အခန်း ၆၈၈
Vol. 46 Ch. 688
အခန်း (၆၈၈) ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို တွန်းလှန်ခြင်း။
ချင်ယွင်၏ အူလှိုက်သည်းလှိုက် ရယ်မောသံသည် ပင်လယ်ပြင် ဧရိယာတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။ အဝေးမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အံ့အားသင့်သွားကြပါသည်။
ဤမျှ ကြောက်စရာကောင်းသော လျှပ်စီးကြောင်းကပ်ဘေးဒုက္ခကို လှုပ်ခါရန်အတွက် သူ၏ခန္ဓာကိုယ်ကို အသုံးပြုခဲ့ပြီး အမှန်တကယ်လည်း အကောင်းတိုင်း ရှိနေသေးသည်။ ဤခန္ဓာကိုယ်သည် မည်မျှ ပုံမှန်မဟုတ်လိုက်သနည်း?။
သို့သော်လည်း လူအုပ်ကြီး၏ နှလုံးသားထဲတွင်မူ လေးလံလှသော ကျောက်တုံး ကျောက်ခဲများ အနည်းငယ် ကျဆင်းသွားခဲ့သည်။ (သူတို့၏စိတ်နှလုံး လေးလံနေမူ အနည်းငယ် သက်သာသွားသည်ဆိုလိုဟန်)။ ချင်ယွင်၏ ကောင်းကင်ကပ်ဘေး ဒုက္ခအပေါ် အပြုသဘောဆောင်သော သဘောထားကို မြင်လိုက်ရသဖြင့် သူတို့၏ နှလုံးသားများသည် ယုံကြည်မှုအပြည့် ရှိလာကြပါသည်။
"ဘုန်း…”
ဤအခိုက်တွင်၊ ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် ဆင်းသက်လာ သည်။ ယခုတစ်ခါမှာတော့ အနက်ရောင် လျှပ်စီးနဂါးတစ်ကောင် ဖြစ်ပါသည်။
အနက်ရောင် နဂါးကြီးသည် ဟိန်းဟောက်ပြီး ချင်ယွင်ဆီသို့ လျင်မြန်စွာ ပျံသန်းလာစဉ် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပါသည်။
ချင်ယွင်သည် အရှိန်ဟုန်ပြင်းပြင်းဖြင့် သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာနေသော အနက်ရောင် လျှပ်စီးနဂါးကြီးကို ကြည့်လိုက်ရင်း ချင်ယွင်၏ ရုပ်အသွင်ပြင်သည် မောက်မာမူအပြည့်ဖြင့် တိတ်တဆိတ် ရပ်နေသည်။ သူသည် ကောင်းကင်ယံသို့ လက်သီးတစ်ချက် တိုက်ရိုက် ထိုးနှက်လိုက်ရင်း သူ၏မျက်လုံးများတွင် အထင်မြင် သေးသည့် အရိပ်အယောင် ပေါ်လာသည်။
"ဘုန်း..”
ချင်ယွင်၏လက်သီးသည် အနက်ရောင်လျှပ်စီးနဂါးနှင့် တိုက်ရိုက် တိုက်မိသွားသည်။ အနက်ရောင် လျှပ်စီးနဂါးကြီးသည် သူ၏ပါးစပ်ကို ချက်ချင်းဖွင့်လိုက်ပြီး လေထဲတွင် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း ချင်ယွင်၏ လက်သီးသည် လုံခြုံနေဆဲဖြစ်ပြီး ပေါက်ကွဲသံ ထွက်ပေါ်နေ သော်လည်း ထိခိုက်မှု လုံးဝ မရှိပေ။
"အစ်ကိုကြီး၊ အစ်ကိုကြီးက ကြီးစိုးနိုင်လွန်းပြီး တန်ခိုးကြီးလွန်းတယ်!"
ရှောင်ကျင်းသည် ဤမြင်ကွင်းကို အဝေးမှမြင်လိုက်ရသောအခါတွင် သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး သူ၏မျက်လုံးများက သဘောကျမှု အပြည့် ရှိနေသည်။
ချင်ယွင်က ရှောင်ကျင်းကို ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူသည် ကောင်းကင်ယံကို ပြန်၍မကြည့်မီ သူ၏အမျိုးသမီးများကို စိတ်အေးလက်အေး လှည်းကြည့်လိုက်သည်။
"ဘန်း….။
တတိယမြောက် လျှပ်စီးကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ဆင်းသက်လာသည်။
ယခုတစ်ခါမှာတော့ ပို၍ပင် ကြောက်စရာကောင်းသည်။ ဤသည်မှာ အမှန်တကယ်ပင် ခရမ်းရောင်နှင့် အနက်ရောင် လျှပ်စီးကြောင်း ကပ်ဘေးဒုက္ခဖြစ်သည်။ ၎င်းတွင် ပါရှိသော စွမ်းအားသည် ကမ္ဘာပေါ်ရှိ အထွတ်အထိပ်အဆင့် မြေကမ္ဘာအင်မော်တယ် နယ်ပယ် ကျွမ်းကျင်ပညာရှင်တိုင်းကို ချေမှုန်းပစ်ရန် လုံလောက်ပါသည်။
ချင်ယွင်လည်း အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လာသည်။ ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၏ တန်ခိုးအစွမ်းသည် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီ။
ပဉ္စမမြောက် လျှပ်စီးကြောင်းဒုက္ခသည် ဤအဆင့်သို့ ရောက်ရှိမည်ဟု မူလက သူ ထင်ထားခဲ့သော်လည်း၊ ယခုမူ တတိယမြောက် လျှပ်စီးကြောင်းကပ်ဘေးဒုက္ခသည် ထိုကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အကယ်၍ သာမာန် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကျွမ်းကျင်ပညာရှင်တစ်ဦး သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို မြင်ပါက၊ သူသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်မည့်အစား၊ ထိုလျှပ်စီးကြောင်းကပ်ဘေးဒုက္ခ ထိမှန်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက်၊ မည်သည့်အကြွင်းအကျန်မျှ မကျန်တော့သည် အထိ မိမိကိုယ်ကို သတ်သေသွားနိုင်ပါသည်။
သို့သော်လည်း ဤတတိယမြောက်လျှပ်စီးကြောင်းကပ်ဘေးဒုက္ခသည် ချင်ယွင်ကို ခြိမ်းခြောက်ရန် မလုံလောက်ဘဲ ချင်ယွင်၏ လက်သီးချက်ဖြင့် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
ခရမ်းရောင်နှင့် အနက်ရောင် လျှပ်စီးကြောင်းနှစ်ခုသည် ပေါက်ကွဲထွက်သွားပြီးနောက် ကောင်းကင်ယံတွင် လျှပ်စီးကြောင်းများဖြင့် ပြည့်လျှံနေကာ ပတ်ဝန်းကျင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့သည်။
ယောင်လင်းခေါင်သည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ သူ၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားရသည်။ အကယ်၍ သူသည် ဤကဲ့သို့သော ကောင်းကင်ကပ်ဘေးဒုက္ခကို ခံရမည်ဆိုလျှင်၊ ဤတတိယမြောက် လျှပ်စီးကြောင်း ကပ်ဘေးဒုက္ခသည် သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလိမ့်မည်။
"ဘုန်း….”
စတုတ္ထ လျှပ်စီးကြောင်းကပ်ဘေးဒုက္ခသည် နောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့သည်။ ယခုတစ်ခါတော့ မထင်မှတ်ထားသည့် အဖြစ်ပျက်မျိုး ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ၎င်းသည် သုံးရောင်ခြယ် လျှပ်စီးကြောင်းတစ်ခုသာ ဖြစ်ပါသည်။ ဤလျှပ်စီးကြောင်း၏ စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူ၏ စွမ်းအားအပြည့် တိုက်ခိုက်မူနှင့် နှိုင်းယှဉ်နိုင်သည်။
ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ပို၍ပင် လေးနက်လာခဲ့သည်။ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၊ လျှပ်စီးကပ်ဘေးဒုက္ခ၏ သက်ရောက်မူ တိုးမြှင့်လာခြင်းသည် အနည်းငယ် ကြောက်စရာကောင်းလာပါသည်။ အကယ်၍ လျှပ်စီးကြောင်း၏ စွမ်းအား သည် ဤနှုန်းအတိုင်းသာ တိုးမြင့်လာပါက၊ ချင်ယွင်သည် သတ္တမမြောက် လျှပ်စီး ကပ်ဘေးဒုက္ခကို ခံနိုင်ရည်မရှိမှာကိုပင် သူ စိုးရိမ်မသည်။
"ဘုန်း….."
ချင်ယွင်သည် ထိုရှေးနည်းအတိုင်း တူညီစွာ လုပ်ဆောင်ခဲ့ပြီး သုံးရောင်ခြယ် လျှပ်စီးကြောင်းကို ဖြိုခွဲပစ်လိုက်သည်။
လျှပ်စီးကြောင်း ပေါက်ကွဲပြီးသည်နှင့် လျှပ်စီးအလင်းတွေက ကောင်းကင်ယံအနှံ့ ပြည့်နေပါသည်။
"ဘုန်း…”။
ပဉ္စမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် တခဏအတွင်းမှာ ကျဆင်းလာသည်။ ထိုလျှပ်စီးကြောင်းသည် အမှန်တကယ် ရွှေရောင် လျှပ်စီးကြောင်း ဖြစ်နေပါသည်။ ၎င်းသည် လည်ပင်းအထူခန့်သာရှိသော်လည်း ၎င်းတွင်ပါဝင်နေသော စွမ်းအားသည် အလွန် ကြောက်စရာကောင်းသည်။ ၎င်းသည် သာမန်အစစ်အမှန် အင်မော်တယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီ ဖြစ်ပါသည်။
"ရွှေရောင်လျှပ်စီးလား… ။"
ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် အလွန်မင်း တွန့်သွားခဲ့သည်။ ဤရွှေရောင် လျှပ်စီးကြောင်းကို သူမြင်ဖူးသည်မှာ ယခုအခါ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ၎င်းတွင် တကယ်တော့ သတ္တုဓာတ်စွမ်းအင် ပါဝင်နေသည်။ ၎င်းသည် သတ္တုစွမ်းအားနှင့် လျှပ်စီးကြောင်းတို့ကို ပေါင်းစပ်ဖန်တီးထားသည့် ကြောက်မက်ဖွယ် လျှပ်စီးကြောင်း ဖြစ်သင့်ပါသည်။
အဝေးမှ လူတွေအားလုံးကလည်း အံ့အားသင့်နေသည့် အမူအရာတွေ ဖြစ်ပေါ်နေ၏။ ရှဖန်းနှင့် တခြားလူများသည်ပင် အတူတူ ဖြစ်ပါသည်။ ဤကဲ့သို့ ပေါင်းစပ် လျှပ်စီးကြောင်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို သူတို့အနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးသည်မှာ ထင်ရှားပါသည်။
ဂျိန်း….။
ချင်ယွင်သည် ဤတစ်ကြိမ်တွင် လျစ်လျူရှုရန် မဝံ့ရဲတော့ပေ။ သူသည် အနက်ရောင် နဂါးကြေးခွံ ချပ်ဝတ်တန်ဆာကို တိုက်ရိုက် ဆင့်ခေါ်ခဲ့သည်။ ချက်ခြင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏ လက်သီးသည် အနက်ရောင်နဂါးအကြေးခွံအလွှာနှင့် ချက်ချင်း ဖုံးလွှမ်းသွား သည်။
"နဂါးလက်သီးသိုင်း၏ ပထမဆုံး သိုင်းကွက်၊ နဂါးဟောက်သံ"
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ သိမ်မွေ့နက်နဲ သော အဝါရောင်စွမ်းအင်တွေက တဟုန်ထိုး ထွက်ပေါ်လာပြီး ဧရာမနဂါးတစ်ကောင်၏ အသွင်အပြင်က ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
လက်သီးတစ်ချက် ထိုးပြီးသည်နှင့်၊ သူ၏နောက်မှ နဂါးသဏ္ဍာန်ပုံရိပ်ကြီးက ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
အကန့်အသတ်မရှိသော စွမ်းအားသည် ရွှေရောင်လျှပ်စီးနှင့် ချက်ချင်း တိုက်မိသွား သည်။
နောက်ဆုံးတွင် မပေါက်ကွဲမီ နှစ်စက္ကန့်ကြာ ငြိမ်သက်သွားခဲ့သည်။ လေဟာနယ် တစ်ခုလုံးတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ထွက်သွားပြီး အက်ကွဲကြောင်းမှ စုပ်ယူမှုအားက ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်သည် လေဟာနယ်ထဲတွင် ရပ်နေပြီး သူ၏ပုံစံက တောင်တစ်တောင်ကဲ့သို့ တည်ငြိမ်နေသည်။ ကြောက်စရာကောင်းသည့် စုပ်ယူမှုစွမ်းအားက သူ့အပေါ် လုံး ဝသက်ရောက်မှု မရှိခဲ့ပါဘူး။
အက်ကွဲကြောင်းများသည် တဖြည်းဖြည်း ပြန်လည်ပိတ်သွားပြီး ကောင်းကင်နှင့် မြေကြီးသည် တစ်ဖန် ငြိမ်သက်သွားသည်။
သို့သော် ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာက အလွန်လေးနက်နေ၏။ ဒီတစ်ခါ, ကောင်းကင်ကပ်ဘေးဒုက္ခသည် သူမျှော်လင့်ထားသည်ထက်ပင် ပြင်းထန်နေခဲ့သည်။
အဝေးမှ လူတိုင်းသည် ဤအချက်ကို သတိထားမိပြီး ကြောက်ရွံ့မှုအရိပ်ယောင် ဖြစ်ပေါ်လာကြပါသည်။
"ဂျိန်း….."
ထိုအချိန်တွင် ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် တစ်ဖန် ဆင်းသက် လာပြန်သည်။
ယခုတစ်ကြိမ်တွင်၊ ၎င်းသည် လျှပ်စီးကြောင်းကပ်ဘေးဒုက္ခ မဟုတ်တော့ဘဲ အလွန် ကြီးမားသော မီးလျှံဖီးနစ်ကြီးတစ်ကောင် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းစွာ နီမြန်းနေသော မီးလျှံဖီးနစ်ကြီးသည် ချင်ယွင်ဆီသို့ အပြင်းအထန် ပြေးဝင်လာရင်း ကျယ်လောင်ပြီး ပြတ်သားစွာ အော်ဟစ်လိုက်၏။
၎င်း၏တောင်ပံများသည် ပေသုံးရာခန့်ကျယ်ဝန်းပြီး ၎င်း၏ခန္ဓာကိုယ်ရှိ နီမြန်းသော မီးတောက်များသည် အစစ်အမှန် အင်မော်တယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူ သည်ပင် အနည်းငယ်မျှ ထိဝံ့မည်မဟုတ်ပေ။
အဝေးမှ လူတိုင်းသည် ချင်ယွင်ကို စိုးရိမ်တကြီး ကြည့်နေကြရင်း ရုတ်တရက် သူတို့၏နှလုံးသားများ တင်းကျပ်သွားသလို ခံစားလိုက်ရသည်။
"အချိန်ကျလာပြီ.. " သို့သော်လည်း ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ထွက်ပေါ်လာသည်။ သူ၏အသွင်အပြင်က နဂါးအတောင်ပံများနှင့် အတူ ရုတ်တရက် လင်းလက်သွားခဲ့သည်။ သို့သော် လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် သူသည် ကောင်းကင်ယံ၌ မီးလျှံဖီးနစ်ကြီးဆီသို့ ပြတ်သားစွာ ဖြင့် ပြေးထွက်သွားသည်။
"နဂါးတုန့်ပြန်အသွင်ပြောင်းခြင်း…!"
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏နောက်ကျောမှ နဂါးအတောင်ပံ များကို နီမြန်းသော မီးတောက်မီးလျှံများဖြင့် ချက်ချင်း လောင်ကျွမ်းစေ လိုက်သည်။ ထို့နောက် မီးတောက်မီးလျှံများသည် ချင်ယွင်ကို ရစ်ပတ်ကာ ဖီးနစ်ကြီး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်လေသည်။
မီးလျှံဖီးနစ်ကြီး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး မီးတောက်မီးလျှံများသည် ကောင်းကင်ယံအပြည့် ဖြစ်သွားပါသည်။
နဂါးအတောင်ပံများသည် ပွင့်ဟလာပြီးနောက် ချင်ယွင်၏ ရုပ်အသွင်ပြင်သည် မမျှော်လင့်ဘဲ နဂိုအတိုင်း ပြန်ပေါ်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအားလုံး၏ မျက်နှာများသည် အံ့ဩခြင်း များဖြင့် ပြည့်နှက်နေခဲ့သည်။
ဤမျှလောက် ကြောက်စရာကောင်းသော မီးလျှံဖီးနစ်ကြီးတစ်ကောင်က ချင်ယွင်ကို နည်းနည်းလေးမှ မထိခိုက်စေနိုင်ဘူးဆိုသည်ကို အမှန်တကယ် တွေးကြည့်လို့ မရပါဘူး။
ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။ မီးလျှံဖီးနစ်ကြီးကို အထိခိုက်မရှိ တားဆီးနိုင်ခဲ့ရခြင်း၏ အကြောင်းအရင်းက စီနီယာဟွမ်ထန်းလုံထံမှ နဂါးနတ်ဘုရား၏ သွေးအနှစ်သာရတစ်စက်ကြောင့် ဖြစ်ပါသည်။ ယင်းသွေးအနှစ်သာရက သူ၏ ခန္ဓာကိုယ် အတွင်းရှိ မီးနဂါး၏သွေးမျိုးဆက်ကို ပိုမို၍ ထူထပ်သိပ်သည်းလာစေသည်။
ချင်ယွင်သည် နဂါးတုန့်ပြန်အသွင်ပြောင်းခြင်းကိုလည်း ဖန်တီးခဲ့သည်။ ဤနဂါးတုံ့ပြန် အတောင်ပံများ၏ ကိုယ်ထည်ကို ပြိုင်ဘက်အနီးတစ်ဝိုက်တွင် ဖုံးအုပ်ထားကာ ပြင်းထန်စွာ လှုပ်ယမ်းလိုက်သည်နှင့် နဂါးတုံ့ပြန်တောင်ပံများ၏ ပြင်းထန်သော ခုခံကာကွယ်မှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများကို ပေါင်းစပ်ကာ ပြိုင်ဘက်ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်။
"သခင်ဟောင်းရဲ့သွေးအနှစ်သာရကို စုပ်ယူနိုင်ခဲ့တာ အံ့ဩစရာ မရှိပါဘူး။ ဒါဆို သူ့ခန္ဓာကိုယ်ထဲမှာ မီးနဂါးရဲ့သွေးမျိုးဆက် ရှိနေတာပေါ့။" ပစ္စည်းဝိညာဉ် ကိုးယောက်သည် ရုတ်တရက် ရိပ်မိလာကြသည်။ ယခင်ကတုန်းက ချင်ယွင်သည် ဖရိုဖရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။ နဂါးနတ်ဘုရား၏ သွေးအနှစ်သာရကို စုပ်ယူနိုင်ခြင်းက အံ့သြစရာ မဟုတ်တော့ပါဘူး။
သို့သော် လူသားတစ်ဦးသည် နဂါး၏သွေးမျိုးဆက်ကို မည်သို့ ပိုင်ဆိုင်နိုင်ရသနည်း?။ ယခု ချင်ယွင်သည် နဂါးအတောင်ပံများကို ပြသထားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့သည် နောက်ဆုံးတွင် နားလည်သွားကြသည်။
"ဂျိန်း..”
ဤအခိုက်တွင်၊ သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ဆင်းသက်လာခဲ့သည်။
အလွန်လျင်မြန်သော ရွှေရောင်အလင်းတန်းတစ်ခုသည် ရွှေရောင်အမှုန်အမွှားကဲ့သို့ ကောင်းကင်တစ်ခွင် လင်းလက်တောက်ပနေပြီး ချင်ယွင်ဆီသို့ ပြေးသွားကာ သူ၏ မျက်ခုံးကြားရှိ နေရာဆီကို တိုက်ရိုက် ဆုပ်ကိုင်လာလေသည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားကာ သူသည် ချက်ခြင်းပင် ရှောင်တိမ်းချင်ခဲ့သည်။
သို့သော် ဤရွှေရောင်အလင်းတန်းသည် မြန်ဆန်လွန်းလှ၏။ ချင်ယွင်သည် တုံ့ပြန်ရန် အချိန်မရှိပေ။ ၎င်းသည် သူ၏မျက်ခုံးမွှေးကြားက နေရာလွတ်ကို ဖောက်ဝင်ပြီးသား ဖြစ်နေပြီ။ သွေးတွေက ဖျန်းခနဲ လွင့်စင်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပင်လယ်အောက်ကို ကျသွားသည်။
“ချင်ယွင်…”
“အကိုကြီး…”
လူအုပ်ကြီးသည် ဤမြင်ကွင်းကို မြင်သောအခါတွင် အားလုံးသည် ထိတ်လန့်တကြား အော်ဟစ်ကြပြီး သူတို့၏မျက်နှာများသည်လည်း ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ သည်။