← Chapters

အခန်း ၆၇၈

Vol. 46 Ch. 678

အခန်း ၆၇၈

Vol. 46 Ch. 678

အခန်း (၆၇၈) လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း။

နောက်ပိုင်းမှာတော့ ထူးထူးခြားခြား အဖြစ်ပျက်မျိုး ဖြစ်ပျက်လာခြင်း မရှိခဲ့ပါဘူး။

တစ်ခုတည်းသော ထူးခြားချက်မှာ ချင်ယွင်သည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် အဒေါ်ရွှဲ့တစ်ယောက် ရရှိလာခဲ့သည်။

ချင်ယွင်သည် အဒေါ်ရွှဲ့ပြောသည့် သူငယ်ချင်းက မည်သူဖြစ်မည်နည်း? ဆိုသည်ကို အမြဲတမ်း သိချင်နေခဲ့မိသည်။

ကံမကောင်းစွာဖြင့်၊ အဒေါ်ရွှဲ့သည် ထိုမိတ်ဆွေက ဘယ်သူလဲဆိုသည်ကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆိုနေတုန်းပင် ဖြစ်သည်။ အင်မော်တယ်ကမ္ဘာသို့ သူ ရောက်သောအခါ ဤမိတ်ဆွေသည် မည်သူမည်ဝါ ဖြစ်သည်ကို သူ သိလိမ့်မည်ဟုသာ ပြောခဲ့သည်။

ချင်ယွင်သည်လည်း ကူရာမဲ့ဖြစ်ပြီး နောက်ထပ် မေးခွန်းများမေးရန်ကို စွန့်လွှတ်ရန်မှ တပါး ရွေးချယ်စရာမရှိတော့ပေ။ သို့သော်လည်း သူသည် မည်သည့်အကြောင်းမှ မသိရခြင်းတော့ မဟုတ်ပေ။ သူ့ကိုဂရုစိုက်ရန် အဒေါ်ရွှဲ့အား တောင်းဆိုခဲ့သော ထိုမိတ်ဆွေဆိုသူသည် အင်မော်တယ်ဘုရင် စံအိမ်ကြီး၏ တည်နေရာကို အဒေါ်ရွှဲ့အား ပြောပြခဲ့သည့်လူနှင့် အတူတူပင်ဖြစ်ကြောင်း အဒေါ်ရွှဲ့ထံမှ သူ သိခဲ့ရသည်။

ဤအရာကလည်း ချင်ယွင်ကို လုံးဝ စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ တစ်နည်းဆိုရသော် ဤလူသည် သူကျဆင်းလာသော သေမျိုးဂြိုဟ်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး တည်ရှိရာ ဂြိုဟ်ဖြစ်ကြောင်း ဤလူက သိနေခဲ့သည်။

ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ၊ တစ်ခုခုမှားယွင်းနေသည်ဟု သူ ပိုခံစားရ လေ ဖြစ်ပါသည်။ သူ ဤကမ္ဘာမြေပေါ်သို့ ကျဆင်းလာခြင်းက မဖြစ်နိုင်ဟု သူ ခံစားခဲ့ရ သည်။ ဤကိစ္စကို သူ၏ခမည်းတော် အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်က ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်း အလွန် ဖြစ်နိုင်ချေရှိသည်။

သို့သော် ထိုနေ့တုန်းက သူ့ခမည်းတော်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို သူ ပြန်တွေးကြည့်အခါ၊ ဤအရာက မဖြစ်နိုင်ကြောင်း ချင်ယွင်သည် ခံစားလိုက်ရသည်။

အဆုံးတွင်၊ သူသည် သူ၏စိတ်နှလုံးထဲမှ သံသယများကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့ပြီး၊ နောင်အနာတွင် သူသည် အင်မော်တယ်ကမ္ဘာသို့ သွားပြီး သူ၏ခမည်းတော် အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်ကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းရန်သာ တတ်နိုင်ပါတော့သည်။

သူသည် အင်မော်တယ်ဘုရင်၏စံအိမ်ကြီး တစ်ခုလုံးကို ထိန်းချုပ်ထားပြီး ဖြစ်သော ကြောင့်၊ ချင်ယွင်သည် ဤနေရာတွင် နေရန် မည်သည့်အကြောင်းမျှ မရှိတော့ပေ။

ယခုတော့ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို သန့်စင်ပြီးသွားပြီ ဖြစ်ကာ၊ ချင်ယွင်၏ အတွေးတစ်ချက်ဖြင့်ပင်၊ ၎င်းကို သူ၏ဒန်တန်ထဲသို့ ထည့်သွင်း ယူဆောင် သွားနိုင်မည် ဖြစ်သည်။

လင်းယွန်ယန်ကိုမူ၊ ချင်ယွင်က သူမကို အင်မော်တယ်ကမ္ဘာသို့ ပြန်ခွင့်ပြလိုက်သည်။

လင်းယွန်ယန်သည် သူမ၏ အစစ်အမှန် ခန္ဓာကိုယ်၏ အပြင်ဘက်ရှိ ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သောကြောင့် ချင်ယွင်က သူမကို နှုတ်ပိတ်ရန်အတွက် သတ်ဖြတ်ခြင်း မရှိခဲ့ပေ။ ယခုချိန်အတွင် သူမ၏ အစစ်အမှန် ခန္ဓာကိုယ်က ဤနေမှာ ဖြစ်ပျက်နေသည် ကို သိရှိနေမှာဖြစ်ပြီး၊ အပြင်ဘက်ရှိ သူမကိုယ်ပွားကို သတ်ပစ်လျှင်ပင် အသုံးမဝင်ပါ ဘူး။ ထို့ကြောင့် ချင်ယွင်သည် သူမကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် လင်းယွန်ယန်သည် ချင်ယွင်၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမည်ဟု သူမကပင် အစပြု ပြောလာခဲ့ပါသည်။

ဤအရာက ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။ အကယ်၍ အင်မော်တယ် ကမ္ဘာမှ လူများသည် ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို ရရှိထား ကြောင်း သိရှိသွားပါက ဖရိုဖရဲ ရတနာနှစ်ခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိကြောင်း ခန့်မှန်းရန် ခက်ခဲမည် မဟုတ်ပေ။ ထိုအချိန်တွင် သူသည် သူ့ကိုလာသတ်ရန် အတွက် လူအများပြားကို ဆင့်ခေါ်သလိုဖြစ်မှာ သေချာပါသည်။

နောက်ဆုံးမှာတော့၊ ချင်ယွင်သည် သာမန်လူများသည် အပြစ်ကင်းစင်ပြီး စိတ်နှလုံး နှစ်ခွရှိသူများသ အပြစ်ရှိကြောင်း အမှန်ကို နားလည်ခဲ့ပါသည်။

တစ်ဖက်တွင်၊ ယောင်လင်းခေါင်သည် သူ၏ နတ်ဆိုးနတ်ဘုရားနန်းတော်သို့ ပြန်သွား ရန် ရွေးချယ်ခဲ့သည်။ သူသည် သူ၏ နတ်ဆိုးနတ်ဘုရားနန်းတော်ကို ဖြောင့်ဖြောင့် တန်းတန်း ပြန်သွားခဲ့ပြီး၊ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် စီစဉ်ခဲ့သည်။

ချင်ယွင်လည်း သဘောတူပါသည်။ အကယ်၍ ယောင်လင်းခေါင်သည် သူ၏ ဘေးမှာ ရှိနေလျင်ပင်၊ သူ့အနေနှင့် လုပ်နိုင်တာဘာမှ မရှိပါဘူး။ ထို့ကြောင့် သူ၏ဘေးမှာ နေမည့်အစား သူ့ဘာသာသူ ကြီးပြင်းခွင့်ပေးလိုက်ခြင်းက ပိုကောင်းပါသည်။

ယောင်လင်းခေါင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို အသက်ရှင် လွတ်မြောက်နိုင်ခြင်း ရှိမရှိ ဤကိစ္စနှင့် ပတ်သက်၍မူ၊ ချင်ယွင်သည် လုံးဝ စိုးရိမ်ခြင်း မရှိပါဘူး။ ဤယောင်လင်းခေါင်သည် သူ မဟုတ်ပါဘူး။ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် ထိုမျှလောက် ပုံမှန်လမ်းကြောင်းမှ သွေဖယ်နေမည် မဟုတ်ပါဘူး။ (ဆိုလိုတာက သူ့လို ပုံမှန်မဟုတ်တဲ့ကပ်ဘေးဒုက္ခမျိုး ကြုံတွေ့ရမှာ မဟုတ်ဘူးဆို လိုဟန်)။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင်၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ သူ၏လက်ထဲတွင် တိုက်ပွဲစိတ်ဝိညာဉ်လက်နက်တစ်ခုလည်း ရှိနေ သည်။ သူ၏ ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် မည်မျှပင် အစွမ်းထက်စေကာမူ၊ သူသည် ၎င်းကပ်ဘေးဒုက္ခကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ပါသေးသည်။

ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက် ချင်ယွင်သည် ထျန်းယွန်တိုက်ကြီးဆီသို့ ပြေးသွားခဲ့သည်။

သူသည် ချိန်းဆိုမှု တက်ရောက်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသို့ မထွက်ခွာမီ အချိန်တစ်လ ရပါသေးသည်။ ချင်ယွင်သည် မိန်းကလေးများနှင့်အတူ ထျန်းယွန် တိုက်ကြီးဆီသို့ ပြန်သွားရန် စီစဉ်ထားပါသည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ သူ ပြန်လာ ပြီးနောက်၊ သူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက်ဖြတ်ကျော်ကာ အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေး ဒုက္ခကို ခံယူကာ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းတော့မည်။

ဟုတ်ပါသည်၊ ချင်ယွင်သည် ယခုတစ်ကြိမ် ထျန်းယွန်တိုက်ကြီးဆီသို့ ပြန်လာစဉ်မှာ သူသည် အလွန်စိတ်လှုပ်ရှားစရာကောင်းသော သတင်းတစ်ကို ရရှိထားပါသည်။ သူ၏အစ်မဖြစ်သူ လျူရန်ယွင်၏ မျက်နှာပေါ်ရှိ ဒဏ်ရာများကို သူမ ကုသပေးနိုင် ကြောင်း အဒေါ်ရွှဲ့က ပြောပြသည်။

ထို့ကြောင့် သူသည် အနည်းငယ်မျှ နှေးကွေးခြင်းမရှိဘဲ၊ ချင်ယွင်သည် လေဟာနယ် သလင်းကျောက်တုံးကို တတ်နိုင်သမျှ အမြန်ဆုံး အသုံးပြုပြီး၊ ထျန်းယွန်တိုက်ကြီး၏ အင်ပါယာနန်းတော်သို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့ပါသည်။

သူသည် ထျန်းယွန်တိုက်ကြီး၏ အင်ပါယာနန်းတော်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်၊ ချင်ယွင်သည် သူ့အစ်မ လျူရန်ယွင်၏ မျက်နှာပေါ်ရှိ ဒဏ်ရာများကို အဒေါ်ရွှဲ့ ကုသပေး မည့်အချိန်ကို မစောင့်စားနိုင်အောင်ပင် ဖြစ်နေရသည်။

သေချာသည်မှာ၊ အဒေါ်ရွှဲ့၏ ဝင်းလက်တောက်ပနေသည့် လက်ဟန်များ အောက်မှာ သူ၏အစ်မ လျူရန်ယွင်၏ မျက်နှာပေါ်ရှိ ဒဏ်ရာများသည် ပျောက်ကင်းသွားရုံသာမက အရင်ကထက်ပင် ပိုလှပပြီး သက်ဝင်လာခဲ့သည်။

ယင်းက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့ပြီး ရန်စီချီ နှင့် ချန်မင်ရှီတို့လည်း သူမအတွက် ပျော်ရွှင်ခဲ့ကြသည်။

ယခုအချိန်တွင် ချင်ယွင်၏ အမျိုးသမီး လေးဦးတွင် ကျန်းရွှန်ရှင်း တစ်ဦးတည်းသာ အသက်ပြန်မရှင်သေးဘဲ ကျန်နေခဲ့သည်။ မူလက ချင်ယွင်သည် အဒေါ်ရွှဲ့နှင့် အခြားသူများကို အကူအညီတောင်းခဲ့သော်လည်း အဒေါ်ရွှဲ့နှင့် အခြားသူများသည် ကျန်းရွှန်ရှင်း၏ အခြေအါနေကို မြင်ပြီးနောက် ကူကယ်ရာမဲ့ ခေါင်းယမ်းပြကြသည်။

ချင်ယွင်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဤအရာသည် သူ မျှော်လင့်ထား သည့်အတိုင်းသာ ဖြစ်ပါသည်။ ရွှန်ရှင်းသည် ဤမျှ လျင်မြန်စွာ ပြန်လည်ရှင်သန် ထမြောက်ခြင်း မရှိသေးဘူးဆိုမှတော့၊ သူသည် သူမအား အချိန်အတိုင်းအတာ တစ်ခုအထိ ဆင်းရဲဒုက္ခကို ဆက်ပြီး ခံစားခိုင်းရပေဦးမည်။

နောက်တလကြာသည်အထိ ချင်ယွင်သည် ထျန်းယွန်တိုက်ကြီးတွင် အမျိုးသမီး သုံးဦးနှင့် အတူ နေထိုင်ခဲ့သည်။

ချင်ယွင်သည် ကျင့်ကြံရန်လည်း မေ့မထားခဲ့ပေ။

ယခုအချိန်တွင် သူ၏ ကျင့်ကြံမူအဆင့်သည် နှောင်းပိုင်းအဆင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သူ ဖြတ်ကျော်ချင်သည်နှင့်၊ သူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ အချိန်မရွေး ဖြတ်ကျော်သွားနိုင်ပါသည်။

သို့သော်လည်း၊ အကယ်၍ ချင်ယွင်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်ပြီးသည်နှင့်၊ ၎င်းသည် သူ၏ အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဖြတ်ကျော်ရန် အလျင်စလို မဖြစ်ခဲ့ပေ။

ရုပ်ခန္ဓာကိုယ်အတွက်မူ၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် အဝါရောင် နတ်ဆိုး ပညာရပ်၏ စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အကယ်၍ သူသည် ထပ်ပြီး အဆင့်ချိုးဖြတ်ချင်သည်ဆိုလျှင်၊ ဤသေမျိုးကမ္ဘာမှာ ပြုလုပ်နိုင်စွမ်း ရှိမှာ မဟုတ်တော့ပါဘူး။

အကယ်၍ သူသည် ထပ်ပြီး အဆင့်ချိုးဖြတ်ချင်သည်ဆိုလျှင်၊ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းမှ ရပါလိမ့်မည်။

ထို့ကြောင့် ယခုတစ်လအတွင်းမှာ၊ ချင်ယွင်သည် သူ၏ နားလည်နိုင်စွမ်း ကျင့်ကြံမူကို မြှင့်တင်နေခဲ့ပါသည်။ ယခုအခါတွင်၊ သူ၏ လေစွမ်းရည်သဘောတရား၊ လျှပ်စီး စွမ်းရည်သဘောတရားနှင့် သစ်သားစွမ်းရည် သဘောတရားတို့အပေါ် နားလည် သဘောပေါက်မှုသည် အံ့သြဖွယ်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ထိုနယ်ပယ်၏ အထက်မှာ နိယာမနယ်ပယ် ဖြစ်ပါသည်။

သေချာသည်မှာ၊ အချို့အင်မော်တယ်များအတွက်ပင် အံ့သြဖွယ်နယ်ပယ်ကနေ နိယာမ နယ်ပယ်ကို ဖြတ်ကျော်ရန် အလွန်ခက်ခဲပါသည်။ အချို့သော အင်မော်တယ်များ ဆိုလျှင်၊ နိယာမနယ်ပယ်ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ တစ်ဘဝလုံး ကုန်ဆုံးသွား ကြပါသည်။

ထို့ကြောင့် ချင်ယွင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး၊ စိတ်ပူခြင်းမျိုး မရှိခဲ့ပေ။ သူသည် သဘာဝအတိုင်း စိတ်ကိုလွှတ်ထားပြီး တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းနိုင်ပါလိမ့် မည်။

တခဏအတွင်းမှာပင် အချိန်တစ်လနီးပါး ကြာသွားခဲ့သည်။

နောက်ဆုံးတွင် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသို့ သွားရမည့်အချိန် ရောက်လာပါသည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် မိန်းကလေးများနှင့်အတူ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ကိုပါ သူနှင့်အတူ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ပြီး၊ ၎င်းတို့အားလုံးကို အင်မော်တယ် ဘုရင်၏စံအိမ်ကြီးထဲသို့ ထည့်သွင်းထားသည်။

ဤအင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်း ထက် ပို၍အဆင်ပြေပြီး အထဲတွင် မိန်းကလေးများ တည်းခိုနေစဉ်မှာပင် ပျင်းရိစရာ မလိုပါချေ။

ထို့အပြင်၊ ချင်ယွင်၏ ထင်မြင်ချက်အရ၊ သူ၏လက်ရှိအင်အားဖြင့်၊ သေမျိုးကမ္ဘာတွင် မည်သူမျှ သူ၏ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မိန်းကလေးများ၏ လုံခြုံရေး ကိုလည်း လုံးဝ စိုးရိမ်နေစရာမလိုချေ။ ထို့အပြင်၊ အင်မော်တယ် ဘုရင်၏စံအိမ်ကြီးထဲ တွင် အခြားနေရာများထက် များစွာပို၍ လုံခြုံစေမည့် ကျွမ်းကျင်ပညာရှင်ကြီး ကိုးဦးလည်း ရှိနေပါသည်။

ဝှီး……!

ရူးသွပ်ဖွယ် ခရီးတစ်ခုကို နှင်ပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် လျှို့ဝှက် ဆန်းကြယ်ဂိုဏ်း၏ တောင်တံခါးအဝသို့ ရောက်ရှိလာခဲ့ပါသည်။

လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် အရှေ့တောင်ဘက်ဒေသ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။ သို့သော်၊ ဤလျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် ကောင်းကင်နဂါးတိုက်ကြီး ထဲတွင် တည်ရှိနေခြင်းမဟုတ်ဘဲ အထူးဖန်တီးထားသည့် သေးငယ်သော ကမ္ဘာငယ် လေး တစ်ခုထဲတွင် တည်ရှိနေခြင်း ဖြစ်ပါသည်။

ချင်ယွင်၏ လက်ရှိတည်နေရာသည် ထိုကမ္ဘာငယ်လေး၏ ဝင်ပေါက်ဖြစ်သည်။

ချင်ယွင်သည် သူ၏ရှေ့ရှိတံခါးဝတွင် ခင်းကျင်းထားသော ကြီးမားလှသော အစီအရင် ဝင်္ကပါကြီးကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပါသည်။

သူ၏ရှေ့ရှိ အစီအရင်တံခါးသည် အဆင့်ကိုး အခြေခံ အစီအရင်ဝင်္ကပါတစ်ခု ဖြစ်ပါသည်။ သာမာန်ကျင့်ကြံသူများသည် အထူးအမှတ် တံဆိပ်ပြားမပါဘဲ အထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ယခင်တုန်းကဆိုလျှင်၊ ဤအစီအရင်တံခါးသည် သူ့ကို တားထားနိုင်သော်လည်း ယခုအချိန်မှာတော့ ဤ အစီအရင်တံခါးက သူ့ကို နည်းနည်းလေးမှ မတားထားနိုင်ပါ ဘူး။

ချင်ယွင်၏ သိမ်မွေ့လေးနက်သော အဝါရောင် စွမ်းအင်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး၊ သူသည် ကြီးမားသော အစီအရင်တံခါးကြီးကို လက်သီးဖြင့် တိုက်ရိုက် ထိုးဖောက်လိုက်သည်။

အစီအရင်တံခါးကြီးသည် ချက်ချင်း တုန်ခါသွားပြီး မူလက သာမန်မျက်စိတ်ဖြင့် မမြင်နိုင်သော အစီအရင်တံခါးကြီးတွင် ကြီးမားသော အပေါက်တစ်ခု ပေါ်လာသည်။

ချင်ယွင်သည် ကြီးမားသော အပေါက်ကြီးကို မြင်လိုက်ရသည်နှင့်၊ အစီအရင် တံခါးကြီး ဆီသို့ ပျံသန်းလာရင်း သူ၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အစီအရင်တံခါးထဲသို့ သူဝင်လိုက်သည်နှင့် သူ၏ရှေ့မှမြင်ကွင်းသည် ချက်ချင်းပင် ပြောင်းလဲသွားပါသည်။

ချင်ယွင်၏ရှေ့တွင် အင်မော်တယ်တောင်တန်း မြင့်မြတ်နယ်မြေတစ်ခုက ပေါ်လာပါ သည်။ ပတ်ဝန်းကျင်ရှိ အင်မော်တယ် ကြိုးကြာငှက်များသည် ကခုန်နေကြပြီး အပင်များနှင့် ပန်းမာန်များ၏ ရနံ့သည် လန်းဆန်းတက်ကြွမှု အပြည့် ရှိနေပါသည်။

"မင်းက ဘယ်သူလဲ?။ မင်းက ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်ဂိုဏ်းကို တကယ် ကျူးကျော်ဝင်ရောက်ဝံ့တယ်ပေါ့။"

သို့သော်၊ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ သာယာသော ရှုခင်းများ၏ လတ်ဆတ်သောလေကို ရှုရှိုက်ရင်း သက်ပြင်းချနေစဉ်မှာ၊ ချင်ယွင်၏နားထဲသို့ ကျယ်လောင်သော အော်သံတစ်ခုက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

All Chapters