← Chapters

အခန်း ၆၈၆

Vol. 46 Ch. 686

အခန်း ၆၈၆

Vol. 46 Ch. 686

အခန်း (၆၈၆) ချင်ယွင်၏ ချို့ယွင်းချက်များ။

ချင်ယွင် နှင့် လျှိုလင်းတို့သည် အကြည့်ချင်းဖလှယ်ပြီး နှစ်ယောက်စလုံး ရှက်ရွံ့သွား ကာ ခဏတာ တိတ်ဆိတ်သွားကြသည်။

"အင်း... နောက်ပိုင်း နင့်မှာ ဘာအစီအစဉ်တွေရှိလဲ?" လျှိုလင်းသည် နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စကားပြောလိုက်သည်။

ချင်ယွင်သည် လျှိုလင်း၏ စကားကိုကြားသောအခါ၊ သူသည် သူ၏ စဉ်းစား ဆင်ခြင်နေရာမှ အသိအာရုံများ ပြန်လည် ဝင်ရောက်လာပြီး ပြောလိုက်သည် "အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီး အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ အင်မော်တယ်ကမ္ဘာသို့ တက်သွားတော့မယ် ."

"အရမ်းမြန်လွန်းတယ် မဟုတ်လား…?" လျှိုလင်းသိသိသာသာ ထိတ်လန့်သွားပြီး သူမရဲ့မျက်နှာမှာ အံ့သြတဲ့အမူအရာ ပေါ်လာတယ်။ ချက်ချင်းပင် သူမ၏ မျက်လုံးများ ရှုပ်ထွေးလာသည်။

ယင်းက ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ပြီးသည်နှင့် ချင်ယွင်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်း နိုင်တော့မည်ဟု ဆိုလိုပါသည်။ ထို့အပြင်၊ သူမသည် ယခုအချိန်တွင် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်မှာ ရှိနေဆဲဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ် ပြန်လည်ကောင်းမွန်လာပြီး သူမ၏စွမ်းရည်များက များစွာတိုးတက်လာခဲ့ သော်လည်း၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်ရန် သူမသည် နှစ်နှစ်မှသုံးနှစ်အထိ အချိန်ယူရပါဦးမည်။

ထို့အပြင်၊ အင်မော်တယ်ကမ္ဘာသည် အကန့်အသတ်မရှိပေ။ ထို့ကြောင့် အနာဂတ်တွင် သူမသည် သူကို ဘယ်မှာတွေ့နိုင်မည်နည်း?။

ထိုအချိန်တွင် လျှိုလင်းသည် သူမ၏စိတ်ထဲမှ ဆုံးဖြတ်ချက်ကို ရုတ်တရက် နောင်တ ရသွားသည်။ ဤနေ့သည် သူတို့နှစ်ယောက်တွေ့ဆုံသည့် နောက်ဆုံးနေ့ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။

"ဒီနေရာက ငါ့အပိုင်နေရာမဟုတ်ဘူး။ ငါ အတော်လေး အချိန်နှောင့်နှေးပြီး ကြန့်ကြာနေခဲ့ပြီ။ အင်မော်တယ်ကမ္ဘာမှာ ငါလုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ဒါကြောင့် ငါ အင်မော်တယ်ကမ္ဘာကို အမြန်ဆုံး တက်ရမယ်။" ချင်ယွင်၏ မျက်လုံးများ က လွမ်းဆွေးမှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။

လျှိုလင်း၏ မျက်နှာသည်လည်း ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လွင်နေပါသည်။

"ကောင်းပြီလေ၊ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က သေသွားပြီ။ မင်းကို ခြိမ်းခြောက်နေတဲ့ အရာကိုလည်း ငါ ကိုင်တွယ်ပြီးသွားပြီ။ ငါထွက်သွားရမယ့် အချိန် ရောက်ပြီ။ စီနီယာဝိညာဉ်ဝါးကို ငါ့ကိုယ်စား ပြောပေးပါ။ ငါ သူမကို နှုတ်မဆက် တော့ဘူး ။" ချင်ယွင်က လျှိုလင်းကို ပြောသည်။

ချင်ယွင် လှည့်ကြည့်လိုက်တော့ လျှိုလင်း၏ ချစ်စဖွယ် နှုတ်ခမ်းတစ်စုံက ပြောစရာ တစ်ခုခုရှိနေသကဲ့သို့ တုန်ရီနေသည်။

"နှုတ်ဆက်ခဲ့ပါတယ်.. !" ချင်ယွင်သည် လျှိုလင်းကို အနည်းငယ် ဦးညွှတ်ကာ အဝေးကို ပျံသန်းသွားရန် လှည့်ထွက်လိုက်သည်။

ချင်ယွင် ထွက်သွားတော့မည်ကို မြင်လိုက်ရလျှင်၊ လျှိုလင်းသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မေးလိုက်သည် “အင်မော်တယ်ကမ္ဘာ နင်ကို ဘယ်လိုရှာရမလဲ” ။

ချင်ယွင်၏ ခြေလှမ်းများသည် အနည်းငယ် ရပ်တန့်သွားပြီး ခေါင်းတော့ ပြန်မလှည့်ပေ။ သူက တိုက်ရိုက်ပင် ပြောလိုက်သည် "ကံကြမ္မာက လိုအပ်ရင် ငါတို့ ပြန်ဆုံကြမှာပါ!"

ထိုစကားဆုံးသည်နှင့် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း ကမ္ဘာငယ်လေး၏ ဝင်ပေါက်ဆီသို့ ပျံသန်းသွားခဲ့သည်။

လျှိုလင်းသည် ထိုနေရာတွင် ရပ်နေပြီး တဖြေးဖြေး ပျောက်ကွယ်သွားသော ချင်ယွင်၏ ရုပ်သွင်ကို အကြာကြီး ရပ်ကြည့်နေသည် ။

“တကယ်လို့ မင်းသာ သူ့ကို ဖမ်းဆုပ်နိုင်မယ်ဆိုရင် မင်း ပျော်ရွှင်မှု ရလိမ့်မယ်”ဆိုသည့် သူမ၏ နှလုံးသားထဲမှ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည့် အသံတစ်ခုပင် ရှိနေပါ သည်။ ထိုသို့မဟုတ်လျှင် သူ့ကို နောက်တစ်ခါ ထပ်မတွေ့ရတော့ဖို့ များပါသည်။

သို့သော်၊ သူမ၏ခန္ဓာကိုယ်သည် တောင့်တင်းနေပုံရပြီး သူမသည် မည်သည့်ခြေလှမ်းမှ မလှမ်းနိုင်တော့ပေ။

အဝေးရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရှီလင်းယွန်သည် ဤမြင်ကွင်းကို ကြည့်ပြီး သူမ၏ ခေါင်းကို အားမဲ့စွာ ခါယမ်းလိုက်ပါသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ ကမ္ဘာငယ်လေးမှ ထွက်လာသောအခါ၊ သူသည် လေးလေးနက်နက် အသက်ရှူသွင်းလိုက်သည်။

တကယ်ဆို၊ သူသည် လျှိုလင်းနှင့်ပတ်သက်ပြီး သူ၏နှလုံးသားထဲတွင် ကောင်းမွန်သော အမြင် ရှိနေပါသေးသည်။ ထိုသို့မဟုတ်လျှင် သူသည် ဤမျှလောက် မြန်မြန် ဆန်ဆန် ထွက်ပြေးလာမည် မဟုတ်ပါဘူး။

အကယ်၍ သူသည် အစိပ်စိပ်အမွှာမွှာ ချေမွခံရမည်ဆိုရင်တောင်၊ သူ၏ ရန်သူတွေ အပေါ်မှာ မကြောက်ရွံ့သော်လည်း စိတ်ခံစားမှုတွေနှင့် ကြုံတွေ့လာရသည့်အခါ၊ သူသည် အမြဲတမ်း လူတုံးလူအတစ်ယောက် ဖြစ်နေပါသေးသည်။ ဤသည်မှာ ချင်ယွင် အတွက် သူ၏အားနည်းချက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

"ဟား….၊ ဟား….၊ ကောင်စုတ်လေး၊ အခုချိန်မှာ မင်းက မိန်းမတစ်ယောက်ရဲ့ ငြင်းပယ်ခြင်း ခံလိုက်ရတာလား?" ရှေးဟောင်းတာအိုဆရာသခင်၏ လှောင်ပြောင်သံ က ချင်ယွင်၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဆရာ၊ ဆရာက ကျွန်တော့်ကို ရယ်နေပြန်ပြီလား.." ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးမျက်ဆံပြူးကာ ပြောလိုက်သည်။

"ချပ်စ်၊ မင်းက သူရဲဘောကြောင်သူ တစ်ယောက်ပဲ။ တကယ်တော့ ဒီကလေးမလေးက အဲဒါကို နောင်တရနေတာပဲ။ မင်းက ပြန်အစပျိုးလိုက်တာနဲ့ ဒီမိန်းမလှလေးက မင်းဆီ ပြန်လာဖို့ အခွင့်အရေး ရှိနေတုန်းပဲ။ ဒါပေမယ့် မင်းကတော့ မျက်နှာသာ ရချင်နေ တယ်။ မင်းတို့အချင်းချင်း နောက်တကြိမ် တွေ့ဆုံဖို့ ကံကြမ္မာက ပေးမယ်တဲ့လား?။ မင်းကိုယ်တိုင်က ဒီကမ္ဘာမှာ ကံကြမ္မာအတွက် တိုက်ပွဲဝင်နေခဲ့ရတဲ့သူပဲလေ။ ကောင်စုတ်လေး၊ မင်းအနေနဲ့ အခုပြန်မယ်ဆို အချိန်မှီသေးတယ်လို့ ငါယုံကြည်တယ်။” ရှေးဟောင်းတာအိုဆရာသခင်၏ စကားများက ချင်ယွင်၏ နားထဲတွင် ထပ်မံ ထွက်ပေါ် လာပြန်သည်။

"ကျွန်တော် ထွက်လာခဲ့ပြီးပြီ။ ပြန်သွားရတာက နည်းနည်း ရှက်စရာကောင်းတယ်။ နောက်ပြီး ကျွန်တော်က သူမကို ငြင်းခဲ့တာလေ၊ အဆင်ပြေတယ်မလား" ချင်ယွင်က ကမန်းကတန်း ရှင်းပြသည်။

"အာယို၊ မင်းလို သူရဲဘောကြောင်တဲ့ တပည့်ကို ငါ ဘာလို့ လက်ခံမိတာလည်း မသိဘူး။ ဟိုတချိန်တုန်းကဆို ငါ့ဘေးနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ အမျိုးသမီးတွေ ဘယ်နှစ်ယောက် ရှိမှန်းတောင် ငါ မသိတော့ဘူး။ အဲဒီသေမျိုးဧကရာဇ်တွေရဲ့ မောင်းမ မိဿံတွေနဲ့ ယှဉ်ရင် ဒီအမျိုးသမီးတွေက မဆိုးပါဘူး။ မင်းက ဘယ်လို ဖြစ်ရတာလဲ?။ မင်းက ဒီကောင်မလေးကို သဘောကျတယ်ဆိုတာ ရှင်းနေတာပဲ။ ဒါတောင် သူမကို လက်မခံဝံ့သေးဘူးလား?။ နောင်အနာဂတ်မှာ မင်းက ငါ့တပည့်ပါလို့ မပြောမိစေနဲ့” ရှေးဟောင်းတာအိုဆရာသခင်၏ ဒေါသသံက ဆက်လက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ခေါင်းကိုသာ ခိုကိုးရာမဲ့ဖြစ်ကာ ခါယမ်းလိုက်ပြီး ရှေးဟောင်း တာအိုဆရာသခင်၏စကားကို ချေပခြင်း မရှိပေ။

အမှန်တကယ်ဆို ရှေးဟောင်းတာအိုဆရာသခင် ပြောသည်မှာ မှန်ပါသည်။ သူသည် တကယ်ကို နည်းနည်းကြောက်သွားခဲ့သည်။ သူသည် သူ၏အမျိုးသမီး လေးယောက် ဝမ်းနည်းသွားမှာကို ကြောက်သွားခဲ့ပြီး သူမတို့ဝမ်းနည်းသွားမည်ကို သူ ခံနိုင်ရည် မရှိခဲ့ပေ။

အမျိုးသားများသည် အများအားဖြင့် အမြင်အာရုံကို ခံစားလေ့ရှိသော တိရိစ္ဆာန်များ ဖြစ်ကြပါသည်။ ထို့ကြောင့် လှပသော အမျိုးသမီးများကို မြင်သောအခါ သူတို့၏ နှလုံးသားများသည် လှုပ်လှုပ်ရှားရှား ဖြစ်တတ်ကြသည်။ အလွန်မင်းလှပပြီး စိတ်သဘောထားကောင်းသည့် လျှိုလင်းလို အမျိုးသမီးတစ်ဦးအတွက်၊ ယောက်ျား တစ်ယောက်ဖြစ်နေသမျှ စိတ်လှုပ်ရှားမိမည်သာ ဖြစ်ပါသည်။

သို့သော်လည်း ယခုအချိန်တွင် တာဝန်သည် အလွန်အရေးကြီးပါသည်။

ချင်ယွင်သည် ရုတ်တရက်ဆိုသလို အမျိုးသမီး လေးယောက် ရှိလာခဲ့သည်။ ဤသည်က ပင် တာဝန်မဲ့သူလူတစ်ဦး၏ လုပ်ဆောင်မှုဟု ယူဆနိုင်နေပြီ ဖြစ်ပါသည်။ နောက်ထပ် မေးစရာ တစ်ခုရှိသည်မှာ၊ အကယ်၍ နောင်တချိန်မှာ ယခုလိုအခြေအနေမျိုး ထပ်မကြုံတွေ့ခဲ့လျှင် သူ မည်သို့ ရင်ဆိုင်မည်နည်း?။ သူတစ်ယောက်တည်းဖြင့် သူတို့အားလုံးကို လက်ခံသင့်သလား?။

ချင်ယွင်သည် သူလုပ်ခဲ့သမျှအရာအားလုံး မှန်မမှန် မသိတော့ပေ။ မည်သို့ပင် ဆိုစေကာမူ၊ သူကတော့ တွေးနေမိသည်။ ထို့ကြောင့်ပင် ရှေးဟောင်းတာအိုဆရာသခင် က သူ့ကို သူရဲဘောကြောင်သူဟု ခေါ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ပျံ့လွင့်နေသော အတွေးအာရုံများကို ဖယ်ရှားလိုက်ပြီး ပင်လယ်ပြင်ဧရိယာရှိ နတ်ဆိုးနတ်ဘုရားနန်းတော်ဆီသို့ အလင်းတန်းအဖြစ် ပြောင်းလဲကာ တောက်လျှောက် ပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားနန်းတော်တွင် တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားခဲ့ပြီး ထို့နောက် ထျန်ယွန်တိုက်ကြီးသို့ မပြန်တော့ဘဲ အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို တိုက်ရိုက် ရင်ဆိုင်တော့မည်။

သူ၏တပည့်များကိုမူ၊ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်က အင်မော်တယ်နန်းတော်သို့ ဝင်ရောက်လာချိန်ကတည်းက လျှပ်စီးစွမ်းရည်ကိုယ်ပွားက ၎င်းတို့ထံ သွားရောက်ကာ လမ်းညွှန်မှုအချို့ ပေးနေခဲ့သည်။ သူတို့အတွက်မူ နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ် သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံနိုင်ခြင်းကပင် လုံလောက်ပါသည်။ ကျန်သည့်အပိုင်းကတော့ ကိုယ်ပိုင်ကံကြမ္မာအပေါ်မှာသာ မူတည်ပါသည်။

ဟုတ်ပါသည်၊ ဟောင်ကျင်းလေးကတော့ ချင်ယွင်၏နောက်ကို အမြဲတမ်း လိုက်နေခဲ့ပါ သည်။ အတိအကျပြောရလျှင် သူသည် သူ၏သခင်မသုံးယောက်နောက်သို့ အမြဲ လိုက်နေခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင်၊ ဤသက်ရှိရတနာ ဟောင်ကျင်းလေးသည် ဤအမျိုးသမီးသုံးဦး၏ ဖျော်ဖြေပေးရာ ရတနာတစ်ပါး ဖြစ်နေပါသည်။

ချင်ယွင်က သူမတို့နှင့်အတူနေဖို့ အချိန်မပေးနိုင်သည့်အခါ၊ ဤကောင်လေးသည် မိန်းမသုံးယောက်နှင့် အတူရှိနေသည်။ ဤသည်မှာလည်း ချင်ယွင်အတွက် စိတ်သက်သာရာရစေပါသည်။

တံခါးပိတ်ကျင့်ကြံခြင်း မဝင်ခင် ချင်ယွင်သည် ခရမ်းလေး၏ သခင်ကျွန်စာချုပ်ကို ဖြည်ပေးပြီး သူ့ကို လွှတ်ပေးလိုက်သည်။ ယင်းက ထိုအချိန်တုန်းက ဇီရှန်၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ခြင်းဟု ယူဆနိုင်သည်။

ရှောင်ဇီ နှင့် ဇီရှန်တို့သည် အင်မော်တယ်ကမ္ဘာမှ ဖြစ်ပုံရသည်ကို ချင်ယွင် သိပါသည်။ ချင်ယွင်သည် မူလက ရှောင်ဇီ နှင့် ဇီရှန်တို့ကို အင်မော်တယ်ကမ္ဘာသို့ ခေါ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ရှောင်ဇီ နှင့် ဇီရှန်တို့က ငြင်းဆိုခဲ့ကြသည်။

သူတို့သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းနိုင်သည် အထိ လုံလောက်အောင် သန်မာသည့်အချိန်ကို စောင့်ဆိုင်းနေရန် ရွေးချယ်ခဲ့ကြသည်။

သူတို့ ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ ချင်ယွင်သည် သူတို့၏ရွေးချယ်မှုကို သဘာဝ အတိုင်း လေးစားပါသည်။

ရှောင်ဇီ နှင့် ဇီရှန်တို့မှ လွဲ၍ အခြားသူများသည် အခြေခံအားဖြင့် ချင်ယွင်၏ နောက်မှ အင်မော်တယ်ကမ္ဘာသို့ လိုက်ပါရန် ရွေးချယ်ခဲ့ကြသည်။

စိန်လေးလည်း ရှိပါသေးသည်။ ချင်ယွင်သည် မူလက စိန်လေး၏ခန္ဓာကိုယ်ပေါ်ရှိ အစီအရင်ဝင်္ကပါကို ပြန်လည်ပြုပြင်လိုသော်လည်း စိန်လေး၏ခန္ဓာကိုယ်ပေါ်ရှိ အစီအရင်ဝင်္ကပါသည် သိမ်မွေ့နက်နဲသော အဆင့်ကိုး အစီအရင်ဝင်္ကပါတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသည် အထိ စောင့်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ထို့နောက် ချင်ယွင်သည် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံခြင်း ဝင်ခဲ့ပြီး၊ အင်မော်တယ် အသွင်ကူးပြောင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ဦးတည်သွားတော့သည်။

ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။

ထို့ကြောင့်၊ သူသည် အင်မော်တယ်အသွင်ကူးပြောင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ရန်အတွက် အချိန်သိပ်မကြာခဲ့ပေ။

ဘန်း….။

ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားနန်းတော်၏ အဓိကခန်းမဆောင်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ ချင်ယွင်၏ စိတ်ထဲတွင် စိတ်ဝိညာဉ်အလင်းတန်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။

"အရမ်းမြန်လွန်းတယ်!"

ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ၏မျက်နှာက အံ့အားသင့်သည့် အမူအရာ ပေါ်နေပါသည်။

အင်မော်တယ်အသွင်ကူးပြောင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီး သည်နှင့် အင်မော်တယ်အသွင်ကူးပြောင်းကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူသည် ဟိုးအရင်ကတည်းက မျှော်လင့်ထားခဲ့သော်လည်း ယခုလို မြန်မြန်ဆန်ဆန် ကြီး ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

မူလကတော့ ဟောင်ခွန်ကဲ့သို့ပင် ဖြစ်လာလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခသည် နောက်နှစ်ရက်ကြာအောင် သူ့ကို ဆုလာဘ်မပေးခဲ့ပေ။ ယခုချက်ချင်းပင် စိတ်ဝိညာဉ်အလင်းတန်းက သူ့ဆီသို့ အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကြီး ချက်ခြင်း ဆင်းသက်လာ မည်ဟု ပြောနေခဲ့သည်။

“ဘုန်း…”။

သေချာပါသည်၊ ထိုအခိုက်အတန့်မှာပင် ထျန်းယွန် တိုက်ကြီးနှင့် ကောင်းကင်နဂါး တိုက်ကြီးအပါအဝင် လူသားများနှင့် ပင်လယ်တစ်ခုလုံးမှာရှိသော သတ္တဝါအားလုံးကို ထိတ်လန့်တုန်လှုပ်စေလောက်သည့် ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းက ပြိုဆင်းလာခဲ့ပါပြီ။

All Chapters