အခန်း ၆၉၁
Vol. 47 Ch. 691
အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၇)
ဘာသာပြန်သူ နေဇင်။
အခန်း (၆၉၁) အင်မော်တယ်ကမ္ဘာသို့တက်လှမ်းခြင်း။
"စီနီယာ၊ ကျေးဇူးတင်ပါတယ်။"
ချင်ယွင်က အမျိုးသမီးသုံးယောက်ကို ပွေ့ဖက်ရင်း ပြောလိုက်သည်။
"ဟမ့်၊ ငါက ကနဦးစကြာဝဠာကို ပြိုပျက်မသွားစေချင်ဘူး။ မဟုတ်ရင် မင်းသေသေ၊ ရှင်ရှင် ဘယ်သူက ဂရုစိုက်နေမှာလဲ?" ချင်ယွင်၏ စိတ်ထဲတွင် အေးစက်စက် အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
"လိုရင်းပြောရရင်၊ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့ စီနီယာကို ကျေးဇူးတင်နေပါသေး တယ်" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ခြောက်ခုမြောက် ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်၏ ထူးဆန်းသော စိတ်နေသဘောထားကို သူ သိသည်။
မှန်ပါသည်။ ချင်ယွင်သည် အစောပိုင်းက ထိန်းချုပ်ခံနေရစဉ်မှာ ချင်ယွကို ကယ်တင်ခဲ့ သည့်လူက ရှေးဟောင်း ဖရိုဖရဲ စွမ်းအင် ဖြစ်ပါသည်။ ယင်းကြောင့်ပင် နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခ၏ ပုံရိပ်ယောင်ကြောင့် ချင်ယွင်သည် လုံးဝ စိတ်ရှုပ်ထွေး နေရာမှ နိုးထလာခဲ့သည်။ ယင်းက ချင်ယွင်သည် ထိန်းချုပ်ခံနေရစဉ် နဝမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် ၎င်း၏ စွမ်းအားကို အသုံးပြုပြီး ချင်ယွင်ကို ထိန်းချုပ်ထား ရင်း ကပ်ဘေးဒုက္ခက သူ့အပေါ် ကျဆင်းလာရာအချိန်မှာ သူ့ကို အသက် ရှင်သန်ခွင့် ပေးခဲ့သည်။
ထို့သိုမဟုတ်လျှင်၊ အစောပိုင်းက ခုနစ်ရောင်ခြယ်လျှပ်စီးကပ်ဘေးဒုက္ခသည် ချင်ယွင်၏ အသက်ကို ယူဆောင်ပြီး သူ့ကို လုံးလုံးလျားလျား ရှင်းပစ်ဖို့ လုံလောက်ပါလိမ့်မည်။
"ဟင့်၊ မင်းက မကြာခင် အင်မော်တယ်ကမ္ဘာကို တက်လှမ်းရတော့မယ်။ မင်း အဲဒီကိစ္စတွေကို မြန်မြန် ကိုင်တွယ်သင့်တယ်။ နောင်တစ်ချိန်မှာ ငါ့ကို စီနီယာလို့ မခေါ်နဲ့။ ငါ့ကို သခင်ခရမ်းရောင်ဧကရာဇ်လို့ ခေါ်။ ကောင်းပြီ၊ ငါ ဖရိုဖရဲ စွမ်းအင်တွေကို ဆက်ပြီး စုပ်ယူရဦးမယ်။ အဲဒီကိစ္စတွေကို မင်းကိုယ်တိုင် လုပ်နိုင်ပါတယ်။" ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်က စိတ်ပိုင်းဆိုင်ရာ ပေးပို့လာသည်။
ချင်ယွင်သည် အံ့အားသင့်သွားရ၏။ ဤရှေးဟောင်း ဖရိုဖရဲ စွမ်းအင်၏ စိတ်နေ စိတ်ထားသည် တကယ့်ကို ထူးဆန်းပါသည်။
"ခရမ်းရောင်ဧကရာဇ်၊ ခရမ်းရောင်ဧကရာဇ်၊ ဘာလို့ အမျိုးသမီးနာမည်နဲ့ တူနေရတာလဲ။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကူရာမဲ့စွာ ပြုံးလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။
သို့သော်၊ ကနဦးစကြဝဠာထဲသို့ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ကို စုပ်ယူထားခြင်းသည် ပညာရှိသော ရွေးချယ်မှုတစ်ခုဖြစ်သည်ဟု သူခံစားမိသည်။
"ယွင်အာ၊ မင်း စောစောလေးက ဘာဖြစ်သွားတာလဲ?။ အဲဒီတုန်းက မင်းပုံစံကို မင်းသိရဲ့လား?။ မင်း ငါတို့ကို တကယ်ကို သေအောင် ခြောက်လှန့်နေတာပဲ" လျူရန်ယွင်က ချင်ယွင်၏ ပွေ့ဖက်ထားရာမှ ထွက်သွားပြီး ချင်ယွင်ကို စိုးရိမ်တကြီး ကြည့်နေလေသည်။
"ဟုတ်တယ် ခင်ပွန်း၊ အခုက မင်းက အော်အော်ပြီး ငိုကြွေးနေခဲ့တာ။ ပြီးတော့ မင်းက အရမ်းကို ကြောက်နေပုံပဲ။" ရန်စီချီက ထိတ်လန့်နေသည့် ကြောင်မလေးလေး တစ်ကောင်လို တိုးတိုးလေး ပြောလိုက်ပါသည်။
"စိတ်မပူပါနဲ့၊ ယောင်္ကျား အခု ပြန်လာပြီ မဟုတ်လား?။ မင်းတို့ကို နောင် ဘယ်တော့မှ ထားမသွားဘူးလို့ ငါ ကတိပေးတယ်။ နောက်ပြီး မင်းတို့ကို ထပ်ပြီး ဒုက္ခမပေးတော့ဘူး" ချင်ယွင်သည် ထိုစကားကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သော်လည်း သူ၏နှလုံးသားက အလွန်လေးနက်ပြီး ခိုင်မာပါသည်။
ဤတစ်ကြိမ်တွင်၊ နှလုံးသားနတ်ဆိုး ကပ်ဘေးဒုက္ခကြီသည် သူ၏နှလုံးသားထဲတွင် အမျိုးသမီးသုံးဦး၏ အရေးပါမှုကို ခံစားစေခဲ့သည်။ ထို့ကြောင့် ဤစကားများသည် သူ၏နှလုံးသားထဲမှ အမှန်ကန်ဆုံးအသံ ဖြစ်ပါသည်။ အကယ်၍ အမျိုးသမီး သုံးဦးထဲမှ တစ်ဦးဦးသည် ထိခိုက်ဒဏ်ရာရသွားပါက၊ ချင်ယွင်သည် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို သိတော့မည် မဟုတ်ပေ။
ချင်ယွင်၏ စကားကို ကြားသောအခါ အမျိုးသမီးသုံးဦးသည် သူမတို့၏နှလုံးသားများ တုန်လှုပ်သွားကြသည်။ သူမတို့က ခေါင်းညိတ်ပြီး ပြောသည် "ခင်ပွန်း၊ ငါတို့လည်း မင်းကို ထားမသွားဘူး။ မင်းရဲ့ဘေးမှာ ငါတို့ အမြဲရှိနေမယ်။ ငါတို့တစ်သက်လုံး မင်းကို ဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ဘူး"
ချင်ယွင်သည် အလွန်မင်း ရင်ထဲထိမိသွားသည်။
တစ်သက်သာလုံး စွဲမြဲစွာ ရပ်တည်နေမည်။ သူချင်ယွင်သည် ဤအမျိုးသမီး သုံးယောက်ကြောင့် မည်သို့ မပျော်ရွှင်ဘဲနေမည်နည်း?။
ဘန်း…။
ကောင်းကင်ကပ်ဘေးဒုက္ခ တိမ်တိုက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်းတိမ်တိုက်များက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာကာ ပင်လယ်ပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားသည်။ ထောင်ပေါင်းများစွာသော ရွှေရောင်အလင်းတန်းများသည် ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်များမှ ဆင်းသက်ကာ ချင်ယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံးသွားသည်။
"မင်းတို့တွေ စီနီယာရှရဲ့ နံဘေးကို အရင်သွားကြဦး။ ဒီအင်မော်တယ်စွမ်းအင်တွေရဲ့ ကောင်းချီးပေးမူကို ခံယူပြီးတာနဲ့ မင်းတို့ကို အင်မော်တယ်ကမ္ဘာကို အတူတူတက်ဖို့ ခေါ်သွားမယ်။" ချင်ယွင်က အမျိုးသမီး သုံးယောက်ကို ပြောသည် ။
ယုတ္တိနည်းကျကျပြောရလျှင်၊ တက်လှမ်းသူများသည် အခြားသူများနှင့် အတူ တက်လှမ်းနိုင်မည် မဟုတ်ပေ။ သို့သော် ချင်ယွင်ကတော့ ကွဲပြားပါသည်။ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ကောင်းကင်ဘုံ၏ စူးစမ်းမူကိုပင် ဖုံးကွယ်ထားနိုင်သော အင်မော်တယ်ဘုရင်၏စံအိမ်ကြီး ဖြစ်သည်။ သူ၏ မိန်းကလေးများ အထဲမှာ ရှိနေသရွေ့ ချင်ယွင်သည် သူမတို့ကို အင်မော်တယ်ကမ္ဘာထဲကို အလွယ်တကူ ခေါ်ဆောင်သွားနိုင်ပါသည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် ပို၍ပင် ကောင်းကင်ဘုံကို အံတုနိုင်သော သိုလှောင်ခန်းတစ်ခု ဖြစ်သည့် ကနဦးစကြာဝဠာကိုလည်း ပိုင်ဆိုင်ထားပါသည်။ သူသည် အင်မော်တယ်ဘုရင် ၏စံအိမ်ကြီးကို ကနဦးစကြာဝဠာတွင် ထည့်သွင်းထားသည်။ ကောင်းကင်ဘုံ၏ တန်ခိုး အစွမ်းသည်ပင် လူတိုင်း၏တည်ရှိမှုကို ခံစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ချင်ယွင်သည် သူတက်လှမ်းသည့်အခါ သူဆန္ဒရှိသည့် လူပေါင်းများစွာကို ခေါ်ဆောင်သွားခြင်းသည် မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ ဧရာမအပြာရောင်ကြယ်ကြီးတစ်ခုလုံးကိုပင် သူနှင့်အတူ ယူဆောင်သွားနိုင်ပါသည်။
"ကောင်းပြီ!"
မိန်းကလေးများသည် ချင်ယွင်၏စကားကို ကြားသောအခါ အားလုံးက သဘောတူကြပြီး ခေါင်းညိတ်ပြကာ ရှဖန်ရှိရာဆီသို့ ပြေးသွားကြသည်။
အမျိုးသမီးသုံးယောက် ထွက်သွားသည်နှင့် တပြိုင်နက် ထောင်သောင်းချီသော ရွှေရောင်အလင်းတန်းများက ချင်ယွင်ကို လုံး၀ ဖုံးလွှမ်းသွားသည်။
ရွှေရောင်အလင်းတန်းများတွင် အင်မော်တယ်စွမ်းအင်များစွာ ပါဝင်နေပြီး ချင်ယွင်၏ ကိုယ်ခန္ဓာဆီသို့ အဆက်မပြတ် ပြေးဝင်လာကြသည်။
ဤအင်မော်တယ်အလင်းတန်းမှာပါရှိသော အင်မော်တယ်စွမ်းအင်များသည် အသန့်စင်ဆုံး အင်မော်တယ်စွမ်းအင်များ ဖြစ်သည်။ ၎င်းသည် လူများကို ၎င်းတို့၏ ခန္ဓာကိုယ်အသွင်ကို ပြောင်းလဲစေနိုင်ပြီး အင်မော်တယ်များ ဖြစ်လာစေရန် ကူညီပေးနိုင်သည်။
ဤအချိန်တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးသည် ဤအင်မော်တယ် အလင်းတန်း၏အောက်တွင် လုံးဝ သက်ဝင်လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။ သူ၏ ဒန်တန်ထဲရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရသည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ၏အဖြစ်သို့ ဦးတည်ပြီး စတင်ပြောင်းလဲလာသည်။ (အနှစ်သာရနှင့်စွမ်းအင် ချီ ဟူသော အသုံးနှုန်းများသည် အတူတူပင်ဖြစ်ပါသည်။ မူရင်းပါသည့်အတိုင်း ပြန်ဆိုပါမည်)။
ဘန်း…။
ချင်ယွင်၏ ခန္ဓာကိုယ်သည် သုံးခု ကွဲထွက်သွားသည်။ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်၊ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွား အားလုံးသည် ဤအင်မော်တယ် အလင်းတန်းအောက်တွင် ကောင်းချီးပေးမူကို ခံယူနေကြသည်။
ဤအင်မော်တယ် အလင်းတန်း၏ ကောင်းချီးပေးမူအောက်တွင်၊ လျှပ်စီးစွမ်းရည် ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွားတို့သည် အင်မော်တယ် ခန္ဓာကိုယ်များအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းရှိ အစစ်အမှန် အနှစ်သာရများသည်လည်း အင်မော်တယ် အနှစ်သာရအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားကြခဲ့ပြီး သူတို့၏ကျင့်ကြံမှုအဆင့်သည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ လုံးလုံးလျားလျား ဝင်ရောက်သွားကြသည်။
ချင်ယွင်၏မူလခန္ဓာကိုယ်သည် ဖင်းဂေါ့ခန္ဓာကိုယ်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သော ကြောင့်၊ ဤအင်မော်တယ်ခန္ဓာကိုယ်သည် ယခုအခိုက်အတန့်တွင် သူ့အပေါ် များစွာ သက်ရောက်မှု မရှိခဲ့ပေ။ သို့သော်၊ ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ပိုမို အားကောင်းစေပြီး စတုတ္ထအဆင့်ဖြစ်သော မသေမျိုးနယ်ပယ်၏ အလယ်အဆင့်အထိ ဖြတ်ကျော်သွားစေခဲ့သည်။
သို့သော်လည်း၊ ယခုအချိန်တွင် ချင်ယွင်၏ဒန်တန်သည် လုံးဝကို တိမ်စိုင်တိမ်ခိုးများ အသွင်ဖြစ်လာခဲ့ပြီး ဒန်တန်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပါသည်။
ဤသည်မှာ ပြန်လည်ပြင်ဆင်ထားသော ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် ၏ အရေးကြီးဆုံးအဆင့် ဖြစ်ကြောင်း ချင်ယွင် သိထားပါသည်။ ပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကို ပေါင်းစပ်သိပ်သည်းပြီး မူလစကြဝဠာကို ဖွင့်လှစ်ရန် အလွန်အချိန်ယူ ရမည်ဖြစ်ကာ၊ ဤဖြစ်စဉ်သည် အလွန်အန္တရာယ်များနိုင်ဖွယ် ရှိပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် ပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကို သိပ်သည်းခြင်းမပြုမီ သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီးသည်အထိ စောင့်ဆိုင်းရန် ပြင်ဆင်ထားသည်။ သူ၏ လက်ရှိ နယ်ပယ်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ခြေတစ်လှမ်း ဝင်နေရာက်နေသူအဖြစ်သာ ယူဆနိုင်သည်။ (ပုံစံပျက်ယွင်းနေသည့် အနန္တဒြဗ်စင်များဟူ သည် သူ၏ဒန်တန်ထဲရှိ တိမ်စိုင်တိမ်ငွေ့အဖြစ်ပြောင်းလဲနေသော စွမ်းအင်ကို ဆိုလိုဟန်တူ)။
ဤပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကိုမူ၊ ၎င်းတို့သည် မူလစကြာဝဠာ၏ ကနဦးအဆင့် ဖြစ်သည်။
ကြီးကြီးမားမား ဖရိုဖရဲဖြစ်နေသည့် အခြေအနေသည် ပုံစံပျက်ယွင်းနေသော အနန္တ ဒြဗ်စင်များ၏ ပေါက်ကွဲမှုဖြစ်သည်။ ပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကို ချဲ့ထွင်ခြင်းကသာလျှင် စကြာဝဠာအသစ်ကို ဖန်တီးနိုင်မည် ဖြစ်သည်။
ချင်ယွင်သည် သူ၏ကိုယ်ပိုင် စကြဝဠာကိုဖွင့်ရန် ရည်ရွယ်ထားသောကြောင့် သူသည် ထွက်ခွာခဲ့ရသေးသည်။
ဘန်း…။
လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွားတို့သည် အပြည့်အဝအနေထားထိ မရောက်ခင် တစ်နာရီကြာသည်အထိ ၎င်းကောင်းချီးပေးမူကို စုပ်ယူခဲ့သည်။ သို့သော် ချင်ယွင်၏ မူလခန္ဓာကိုယ်သည် ဆယ်နာရီလုံးလုံး စုပ်ယူနေခဲ့သည်။
ဤမြင်ကွင်းက ဘေးမှာရှိနေကြသော ပစ္စည်းဝိညာဉ်ကိုးယောက်နှင့် နှင်းအမျိုးသမီးတို့ကို လုံးဝ အံ့အားသင့်စေခဲ့သည်။ အင်မော်တယ်အလင်းတန်းများကို မည်သူမျှ ဤမျှကြာကြာ စုပ်ယူနိုင်ခြင်း မရှိပါဘူး။ သူတို့ကိုယ်တိုင်ကရော အင်မော်တယ်စွမ်းအင်များကို မည်မျှ စုပ်ယူနိုင်ခဲ့ကြသနည်း?။ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏ ဒန်တန်ပင် လျှင် ဤမျှများပြားသော စွမ်းအင်များစွာ သိုလှောင်ထားနိုင်မည် မဟုတ်ပေ။
တကယ်တော့ ဤစွမ်းအားများကို ချင်ယွင်သည် ကိုယ်တိုင်စုပ်ယူနေခြင်း မဟုတ်ဘဲ စကြာဝဠာ၏ ရှေ့ပြေးပုံစံဖြစ်သည့် သူ၏ ဒန်တန်မှာရှိနေသော စကြဝဠာကြောင့်ဖြစ်ပါ သည်။
သို့တိုင်၊ ချင်ယွင်သည် မလုံလောက်သေးဟု ခံစားမိနေတုန်းပင်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် ပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကို ပေါင်းစည်းသိပ်သည်းခြင်း အဆင့်သို့ရောက်ရှိရန် အလွန်ဝေးကွာနေသေးသည်ဟု ခံစားနေရတုန်းပင် ဖြစ်သည်။ သူသည် ၎င်းစွမ်းအားများကို စုပ်ယူရန် အချိန်အတော်ကြာသည်အထိ ဖြစ်နိုင်ပါသေးသည်။ ကံမကောင်းစွာပင်၊ ကောင်းချီးပေးခြင်းရွှေရောင်အလင်းတန်းများသည် ဤအခိုက်အတန့် တွင် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် ဤစွမ်းအားကို တိတ်တဆိတ် စုဆောင်းနိုင်ခြင်း မရှိမီ၊ ယခုအချိန်တွင် လက်လျော့ပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်သွားသည်အထိ စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။
သို့သော်လည်း ချင်ယွင်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ အမှန်တကယ် မတက်လှမ်းနိုင်ခဲ့သော်ငြားလည်း ချင်ယွင်၏ လက်ရှိစွမ်းအားဖြင့်၊ နှောင်းပိုင်းအဆင့် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများသည်ပင် သူ၏ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကိုပင်လျှင် ချင်ယွင်သည် တိုက်ခိုက်ရန် ခွန်အားရှိသေးသည်။
ဤအရာက ချင်ယွင်ကို စိတ်လှုပ်ရှားလုနီးပါး ဖြစ်စေခဲ့သည်။ ဤနည်းဖြင့်၊ သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသောအခါ၊ မိမိကိုယ်ကို ကာကွယ်ရန် လုံလောက်သော စွမ်းအားရှိလိမ့်မည် ။
ဝှီး…။
ချင်ယွင်၏ရုပ်သွင်ပြင်သည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် မိုင်တစ်ရာအဝေးသို့ရောက်လာပြီး လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။
အားလုံးက ချင်ယွင်ကို ပျော်ရွှင်မြူးတူးစွာ ကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် မည်မျှ တန်ခိုးကြီးသည်ကို သူတို့ ခံစားနိုင်သည်။
"ကောင်းပြီ၊ အင်မော်တယ်နန်းတော်ထဲကို ဝင်ကြရအောင်။ ငါတို့ မကြာခင် တက်လှမ်းရတော့မယ်။" ချင်ယွင်က ပြောသည်။
ချင်ယွင်၏စကားကို လူတိုင်းကြားသောအခါတွင် သူတို့သည် အင်မော်တယ် နန်းတော် ထဲသို့ ဝင်သွားကြရင်း သူတို့၏မျက်နှာများသည် စိတ်လှုပ်ရှားသည့် အမူအရာများ ထွက်ပေါ်လာသည်။
ရုတ်တရက်ဆိုသလို၊ ရှောင်ဇီ၊ ဇီရှန်၊ ယောင်လင်းခေါင်နှင့် အခြားသူများမှလွဲ၍ ကျန်လူများသည် အင်မော်တယ်ဘုရင်၏စံအိမ်ကြီးသို့ ဝင်ရောက်သွားကြသည်။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းပြီး အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို သူ၏ ဒန်တန်ထဲသို့ ယူဆောင်လိုက်သည်။
ထို့နောက်တွင် အင်မော်တယ်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ချင်ယွင်ကို လွှမ်းခြုံလိုက်သည်။
"ဂရုစိုက်ပါ!"
"ဂရုစိုက်ပါ!"
သူတို့ နှစ်ယောက်သည် အချင်းချင်း နှုတ်ဆက်စကား ပြောလိုက်သည်။ ထို့နောက် ချင်ယွင်၏ ရုပ်သွင်ပြင်သည် သူတို့ သုံးယောက် ရှေ့မှာ ပျောက်ကွယ်သွားခဲ့သည်။