← Chapters

အခန်း ၆၈၂

Vol. 46 Ch. 682

အခန်း ၆၈၂

Vol. 46 Ch. 682

အခန်း (၆၈၂) လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းခေါင်းဆောင်။

"ကမ္ဘာထဲက ကမ္ဘာတစ်ခုလား…?" ချင်ယွင်သည် ပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။

ထင်ရှားသည်မှာ၊ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းနေထိုင်သည့် ကမ္ဘာငယ်လေးအတွင်းမှာ ဖုံးကွယ်ထားသော ကမ္ဘာငယ်လေးတစ်ခု ရှိနေမည်ဟု သူ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။ ဤသည်မှာ ဒဏ္ဍာရီဆန်ဆန် ကမ္ဘာများအတွင်းမှ ကမ္ဘာတစ်ခု ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မြေပြင်သည် စိမ်းလန်းသော မြက်ခင်းပြင်တစ်ခုဖြစ်ပြီး ကောင်းကင်ယံသည် အပြာရောင် တိမ်တိုက်များဖြင့် ပြည့်နေပါသည်။

သို့သော် အလွန်လျင်မြန်စွာပင်၊ ချင်ယွင်သည် အဝေးတွင် လွင့်မျောနေသော တောင်ကြီးတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရပါသည်။ ဤတောင်ကြီးသည် အင်မော်တယ်ကမ္ဘာရှိ မြင့်မြတ်သောနယ်မြေများကဲ့သို့ မြူခိုးများဖြင့် ဝန်းရံထားပြီး လေထဲတွင် လွင့်ပျံနေပါသည်။

"ကောင်လေး၊ ဒီတောင်ကြီးက မရိုးရှင်းဘူးကွ။ အဲဒီတောင်က ထွက်လာတဲ့ ဆိုးဝါးတဲ့ အငွေ့အသက်တွေကို ခံစားရတယ်။ မင်း သတိထားရင် ပိုကောင်းမယ်။"

ထိုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"မကောင်းဆိုးဝါး အငွေ့အသက်လား… ?" ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။

ဤတောင်ကြီးက သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်မျိုး ပေးနေပါသည်။ မူလကတော့ သူသည် မည်သည့်အရာကိုမှ မခံစားခဲ့ရဘူး။ ယခု ရှေးဟောင်းတာအိုဆရာသခင် ပြောစကားကို ကြားလိုက်ရတော့ သူသည် ဤတောင်ကြီးက ပြင်းထန်သော ဆိုးရွားသည့် အငွေ့အသက်တွေနှင့် ပြည့်နေသည်ကို အမှန်တကယ် သတိထားမိသွားသည်။

"ဒီလျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက အနည်းဆုံးတော့ အင်မော်တယ်ဂိုဏ်းတွေရဲ့ မျိုးဆက် တစ်ခုဖြစ်တယ်။ ဒီအင်မောတယ်ဂိုဏ်းထဲမှာ ယခုလိုဆိုးဝါးနေရာတစ်ခုကို ဖုံးကွယ် ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားပါဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက် သော်လည်း လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက လူတွေရဲ့စိတ်ဝိညာဉ်တွေကို ဆွဲထုတ်ပြီး သူတို့ကို ဖိနှိပ်ထားတဲ့အကြောင်းကို တွေးကြည့်လိုက်တော့ ယခုလို ဆိုးဝါးသည့် နေရာတစ်ခု ရှိနေခြင်းက မထူးဆန်းဟု ခံစားလိုက်ရသည်။

"အဲဒီဆိုးဝါးတဲ့အရာက ဘာလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ချင်ယွင်သည် သူ၏ စိတ်နှလုံးထဲတွင် အေးစက်စွာ အော်ဟစ်လိုက်ပြီး လွင့်မျောနေသော တောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်သည် လျှိုလင်းကို ဤလွင့်မျောနေသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်သွားရမည်ကို ချင်ယွင်က ဆုံးဖြတ်နိုင်ပြီး သန့်ရှင်းသော မိန်းမပျို၏ တာဝန်သည် ကောင်းမွန်သောအရာ မဟုတ်လောက်ပေ။

"မင်းက ဘယ်လိုသတ္တိမျိုး ရှိနေတာလဲ ?...!"

သို့သော် ချင်ယွင်သည် တောင်ထိပ်ပေါ်သို့ ချဉ်းကပ်ခါနီးတွင် ပုံရိပ်တစ်ခုသည် ချင်ယွင်၏ ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး သူ့ကို တားဆီးလိုက်ပါသည်။

ဤသည်မှာ အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပါသည်။ သူသည် ရှည်လျားသော မျက်နှာကို ပိုင်ဆိုင်ထားပြီး၊ ဆံပင်မရှိပါချေ။ ပြီးတော့ သူ၏နားရွက်တွေကလည်း အဖြူရောင် ဖြစ်သည်။ သူသည် အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ထဲသို့ ရောက်နေခဲ့သည်မှာ ထင်ရှားပါ သည်။ သူ၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်ထား သော မကောင်းဆိုးဝါး စွမ်းအင်ပမာဏက မယှဉ်ပြနိုင်လောက်အောင်ပင် များပြားနေ ပုံရပါသည်။

"မင်းက ဘယ်သူလဲ?။ ငါ့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေထဲကို မင်းက တကယ်ကို ကျူးကျော်ဝံ့တယ်ပေါ့… ။" အဖြူရောင်ဝတ် အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏လေသံက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ထုတ်လွှတ်နေ သည်။

"ခင်ဗျားက လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး ဘိုင်ချင်ရှန်လား.. ?" ချင်ယွင်က အေးစက်စွာမေးသော်လိုက်လည်း သူ၏အကြည့်တွေက လျှိုလင်း၏ အရိပ်ယောင်ကို နေရာတိုင်းတွင် ရှာဖွေနေပါသည်။ သို့သော် ချင်ယွင်၏အကြည့် အကွာအဝေး အတွင်းမှာ၊ လျှိုလင်း၏အရိပ်ယောင် လုံးဝမရှိပေ။

အဆုံးတွင် ချင်ယွင်၏ အကြည့်သည် လွင့်မျောနေသောတောင်ထိပ်ပေါ်ရှိ ခန်းမတစ်ခု ပေါ်သို့ ရောက်ရှိသွားပါသည်။ လျှိုလင်းသည် ထိုခန်းမထဲတွင် ရှိနေကြောင်း ချင်ယွင်က ခန့်မှန်းလိုက်သည်။ သို့သော်၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ခန်းမကို မထိတွေေ့ခင် မှာ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားတစ်ခုက သူ့ကို ပြန်လည် တွန်းထုတ်လိုက် သည်။

"ခန်းမထဲမှာ လူတွေရှိနေသေးတာလား.. ?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ချက်ချင်းပင် ကောက်ချက်ချလိုက်ပါသည်။

ယင်းကြောင့် ချင်ယွင်သည် လျှိုလင်းအတွက် စိတ်ပူသွားရုံသာမက၊ လျှိုလင်းကို နဂိုပုံမှန်အတိုင်း ပြန်လည်ခေါ်ဆောင်လာမည်ဟု ရှီလင်းယွန်ကို ပေးခဲ့သည့် ကတိအတွက်ပါ သက်ရောက်မူရှိလာနိုင်သည်။ အကယ်၍ လျှိုလင်းသာ တစ်ခုခု ဖြစ်သွားမည်ဆိုလျှင်၊ သူသည် ရှီလင်းယွန်ကိုတွေ့ရန် မျက်နှာရှိတော့မှာ မဟုတ်ပါဘူး။

"ဟမ့်၊ မင်းဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ သူတော်စင်နယ်မြေထဲကို ကျူးကျော်ဝံ့သူပဲ။ သေလိုက်စမ်း…!" ဘိုင်ချင်ရှန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

သူ၏လက်သီးများကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားစဉ်မှာ သူ၏ ခန္ဓာကိုယ်ရှိအငွေ့အသက်သည်လည်း အရူးအမူး တိုးမြင့်လာနေသည်။

"ဟမ့်၊ ဒီနေရာက မကောင်းဆိုးဝါးအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာ ကြာလှပြီ။ ဒါကိုများ သူတော်စင်နယ်မြေတဲ့။ ဒီနေ့ ငါက ဒီနေရာကို ဖြတ်သွားရုံတင်မကဘူး၊ နေရာတစ်ခုလုံးကိုလည်း ဖျက်ဆီးပစ်ဦးမယ်။" ချင်ယွင်က အေးစက်စွာ အော်ပြော လိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။

လျှိုလင်းသည် ထိုခန်းမထဲမှာ ရှိနေရမည်။ သို့သော်လည်း အကယ်၍ သူသည် ထိုခန်းမထဲကို ဝင်ချင်တယ်ဆိုလျှင် သူ၏ရှေ့မှ ဤလူကို ဖြတ်ကျော်သွားရမှာ ဖြစ်သည်။ ထို့ကြောင့် သူသည် အမြန်ဆုံး ပြီးဆီးအောင် လုပ်ရလိမ့်မည်။

ဝှီး…..။

ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းဆိုသလို ပျံထွက်သွားပြီး ဘိုင်ချင်ရှန်၏ ရှေ့သို့ ရောက်ရှိလာသည်။

ဘိုင်ချင်ရှန်သည် ရုတ်တရက် ထိတ်လန့်သွား၏။ ရှင်းရှင်းပြောရရင် ချင်ယွင်သည် ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူသည် ချက်ခြင်း ရှောင်တိမ်းလိုက်ချင်သည်။

သို့သော် သူ တုံ့ပြန်မှုမပြုနိုင်မီ၊ ချင်ယွင်၏ လက်သီးသည် ဘိုင်ချင်ရှန်၏ ရင်ဘတ်ပေါ်သို့ အခိုင်အမာ ကျရောက်နေပြီ ဖြစ်သည်။

"ဘုန်း…. "

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဘိုင်ချင်ရှန်သည် ချက်ချင်းဆိုသလို နောက်ပြန် လွင့်ထွက်သွားပြီး အဝေးမှ မြေပြင်ပေါ်သို့ ကျရောက်သွားကာ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။

ချင်ယွင်၏ လက်သီးချက်သည် သူ၏ခွန်အားကို ထိန်းချုပ်ထားခြင်းမရှိပေ။ ထို့ကြောင့် ဘိုင်ချင်ရှန်၏ နှလုံးသွေးကြောများနှင့် အတွင်းအင်္ဂါများအားလုံးကို ပျက်ဆီးပြီး သေဆုံးသွားခဲ့သည်။

ချင်ယွင်လုပ်ဆောင်ခဲ့သည့် အရာအားလုံးက အချိန်ကုန်သက်သာအောင် ဘိုင်ချင်ရှန်ကို သူ၏ခန္ဓာကိုယ်ထဲမှ မကောင်းဆိုးဝါးစွမ်းအင်တွေကို အသုံးမချနိုင်ခင် အပြတ်သားဆုံး နည်းနှင့် သတ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။

"ဟမ့်…. !"

ချင်ယွင်သည် အဝေးမှာ ပြုတ်ကျသွားသော လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် အထင်မြင်သေးသည့် အရိပ်အယောင် ပေါ်လာသည်။

ထို့နောက် သူသည် လွင့်မျောနေသော တောင်ထိပ်ပေါ်ရှိ ခန်းမဆီသို့ အပြေးအလွှား ပြေးသွားချင်ခဲ့သော်လည်း ထိုအချိန်တွင် အနီရောင်အလင်းတန်းတစ်ခုက ချက်ချင်းပင် ပျံထွက်လာခဲ့ပြီး ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာလေသည်။

၎င်း၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် လျင်မြန်ကာ ပြင်းထန်လွန်းပြီး ချင်ယွင်ပင် ၎င်းအား လျှော့မတွက်ဝံ့ပေ။

ချင်ယွင်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူသည် သူ၏ခန္ဓာကိုယ် အတွင်းရှိ သိမ်မွေ့နက်နဲသော အဝါရောင်စွမ်းအင်ကို လျင်မြန်စွာ စုစည်းလိုက်ပြီး အနီရောင်အလင်းတန်း ထိုးလိုက်သည်။

"ဘုန်း…."

ကောင်းကင်ယံ၌ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

အလွန်လျင်မြန်သော အနီရောင်အလင်းတန်းသည် တားဆီးပိတ်ဆို့ခံရပြီးနောက် ၎င်း၏မူလအသွင်အပြင်က ထင်ရှားလာပါသည်။

ဤအနီရောင်အလင်းတန်းသည် ချင်ယွင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော လျှို့ဝှက် ဆန်းကြယ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဘိုင်ချင်ရှန်မှလွဲ၍ အခြားလူ မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် ဘိုင်ချင်ရှန်၏ ရုပ်ရည်အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ ယခုအချိန်မှာ သူ၏အသားအရည်က နီရဲနေ၏။ သူ၏ မျက်လုံးများသည်လည်း သွေးများဖြင့် ပြည့်လျှံနေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ပြင်းထန်သော မကောင်းဆိုးဝါးများဖြင့် ပြည့်နှက်နေသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?" ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားသည်။

ဘိုင်ချင်ရှန်၏ ကြေမွကွဲအက်သွားသော ကိုယ်တွင်းအင်္ဂါတွေနှင့် နှလုံးခုန်နှုန်းသည် ပြန်လည် သက်သာလာခြင်းမရှိသေးသော်လည်း သူသည် အသက်ရှင်နေသေးပြီး ကြံ့ခိုင်နေသည် ကိုပါ တွေ့လိုက်ရလျှင်၊ သူသည် အံ့သြသွားရသည်။

"သူတော်စင်နယ်မြေထဲ ကျူးကျော်သူတွေ သေကြစမ်း..။" ဘိုင်ချင်ရှန်သည် သူ၏ ပါးစပ်ထဲမှ စကားတစ်ခွန်းကို ထုတ်ပြောလိုက်ပြီး သူ၏မျက်လုံးတွေက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တွေနှင့် ပြည့်နှက်နေပါသည်။

ထိုအချိန်တွင်၊ သူ၏အငွေ့အသက်သည် ချင်ယွင်၏ အောက်တွင် ရှိမနေတော့ဘဲ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပါ သည်။

ချင်ယွင်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပါသည်။ ဘိုင်ချင်ရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ မကောင်းဆိုးဝါး စွမ်းအင်များသည် အလွန်ထူးဆန်းပါသည်။ ၎င်းသည် အမှန်တကယ်ပင် လူသေများကို အသက်ပြန်ရှင်စေနိုင်ပြီး ၎င်းသည် ခုန်ပျံကျော်လွှား ပြီး သူ၏ ခွန်အားကိုပင် တိုးလာစေနိုင်သည်။

"ဘုန်း…"

သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလို တိုက်ခိုက်ကြပြန်သည်။ ချင်ယွင်၏ လက်သီးများသည် ဘိုင်ချင်ရှန်၏ လက်သီးများနှင့် အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံ နေခဲ့ပြီး သူတို့နှစ်ဦးသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြသည်။

သို့သော်လည်း တိုက်ခိုက်နေစဉ်အတွင်းမှာ ဘိုင်ချင်ရှန်သည် နာကျင်မှုကို လုံးဝ ကြောက်ရွံ့ပုံ မပေါ်သလို သူ၏ခန္ဓာကိုယ်ကို တရစပ် တိုက်ခိုက်မူကြောင့် ဒဏ်ရာ ဒဏ်ချက်များကို ခံစားရခြင်းမရှိကြောင်း ချင်ယွင်သည် အံ့သြစွာ တွေ့ရလေသည်။

"မဟုတ်ဘူး၊ ငါ ဒါကို မြန်မြန်ပြီးအောင် အဆုံးသတ်ရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။

ထို့ကြောင့် ချင်ယွင်သည် အချိန်ကုန်မခံတော့ဘဲ နဂါးလက်သီးသိုင်း၏ ဒုတိယ သိုင်းကွက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ပျံသန်းနေသော နဂါးကြီးသည် ကောင်းကင်တွင် ရှိနေပြီး နဂါးဟိန်းဟောက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်ယွင်သည် လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ကောင်းကင်ယံမှာ လှုပ်ခါနေသော ဧရာမရွှေနဂါးကြီးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။

လက်သီးတစ်ချက်သည် ဘိုင်ချင်ရှန်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

ဘိုင်ချင်ရှန်သည် ချက်ချင်းပင် နောက်သို့ လွင့်ပျံသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ နီမြန်းသော အငွေ့အသက်သည် ချင်ယွင်၏ လက်သီးချက်အောက်တွင် ပြန့်ကျဲနေပြီး သူသည်လည်း လှုပ်ရှားခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ဘိုင်ချင်ရှန် လုံးဝ တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရလျှင်၊ ချင်ယွင်၏ စိတ်ထဲမှာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

နဂါးလက်သီးကို အသုံးပြုရခြင်းက သူ၏အပေါ်မှာလည်း သက်ရောက်မူက အလွန် ကြီးမားပါသည်။ သူသည် စတုတ္ထအဆင့်ဖြစ်သော မသေမျိုးနယ်ပယ်သို့ ဖြတ်ကျော် သွားခဲ့ပြီ ဖြစ်သော်လည်း၊ ဤလက်သီးချက်သည် ချင်ယွင်၏ခွန်အား၏ သုံးပုံနှစ်ပုံ နီးပါး ကို ဆွဲထုတ်ယူငင်သွားဆဲ ဖြစ်ပါသည်။

ကံကောင်းထောက်မစွာဖြင့်၊ ဘိုင်ချင်ရှန်ကို လုံးဝ ဖြေရှင်းနိုင်သည်။

ဘန်း….။

သို့သော် ချင်ယွင်သည် လွင့်မျောနေသော တောင်ထိပ်ပေါ်ရှိ ခန်းမဆီသို့ ဆက်လက် ပျံသန်းခါနီးတွင် အဝေးရှိခန်းမထဲမှ အလွန်မြန်ဆန်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး တစ္ဆေသရဲကဲ့သို့ ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။

ချင်ယွင်သည် မတုံ့ပြန်နိုင်ခင်မှာပင် လက်ဖဝါးကြီးတစ်ဖက်က ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ချင်ယွင်၏ ရင်ဘတ်သည် ကြယ်တစ်စင်းကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

ချင်ယွင်သည် ရုတ်တရက် ပါးစပ်အပြည့် သွေးများ ထွက်ထုတ်လိုက်ရပြီး အထိန်းအကွပ်မဲ့ နောက်ပြန် လွင့်ထွက်သွားသည် ။

နောက်ပြန် လွင့်ပျံနေသည့် တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် နောက်ဆုံးတွင် ဤလက်ဖဝါးပိုင်ရှင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ၏မျက်နှာက ထိတ်လန့် သွားသည့်အမူအရာ ပေါ်လာပါသည်။

"လျှိုလင်းလား..…!"

All Chapters