← Chapters

အခန်း ၆၈၃

Vol. 46 Ch. 683

အခန်း ၆၈၃

Vol. 46 Ch. 683

အခန်း (၆၈၃) ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်။

"ဘုန်း…. !"

ချင်ယွင်၏ ခန္ဓာကိုယ်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မြေပြင်သည် ချက်ချင်းပေါက်ကွဲသွားပြီး ကြီးမားသော မီးတောင် တွင်းနက်ပေါက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ၏ရင်ဘတ်မှ ဖြစ်ပေါ်လာ သော ပြင်းထန်သော နာကျင်မှုကြောင့် အသက်ရှူမဝလုနီးပါး ဖြစ်နေသည်။

ဤလက်ဖဝါးရိုက်ချက်က သူ၏နံရိုးအားလုံးကို အက်ကွဲလုမတတ် ဖြစ်သွားရသည်။ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းငါးခုနှင့် အတွင်းအင်္ဂါခြောက်ခုတောင် ကွဲအက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း ဖျော့ဖတ်နေပြီ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ အကြည့်သည် သူအား လက်ဖဝါးဖြင့် ရိုက်နှက်ခဲ့သော လက်ဖဝါးပိုင်ရှင်အပေါ် ကျရောက်သွားသည်။ ဤလူသည် လျှိုလင်းမှ လွဲ၍ တခြားလူ မဟုတ်ပါဘူး။

ဝှီး….!

လျှိုလင်းသည် တွင်းနက်ကြီးဘေးတွင် လွင့်မျောနေပြီး တွင်းနက်ကြီးထဲတွင် ရုန်းကန်နေရဆဲဖြစ်သော ချင်ယွင်ကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်နေ သည်။

"အို…၊ မင်းက တကယ်ကို မသေသေးဘူးပဲ။ မင်းရဲ့ခန္ဓာကိုယ်က အရမ်းကို ထူးခြားပုံရတယ်။" လျှိုလင်းသည် သူမ၏ နဂိုက လှပသော မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာရင်း နူးညံ့သော အံ့အားသင့်ဟန် အသံကို ထုတ်ဖော်လိုက်သည်။

အကြွင်းမဲ့နူးညံ့သိမ်မွေ့သော အသွင်အပြင်သည် သူမ၏ခန္ဓာကိုယ်မှ ပျောက်ကွယ်သွား သော်လည်း ၎င်းသည် ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို ပေးစွမ်းနေဆဲဖြစ်ပြီး မတူညီသော အလှတစ်မျိုးကို ပေးစွမ်းနေပါသည်။

သူမ၏ ရုပ်ရည်အသွင်အပြင်လည်း အနည်းငယ် ပြောင်းလဲသွားပါသည်။ သူမ၏ မူလက လက်ရာမြောက်သော မက်မွန်ပွင့်မျက်လုံးများ၏ ထောင့်စွန်းတွင် အနီရောင်အရိပ် နှစ်ခုပေါ်လာပြီး၊ သူမ၏မျက်ခုံးကြားတွင် အနီရောင်သတ္တုရိုင်းကဲ့သို့ အနီရောင် အမှတ်အသားတစ်ခု ပေါ်နေပါသည်။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ၀တ်စားဆင်ယင်မှုသည် အနီရောင်တောက်တောက် အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ စိတ်နေစိတ်ထားသည် အေးစက်ပြီး သိမ်မွေ့နူးညံ့သူအဖြစ်မှ နတ်ဆိုးဆန်ပြီး ထက်မြက်သောအသွင်သို့ လုံးဝ ပြောင်းလဲသွားခဲ့သော်လည်း ယခု သူမသည် ပို၍ပင် ဆွဲဆောင်မှုရှိနေပုံရသည်။

"မင်းက လျှိုလင်း မဟုတ်ဘူး။" ချင်ယွင်က ချက်ချင်း ပြောလိုက်သည်။

"ဟား…၊ ဟား….၊ မင်းက တော်တော်လေး ထက်မြက်ပါတယ်။ မှန်တယ်။ ငါက လျှိုလင်း မဟုတ်ဘူး။ ငါက သူမခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာ။" လျှိုလင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" လျှိုလင်းကို မင်း ဘာလုပ်လိုက်တာလဲ ?" ချင်ယွင်သည် ချက်ချင်းပင် အံတင်းတင်း ကြိတ်လိုက်မိသည်။

"အိုး..၊ မင်းက သူမအတွက် စိတ်ပူနေတယ်လို့ ငါထင်တယ်။ ဘာလဲ..?။ မင်းက သူမရဲ့ ချစ်သူလေး ဖြစ်နေလို့လား .?" လျှိုလင်းသည် သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ရန် သူမ၏ ဖြူဖွေးပြီး သေးသွယ်သော ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်လေသည်။ ထို့နောက် သူမသည် ချစ်စရာကောင်းစွာ အသံလွင်လွင်ဖြင့် ရယ်မောလိုက်သည်။ သူမ၏ရယ်သံသည် ငွေခေါင်းလောင်းသံလို ထွက်ပေါ်လာသည်။ အသံကြားရသည်မှာ အင်မတန်မှ ကြည်နူးစရာ ကောင်းလွန်းပါသည်။

"ငါ မေးပါရစေ မင်း လျှိုလင်းကို ဘာလုပ်လိုက်တာလဲ. .?" သူ၏ရှေ့ရှိလျှိုလင်းကို သတ်ဖြတ်လိုသောဆန္ဒအပြည့်ဖြင့် စိုက်ကြည့်နေရင်း ချင်ယွင်၏ မျက်လုံးများသည် ဒေါသအပြည့် ဖြစ်နေပါသည်။

"စိတ်မပူပါနဲ့လေ။ သူမ မသေသေးပါဘူး၊ အခု သူမက အရင်ကထက်တောင် ပိုကောင်းလာပါပြီ။ ကြည့်လိုက်စမ်း၊ ငါက သူမရဲ့စိတ်ဝိညာဉ်ကို ပြန်လည် သိမ်းဆည်း လာခဲ့ပြီ။ သူမက ငါ့ကိုတောင် ကျေးဇူးတင်သင့်တယ်လို့ မင်း မထင်ဘူးလား ?"။

လျှိုလင်းသည် သူမ၏ လက်ကောက်ဝတ်ကို ဖြည်းညှင်းစွာ လှန်လိုက်သည်နှင့် လက်သီးအရွယ် ကျောက်တုံးတစ်တုံးက သူမ၏လက်ထဲတွင် လွင့်ပျံလာပါသည်။ ကျောက်တုံးပေါ်တွင် ထူးဆန်းသော တောက်ပလင်းလက်မူတစ်ခု ပွင့်လန်းလာခဲ့ပြီး လျှိုလင်း၏ မျက်နှာက ကျောက်တုံးပေါ်မှာ ထင်ရှားပေါ်လွင်နေသည်။

ချင်ယွင်၏ မျက်ခုံးများသည် တွန့်သွားခဲ့သည်။ ဤလူသည် လျှိုလင်း၏ စိတ်ဝိညာဉ်ကို ဆွဲထုတ်ပြီး စိတ်ဝိညာဉ်ပိတ်ဆို့ခြင်းကျောက်တုံးထဲမှာ ချိတ်ပိတ်ထားခဲ့သည်။

အကယ်၍ သူသည် စိတ်ဝိညာဉ်ပိတ်ဆို့ခြင်းကျောက်တုံးတွင် လျှိုလင်း၏ စိတ်ဝိညာဉ် ကို ချိတ်ပိတ်ထားခြင်းကို သိရှိပြီး စိတ်ဝိညာဉ်ကို ပြန်မလွှတ်ပေးနိုင်ပါက၊ သူမသည် ဤဘဝကို ဘယ်တော့မှ ကျော်လွှားနိုင်တော့မည် မဟုတ်ဘဲ စိတ်ဝိညာဉ်ပိတ်ဆို့ခြင်း ကျောက်တုံးတွင် ထာဝရပိတ်မိနေမည် ဖြစ်သည်။

"ချင်ယွင်… !" ကျောက်တုံးပေါ်ရှိ လျှိုလင်းသည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေ သော ချင်ယွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူမ၏ လှပသော မျက်နှာသည် အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

"လျှိုလင်း၊ စိတ်မပူပါနဲ့၊ ငါ မင်းကို သေချာပေါက် ကယ်တင်ပေးမယ်။" ချင်ယွင်သည် လျှိုလင်းကိုမြင်ပြီး ကမန်းကတန်း အော်လိုက်သည်။

"အင်း၊ မင်း ကိုယ့်ကိုကိုယ် သတိထားရမယ်။" လျှိုလင်းက ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် သူ၏ရှေ့မှ လျှိုလင်းသည် သူမ၏လက်ဖဝါးကို ရုတ်သိမ်းကာ စိတ်ဝိညာဉ်ပိတ်ဆို့ခြင်းကျောက်တုံးကို ပြန်လည်သိမ်းဆည်းထားလိုက် သည်။ သူမက ခေါင်းယမ်းပြီး ပြောသည် "ကျွတ်…၊ ကျွတ်…၊ ဒါက တကယ်ကို ရင်ထဲထိလောက်တဲ့ မြင်ကွင်းတစ်ခုပဲ။ ငါတောင် အရမ်းကို ခံစားလိုက်ရတယ်။ မင်းကရော ဘာလို့ ငါ့ကို လျှိုလင်းလို မဆက်ဆံရတာလဲ ?။"

"ထွီ…..!" ချင်ယွင်က ချက်ချင်းပင် တံတွေးထွေးလိုက်သည်။

လျှိုလင်း၏ မျက်ဝန်းတွေထဲ သတ်ဖြတ်လိုသည့် အရိပ်ယောင်တစ်ချက် လင်းလက်သွား ပြီး အထင်သေးဟန်ဖြင့် ပြောသည် "ကောင်လေး၊ မင်းရဲ့ခန္ဓာကိုယ်ထဲက ရှားပါးရတနာ တစ်ခုကြောင့်သာ၊ ဒီလိုမှမဟုတ်ရင် ငါ မင်းကို သတ်ပြီးတာကြာလှပြီ။ မင်းရဲ့ ဒဏ်ရာတွေက ဘယ်လိုဖြစ်ပြီး ပြန်ကောင်းလုနီးပါး ဖြစ်သွားရတာလဲ?"

လျှိုလင်း၏ စကားကိုကြားတော့ ချင်ယွင်၏ အမူအရာက နောက်တကြိမ် လေးနက်လာ ပြန်သည်။

ယခုလေးတင် သူသည် သူ၏ရှေ့မှလျှိုလင်းနှင့် အဓိပ္ပာယ်မရှိသည့် စကားတွေကို တမင်တကာ ပြောဆိုနေခဲ့သည်။ တစ်ဖက်တွင်မူ၊ သူသည် လျှိုလင်း၏ စိတ်ဝိညာဉ် တည်ရှိရာနေရာကို ရှာဖွေလိုပြီး တစ်ဖက်တွင်မူ သူ၏ဒဏ်ရာများ ပြန်လည် ကောင်းမွန် လာစေရန် လိုလားနေသည်။

အစောပိုင်းက သူသည် ဘိုင်ချင်ရှန်ကို တိုက်ခိုက်ရန်အတွက် စွမ်းအင်များစွာကို သုံးစွဲခဲ့ရသည့်အတွက် ယခုအခါ လျှိုလင်းကြောင့် ဖြစ်ပေါ်လာဒဏ်ရာများအတွက် ပြန်လည်ကောင်းမွန်ရန် သဘာဝအတိုင်း အချိန်လိုအပ်နေပြီ ဖြစ်သည်။

သို့သော် သူ မမျှော်လင့်ထားသည့်အရာမှာ သူ၏ လုပ်ရပ်များကို သူ၏ရှေ့တွင်ရှိ နေသော ဤလူသည် အမှန်တကယ် မြင်နေရခြင်း ဖြစ်သည်။ အရေးကြီးဆုံးကတော့ သူမသည် သူ့ကို မတားခဲ့ပေ။ ဤအရာက ချင်ယွင်၏ နှလုံးသားထဲတွင် အလွန် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

တစ်ဖက်လူက သူသည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာကြောင်း ရှင်းရှင်း လင်းလင်း သိထားသော်လည်း သူ့ကို မတားဆီးခဲ့ပေ။ ဤအချက်က တဖက်လူသည် သူ့ကို လုံးဝ အလေးအနက်မထားဟု ဆိုလိုခြင်း ဖြစ်ပေသည်။

"မင်းက အတိအကျ ဘယ်သူလဲ ? ။ ဘာလို့ လျှိုလင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်ရတာ လဲ ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

လျှိုလင်းက တခစ်ခစ်ရယ်ပြီး တွင်းနက်ကြီးအစွန်းတလျှောက် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ "မင်းကို ပြောပြရင်လည်း အဆင်ပြေပါတယ်။ ငါက လူသားတစ်ဦး မဟုတ်သလို၊ ပစ္စည်းဝိညာဉ်တစ်ခုလည်း မဟုတ်ဘူး။ တကယ်တော့ ငါက ကောင်းကင်နဲ့ မြေကြီးပေါ်ကနေ ဖြစ်ပေါ်လာတဲ့ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင် အမျှင်တန်းတစ်ခုပဲ "။

"ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်လား ?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။

ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ဟူသည် စကြာဝဠာ၏ အစတွင် မွေးဖွားလာခဲ့သည့် ဖရိုဖရဲ အနှစ်သာရ ဖြစ်ပါသည်။ အင်မော်တယ်ကမ္ဘာ၏ အကြီးမြတ်ဆုံးဖြစ်သော ဖရိုဖရဲ ရတနာငါးခုရှိပြီး၊ ၎င်းအားလုံးသည် ရှေးဟောင်း ဖရိုဖရဲစွမ်းအင်မှ ဆင့်ကဲပြောင်းလဲ လာခြင်း ဖြစ်ပါသည်။

ပြတ်ပြတ်သားသားပြောရလျှင်၊ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်သည် စကြဝဠာတစ်ခုလုံး ၏ စွမ်းအားထက်ပင် အလွန်မင်း လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်မင်း စွမ်းအားထက်ပါ သည်။

ချင်ယွင်၏ ကနဦးစကြဝဠာသည် ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို မထုတ်လုပ်နိုင်သေးပေ။ သူသည် နောင်အနာဂတ်တွင် ၎င်းကနဦးစကြာဝဠာကို ဆက်လက်ဖွင့်လှစ်နေခြင်းဖြင့် ဤအဆင့်သို့ ရောက်ရှိကောင်း ရောက်ရှိသွားနိုင်မည် ဖြစ်ပါသည်။

"ဒါပေမယ့် ရှေးဟောင်းခေတ်အချိန်အတွင်းမှာ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင် အမျှင်တန်းက ငါးခုပဲ ဖြစ်လာတာ မဟုတ်ဘူးလား..?။ အခု သူတို့အားလုံးကလည်း အကြီးမြတ်ဆုံး ရတနာ ငါးခုအဖြစ် ဆင့်ကဲပြောင်းလဲ သွားကြပြီ။ ဒါဆို ဒီခြောက်ခု မြောက်အမျှင်တန်းက ဘယ်လို ဖြစ်လာနိုင်မှာလဲ ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ငါက ရှေးဟောင်းခေတ်ရဲ့ အဆုံးသတ်မှာ မွေးဖွားခဲ့တယ်။ ငါက နောက်ဆုံး မွေးဖွားခဲ့ သူပဲ။ ဒါ့ကြောင့် ငါက မကြီးထွားသေးဘူး။ ရှေးဟောင်းခေတ်ကြီး ကုန်ဆုံးသွားတော့၊ စကြာဝဠာအတွင်းရှိ ဖရိုဖရဲ စွမ်းအင်တွေလည်း ပျောက်ကွယ်သွားခဲ့ရတယ်။ အဲဒီ အချိန်ကစပြီး၊ ငါဟာ စကြာဝဠာကြီးကို လှည့်ပတ်ပြီး ငါ့အတွက် သင့်တော်တဲ့ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ကို ရှာဖွေပြီး ကိုယ့်ကိုယ်ကို အားကောင်းလာအောင် ကြိုးစားနေရတယ်။" လျှိုလင်းက ပြောသည်။

"ဒီကိစ္စနဲ့ မင်းက လျှိုလင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်တာက ဘာဆိုင်လို့လဲ ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဟမ့်၊ ငါက ဖရိုဖရဲ စွမ်းအင်ကို စုပ်ယူဖို့လိုအပ်တယ်။ ဒါပေမယ့်၊ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် ရှိတဲ့လူက လူနည်းနည်းလေးပဲ ရှိတာ။ အနှစ်တစ်သောင်းလောက်ကြာမှ တစ်ယောက် တစ်လေ မွေးဖွာလာတာ" ဆိုတော့ ငါလည်း ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းက ရှန်တန်ယင်စွမ်းအင်ကို ရှာကြည့်ရတော့တယ်။ ငါစုပ်ယူလိုက်တဲ့ ဒီရှန်တန်ယင်စွမ်းအင်ရဲ့ အကျိုးသက်ရောက်မှုက ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ထက် အဆပေါင်းများစွာ နိမ့်ကျပေမယ့် ဒီစကြဝဠာထဲမှာ ဒီလောက်ပဲ ငါ လည်း တတ်နိုင်တယ်။ သူမနဲ့အတူ ငါလည်း ဒီထက်ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ တစ်နေ့နေ့မှာ ငါလည်း ငါ့အစ်ကိုငါးယောက်လို အကြီးမြတ်ဆုံး ရတနာတစ်ခု ဖြစ်လာ နိုင်တယ်" ဟု လျှိုလင်းက ပြောလိုက်သည်။

ဖရိုဖရဲ စွမ်းအင်သည် စကြာဝဠာတစ်ခု၏ စတင်ချိန်က စွမ်းအားတစ်ခုပြီး ယခုအခါ ၎င်းသည် စကြာဝဠာကြီးထဲတွင် မရှိသလောက်ဖြစ်နေပြီဟု ချင်ယွင်သည် နားလည်ခဲ့ သွားသည်။

ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်၏ သေးငယ်သော အစိတ်အပိုင်းလေးမှာပင် ဤကဲ့သို့သော အစွမ်းထက်သော စွမ်းအားများ ရှိနေသေး၏။

သူ၏ရှေ့ရှိ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်သည် ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်နှင့် ကြီးကြီး မားမား ကွာဟချက်ကြီး ရှိနေသည်ဟု ပြောလို့ရသည့် မိန်းမပျိုများ၏ ခန္ဓာကိုယ်မှ သေးငယ်သော ရှန်တန်ယင်စွမ်းအင်ကို စုပ်ယူနေရ၏။

အတိအကျပြောရသော်၊ သူသည် ရှန်တန်ယင်စွမ်းအင်ကို အလွန်ဆိုးဆိုး ရွားရွား စုပ်ယူလိုက်ခြင်းကြောင့် အလွန်နတ်ဆိုးဆန်လာသည်ဟု ပြောလို့ရနိုင်ပါသည်။

ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်သည် အကောင်းနှင့်အဆိုးကြား ခွဲခြားနိုင်ခြင်း မရှိတော့ပေ။

ရှေးခေတ်ကတည်းက သူမသည် အပျိုစင်ခန္ဓာကိုယ်မှ ရှန်တန်ယင်စွမ်းအင်များကို စုပ်ယူခဲ့ပြီး ယနေ့အထိ ကြီးပြင်းလာခဲ့သည်။ သူမသည် မရေမတွက်နိုင်သော အမျိုးသမီးတွေကို သတ်ဖြတ်ပြီးခဲ့ပြီ။

လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းသည် ဆဋ္ဌမမြောက် ရှေးဟောင်း ဖရိုဖရဲ ရတနာတစ်ခု ဖြစ်သည် အထိ ၎င်းကို ပြုစုပျိုးထောင်ရန် သေချာပေါက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူတို့သည် အင်မော်တယ်ကမ္ဘာမှလူများသည် ၎င်းကို ရှာဖွေတွေ့ရှိခြင်းမှ ကြိုတင် ကာကွယ်အတွက် သေမျိုးကမ္ဘာသို့ တမင်တကာ ထားခဲ့သည်။ ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ အကြံအစည်သည် တကယ့်ကို ကြီးမားပုံရပါသည်။

"ဖရိုးဖရဲ စွမ်းအင်လား…? ငါ့ရဲ့ကနဦးစကြဝဠာထဲမှာ ဖရိုဖရဲ စွမ်းအင်တွေ အများကြီး ရှိမနေဘူးလား ?" ချင်ယွင်သည် တစ်ခုခုကို တွေးမိလိုက်ပုံရပြီး သူ၏မျက်လုံးတွေက ချက်ချင်းပင် ဝင်းလက်တောက်ပလာသည်။

All Chapters