← Chapters

အခန်း ၆၈၅

Vol. 46 Ch. 685

အခန်း ၆၈၅

Vol. 46 Ch. 685

အခန်း (၆၈၅) လျှိုလင်း၏ဆုံးဖြတ်ချက်။

ဘန်း….။

လျှိုလင်းသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးသည်နှင့် ချောမောသော မျက်နှာကို တွေ့လိုက်ရလေသည်။

"မင်း အဆင်ပြေရဲ့လား" လျှိုလင်းနိုးလာသည်ကို မြင်သောအခါ ချင်ယွင်က ပြုံးရင်း မေးလိုက်ပါသည်။

"ဘာ…. ဘာမှ မဖြစ်ဘူး၊ " လျှိုလင်းသည် လက်ရှိအချိန်တွင် သူမကို ချင်ယွင်က ပွေ့ဖက်ထားကြောင်း တွေ့ရှိလိုက်ရပြီး ချင်ယွင်၏ ရင်ဘတ်နှင့် ဖိကပ်နေသောကြောင့် ရှက်ရွံ့စွာ ပြန်ဖြေလိုက်ပါသည်။

လျှိုလင်း ရှက်ရွံ့နေသည်ကို မြင်လျှင်၊ ချင်ယွင်သည် သူတို့နှစ်ယောက်ကြားက လုပ်ရပ် တွေက အနည်းငယ် မရှင်းမလင်း ဖြစ်နေသည်ဟု သဘောပေါက်သွားပုံရပါသည်။ သူသည် သူ၏လက်ကို အလျင်အမြန် လွှတ်လိုက်ပြီး ခပ်အမ်းအမ်း အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။

ယခုလေးတင်၊ သူသည် လျှိုလင်း၏ စိတ်ဝိညာဉ်ကို သူမ၏ခန္ဓာကိုယ်ထဲကို ပြန်တွန်းပို့ ပြီးနောက် သူသည် သူမ၏ကိုယ်ရေးအချက်လက်ကို အမှန်တကယ် မေ့သွားခဲ့သည်။

လျှိုလင်း၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ကျန်းရွှင်ရှင်းနှင့် မတူပေ။ လျှိုလင်း၏ စိတ်ဝိညာဉ်သည် အတင်းအကြပ် ထုတ်ယူခံထားရခြင်း ဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ် သည် အမြဲတမ်း ငြိမ်သက်နေပြီး အချိန်တိုအတွင်း သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ပေါင်းစည်းသွားနိုင်သည်။

သို့သော်လည်း ကျန်းရွှင်ရှင်းကတော့ မတူပေ။ ထိုအချိန်တုန်းက သူမသည် သေခါနီး အချိန်ဖြစ်နေပြီး သူမ၏စိတ်ဝိညာဉ်သည် ကွယ်ပျောက်လုနီးနီးဖြစ်နေစဉ်မှာ သူမသည် စိတ်ဝိညာဉ်ပုလဲ၏ စုပ်ယူခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း သူမ၏ စိတ်ဝိညာဉ်သည် အမြဲတမ်း သတိလစ်နေခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပြန်လည်ပေါင်းစည်းလိုပါက စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို လိုအပ်ပါသည်။

လျှိုလင်းသည် ချင်ယွင်က အလျင်အမြန် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ တွင် သူမ၏မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာပါသည်။ ယခုလေးတင် သူမသည် ချင်ယွင်၏ ရင်ဘတ်ကို မှီနေရစဉ်မှာ သူမကို မကြုံစဖူး လုံခြုံသော ခံစားမှုကို ပေးစွမ်းသည်။

ထို့အပြင် အကယ်၍ ချင်ယွင်သည် ယခုတစ်ကြိမ် သူမကို မကယ်တင်နိုင်ခဲ့ပါက သူမသည် လုံးဝ သေဆုံးသွားမည် ဖြစ်ပါသည်။

"ချင်ယွင်၊ ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်" လျှိုလင်းလည်း မြေပြင်မှထကာ မျက်နှာနီရဲပြီး ပြောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ ဒါက မင်းရဲ့ဆရာကို ငါ ကတိပေးခဲ့တဲ့အရာပဲလေ။ ဒါ့အပြင်၊ မင်းဆရာရဲ့ အကူအညီကြောင့်သာ မဟုတ်ရင်၊ ငါလည်း ငါ့အစ်မကို မြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ဘူး " ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

လျှိုလင်းသည် သူမခေါင်းကို အနည်းငယ် ညိတ်ပြပြီး သူမ၏ လက်ရာမြောက်လှသော မျက်လုံးများက တဖျပ်ဖျပ် ပုတ်ခတ်ပုတ်ခတ်လုပ်နေကာ အလွန်လျင်မြန်စွာ လှုပ်ရှားနေပါသည်။

ယခုအခိုက်အတန့်တွင် သူမသည် ယခင်ကအတိုင်း နူးညံ့သိမ်မွေ့သော စိတ်ထားကို ပြန်လည်ရရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် သူမ၏ စိတ်ဝိညာဉ်သည် ယခုအခါ ပြည့်စုံသွားပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမ၏ စိတ်နေစိတ်ထားသည် ပို၍ သိမ်မွေ့နေပြီး သန့်စင်လာကာ သူမကို သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးကဲ့သို့ လှပပြီး လှုပ်ရှားနေစေသည်။ ချင်ယွင် အနည်းငယ် မှင်သက် အံသြသွားရသည်။

"ကောင်းပြီလေ... အပြင်ထွက်ကြရအောင်၊ စီနီယာဝိညာဉ်ဝါးလည်း ငါတို့မရောက်သေး ဘူးဆိုရင် စိုးရိမ်နေလိမ့်မယ်။" ချင်ယွင်က သူ၏အာရုံကို အမြန်လွှဲလိုက်ပြီး ပြောလိုက်သည်။

လျှိုလင်းသည် သူမ၏ ခေါင်းကို ညင်သာစွာ ငြိမ့်ပြပြီးနောက် ချင်ယွင်နောက်မှ လိုက်ပါရင်း ဤကမ္ဘာထဲမှ ထွက်ခွာလာခဲ့သည်။

ရှီလင်းယွန်သည် ချောက်ကမ်းပါးစွန်းတွင် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။ ချင်ယွင် နှင့် လျှိုလင်းတို့သည် ချောက်ကမ်းပါးပေါ်သို့ ပျံတက်လာသည်ကို သူမ မြင်လိုက်ရသောအခါတွင် သူမ၏မျက်နှာသည် ချက်ချင်းပင် ရွှင်လန်းသွားခဲ့သည်။

"လင်းအာ!" ရှီလင်းယွန်က ရင်ထဲ ဆို့နင့်ဖွယ်အသံဖြင့် အော်ခေါ်သည်။

"ဆရာ!"

လျှိုလင်းသည် ချက်ချင်းပင် မျက်ရည်များ စီကျလာပြီး ရှီလင်းယွန်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။ နှစ်ယောက်သား တင်းတင်းကြပ်ကြပ် ဖက်ထားကြသည်။

ယခုလို နွေးထွေးသည့် မြင်ကွင်းကို မြင်လိုက်ရတော့၊ ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ရှီလင်းယွန်နှင့် လျှိုလင်းသည် နောက်ဆုံးတွင် လူချင်း ခွဲလိုက်ကြသည်။ လျှိုလင်းသည် ထိုကမ္ဘာပေါ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ကို ရှီလင်းယွန်အား အကျဉ်းချုံး ပြောပြသည်။ အထူးသဖြင့် လျှိုလင်းသည် သူမ၏ စိတ်ဝိညာဉ် ဆုံးရှုံးသွားပြီး သူမ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ခံလိုက်ရကြောင်း ကြားသော အခါ၊ ရှီလင်းယွန်သည် အလွန်ကြောက်ရွံ့သွား၏။

နောက်ဆုံးတွင် ချင်ယွင်က လျှိုလင်းကို ကယ်တင်ခဲ့ကြောင်းကို သူမကြားသောအခါ၊ ရှီလင်းယွန်သည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ထက်သန်သော ကျေးဇူးတင်စိတ် အပြည့်ရှိနေသည်။

"သူရဲကောင်းလေးချင်၊ ဒီတစ်ခါတော့ မင်းကို တကယ် ကျေးဇူးတင်ပါတယ်။ မင်းအကူအညီကြောင့်သာ မဟုတ်ရင် လင်းအား သေသွားမှာကို ငါ ကြောက်မိတယ်။" ရှီလင်းယွန်က ချင်ယွင်ကို ကျေးဇူးတင်ကြောင်းပြောပြီး သူ့အား အနည်းငယ် ဦးညွှတ်လိုက်သည်။

လျှိုလင်းလည်း ရှီလင်းယွန်၏နောက်တွင် ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

"စီနီယာ၊ ဘယ်လိုမျိုး ပြောလိုက်တာလဲ?။ ဟိုတချိန်တုန်းက စီနီယာ ကျွန်တော့်ကို အကူညီမပေးခဲ့ဖူးဆိုရင်၊ ကျွန်တော့်အစ်မကို ဘယ်အချိန်ရှာတွေ့မှန်းမသိ ဖြစ်မှာကို ကျွန်တော် ကြောက်မိတယ်။ နောက်ပြီး လျှိုလင်းနဲ့ ကျွန်တော်က မိတ်ဆွေတွေ ဖြစ်နေပြီလေ။ သူမ ဒုက္ခရောက်နေမှတော့ ကျွန်တော်က သဘာဝအတိုင်း ကူညီပေးရမှာပဲလေ။" ချင်ယွင်က ရှီလင်းယွန်ကို အမြန် ထူပေးလိုက်သည်။

ရှီလင်းယွန်လည်း အနည်းငယ် ခေါင်းညိတ်သည်။ သူမက ဤကိစ္စကို ဆက်မပြောတော့ ဘဲ ရုတ်တရက် ပြုံးပြီး "သူရဲကောင်းလေးချင်၊ မင်း လင်အားကို ဘယ်လိုထင်လဲ?"

ထိုစကားများပြောပြီးသည်နှင့် ချင်ယွင်နှင့် လျှိုလင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ချင်ယွင်သည် ရှီလင်းယွန်၏ အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်ခဲ့ပေ။

"ဆရာ၊ ဘာတွေပြောနေတာလဲ" လျှိုလင်းသည် သေမျိုးကမ္ဘာရှိ မီးရှူးမီးပန်းများကို စားထားခြင်းမဟုတ်ဘဲနှင့် သူမ၏မျက်နှာက အနည်းငယ် နီမြန်းနေသေး၏။ သူမသည် ချစ်စဖွယ်ကောင်းသော အသံဖြင့် သူမ၏ဆရာအား အမြန်ပြောလိုက်သည်။

ရှီလင်းယွန်က ပြုံးပြီး လျှိုလင်း၏ နောက်ကျောကို လက်ဖြင့် ပုတ်လိုက်ပါသည်။ သူမက ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး ဆက်ပြောသည် " တကယ်လို့ မင်း စိတ်ထဲမထားဘူး ဆိုရင် ငါ လျှိုလင်းကို မင်းနဲ့လက်ထပ်ပေးမယ်၊ မင်း ဘယ်လိုသဘောရလဲ?"

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်းဆိုသလိုပင် တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်ပိုင်းက ပူလောင်နေပြီး အတွင်းပိုင်းက တော့ နူးညံ့နေသည်။ ရှီလင်းယွန်က ယခုလိုစကားမျိုး အမှန်တကယ် ပြောလာမည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပါဘူး။

လျှိုလင်းသည် သူမဆရာ၏ စကားကြောင့် ထိတ်လန့်သွားသည်။ သူမ၏ မျက်နှာသည် ဖော်မပြနိုင်အောင်ပင် နီရဲသွားကာ သူမ၏ နဂိုမူလက တည်ငြိမ်နေသော နှလုံးသားသည် အရိုင်းဆန်သော သမင်တစ်ကောင်ကဲ့သို့ ခုန်ပေါက်သွားသည်။

“စီနီယာ၊ စီနီယာ နားလည်မူလွဲနေမှာကို ကျွန်တော် ကြောက်မိတယ်။ ဒီဂျူနီယာမှာ မိသားစုရှိပြီး ဇနီးလေးယောက်တောင် ရှိနေပါပြီ။ ကျွန်တော် သူမတို့ကို အရမ်း ချစ်တယ်...” ချင်ယွင်က ကမန်းကတန်း ပြောလိုက်ပါသည်။

လျှိုလင်းသည် လှပသော်လည်း သူနှင့် လျှိုလင်းအကြားမှာ လေးနက်သော ချစ်ခင်မှုမျိုး မရှိပေ။

လျှိုလင်းလိုလှပသော အမျိုးသမီးတိုင်းကို သူ၏မိန်းမအဖြစ် လက်ခံလိုပါက၊ အင်မော်တယ် ဘုရင်စံအိမ်ကြီးတစ်ခုလုံးသည်ပင် သယ်ဆောင်နိုင်မည် မဟုတ်တော့ ပေ။ ထို့ကြောင့်၊ သူသည် လျှိုလင်းနှင့် လက်ထပ်ရန် ရှီလင်းယွန်၏ အဆိုပြုချက်ကို တိုက်ရိုက် ငြင်းပယ်ခဲ့သည်။

လျှိုလင်းသည် ချင်ယွင်၏ စကားကိုကြားသောအခါ သူမ၏ နှလုံးသားထဲတွင် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသော်လည်း သူမ၏ မျက်လုံးများသည် စိတ်ပျက်သွားသည့် အရိပ်အယောင် တစွန်းတစ ဝင်းလက်သွားဆဲဖြစ်သည်။

သူမ၏စိတ်ထဲမှာ ချင်ယွင်အပေါ် ခံစားချက်မရှိဟု ပြောဖို့က မဖြစ်နိုင်ပါဘူး။

ချင်ယွင်၏ ရုပ်ရည်အသွင်အပြင်နှင့် အရည်အချင်းသည် သူမ မြင်ဖူးသမျှထဲတွင် အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် သူသည် မကြောက်မရွံ့ဘဲ သူ၏ ချစ်သူများအတွက် အရာအားလုံးကို စွန့်လွှတ်လိုစိတ်ရှိမှုကို သူမ လေးစားခဲ့သည်။ ထို့အပြင် ချင်ယွင်သည် သူမကို တစ်ဖန် ကယ်တင်ခဲ့ပြီး၊ သူမ၏ နှလုံးသားထဲတွင် နှစ်သက်ဖွယ်ကောင်းသော အထင်ကြီးမှုကို တိုးပွားစေသည်။

သို့သော် သူမ မကြိုက်သည့်အချက်မှာ ချင်ယွင်၏ ချစ်မေတ္တာသံယောဇဉ် ဖြစ်သည်။

ချင်ယွင်မှာ မိန်းမလေးယောက် ရှိနေပြီ ဖြစ်သည်။ လျှိုလင်းသည် မာနကြီးသူ မဟုတ်သော်လည်း တူညီသော ယောက်ျားလေးတစ်ယောက်ကို အမျိုးသမီး လေးယောက်နှင့်အတူ မျှဝေရခြင်းကို သူမ၏နှလုံးသားထဲတွင် လက်ခံနိုင်စရာ မရှိသေးပေ။ ထို့အပြင်၊ သူမသည် သူမ၏ဘဝကို အပ်နှင်းရန်အတွက် အစီအစဉ် တစ်စုံတစ်ရာမှ မပြုလုပ်ရသေးပေ။

"ဆရာ၊ ဒီတပည့်က အိမ်ထောင်မပြုချင်ဘူးဆိုတော့၊ ဆရာ့အနားမှာနေပြီး ဆရာကို တစ်သက်လုံး စောင့်ရှောက်ခွင့်ပေးပါ " လျှိုလင်းက ပြောသည်။

"မင်း... တကယ်ပဲ ဒီအကြောင်းကို မစဉ်းစားချင်ဘူးလား?" ရှီလင်းယွန်က လျှိုလင်း၏ စကားကို လျစ်လျူရှုပြီး ချင်ယွင်ကို မျက်မှောင်ကြုတ်ကာ ဆက်လက်ကြည့်နေသည်။

သူမသည် သူမတပည့်၏ ရည်ရွယ်ချက်တွေကို မည်သို့ မမြင်နိုင်ဘဲနေမည်နည်း?။

ချင်ယွင်မှာ အမျိုးသမီး မည်မျှရှိနေခြင်းနှင့် ပတ်သက်၍မူ၊ ဤကိစ္စသည် သူမ၏ အမြင်အရဆို ကြီးမားသောကိစ္စ မဟုတ်ပေ။ ချင်ယွင်လို အရည်အချင်းရှိသူ တစ်ယောက်အနေဖြင့်၊ သူ၏ပတ်ဝန်းကျင်မှာ သေချာပေါက် မိန်းမတွေ အများကြီး ရှိနေမည်ဟု သူမ ယုံကြည်သည်။ ချင်ယွင်က လင်းအာအပေါ် ရိုးရိုးသားသား ဆက်ဆံနေသမျှ၊ ဤကိစ္စက အဆင်ပြေပါသည်။

ချင်ယွင်သည် ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။ ယခုအချိန်မှာ ရွှင်ရှင်းက မနိုးသေးသလို၊ သူမအမေကိုလည်း မကယ်တင်ရသေးပေ။ ထို့ကြောင့်၊ သူသည် သူ၏သားသမီးများနှင့် အလွန်အကျွံ ချည်နှောင်ခြင်းမျိုး မဖြစ်ချင်သေးပေ။ အမျိုးသမီး လေးယောက်ရှိနေခြင်းကပင် သူ့အတွက်တော့ အကြီးမားဆုံး ကောင်းချီးတစ်ခု ဖြစ်နေပါပြီ။ ထို့အပြင် လျှိုလင်းသည် သူ့ကိုလက်ထပ်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိသည်ကို သူ မြင်နိုင်ပါသည်၊ ထို့ကြောင့် သူသည် အဘယ့်ကြောင့် အခြားလူများကို အတင်းအကြပ် ဖိအားပေးမည်နည်း?။

"မေ့လိုက်ပါ၊ မေ့လိုက်ပါ၊ မင်းတို့ကိစ္စကို ငါ အနှောင့်အယှက်ပေးမှာ မဟုတ်တော့ဘူး။ မင်းတို့နှစ်ယောက် အနာဂတ်မှာ လက်တွဲနိုင်ခြင်းရှိမရှိက မင်းတို့ရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်ပါတယ်လေ။ ကောင်းပြီ၊ အခု လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် က သေသွားခဲ့ပြီ။ ဂိုဏ်းထဲမှာ ရှင်းစရာတွေ အများကြီးရှိနေသေးတယ်။ ငါ အရင် သွားလိုက်ဦးမယ်။” ရှီလင်းယွန်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ထိုနေရာတွင် အိုးတိုးအန်းတမ်းအမူအရာဖြင့် ချင်ယွင် နှင့် လျှိုလင်းတို့သာ ကျန်ရစ်ခဲ့ တော့သည် ။

All Chapters