အခန်း ၆၈၀
Vol. 46 Ch. 680
အခန်း (၆၈၀) သန့်ရှင်းသော သမီးတော်၏တာဝန်။
"မျိုးမစစ်ကောင်လေး၊ သေလိုက်တော့…!" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများက သူ၏လက်ဖဝါးမှ ထွက်ပေါ်လာပြီး ချင်ယွင်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလာသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား၏ မျက်လုံးများသည် မထီမဲ့မြင် ပြုမှုများနှင့် ပြည့်နှက်နေပါသည်။ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွက်အထိပ် အဆင့် ကျွမ်းကျင်သူတွေတောင်မှ သူ၏လက်ဖဝါးကို လက်ခံဝံ့မှာ မဟုတ်ပါဘူး။ သူ၏ရှေ့မှ ဤလူငယ်သည် နှောင်းပိုင်းအဆင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်တွင်သာ ရှိပါသေးသည်။ အကယ်၍ သူ မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပါသေးသည်။
ချင်ယွင်က သူ၏မျက်နှာဆီသို့ လက်ဖဝါးဖြင့် ရိုက်နှက်လာသည်ကို ကြည့်ရင်း ရယ်မော လိုက်သည်။
"မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့ကို နာကျင်စေမယ်လို့ မင်း တကယ်ထင်နေတာလား?"
သို့သော် အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားအားသည် ချင်ယွင်သည် သူ၏ လက်ဖဝါးအောက်တွင် သေဆုံးရမည်ဟုတွေးနေချိန်တွင် ချင်ယွင်၏ပါးစပ်မှ အေးစက်စက်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် သူ၏လက်ဖဝါးကို ပြိုင်ဘက်က သူ၏ လက်ချောင်းဖြင့် ပိတ်ဆို့တားဆီးထားသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွား လေသည်။ သူ၏လက်ဖဝါးတွင်ပါရှိသော အစစ်အမှန် အနှစ်သာရသည်လည်း ပြိုင်ဘက်၏ လက်ချောင်းကြောင့် လုံးဝ အချည်းနှီး ဖြစ်သွားခဲ့ရသည်။
"ဘာလဲဟ?၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ။" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား၏ အမူအရာသည် ချက်ချင်းပင် တုန်လှုပ်ချောက်ချားမူနှင့်အတူ ဖျော့တော့ သွားပါသည်။ သေချာသည်မှာ၊ သူသည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်သွားရသည်။
သူ၏ လက်ဖဝါးရိုက်ချက်သည် အထွတ်အထိပ်အဆင့်ရှိ အင်မော်တယ် အသွင်ကူး ပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကိုပင် ခြိမ်းခြောက်နိုင်ပါသည်။ တစ်စုံတစ်ယောက် သည် လက်ချောင်းတစ်ချောင်းတည်းဖြင့် ၎င်းရိုက်ချက်ကို မည်သို့ တားဆီးနိုင်ရသ နည်း?။ နောက်ပြီး ပေါ့ပေါ့ပါးပါး တားဆီးထားခြင်း ဖြစ်နေသည်။
"မဖြစ်နိုင်တာ ဘာမှမရှိဘူး၊ မင်းက အားနည်းလွန်းတယ်။"
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် တုန်လှုပ်ချောက်ချားနေရာမှ ပြန်လည် မသက်သာမီ လက်ဖဝါးတစ်ဖက်သည် လျှပ်စီးလက်သလို ဆန့်ထွက်ကာ သူ မတုံ့ပြန်နိုင်မီတွင် သူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
ထို့နောက်တွင်၊ ကြီးမားလှသော ဖိအားတစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ ပြိုကျလာခဲ့ပြီး သူသည် လှုပ်ရှားလို့ မရနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်ရှိ အစစ်အမှန် အနှစ်သာရသည်ပင် အနည်းငယ်မျှ လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ ကြေမွပျက်ဆီးပြီး ပျောက်ဆုံးသွားခဲ့ရသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား၏ မျက်လုံးများသည် နှိုင်းစာ၍မရအောင်ပင် ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာ ပေါ်လာပါသည်။ ယခုအချိန်တွင် သူ၏ စိတ်နှလုံး က ကြောက်ရွံ့မှုတွေဖြင့် ပြည့်နှက်နေပြီ။
သူ၏မျက်လုံးထဲတွင် ချင်ယွင်သည် ဧရာမနတ်ဘုရားကြီးတစ်ပါးနှင့် တူပြီး သူသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်သာသာ ဖြစ်ပါသည်။ တစ်ဖက်သားက ဆန္ဒရှိသည်နှင့် လက်ချောင်းလေးတစ်ချောင်းဖြင့်ပင် သူ့ကို သေသည်အထိ ဖိချေနိုင်ပါ သည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် သူ၏စိတ်ထဲတွင် နောင်တတရားများနှင့် ပြည့်နှက်နေသည်။ ဤအခိုက်အတန့်တွင် သူသည် သံပန်းကန်ပြားကို ကန်မိပြီဖြစ် ကြောင်း နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ သူ၏ရှေ့မှ ဤလူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ လူငယ်တစ်ယောက် မဟုတ်ပါဘူး။ ၎င်းသည် သူနားမလည်နိုင်သော ကျင့်ကြံမူအခြေခံကို ပိုင်ဆိုင်ထားသည့် မွန်းစတားအို ကြီး တစ်ဦး ဖြစ်ပါလိမ့်မည်။
သေချာပါသည်။ မွန်းစတားအိုကြီးတစ်ယောက်ပါပဲ။ သူ၏မျက်လုံးထဲတွင်မူ၊ ချင်ယွင် သည် နှစ်ပေါင်း မရေမတွက်နိုင်သော သက်ရှင်နေထိုင်ခဲ့သည့် ပြိုင်ဘက်ကင်း မွန်းစတားအိုကြီး တစ်ဦး ဖြစ်နေပါသည်။ ထိုသို့မဟုတ်လျှင် သူသည် ယခုလို အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ယခုလို အစွမ်းထက်သည့်ခွန်အား မည်သို့ရရှိနိုင်မည်နည်း?။
သူ၏ပုံစံက အဘယ့်ကြောင့် ယခုလို လူငယ်လေးတစ်ယောက်လို ဖြစ်နေရသနည်း?။ ယင်းက အဓိပ္ပာယ်မရှိဘူး မဟုတ်လား?။ တစ်စုံတစ်ယောက်သည် အင်မော်တယ် နယ်ပယ်သို့ ရောက်သွားသည်နှင့် သူတို့၏ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲနိုင်ပြီး ငယ်ရွယ်နုပျိုလာသည်ဟု ဆိုကြပါသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် ဤအကြောင်းကို တွေးလေလေ၊ ချင်ယွင် သည် ကြောက်စရာကောင်းသော ကျွမ်းကျင်ပညာရှင်တစ်ဦးဟု ပိုခံစားရလေလေ ဖြစ်သည်။ သူသည် အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်တစ်ဦးပင် ဖြစ်နိုင်သည်။
"စီနီယာ... စီနီယာ…၊ ကျေးဇူးပြုပြီး၊ ကျွန်တော့်ကို ချမ်းသားပေးပါ” အနက်ရောင် မုတ်ဆိတ်နှင့် အမျိုးသားက ကမန်းကတန်း အော်ပြောလိုက်သည်။
သူ၏လည်ပင်းကို ဖမ်းဆုပ်ထားသော လက်သည် ငရဲဘုရင်၏ ဖမ်းဆုပ်ခြင်းကို ခံနေရသကဲ့သို့ သူ့ကို ခံစားရစေသည်။ ထိုလက်ကို ညင်ညင်သာသာ အားထည့်လိုက် လျှင်ပင် သူ၏လည်ပင်းသည် ချက်ချင်းပင် ကြေမွသွားမည် ဖြစ်ပါသည်။
"စီနီယာလား…?" ဤထူးဆန်းသော နာမည်တပ်ခေါ်သည့် စကားကိုကြားတော့ ချင်ယွင်သည် အံ့သြစွာ ပြုံးလိုက်မိပါသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား သူ့ကို အမှန်တကယ်ပင် စီနီယာဟု ခေါ်နေ သည်။ သို့သော် ဤအကြောင်းကို စဉ်းစားလိုက်ပြီးနောက်၊ ဤအနက်ရောင်မုတ်ဆိတ် နှင့် အမျိုးသားသည် သူ့ကို ပြိုင်ဘက်ကင်း မွန်းစတားအိုကြီး တစ်ယောက်လို ဆက်ဆံနေခြင်း ဖြစ်ရမည်ဟု သူ နားလည်သွားပါသည်။
ယင်းကြောင့် ချင်ယွင်သည် ရယ်ရမည်လား? ငိုရမည်လား?မသိ ဖြစ်သွားရသည်။ အသက်နှစ်ဆယ်အောက် လူငယ်တစ်ယောက်ကို အသက်ခြောက်ဆယ်ကျော် လူတစ်ယောက်က စီနီယာဟု ခေါ်နေသည်။
"ပြောစမ်းပါဦး၊ တာအိုဆရာဝိညာဉ်ဝါးနဲ့ လျှိုလင်းတို့ကို တွေ့ခွင့်မရအောင် မင်းက ဘာလို့တားနေတာလဲ? ။" ချင်ယွင်က ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။ အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားအပေါ်မှာ သူသည် သူ့ကိုယ်သူ တွယ်ကပ် မနေချင်တော့ပါဘူး။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားအားသည် ချင်ယွင်၏ မေးခွန်းကို ကြားသောအခါ ချီတုံချတုံဖြစ်သည့် အမူအရာ ပေါ်လာပါသည်။
"မင်းမပြောဘူးဆိုရင်၊ ငါ မင်းကိုသတ်ပစ်မယ်။ ဒါကို မင်းယုံလား….?” ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားကို ဖမ်းဆုပ်ထားသော လက်ကို အားထည့်လိုက်သည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူက “စီနီယာ၊ စီနီယာက ကျွန်တော့်ကို မသတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား..?” ဟု အလျင်စလို ပြောလိုက်ပါသည်။
"ဟမ့်။ ပြောစမ်း။ တကယ်လို့ မင်း ငါ့ကို စိတ်ကျေနပ်အောင်ပြောနိုင်ရင် မင်းကို ငါ ဘာမှမလုပ်ပါဘူး" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား ချင်ယွင်၏ စကားကို ကြားသောအခါ သူ၏ မျက်နှာသည် ဖျော့တော့သွားပါသည်။ အဆုံးတွင်၊ ချင်ယွင်၏ အေးစက်သော အကြည့်များအောက်မှာ သူက ပြောပြပါသည် "ဂျူနီယာညီမ လင်ဇူးကို ပိတ်လှောင် ထားတယ်။ ဂိုဏ်းခေါင်းဆောင်က သူမကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူးဆိုပြီး အမိန့်ပေးတယ်။"
"ပိတ်လှောင်ထားတာလား..?၊ ဘာလို့လဲ….?" ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိ သည်။ သူထင်သည့်အတိုင်းပင်၊ စီနီယာဝိညာဉ်ဝါးသည် ဒုက္ခရောက်နေပါသည်။
"ဘာလို့လဲဆိုတော့ သူမက သူမတပည့် လျှိုလင်းကို လွှတ်ပေးချင်နေလို့ပဲ" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားက ထိတ်လန့်တကြား ပြန်ဖြေသည်။
"လျှိုလင်း လွှတ်ပေးချင်လို့။ ဘာလို့ လျှိုလင်းကို လွှတ်ပေးချင်ရတာလဲ…?" ချင်ယွင်က ဆက်မေးသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား၏ မျက်နှာသည် ချက်ချင်းပင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်သည့် အမူအရာ ပေါ်လာပါသည်။ သို့သော်လည်း ချင်ယွင်၏ ပြင်းထန် သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများကို မြင်သောအခါ၊ အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် " လျှိုလင်းက သန့်ရှင်းသော သမီးတော် တစ်ပါးဖြစ်တာကြောင့် သူမ သန့်ရှင်းသော သမီးတော်ရဲ့ တာဝန်ကို ပြီးမြောက်စေရ မယ်" ဟု ကမန်းကတန်း ပြောလိုက်ပါသည်။
"သန့်ရှင်းသော သမီးတော်ရဲ့တာဝန်လား…? ဘာ တာဝန်လဲ…?" ချင်ယွင်က မေးသည်။
"ဒါတော့ ကျွန်တော်လည်း မသိပါဘူး၊ မျိုးဆက်ဟောင်း ဂိုဏ်းခေါင်းဆောင်တွေပဲ သိပါ လိမ့်မယ်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှာ သူတော်စင်နယ်မြေတစ်ခု ရှိပါတယ်။ သန့်ရှင်းသော သမီးတော်တစ်ပါး အသက်ဆယ့်ရှစ်နှစ် မပြည့်ခင်မှာ ဂိုဏ်းခေါင်းဆောင် တွေက သူတော်စင်သမီးတော်ကို သူတော်စင်နယ်မြေထဲသို့ ခေါ်သွားပြီး သူမတို့ရဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်။" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားက ရှင်းပြသည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ သူတော်စင်နယ်မြေလား..? သန့်ရှင်းသော သမီးတော်လား? တာဝန်လား…?။
ဒီအထဲမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပုံရသည်။
"ဒါဆို တာဝန်ပြီးမြောက်သွားတဲ့ သန့်ရှင်းသော သမီးတော်တွေကရော ဘာဖြစ်သွား လဲ။" ချင်ယွင်က ဆက်မေးသည်။
"မသိပါဘူး၊ သန့်ရှင်းသော သမီးတော်တွေ သူတော်စင်နယ်မြေထဲကနေ ပြန်ထွက်လာ တာကို ဘယ်သူမှ မမြင်ဖူးတာကြောင့်ပါ။" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားက ပြောသည်။
ချင်ယွင်သည် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်သည်။ လျှိုလင်း၏ဆရာက သူ့ကို လျှိုလင်းကို ခေါ်သွားစေချင်သည်မှာ အံ့သြစရာမရှိတော့ပါဘူး။ သူမသည် လျှိုလင်း သန့်ရှင်းသော သမီးတော်အဖြစ်နှင့် သူမ၏တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရခြင်းမှ တားဆီးလိုခြင်းပင် ဖြစ်ပေသည်။
ဒါပေမယ့် ဤတာဝန်က ဘာလဲ..? ။ လျှိုလင်းသည် ဤကဲ့သို့သော ကံကြမ္မာကို ရင်ဆိုင်မည်ကို လျှိုလင်း၏ဆရာက ကြိုတင်သိထားသည်ဆိုလျှင်၊ အဘယ့်ကြောင့် သူမကို စောစောကတည်းက ထွက်သွားခွင့် မပြုရသနည်း?။ အဘယ့်ကြောင့် သူမ အသက်ဆယ့်ရှစ်နှစ် ပြည့်သည်အထိ စောင့်နေရသနည်း?။
" လျှိုလင်းက အခုဘယ်မှာလဲ" ချင်ယွင်က မေးသည်။
"ဂိုဏ်းခေါင်းဆောင်က လျှိုလင်းကို သူတော်စင်နယ်မြေထဲကို ခေါ်ဆောင်သွားပါပြီ။" အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားအားက ပြောသည်။
"ဒါဆို သူတော်စင်နယ်မြေက ဘယ်မှာလဲ" ချင်ယွင်က ခက်ထန်စွာ မေးလိုက်သည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် ထိတ်လန့်တကြားဖြစ်သွားကာ ခေါင်းယမ်း ပြီး သူ မသိသည့်အကြောင်းကို ဖော်ပြလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဒေါသများဖြင့် တောက်ပလာသည်။
"ဘာမှ မသိဘူး ဟုတ်လား?။ မင်းအသုံးကျတာ ဘာရှိလဲ?.။" ချင်ယွင်၏ မျက်လုံးများ တွင် သတ်ဖြတ်လိုစိတ်က ဝင်းလက်တောက်ပလာခဲ့ပြီး၊ အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားအား၏ ဦးခေါင်းခွံကို တိုက်ရိုက် ရိုက်ချလိုက်သည်နှင့် ထိုအမျိုးသား၏ ဦးခေါင်းသည် ချက်ချင်းပင် ကြေမွသွားလေသည်။
အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သနားညှာတာပေးရန် တောင်းပန်စကား ပြောရန်ပင် အချိန်မရှိခဲ့ပေ။
သူ၏ဘေးနားမှ လူငယ်လေးသည် မှင်သက်အံသြနေလေသည်။ ချင်ယွင်က သူ့ကို လှမ်းကြည့်လာသည်ကို မြင်လျှင်၊ သူသည် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး သနားညှာတာပေးရန် တောင်းပန်စကား ပြောလိုက်သည် “စီနီယာ၊ ကျွန်တော့်ကို ချမ်းသားပေးပါ၊ ကျွန်တော် ဘာမှမသိပါဘူး၊ ကျွန်တော့်ကို ချမ်းသာပေးပါ..!"
"ပြောစမ်း၊ တာအိုဆရာဝိညာဉ်ဝါးက ဘယ်မှာလဲ?" ချင်ယွင်က တင်းမာစွာ မေးလိုက်ပါသည်။
"အဲဒါက ကြယ်တောင်ထိပ် ချောက်ကမ်းပါးမှာ ရှိပါတယ်။ အနက်ရှိုင်းဆုံး ချောက်ကမ်းပါး တစ်ခုပါ " တပည့်ငယ်က အလျင်စလို ပြောလိုက်ရသော်လည်း သူ၏ စကားသံက တုန်ခါနေသည်။ အထူးသဖြင့် အနက်ရောင်မုတ်ဆိတ်နှင့် အမျိုးသား၏ အလောင်းကို မြင်လိုက်ရသောအခါတွင် သူသည် ပို၍ပင် ထိတ်လန့်သွားရသည်။
ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ် ဂိုဏ်း၏ တောင်တန်းများအတွင်းမှာ နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ချောက်ကမ်းပါးပေါ်တွင် အသက်လတ်ပိုင်းအရွယ် လှပသော အမျိုးသမီးတစ်ဦး ရှိနေပါသည်။
ထို့ကြောင့် ချင်ယွင်သည် ထိုတပည့်ငယ်အား မြေပြင်ပေါ် သတိလစ်သွားအောင် ရိုက်နှက်ခဲ့သည်။ ထို့နောက် သူသည် လေဟာနယ် သလင်းကျောက် အပိုင်းအစကို ထုတ်ယူကာ လေဟာနယ်ကိုဖြတ်ပြီး ခရီးဆက်လိုက်ပါသည်။