော်တယ် ဧကရာဇ်များသည်ပင်လျှင် ဟွမ်ထန်းလုံသည် သေမျိုးကမ္ဘာသို့ လွတ်မြောက်သွားသည်ကိုပင် မသိခဲ့ကြပေ။ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသည် ဤသေမျိုးကမ္ဘာပေါ်တွင်ရှိနေကြောင်းကို ဤနှင်းအမျိုးသမီးက မည်သို့ သိခဲ့လေးသနည်း?။

"မင်းနဲ့အတူ ဘဝသုံးပါး ကျောက်တိုင်မှာ ငါ့နာမည်ကို ရေးထားခဲ့တာကို နင် မေ့သွားပြီ လား? လူမသေသေးသရွေ့ နင့်ရဲ့နာမည်က ဘဝသုံးပါး ကျောက်တိုင်မှာ အမြဲရှိနေမှာပဲ။ အခု နင့်ရဲ့နာမည်က ပျောက်ကွယ်မသွားခဲ့ဘူး။ ဒါကြောင့် နင် အသက်ရှင်နေသေးတာ ကို ငါ သေချာပေါက် သိတယ်။ ငါ အင်မော်တယ်နန်းတော်ကို ရှာတွေ့ရတဲ့ အကြောင်း အရင်းကတော့ ငါ့မိတ်ဆွေတစ်ယောက်က ပြောပြဖူးလို့ပါ” နှင်းအမျိုးသမီးသည် သူမ၏ စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ထားပြီး ပြောလိုက်သည်။

"မိတ်ဆွေလား…. ?" ချင်ယွင် နှင့် ကိုလူချောသည် တစ်ချိန်တည်းမှာပင် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

အထူးသဖြင့် ချင်ယွင် ဖြစ်သည်။ မိတ်ဆွေတစ်ယောက်က သူ့ကို ဂရုတစိုက်နှင့် စောင့်ရှောက်ဖို့ တောင်းဆိုဖူးသည်ဟု နှင်းအမျိုးသမီးပြောသည်ကို သူ ကြားခဲ့ဖူးပါ သည်။ သူတို့နှစ်ယောက်သည် လူတစ်ယောက်တည်းလားဆိုသည်ကို သူ မသိပါဘူး။

'"သူ့ရဲ့ ကိုယ်ရေးအချက်လက်ကို ထုတ်ဖော်မပြောဘူးလို့ ငါ့မိတ်ဆွေကို ကတိပေးခဲ့ တယ်။ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးဟာ ဒီသေမျိုးကမ္ဘာမြေပေါ်မှာ ရှိတယ်လို့ သူက ပြောခဲ့ဖူးတယ်။ အဲဒီနောက်မှာ ငါက ကိုယ်ပွား နတ်ဘုရာစွမ်းရည်ကို ကျင့်ကြံခဲ့ တယ်။ အဲဒီနောက် ဆရာကို ငါ့ရဲ့ ကိုယ်ပွားကို ပို့ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီ့တုန်းက နင့်ရဲ့သခင်ဟာ နင့်ကို အဝေးကို ခေါ်သွားခဲ့တယ်။ တကယ်လို့ နင်သာ အသက်ရှင် နေဉီးမယ်ဆိုရင် ဒီအင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးမှာ သေချာပေါက် ရှိနေမယ်လို့ ငါ ထင်တယ်။” နှင်းအမျိုးသမီးက ရှင်းပြပါသည်။

ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် ရုတ်ချည်းဆိုသလို ပြင်းထန်သော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ ဤနှင်းအမျိုးသမီးသည် ဤကိုလူချောကို ရှာဖွေရန် အတွက် အင်မော်တယ်ဘုရင်၏စံအိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့သည်။

သို့သော်၊ ချင်ယွင်သည် ကိုလူချောသည် ပစ္စည်းဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို တွေးတောမိသည့်အခါ သူသည် အနည်းငယ် ဝမ်းနည်းမိပါသည်။

"ရွဲ့အာ၊ မင်းက အနှစ် ၅၀၀၀ လုံးလုံး အလုပ်ကြိုးစားခဲ့တယ်" အဲဒီတုန်းက သခင်က တခြားရန်သူတွေနဲ့ တိုက်ခိုက်နေတုန်းမှာ တိုက်ပွဲက ပြင်းထန်ခဲ့ပြီး သခင့်နောက်ကို လိုက်ပါသွားခဲ့ရတယ်။ အဲဒီတိုက်ပွဲမှာ ငါ့ရဲ့ စိတ်ဝိညာဉ်ဟာ ကြေကွဲလွင့်ပျယ် သွားခဲ့ရတယ်။ ငါ့သခင်က ငါ့ရဲ့အင်မော်တယ် စိတ်ဝိညာဉ်ကို ပြန်လည်သိပ်သည်းရန် အတွက် သူရဲ့နောက်ဆုံးခွန်အားကို အသုံးပြုခဲ့တယ်။ ဒီလိုမှသာ ငါ့အသက်ကို ဂုဏ်ယူစွာ ထိန်းသိမ်းနိုင်ခဲ့တာ။ ဒါပေမယ့် ငါဟာ ဒီအင်မော်တယ် စံအိမ်ကြီးနဲ့ ပေါင်းစည်းပြီး ဒီအင်မော်တယ်စံအိမ်ကြီးရဲ့ ပစ္စည်းဝိညာဉ်တစ်ခု ဖြစ်လာရတယ်။" ကိုလူချောက ပြောသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" နှင်းအမျိုးသမီး၏ မျက်နှာသည် အံ့အားသင့်သည့် အမူအရာတစ်ခုကို ချက်ချင်းပြသလာပြီး မျက်ရည်များက နောက်တကြိမ် စီးကျလာ ပါသည်။

ကိုလူချောသည် နှင်းအမျိုးသမီး ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို မြင်လျှင်၊ သူ၏မျက်နှာက ဖော်မပြနိုင်သော နာကျင်မူများဖြင့် ပြည့်နေခဲ့သည်။ ကံမကောင်းစွာပင်၊ သူသည် လူသားစစ်စစ်တစ်ယောက် မဟုတ်တော့။ ထို့ကြောင့် သူ့အတွက် မျက်ရည်ကျရန်မှာ မဖြစ်နိုင်တော့ပေ။

“ဖန်၊ ငါ နင့်အတွက် အသားအသွေးပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ယူဆောင်လာခဲ့ တယ်။ နင်ရဲ့အသားသွေးခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ အခွင့်အရေး ရှိမရှိ စမ်းကြည့်ပါဦး။" နှင်းအမျိုးသမီးသည် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး သူမ၏ လက်တွေကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ ချောမောသော လူတစ်ယောက်နှင့် တူသည့် ရုပ်အလောင်းတစ်လောင်းက လူတိုင်း၏ရှေ့မှာ ပေါ်လာပါသည်။

ချင်ယွင်သည် ထိုရုပ်အလောင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ အံ့အားသင့်ဟန် ပေါ်လာပါသည်။

နှင်းအမျိုးသမီးသည် ထိုအချိန်တုန်းက အင်မော်တယ်နန်းတော် သော့နှစ်ချောင်းကို အဘယ့်ကြောင့် တောင်းခံရသနည်းဆိုသည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ ပါပြီ။ သူမသည် ကိုလူချော၏ရုပ်ခန္ဓာကိုယ်အတွက် အခြားအင်မော်တယ်နန်းတော် သော့တစ်ချောင်းကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။

သူမသည် အင်မော်တယ်နန်းတော်၏ ကန်သတ်ချက်တွေက ကိုလူချော၏ ရုပ်ခန္ဓာ ကိုယ်ကို ဖျက်ဆီးသွားမှာ သူမ စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ထပ် အင်မော်တယ်နန်းတော်သော့တစ်ချောင်းကို လုယူလာခဲ့သည်။

ကိုလူချောသည် ဤရုပ်ခန္ဓာကိုယ်ကို မြင်သောအခါ တခဏတာ အံ့အားသင့်သွားသည်။ သူ၏မျက်လုံးများတွင် လွမ်းဆွေးမှုအရိပ်အယောင် ပေါ်လာပြီးနောက် အပြုံးနှင့်အတူ ခေါင်းခါယမ်းလိုက်ပါသည်။

ကိုလူချော ခေါင်းယမ်းလိုက်သည်ကို မြင်လျှင် နှင်းအမျိုးသမီးသည် ကိုလူချော ဆိုလိုသည်ကို သဘောပေါက်သွားပါသည်။

ဆိုလိုသည်မှာ သူသည် ပစ္စည်းဝိညာဉ်တစ်ခု ဖြစ်လာသည်နှင့် တစ်ပြိုင်နက် နောက်ကြောင်း ပြန်လှည့်၍မရဟု ဆိုလိုခြင်း ဖြစ်ပါသည်။

နှင်းအမျိုးသမီးသည် စိတ်ပျက်လက်ပျက်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။ သို့သော် သူမသည် လျင်မြန်စွာ သတိပြန်ဝင်လာသည်။ သူမသည် ကိုလူချောကို စိုက်ကြည့်ကာ ပြောသည် “ဖန်း၊ နင် ဘာပဲ ဖြစ်သွားဖြစ်သွား ငါ ဂရုမစိုက်ပါဘူး။ နင်နဲ့အတူ တစ်သက်လုံး နေမယ်။ နင်က ပစ္စည်းဝိညာဉ်တစ်ယောက် အနေနဲ့ နင်က ဒီအင်မော်တယ်စံအိမ်ကြီးကို မစွန့်နိုင်တော့ဘူး။ ဒီတော့ ငါ နင်နဲ့အတူ ဒီမှာ ထာဝရနေပါရစေ။"

"ရွဲ့အာ၊ မင်း ဒီစံအိမ်ကြီးမှာ နေနိုင်၊ မနေနိုင်က ငါ့အပေါ် မမူတည်ဘူး။ မင်းနဲ့ ပတ်သက်ပြီး ငါ့သခင်ရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတာ မေးရဦးမယ်။" လူချောက ပြောသည်။

"သခင်လား?။ ဟွမ်ထန်းလုံက သေဆုံးသွားပြီ မဟုတ်ဘူးလား?" နှင်းအမျိုးသမီးက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"သခင်ဟောင်းက တကယ် သေသွားပါပြီ။ ဒါပေမယ့် အခု အင်မော်တယ်နန်းတော်မှာ သခင်အသစ် တစ်ယောက်ရှိနေပြီလေ" လူချောက ပြောပြီး ချင်ယွင်ကို လှည့်ကြည့် လိုက်သည်။

အားလုံးသည် ကိုလူချော၏အကြည့်နောက်သို့ လိုက်ပါကြည့်လိုက်ကြသည်။ ချင်ယွင် ဖြစ်သည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေကြပါသည်။

အင်မော်တယ်နန်းတော်အား စူးစမ်းလေ့လာရန်အတွက် သူတို့နှင့်အတူ ပါလာသော ချင်ယွင်သည် တတိယထပ်မှာ ပျောက်ကွယ်သွားခဲ့သည်။ ချင်ယွင်သည် အင်မော်တယ် နန်းတော်ထဲမှာ သေဆုံးသွားပြီဟု အားလုံးကလည်း ထင်ထားခဲ့ကြသည်။ သို့သော် ယခုအခါ ချင်ယွင်သည် အင်မော်တယ်နန်းတော်၏ ပိုင်ရှင်အသစ် ဖြစ်လာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ကြပါဘူး။

" ချင်ယွင်၊ မင်း ..." နှင်းအမျိုးသမီးက ပြောသည် ။

" စီနီယာရွဲ့၊ စီနီယာ ဘာမှ ပြောနေစရာ မလိုပါဘူး။ စီနီယာက အင်မော်တယ်နန်းတော် မှာ နေနိုင်ပါတယ်။ စီနီယာ ဆန္ဒရှိသရွေ့ နေချင်သလောက် နေနိုင်ပါတယ် " ချင်ယွင် က နှင်းအမျိုးသမီးစကားကို ကြားဖြတ်ပြီး အရင်ပြောလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် ချင်ယွင်သည်လည်း နှင်းအမျိုးသမီးနှင့် ကိုလူချောတို့ကြားရှိ ခံစားချက်များကြောင့် တုန်လှုပ်သွားခဲ့ရသည်။

"ကျေးဇူးတင်ပါသည် !" နှင်းအမျိုးသမီးက ရိုးသားစွာ ပြောလိုက်သည် "ဒါဆို မင်းက ငါ့ကို စီနီယာရွှဲ့လို့ ခေါ်စရာ မလိုတော့ဘူး။ နောင်အနာဂတ်မှာ မင်းက ငါ့ကို အဒေါ်ရွှဲ့လို့ ခေါ်နိုင်တယ် !"။

All Chapters