အခန်း ၆၈၄
Vol. 46 Ch. 684
အခန်း (၆၈၄) အပေးယူလုပ်ခြင်း။
"ကောင်လေး၊ မင်းမှာ နောက်ဆုံးပြောစရာစကား ရှိသေးလား ..?။ မရှိဘူးဆိုရင် မင်း သေနိုင်ပြီ။" လျှိုလင်း၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပေါက်ကွဲထွက်လာသည်။
ဒီနေ့ အဘယ့်ကြောင့် သူမသည် ယခုလို စကားတွေအများကြီး ပြောနေမှန်း သူမ ကိုယ်တိုင်လည်း မသိပါဘူး။ ဒေါ်လာသန်းရာချီရပြီးနောက် ယခုလိုစကားမျိုး မည်သူနှင့်မှ မပြောဖူးသောကြောင့် ဖြစ်နိုင်ပါသည်။ သူမသည် သူမ၏ နှလုံးသားထဲမှာ အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ပြီးနောက် အမြန် ဖောက်ထုတ်ပစ်ချင်နေ သည်။
သူမ၏ရှေ့မှ ဤလူငယ်လေးသည် အားနည်းလွန်းသည်ဟု သူမ ထင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ သူ့ကို ပြောခဲ့မည်ဆိုလျှင်ပင် သူသည် ကြီးကြီး မားမား ရိုက်ခတ်မူကြီးကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ၊ ဤစကားများသည် ဤလူငယ် သေသွားသည်နှင့် မြေမှုန့်ထဲသို့ သယ်ဆောင် သွားပေလိမ့်မည်။
လျှိုလင်း၏ အငွေ့အသက်များ မြင့်တက်လာပြီး သူမ၏ အနီရောင်ဝတ်စုံသည် လေထဲတွင် တဖျပ်ဖျပ် လှုပ်ခါလာသည်။ သူမ၏ ဖော်မပြနိုင်သော ကျက်သရေရှိမှုနှင့် အငွေ့အသက်သည် အလွန်ကြောက်စရာကောင်းပြီး မြင်ရသူများကို ရင်တုန် သွားစေ သည်။
"ခဏနေပါဦး။ ငါ တကယ်ပြောစရာရှိတယ်။" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
"ထိုလျှိုလင်း"သည် သူ၏မျက်လုံးထဲတွင်မူ အစကတည်းက မွေးဖွားလာသော ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ သူမသည် လျှိုလင်း၏ ခန္ဓာကိုယ်ကို ငှားထား သော်လည်း သူမ၏စွမ်းအားသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ချင်ယွင်သည် ထိုပစ္စည်းဝိညာဉ်အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။
အင်မော်တယ်စံအိမ်ကြီးရှိ ပစ္စည်းဝိညာဉ်ကိုးယောက်က သူ့ကို မကူညီဘူးဆိုလျှင်၊ ချင်ယွင်သည် ဤလူအတွက် ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။ သို့သော်၊ ဤလူကိုး ယောက်သည်လည်း အကယ်၍ ချင်ယွင်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ မရောက်ရှိပါက သေချာပေါက် လှုပ်ရှားမည် မဟုတ်ကြောင်း ပြောထားခဲ့ သည်။ ဤအရာက ချင်ယွင်၏ စိတ်ထဲတွင် အလွန်အကူအညီမဲ့သလို ခံစားရစေသည်။
ထို့ကြောင့် ချင်ယွင်သည် ယခုမူ အခြားနည်းလမ်းတစ်ခုကိုသာ တွေးတောနိုင်ခဲ့သည်။
"နောက်ထပ် ဘာပြောစရာရှိသေးလို့လဲ ?" လျှိုလင်းက အေးစက်စွာ မေးလိုက်သည်။
"ငါ မင်းနဲ့ အရောင်းအဝယ် လုပ်ချင်တယ်" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
"အရောင်းအဝယ်လား?။ မင်းက ငါ့နဲ့ ဘာအရောင်းအဝယ် လုပ်ချင်တာလဲ ?။" လျှိုလင်းက အေးစက်စက်အသံဖြင့် ထပ်မေးသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "ငါက မင်းကို လုံလောက်တဲ့ ဖရိုဖရဲ စွမ်းအင်တွေ ပေးနိုင်တယ်။ ဒါပေမယ့် မင်းက လျှိုလင်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်သွားပြီး သူမ၏ စိတ်ဝိညာဉ်ကို လွှတ်ပေးရမယ်"
" လုံလောက်တဲ့ ဖရိုဖရဲ စွမ်းအင်တွေ ရှိနေတာလား ?။ ကောင်စုတ်လေး၊ မင်းက ငါကို ငတုံးငအတစ်ယောက်လို ထင်နေတာလား?။ အခု စကြဝဠာကြီးထဲမှာ ဒီလောက် များပြားတဲ့ ဖရိုဖရဲ စွမ်းအင်တွေ ဘယ်မှာရှိနိုင်မှဦလဲ ?" လျှိုလင်း၏ မျက်လုံးများသည် ချင်ယွင်ကို ကြည့်လိုက်ရင်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ချင်ယွင်က သူမကို လိမ်နေသည်ဟု ခံစားရသည်။
"ငါက ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောရင် မင်း ဘယ်လိုလုပ်မလဲ ?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်ပါသည်။ လျှိုလင်းသည် သူ၏စကားကို ယုံကြည် မည် မဟုတ်ကြောင်း သူလည်း သိပါသည်။
"မင်းက ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်လား.. ?" လျှိုလင်းသည် ထိုစကားကို ကြားသောအခါ သူမသည် ရုတ်တရက် ချင်ယွင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံး များတွင် အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး နောက်ဆုံးတွင် ပြင်းထန်သည့် တောက်ပမှုတစ်ခု ပွင့်လန်းလာပါသည်။
"ဒါက တကယ့်ကိုပဲ ဖရိုဖရဲ ဖွဲ့စည်းပုံနဲ့ အခြေခံအုတ်မြစ်ပါလား။ ငါ အရင်က မတွေ့ခဲ့ဖူး ဘူး။ ဟား….၊ ဟား…..၊ ဖရိုဖရဲ ဖွဲ့စည်းပုံ အခြေခံအုတ်မြစ်နဲ့လူကို နောက်တစ်ကြိမ် ထပ်တွေ့ရဖို့ ငါ မမျှော်လင့်ထားဘူး။ နောက်ဆုံးတွေ့ခဲ့တဲ့ အကြိမ်က လွန်ခဲ့တဲ့ နှစ် သုံးသောင်းက ဖြစ်တယ်ဆိုတာကို ငါ မှတ်မိပါသေးတယ်။"
လျှိုလင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထင်ရှားသည်မှာ သူမသည် အလွန် စိတ်လှုပ်ရှားနေပါသည်။ ချင်ယွင်ကို သူမ၏ အကြည့်တွေက ချင်ယွင်သည် ထွက်ပြေးသွားမည်ကို ကြောက်နေသလိုမျိုး အရသာရှိသော သားကောင်ကို ကြည့်နေ သည့်အလားပင်။
"ငါ့ခန္ဓာကိုယ်ထဲက ဖရိုဖရဲ စွမ်းအင်က မင်းအတွက် ဘယ်လိုလုပ် လုံလောက်နိုင်ပါ့မလဲ။ မင်း ပြည့်ပြည့်ဝဝ ကြီးပြင်းလာတဲ့ အချိန်အထိ မင်းကို ထောက်ပံ့ပေးနိုင်မယ့် ဖရိုဖရဲ စွမ်းအင် လုံလုံလောက်လောက်ရှိတဲ့ နေရာတစ်ခု ရှိနေတယ်။" ချင်ယွင်က ရယ်မော ရင်း ပြောလိုက်သည်။
"ငါ ပြည့်ပြည့်ဝဝ ကြီးထွားဖို့ လုံလောက်မှာလား ?" လျှိုလင်း၏ မျက်နှာသည် သံသယ စိတ်များ ထူထပ်စွာ ထွက်ပေါ်လာသည်။ ချင်ယွင်၏ စကားများသည် သူမကို ယုံကြည်ရ ခက်စေသည်မှာ ထင်ရှားပါသည်။
ချင်ယွင်က ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ထဲတွင် ဦးခေါင်း အရွယ်အစားရှိ ဖရိုဖရဲ စွမ်းအင်လုံး တစ်လုံး ပေါ်လာပါသည်။
"ဒါက တကယ်ကို ဖရိုဖရဲစွမ်းအင်လား?" လျှိုလင်း၏ မျက်လုံးများသည် နှိုင်းစာ၍ မရနိုင်အောင်ပင် ပြင်းထန်သော ဝင်းလက်တောက်ပမှု အလင်းတန်းများ ချက်ချင်း ပွင့်လန်းလာသည်။ ဖရိုဖရဲဖွဲ့စည်းပုံ အခြေခံအုတ်မြစ်ပါရှိသော ခန္ဓာကိုယ်တွင် ဖရိုဖရဲ စွမ်းအင်များ ပါ၀င်သော်လည်း ၎င်းကို သန့်စင်အောင် ပြုလုပ်နိုင်စွမ်း မရှိပေ။ သို့သော်၊ ချင်ယွင်သည် ဤအခိုက်အတန့်တွင် အလွန်ကြီးမားသည့် ဖရိုဖရဲစွမ်းအင်လုံးကြီးကို ဆင့်ခေါ်ခဲ့နိုင်သည်။ ယင်းက ချင်ယွင်ပြောသည့် စကားသည် အမှန်ဖြစ်ကြောင်း သူမအား ယုံကြည်စေခဲ့သည်။
"အဲဒီလိုနေရာမျိုး တကယ်ရှိတာလား?။ ငါ့ကို အမြန်ခေါ်သွားပါ။" လျှိုလင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူမ၏ ရှေးယခင်နေ့ရက်များမှ ယခုအချိန်အထိ သူမ၏ အကြီးမားဆုံး ဆန္ဒက သူမသည် အပြည့်အဝ ကြီးပြင်းနိုင်စေရန် ဖြစ်ပါသည်။ ယခု သူမ၏ ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ရန် လုံလောက်သော ဖရိုဖရဲ စွမ်းအင်များ ရှိနေကြောင်း သူမ ကြားသိရအချိန်မှာ သူမသည် မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း?။
"ငါ မင်းကို အဲဒီကို ခေါ်သွားနိုင်တယ် ဒါပေမယ့် မင်းက လျှိုလင်းရဲ့ ခန္ဓာကိုယ်ကို စွန့်ပြီး သူမရဲ့ စိတ်ဝိညာဉ်ကို လွှတ်ပေးရမယ်။" ချင်ယွင်က ပြောသည်။
“ဟမ့်၊ မင်းပြောသလို အဲဒီနေရာမှာ ဖရိုဖရဲ စွမ်းအင် လုံလုံလောက်လောက် ရှိနေတယ်ဆိုရင် ဒီခန္ဓာကိုယ်ကို ငါက ဘာအတွက် လိုအပ်နေမှာလဲ?။ ငါ မင်းကို အခုချက်ချင်းတောင် ပေးနိုင်တယ်။ ဒါပေမယ့် ဒီစိတ်ဝိညာဉ်ပိတ်ဆို့ခြင်းကျောက်တုံးကို ငါ ပြန်မပေးခင် မင်းရဲ့စကားတွေက မှန်မမှန် ငါ အတည်ပြုမပြီးခင်အထိ စောင့်ရဦး မယ်။ တကယ်လို့ မင်း ငါ့အပေါ် လိမ်ညာလှည့်ဖျားမူကို ရှာတွေ့တာနဲ့ ငါက ဒီ စိတ်ဝိညာဉ်ပိတ်ဆို့ခြင်း ကျောက်တုံးကို ချက်ချင်းချေမွပြီး မင်းရဲ့လျှိုလင်းရဲ့ စိတ်ဝိညာဉ်ကို လုံးလုံး ဖျက်ဆီးပစ်မယ်” လျှိုလင်းက အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ.. " ချင်ယွင်က သူ၏မျက်နှာပေါ်တွင် အပြုံးမပျက်ဟန်ဖြင့် သဘောတူ လိုက်သည်။
ဖရိုဖရဲစွမ်းအင် အလုံအလောက်ရှိနေသည်ဟု သူရည်ညွှန်းသော နေရာသည် သဘာဝအားဖြင့် ကနဦးစကြာဝဠာ ဖြစ်ပါသည်။ ၎င်းသည် သူ၏နယ်မြေဖြစ်ပြီး နောက်ပိုင်းတွင် လျှိုလင်းသည် အမှန်တကယ် ရှုပ်ရှုပ်ယှက်ယှက် လုပ်လာမည်ဆိုလျှင် ပင် သူမသည် ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။
ဘန်း….။
ထိုအချိန်တွင်၊ လျှိုလင်း၏ မျက်ခုံးနှစ်ခုများကြားမှ သက်တံရောင်စွမ်းအင်မျှင်တန်း တစ်ခုသည် ပျံထွက်လာပြီး သက်တန့်ရောင်သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားပြီး မူလ လျှိုလင်းသည်လည်း မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားသည်။
ချင်ယွင်သည် လျှိုလင်း၏ခန္ဓာကိုယ်ကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ အလျှင်အမြန် ထည့်လိုက်ပြီး သက်တန့်ရောင်သဏ္ဍာန်ကို အံ့အားသင့်သော မျက်နှာ အမူအရာဖြင့် လှည့်ကြည့်လိုက်ပါသည်။
"ဒါက ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်လား?" ချင်ယွင် အနည်းငယ် အံ့သြသွားသည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းပြောခဲ့တဲ့နေရာကို အမြန်ခေါ်သွားပါ။ တကယ်လို့ မင်း ငါ့ကို လိမ်နေတာဆိုရင် ငါ မင်းကို လျှိုလင်းနဲ့ ထပ်မတွေ့ရတော့အောင် သေချာလုပ်ပေးမယ်။" သက်တန့်ရောင်သဏ္ဍာန်က အေးစက်စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းဆန္ဒအတိုင်း ဖြစ်စေရပါလိမ့်မယ်။ ငါ မင်းကို အခုပဲ ပို့ပေးမယ်။ မင်း မခုခဲနဲ့။" ချင်ယွင်က တိုးတိုးလေး ရယ်လိုက်သည်။ သူ၏ဝတ်စုံလက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် စုပ်ယူခြင်း စွမ်းအားတစ်ခုက သက်တန့်ရောင် သဏ္ဍာန်ကို လွှမ်းခြုံသွားပါသည်။
သက်တန့်ရောင်သဏ္ဍာန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက်၊ သူ၏မျက်လုံးတွေက မည်းမှောင်သွားသလို ခံစားလာရပြီး တဖန်ပြန်ပေါ်လာပါသည်။ သူမသည် လေဟာနယ်ထဲ ရောက်ရှိနေပြီ ဖြစ်ပါသည်။
သက်တန့်ရောင်သဏ္ဍာန်၏ မျက်လုံးများသည် ပြူးကျယ်သွားကာ မယုံကြည်နိုင် သည့် အမူအရာကို ပေါ်လွင်စေသည်။
"ဒါ….ဒါက... ရှေးဟောင်းစကြာဝဠာကြီးလား ?" သက်တန့်ရောင်သဏ္ဍာန်သည် နှစ်သက်မြတ်နိုးမူနှင့်အတူ အံ့အားတသင့် ရေရွတ်လိုက်ပြီး ၎င်း၏မျက်လုံးများသည် အနှိုင်းမဲ့ စိတ်လှုပ်ရှားမှုများဖြင့် တလက်လက် တောက်ပနေသည်။
သူမရှေ့က ဤမြင်ကွင်းသည် အလွန်ရင်းနှီးလွန်းသည်။ နှစ်ဘီလီယံပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ဤနေရာသည် သူမမွေးဖွားရာ နေရာနှင့် အတိအကျ တူညီကြောင်း သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ စကြဝဠာတစ်ခုလုံးက ဖရိုဖရဲ စွမ်းအင်တွေနှင့် ပြည့်နှက်နေ၏။
"ငါက မင်းကို လိမ်နေတာ မဟုတ်ဘူးမဟုတ်လား?။ ဒီနေရာက ဖရိုဖရဲ စွမ်းအင်တွေက မင်းကို အပြည့်အဝ ကြီးထွားဖို့ လုံလောက်တယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"ဘာဖြစ်နေတာလဲ?။ ဒီနေရာက ဟိုးအရင်ခေတ်က စကြဝဠာနဲ့ အတိအကျ တူနေတာ ဘာကြောင့်လဲ? ။" သက်တန့်ရောင်သဏ္ဍာန်က ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်ရင်း သူမ၏စိတ်ထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
"ဘာလို့လဲဆိုတော့ ဒါက ရှေးဟောင်းစကြာဝဠာကြီး ဖြစ်နေလို့ပဲ။ ဒါပေမယ့် ဒါက ရှေးဟောင်း မူလစကြာဝဠာကြီးတော့ မဟုတ်ဘူး။ ငါ့ဆရာသခင် မိုးပြာဧကရာဇ် ဖန်တီးထားတဲ့ ကနဦးစကြာဝဠာတစ်ခုပဲ။ ဒါပေမယ့် ငါ့ရဲ့ဆရာသခင် မိုးပြာဧကရာဇ်က ကွယ်လွန်သွားခဲ့ပြီပဲ" ချင်ယွင်က ပြောသည်။
"ဒုတိယအစ်ကိုတော် ဖန်တီးထားတဲ့ စကြာဝဠာလား.. ?" သက်တန့်ရောင်သဏ္ဍာန် သည် အံ့အားသင့်သော အမူအရာရှိနေပါသည်။ မိုးပြာဧကရာဇ် ကွယ်လွန်သွားကြောင်း ကို သူမကြားသိလိုက်ရသည့်အခါ သူမ၏မျက်လုံးထဲတွင် ဝမ်းနည်းသည့် အမူအရာ တစ်ခု ပေါ်လာသည်။
"ဒုတိယအစ်ကိုတော်တဲ့လား ?" ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် သက်တန့်ရောင်သဏ္ဍာန်အထံမှ ထွက်ပေါ်လာသည့် စကားကြောင့် အံ့သြသွားပါသည်။ မိုးပြာဧကရာဇ်ဆရာသခင်သည် ဖရိုဖရဲရတနာ ငါးခုအနက်မှ ဒုတိယအဆင့် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နတ်နဂါးကျောက်စိမ်းတံဆိပ်နှင့် ကြည်လင်ကောင်းကင်ဓားတို့ကရော သက်တမ်း ဘယ်လောက် ရှိနေပြီလဲ?။
ဤရှေးဟောင်း ဖရိုဖရဲ စွမ်းအင်များသည် စကြာဝဠာထဲတွင် အစောဆုံး ဝိညာဉ် ခန္ဓာကိုယ်များဟု ဆိုနိုင်ပါသည်။ သူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ဆိုနိုင်သော် လည်း အရည်ချင်းများက သဘာဝအားဖြင့် မတူညီကြပေ။
သို့သော် ချင်ယွင်သည် နတ်နဂါးကျောက်စိမ်းတံဆိပ်နှင့် ကြည်လင်ကောင်းကင်ဓား အကြောင်းကို သက်တန့်ရောင်သဏ္ဍာန်အား ပြောပြရန် ရည်ရွယ်ချက် မရှိပေ။
"ကောင်းပြီ၊ မင်းရဲ့ကတိအတိုင်း ဖြည့်ဆည်းပေးပြီးပြီဆိုတော့၊ ငါ မင်းကို ဒီ စိတ်ဝိညာဉ် ပိတ်ဆို့ခြင်းကျောက်တုံးကို ပေးမယ်။ အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်ကို ဘယ်လို ထုတ်ရမလဲဆိုတာ ငါ မင်းကို သင်ပေးစရာမလိုဘူး ထင်ပါတယ်။ နောက်ပြီး နောင်အနာဂတ်မှာ ဘာကိစ္စမှမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့။ ငါ အိပ်တော့မယ်။" သက်တန့်ရောင်သဏ္ဍာန်က စိတ်ဝိညာဉ် ပိတ်ဆို့ခြင်းကျောက်တုံးကို ချင်ယွင်အား ပေးအပ်ပြီးနောက် စကြဝဠာ၏ နက်ရှိုင်းသောအရပ်သို့ ပျံသန်းသွားကာ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ စွမ်းအင်များကို စတင်စုပ်ယူလေသည်။
ချင်ယွင်သည် စကြဝဠာ၏ နက်ရှိုင်းဆုံးအပိုင်းသို့ တခဏအတွင်း ပျောက်ကွယ်သွား သော သက်တန့်ရောင်သဏ္ဍာန်ကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
တကယ်တော့၊ သူသည် လျှိုလင်းကို ကယ်တင်ရုံသာမက တစ်ကိုယ်ကောင်းဆန်သော အတွေးများပါရှိနေပြီး ဤကနဦးစကြာဝဠာသို့လာရန် သက်တန့်ရောင်သဏ္ဍာန်ကို ကတိပေးခဲ့ခြင်း ဖြစ်ပါသည်။
ဤရှေးဟောင်း ဖရိုဖရဲ စွမ်းအင်သည် ကြီးထွားလာသည်နှင့်အမျှ အကြီးမြတ်ဆုံး ရတနာငါးပါး၏ တည်ရှိမှုမျိုးနှင့် ယှဉ်နိုင်သည်ကို သိထားရမည် ဖြစ်ပါသည်။
အနာဂတ်တွင်၊ ချင်ယွင်သည် သူ၏ကိုယ်ပိုင် ဖရိုဖရဲ ရတနာတစ်ခုကို သန့်စင်ရန် ၎င်းကို လုံးလုံး အသုံးပြုနိုင်သည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက သူမကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တယ်။ ဒါက သူမကို ထိုကဲ့သို့ပြုလုပ်ရန် မဟုတ်ပေဘူးလား?။ ယခု သူမသည် ချင်ယွင်အတွက် မင်္ဂလာဆောင်ဝတ်စုံကို ဖန်တီးနေပြီ ဖြစ်ပါသည်။
သူမ၏ ခန္ဓာကိုယ်ရှိ မကောင်းသော စွမ်းအင်များအတွက်မူ၊ ထိမကောင်းသော စွမ်းအင်များသည် သန့်ရှင်းသော ဖရိုဖရဲ စွမ်းအင်ကြောင့် လုံးဝ သန့်စင်သွားမည် ဖြစ်ပါသည်။