အခန်း ၆၇၉
Vol. 46 Ch. 679
အခန်း (၆၇၉) သံသယဖြစ်စရာတစ်ခုခုရှိနေသည်။
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ လရောင်ဝတ်စုံ ကို ၀တ်ဆင်ထားသော တပည့်ငယ်တစ်ဦးသည် အဝေးမှ ပျံသန်းလာကာ ချင်ယွင်၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာပါသည်။
ချင်ယွင်သည် လရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် ဤတပည့်ငယ်ကို ခြုံငုံကြည့် လိုက်ပါသည်။ ဤပုဂ္ဂိုလ်၏ ကျင့်ကြံမူအဆင့်သည် မမြင့်မားချေ။ သို့သော်သည်း သူသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အလယ်တန်းအဆင့်တွင် ရှိနေပါ သေးသည်။ ဤသူသည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကို လှည့်ပတ်ကင်းလှည့်နေသော ဥပဒေစိုးမိုးရေးဌာနမှ တပည့်တစ်ဦး ဖြစ်သင့်ပါသည်။
ယခုလေးတင်၊ အင်မော်တယ်တံခါးကြီးကို အတင်းကြပ် ထိုးဖောက်ဝင်ရောက်ခဲ့သော ချင်ယွင်ကြောင့် သူ့ကို အချက်ပေးသည့် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သင့်ပါ သည်။
ဤတပည့်ငယ်သည် ချင်ယွင်၏ စွမ်းအားကို မမြင်နိုင်သောကြောင့် ချင်ယွင်အား အရူးအမူး မပြုမူဝံ့ဘဲ သတိထားကာ ကြည့်နေပါသည်။
"ငါက ချင်ယွင်ပါ။ တာအိုဆရာဝိညာဉ်ဝါးရဲ့ ဖိတ်ကြားချက်အရ ဒီကို ရောက်လာ ခဲ့တာပါ။" ချင်ယွင်က လေးလေးစားစား ပြောလိုက်ပါသည်။
လျှိုလင်း၏ဆရာက သူနှင့်ပြုလုပ်ထားသော သဘောတူညီချက်၏ ရည်ရွယ်ချက် အမှန်ကို သူ မသိသေးသည့်အတွက် ချင်ယွင်သည် အကြောင်းပြချက်ကို နားမလည် သေးပါဘူး။ ထို့ကြောင့် ချင်ယွင်သည်လည်း လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းနှင့် ရန်သူတွေ မဖြစ်ချင်သေးပါဘူး။
ဤတာအိုဆရာဝိညာဉ်ဝါးနှင့် ပတ်သတ်၍မူ၊ ၎င်းသည် သဘာဝအတိုင်းပင် အသက်လတ်ပိုင်းအရွယ် အလှပိုင်ရှင်အမျိုးသမီး၏ တာအိုနာမည်ဖြစ်ပြီး၊ လျှိုလင်း၏ ဆရာလည်း ဖြစ်ပါသည်။
" တာအိုဆရာဝိညာဉ်ဝါးလား?။ မင်းက သိုင်းအဒေါ် ဝိညာဉ်ဝါး အကြောင်း ပြောနေ တာလား?။" လူငယ်က အံ့အားသင့်စွာ ပြောလိုက်ပြီး၊ သူ၏အကြည့်တွေက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ထူးဆန်းလာသည်။
"လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှာ ဒုတိယမြောက် တာအိုဆရာဝိညာဉ်ဝါးဆိုသူ မရှိဘူး ဆိုရင် အဲဒီလူပဲ ဖြစ်ပါလိမ့်မယ်။" ချင်ယွင်က ပြန်ပြောရင်း ပြုံးလိုက်သည် ။
"ဒါဆို မင်းမှာ သိုင်းအဒေါ် ဝိညာဉ်ဝါးဆီက ဖိတ်စာ ဒါမှမဟုတ် တံဆိပ်ပြား တစ်ခုခု ရှိလား ?" ထိုတပည့်လူငယ်က ဆက်မေးသည်
"မရှိပါဘူး၊ ဒါပေမယ့် မင်းကိုယ်တိုင် တာအိုဆရာဝိညာဉ်ဝါးကို မေးလို့ရပါတယ်။ ထုံးစံအတိုင်း ငါပြောခဲ့တာတွေက အမှန်ဟုတ်မဟုတ် မင်း အတည်ပြုနိုင်ပါလိမ့်မယ်။" ချင်ယွင်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သော်လည်း သူ၏နှလုံးသားထဲမှာ ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်ပေါ်လာနေပါပြီ။
သေချာပါသည်။ ထိုတပည့်ငယ်လည်း တုံ့ဆိုင်းသွားပါသည်။ ထို့နောက် သူက ချင်ယွင်ကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက် ပေးကာ " ဒီမှာ ခဏနေဦး။ ပတ်ဝန်းကျင်ကိုလည်း လျှောက်သွားမနေနဲ့။ ငါ သိုင်းအဒေါ်ဝိညာဉ်ဝါးကို မေးကြည့် လိုက်ဦးမယ်။"
"ငါ လျှောက်မသွားပါဘူး။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
တပည့်ငယ်သည် အေးစက်စွာ ခေါင်းညိတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အင်မော်တယ်ဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ဦးတည်သွားပါသည်။
ချင်ယွင်သည် ထိုတပည့်ငယ် ထွက်သွားသည်ကို ကြည့်နေသော်လည်း သူ၏ ပါးစပ်ထောင့်မှ အပြုံးမပျက် ရှိနေပါသည်။
ဤတပည့်ငယ်သည် “တာအိုဆရာဝိညာဉ်ဝါး” ဟူသော စကားကို ကြားသောအခါ ချင်ယွင်ကို အလွန်ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပါသည်။ အကယ်၍ ချင်ယွင် ခန့်မှန်းတာ မမှားယွင်းပါက၊ တာအိုဆရာဝိညာဉ်ဝါးသည် ပြဿနာတစ်ခု နှင့် ကြုံတွေ့နေရနိုင်ပြီး၊ ဤကိစ္စသည်လည်း လျှိုလင်းနှင့် သက်ဆိုင်နေနိုင်သည်။
သို့သော် ချင်ယွင်သည် တာအိုဆရာဝိညာဉ်ဝါးသည် သူ့ကို လျိုလင်ကို လျှို့ဝှက် ဆန်းကြယ်ဂိုဏ်းမှ နှစ်ဝက်အတွင်း အဝေးသို့ ခေါ်သွားခိုင်းရခြင်း၏ အကြောင်းရင်းကို နားမလည်နိုင်သေးပေ။
"လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ဒီခရီးစဉ်က ထင်ထားသလောက် မရိုးရှင်းဘူး ထင်ပါ တယ်။ ဟမ့်၊ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။
သူ၏လက်ရှိအင်အားဖြင့်ဆို၊ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူပင်လျှင် သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ လက်တွေ့အားဖြင့် ဤသေမျိုး ကမ္ဘာတွင်၊ သူ့အား ထိခိုက်နစ်နာအောင်လုပ်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိသလို သူကြောက်ရမည့်အရာလည်း ဘာမှမရှိချေ။
"ဝှီး….။
ထိုအခိုက်အတန့်တွင် လေဟာနယ် ထိုးဖောက်သည့်အသံ နှစ်ချက်သည် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် လူအရိပ်နှစ်ခုလည်း တဟုန်ထိုး ပြေးလာပါသည်။
လူနှစ်ယောက်တွင် တစ်ယောက်သည် ယခုလေးတင် ထွက်ခွာသွားသော တပည့်ငယ် ဖြစ်ပြီး ကျန်နောက်တစ်ယောက်ကတော့ အနက်ရောင်မုတ်ဆိတ်နှင့် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက် ဖြစ်ပါသည်။ ဤလူ၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေ သည်ကို ချင်ယွင်က တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်ပါသည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း တွင် သူ၏ အဆင့်အတန်းမှာ မနိမ့်ကျဟု ယူဆနိုင်ပါသည်။
"တရားဥပဒေစိုးမိုးရေး အကြီးအကဲ၊ အဲဒါ သူပါပဲ။ သူက သိုင်းအဒေါ်ဝိညာဉ်ဝါးရဲ့ ဖိတ်ခေါ်မူကို လက်ခံရရှိခဲ့တယ်လို့ ပြောခဲ့တဲ့လူပါပဲ။" လူငယ်က ချင်ယွင်ကို လက်ညှိုး ထိုးပြီး ကမန်းကတန်း ပြောလိုက်ပါသည်။
ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပါ သည်။ သေချာပါသည်၊ ဤအရာအားလုံးသည် သူထင်သလောက် မရိုးရှင်းတော့ပါဘူး။
ထိုတပည့်ငယ်သည် ယခုလေးတင် ထွက်ခွာသွားခြင်းသည် လျှိုလင်း၏ဆရာကို ရှာဖွေရန်အတွက် ထွက်ခွာသွားခြင်း မဟုတ်ဘဲ ဥပဒေစိုးမိုးရေးအကြီးအကဲဟုခေါ်သော ဤလူကို ရှာဖွေရန် ထွက်ခွာသွားခြင်း ဖြစ်ပါသည်။
ဟုတ်ပါသည်၊ ထိုလူငယ်၏စကားကို ကြားလိုက်ရသည့်အခါ ထိုအမျိုးသား၏ အမူအရာ သည် မည်းမှောင်သွားပါသည်။
"ကျန်းအန်က မင်းဟာ ဂျူနီယာညီမ လင်းဇူရဲ့ ဖိတ်ကြားချက်အရ ဒီကိုရောက်လာခဲ့ တာလို့ ပြောခဲ့တယ်၊ အဲဒါ ဟုတ်လား?" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ စီနီယာ.. !" ချင်ယွင်က ပြန်ဖြေသည်။
"ဒါဆို မင်း ပြန်သွားသင့်တယ်။ ဂျူနီယာညီမ လင်းဇူက အခုလေးတင်ပဲ တံခါးပိတ် ကျင့်ကြံနေတယ်။ တစ်နှစ်၊ တစ်နှစ်ခွဲအတွင်း သူမ ပြန်ထွက်မလာမှာကို ငါ စိုးရိမ်မိ တယ်။" အနက်ရောင်မုတ်ဆိတ်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
"အိုး?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ပဟေဠိဆန်သော အမူအရာ ပေါ်လာပြီး ၎င်းနှင့် ပတ်သက်သည့် သံသယဖြစ်စရာတစ်ခုခု ရှိနေသည်ကို သူ ခံစားလိုက်ရသည်။
ဤတာအိုရောင်းရင်းဝိညာဉ်ဝါးသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။ ပုံမှန်အားဖြင့်၊ သူမသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပါပြီ။ သူတို့၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများသည်လည်း အတိုင်းတာထက် ကျော်လွန်၍ အလွန်ပြည့်စုံနေပြီ ဖြစ်ပါသည်။ လျှို့ဝှက်ပညာရပ်တစ်ခုခုကို ကျင့်ကြံနေခြင်း မဟုတ်သရွေ့ တံခါးပိတ်ကျင့်ကြံနေမှာ မဟုတ်တော့ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် အနက်ရောင်မုတ်ဆိတ်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လိမ်ညာ ပြောခြင်းဖြစ်ကြောင်းကို ချင်ယွင် ခံစားလိုက်ရသည်။ သူသည် အခြားလူများ သူ့ကို မမြင်တွေ့နိုင်စေရန်အတွက် တာအိုဆရာဝိညာဉ်ဝါးဟူသော နာမည်ကို အသုံးပြု ခဲ့သည်။
"စီနီယာ..၊ ဒီဂျူနီယာက တာအိုဆရာဝိညာဉ်ဝါးရဲ့တပည့် လျှိုလင်းကို အကြိမ် အနည်းငယ် တွေ့ဖူးပါတယ်။ စီနီယာဝိညာဉ်ဝါးက တံခါးပိတ်ကျင့်ကြံနေပြီဆိုတော့ သူမကိုယ်စား စကားလေးဘာလေးပြောဖို့ ဒီဂျူနီယာကို ဘာလို့ ဂျူနီယာညီမ လျှိုလင်း နဲ့ တွေ့ခွင့်မပေးရတာလဲ?။" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်ပါသည်။ ဤလျှို့ဝှက် ဆန်းကြယ်ဂိုဏ်းသည် မည်သည့်ဆေးခါးကြီးအမျိုးအစား ရောင်းချနေလဲဆိုသည်ကို သူ သိချင်မိပါသည်။
"လျှိုလင်းက အခု မင်းကိုတွေ့ဖို့ အဆင်မပြေဘူး။ မင်း ဘာပြောစရာရှိလဲ၊ အဲဒါကို ငါ့ကို ပြောခဲ့ပါ။ အဲဒီစကားကို မင်းကိုယ်စား ဂျူနီယာညီမလင်းဇူဆီကို ငါ ပို့ပေးပါ့မယ်။" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"အဆင်မပြေဘူးလား?။ ဂျူနီယာညီမ လျှိုလင်းလည်း တံခါးပိတ်ကျင့်ကြံနေလို့များ ဖြစ်နိုင်မလား?" ချင်ယွင်သည် အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားက ထိုသို့ပြောလာ မည်ဟု မျှော်လင့်ထားပြီးဖြစ်သောကြောင့် အံ့သြဟန်ဆောင်ကာ တမင်တကာ မေးလိုက်ပါသည်။
"ဟမ့်၊ လျှိုလင်းက ငါတို့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ သန့်ရှင်းတဲ့ မိန်းမပျိုတစ်ဦးပဲ။ အမှန်တကယ်လည်း၊ မင်းပြောသလို သူမကို လွယ်လွယ်နဲ့ တွေ့နိုင်မှာ မဟုတ်ဘူး။ မင်းအနေနဲ့ ပြဿနာမဖြစ်ရအောင် ဒီနေရာကနေ မြန်မြန်ထွက်ဖို့ ငါ အကြံပေးတယ်။ ဒီလိုမှမဟုတ်ရင်၊ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ " အနက်ရောင် မုတ်ဆိတ်နှင့် အမျိုးသားသည် ချင်ယွင်နှင့် စကားဆက်ပြောရန် စိတ်မရှည်တော့ဘဲ ထွက်သွားရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"တကယ်လို့ ဒီဂျူနီယာက မထွက်သွားဘူးဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ?။ စီနီယာက ဘယ်လိုမယဉ်ကျေးလဲဆိုတာ ဒီဂျူနီယာက သိချင်မိပါတယ်" ချင်ယွင်၏ ပါးစပ်ထောင့် စွန်းမှ မထီမဲ့မြင်ပြုသည့် လှောင်ပြောင်သံက ထွက်ပေါ်လာသည်။
အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သည် သေမျိုး ကမ္ဘာရှိ ကျင့်ကြံသူများ၏ အမြင်တွင် အထွတ်အထိပ် ဖြစ်နေပြီဟု ယူဆနိုင်သော်လည်း ချင်ယွင်၏မျက်လုံးထဲမှာတော့၊ ၎င်းသည် သိုင်းပညာရှင်နယ်ပယ်နှင့် ဘာမှမကွာခြား ပေ။ သူသည် လက်တစ်ဖက်တည်းဖြင့်ပင် ထိုကဲသို့ကျွမ်းကျင်ပညာရှင် အများအပြားကို ချေမှုန်းနိုင်ပါသည်။
"မျိုးမစစ်ကောင်လေး၊ မင်းက သေခြင်းတရားကို တောင်းခံနေတာလား?။" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား၏မျက်လုံးများသည် ချက်ချင်းပင် ခက်ထန်သော အကြည့်ကို ထုတ်ဖော်လာပြီး ချင်ယွင်ကိုကြည်သည့် သ်၏အကြည့်တွေက ရက်စက် ကြမ်းကြုတ်လာသည်။
သူ၏ရှေ့မှ ဤလူငယ်လေးသည် ယခုလို ငယ်ငယ်ရွယ်ရွယ်ဖြင့် အဘယ့်ကြောင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်း စွမ်းအား ရှိနေရသည်ကို သူမသိသော်လည်း၊ သူကိုယ်တိုင်က အင်မော်တယ် အသွင်ကူး ပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲ ဖြစ်ပါသည်။
အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်တွင်၊ ၎င်းသည် သေးငယ်သော နယ်ပယ် တစ်ခုသာ မြင့်မားနေခြင်းဖြစ်သော်လည်း ကွာဟမှုသည် အလွန်ကြီးမားပါသည်။ ထို့ကြောင့် ဤလူငယ်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ဟု သူ ယုံကြည်ထားသည်။
သူ၏စိတ်ကူးထဲအရဆို၊ ဤလူငယ်သည် သူ့ကို လေးစားသင့်ပေသည်။ သို့သော်လည်း ဤလူငယ်သည် သူ့ကို ဆန့်ကျင်ပြောဆိုရဲလိမ့်မည် သူ အမှန်တကယ် မျှော်လင့် မထားခဲ့ပေ။ ဤအရာက သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။
"ဘာဖြစ်လို့လဲ…?" ချင်ယွင်က လှောင်ရယ်ရယ်လိုက်ပြီး သူ၏မျက်လုံးတွေထဲ ကျီစားလိုသည့်အရိပ်ယောင်တစ်ချက် လင်းလက်သွားခဲ့သည်။
"ဟမ့်၊ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။" အနက်ရောင် မုတ်ဆိတ်နှင့် အမျိုးသား၏ မျက်လုံးများသည် ခက်ထန်သော အလင်းရောင်တစ်ခုနှင့် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး၊ သူသည် ချင်ယွင်ဆီသို့ ပျံသန်းလာစဉ် သူ၏ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် အငွေ့အသက် သည်လည်း ချက်ချင်း ထွက်ပေါ်လာသည်။
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော တပည့်ငယ်သည် အနက်ရောင်မုတ်ဆိတ်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသား တိုက်ခိုက်မှုကို မြင်လိုက်ရချိန်မှာ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များတွင် သနားမူနှင့်အတူ လှောင်ပြောင်သရော်ဟန်ပါ ဖြစ်ပေါ်လာသည်။
သူတို့ဂိုဏ်းထဲတွင် ဥပဒေစိုးမိုးရေး အကြီးအကဲသည် သူ၏ ကြမ်းတမ်းသော အမျက် ဒေါသကြောင့် နာမည်ကြီးခဲ့သည်။ သို့သော်လည်း ဤလူငယ်သည် သူ့ကို ဆန့်ကျင် ပြောဆိုဝံ့သည်။ ဤသည်မှာ သေခြင်းတရားကို တောင်းခံခြင်းမဟုတ်လျှင် ဘာများ ဖြစ်ဦးမည်နည်း?။
ချင်ယွင်သည် ခပ်ဝေးဝေးတွင် ငြိမ်သက်စွာ ရပ်နေပြီး အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားအား လှမ်းကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းက အပြုံးမပျက် ရှိနေသည်။