အခန်း ၆၉၂
Vol. 47 Ch. 692
အခန်း (၆၉၂) တက်လှမ်းခြင်းအင်မော်တယ်ရေကန်။
အင်မော်တယ်ကမ္ဘာ၊ တော်ဝင်မင် အင်မော်တယ်နယ်မြေ၊ တောင်ဝင်မင် အင်မော်တယ် မင်းဆက်။
အင်မော်တယ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် စစ်သည်တော်နှစ်ဦးသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ အတော်အတန် အလှမ်းဝေးလံသော တောအုပ်ထဲရှိ တက်လှမ်းခြင်း ရေကန်ဘေးတွင် စကားစမြည် ပြောနေကြသည်။
တစ်ယောက်က မုတ်ဆိတ်မွေးနှင့်လူကြီးတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်က တော့ အတော်လေး ငယ်ရွယ်သည်။ သူသည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ဝန်း ကျင်ရှိ လူငယ်တစ်ဦးနှင့်ပင် တူနေသည်။ သို့သော် သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံမူအဆင့်က မနိမ့်ကျပေ။
၎င်းတို့အနက်မှ လူငယ်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အလယ်လတ်အဆင့် တွင်ရှိနေပြီး မုတ်ဆိတ်မွေးနှင့်လူကြီးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ဦး၏ ရင်ဘတ်ပေါ်တွင် အနီရောင်မီးတောက် အမှတ်အသားတစ်ခု ပါရှိနေပြီး၊ သူတို့သည် တစ်ဖွဲ့တည်းကို ကိုယ်စားပြုကြောင်း ရှင်းလင်းသေချာသည်။
"အစ်ကိုကြီးမို၊ ငါတို့က ကံဆိုးတယ်လို့ မင်း ဘာလို့မထင်ရတာလဲ? လင်းခန်နဲ့ တခြားသူတွေကို မိုင်းတွင်းစောင့်ဖို့ အင်မော်တယ်ကျောက်စိမ်းမိုင်းကို ဘာလို့ စေလွှတ် ကြတာလဲ?။ အဲဒီမှာ ငါတို့ကို စောင့်နေတဲ့ အလှတရားတွေ အများကြီးရှိတယ်။ အခု ငါတို့ကိုကျ ဒီသောက်တက်လှမ်းခြင်း ရေကန်ကြီးကို ကာကွယ်ဖို့ တောထဲကို စေလွှတ် လိုက်ကြတယ်။ အခုချိန်ထိ လူတစ်ယောက်တောင် ငါတို့ မတွေ့ရသေးဘူး။" လူငယ် စစ်သည်တော်က မုတ်ဆိတ်မွေးနှင့်လူကြီးကို ညည်းညူပြီး ပြောသည်။
"စိတ်မပူပါနဲ့၊ အချိန်က နီးနေပါပြီ။ နေ့စဉ်နေ့တိုင်း တက်လှမ်းလာနေတဲ့ ကျင့်ကြံသူတွေ သေမျိုးကမ္ဘာမှာ အများကြီးရှိပါတယ်။ အင်မော်တယ်ကမ္ဘာမှာ တက်လှမ်းခြင်းရေကန်တွေ က အများကြီးရှိတယ်။ ဒါ့အပြင်၊ အခုက ငါတို့အလှည့်လည်း ဖြစ်နေသေးတယ်လေ" မုတ်ဆိတ်မွေးနှင့်လူကြီးက ပြောသည်။
"ဒါတော့ မှန်ပါတယ်။ အဲဒီတက်လှမ်းလာသူတွေ ရောက်လာတဲ့အခါ ငါတို့က ပျော်စရာအချို့ ရရှိမှာပါလေ။ အဲဒီတက်လှမ်းလာသူတွေကလည်း မာနကြီးတဲ့အပြင်၊ အရှုံးနိမ့်ကို ဝန်ခံဖို့ ငြင်းဆန်ကြတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ အဆင့်အတန်းကို သိဖို့ အခက်အခဲ အနည်းငယ်ကိုတော့ ခံနိုင်ရည်ရှိရလိမ့်မယ်။" လူငယ်က လှောင်ရယ် ရယ် လိုက် သည်။
သူသည် ငယ်စဉ်ကတည်းက အင်မော်တယ်ကမ္ဘာတွင် မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး၊ တက်လှမ်းလာသော သေမျိုးကမ္ဘာမှ ကျင့်ကြံများကို အထင်သေးသည်။
"သူတို့အားလုံးက သူတို့ဂြိုဟ်ကမ္ဘာပေါ်မှာတော့ ထိပ်တန်း ကျွမ်းကျင်သူတွေပဲလေ။ သူတို့အနေနဲ့ မာနကြီးတယ်ဆိုတာက ပုံမှန်ပါပဲ။ အချိန်ရောက်တဲ့အခါ သူတို့ကို သေအောင်တော့ မရိုက်မိစေနဲ့။ မဟုတ်ရင် မျိုးနွယ်စုကို ရှင်းပြလို့ရမှာ မဟုတ်ဘူး။" မုတ်ဆိတ်မွေးနှင့် လူကြီးက ပြောသည်။
"စိတ်မပူပါနဲ့ ငါ့မှာ အစီအစဥ်ကောင်းတစ်ခု ရှိပါတယ်။ အလှလေးတစ်ယောက်လောက် ပါလာရင် ပိုကောင်းမှာပဲ" လူငယ်က ဖောက်ပြန်သော အပြုံးဖြင့် ပြောသည်။
မုတ်ဆိတ်မွေးနှင့်လူကြီးသည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။ ဤလူငယ်သည် အားနည်းသူများကို သူ၏ ခွန်အားဖြင့် အနိုင်ကျင့်ရသည်ကို နှစ်သက်ပြီး အခုမှ အသစ်တက်လှမ်းလာသော သေမျိုးကမ္ဘာမှ ကျင့်ကြံသူများကို သူ၏ ခွန်အားဖြင့် မကြာခဏ အနိုင်ကျင့်တတ်သည်။
အကယ်၍ သူသည် အမျိုးသားတက်လှမ်း တစ်ယောက်နှင့် ကြုံတွေ့ရပါက၊ သူ့ကို အဆင်ပြေလက်ခံအောင် ပြောဆိုလျှင်၊ အဆင်ပြေပါလိမ့်မယ်။ အကယ်၍ သူ ယုံကြည် လက်ခံအောင် မပြောတတ်ဘူးဆိုရင် သူသည် တိုက်ရိုက် ရိုက်ပစ်လိမ့်မည်။ တိုက်ပွဲ အပြီးမှာလည်း၊ သူသည် ထိုလူများအတွက် ခက်ခဲသောအရာများကို ဖန်တီးရန် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး၊ အင်မော်တယ်ကမ္ဘာမှာပင် လှုပ်ရှားရန် ခက်ခဲအောင်လုပ် တတ်သည်။
အကယ်၍ သူသည် အမျိုးသမီး တက်လှမ်းသူတစ်ယောက်နှင့် ကြုံတွေ့ရပါလျှင်၊ ထိုအမျိုးသမီးသည် ရုပ်ဆိုးနေလျှင်၊ သူသည် တိုက်ရိုက်ပင် ဘေးထွက်နေလိမ့်မည်။ အကယ်၍ ရုပ်ရည်ချောမောပါက သူမကို သူ၏ အင်မော်တယ်လက်တွဲ အဖော်အဖြစ် အတင်းကြပ် စေခိုင်းစေလိမ့်မည်။ အကယ်၍ သူသည် ခဏလောက် ကစားပြီး ငြီးငွေ့သွား ပြီဆိုလျှင်၊ အင်မော်တယ်ကမ္ဘာမှာရှိသည့် အင်အားစုကြီးကြီးတချို့၏ တပည့်တွေထံ သူတို့၏ အိမ်မွေးတိရိစ္ဆာန်ကျွန်အဖြစ် တိုက်ရိုက် ရောင်းပစ်လိမ့်မည်။
သေမျိုးကျင့်ကြံခြင်း ကမ္ဘာသည် တင်းကျပ်သည်ဟု ယူဆထားပြီး ဖြစ်သော်လည်း၊ ဤ အင်မော်တယ်ကမ္ဘာမူ ပို၍ပင် ပြင်းထန်လွန်းလှသည်။ သင် သန်မာပြီး အစွမ်းထက်နေ သမျှ ကာလပတ်လုံး အမျိုးသမီးတွေကို သတ်ဖြတ်ပြီး မီးရှို့နိုင်သလို ကျွန်အဖြစ်လည်း ဆက်ဆံနိုင်သည်။ ဤနေရာသည် လူကိုစားသော ငရဲထက် ပိုမိုကောင်းမွန်ခြင်း မရှိဟု ဆိုနိုင်ပါသည်။
အင်မော်တယ်ကမ္ဘာသည် အင်အားကြီးသူတို့၏ အင်မော်တယ်ကမ္ဘာဖြစ်ပြီး၊ အားနည်းသူများအတွက်မူ ငရဲဖြစ်လေသည်။
မုတ်ဆိတ်မွေးနှင့်လူကြီးသည် သက်ပြင်း အနည်းငယ် ချလိုက်မိသည်။ သူ၏စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချမိနေသည်။ တချိန်တုန်းက သူသည်လည်း ဤတက်လှမ်းလာသူ များထဲမှ တစ်ဦးအပါဝင် ဖြစ်ခဲ့ဖူးသည်။
သို့သော်၊ သူသည် လျင်မြန်သော ဇဝနဉာဏ်ရှိသူ ဖြစ်ပြီး လိုက်လျောညီထွေ နေတတ်သည်။ နှစ်တစ်ရာ အလုပ်ကြိုးစားပြီးနောက်၊ သူသည် ယခုလက်ရှိ အနေအထား သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူနှင့်အတူတက်လှမ်းလာခဲ့သော မာနကြီးသူ အများစုသည် မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မာန်မာနကြီးသော ငယ်ရွယ်သူများ အနိုင်ကျင့်ခံရသည်ကို မြင်တိုင်း သိပ်အများကြီး မလွန်သရွေ့ သူသည် သူတို့ကို မတားဆီးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်၊ မာန်မာနကြီးသူများကို အနည်းငယ် ဒုက္ခပေး၍ သင်္ခန်းစာ သင်ယူစေခြင်းသည် မမှားဟု သူ ယူဆထားပြီး၊ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေထိုင်တတ်ရန် သင်ယူစေလိုသောကြောင့် ဖြစ်သည်။
အင်မော်တယ်ကမ္ဘာတွင် ရှင်သန်ရန်အတွက်ဆို၊ သင်သည် ထိုဂိုဏ်းကြီးများ၏ တပည့်များ မဟုတ်သမျှ၊ သင်သည် အရင်ဆုံး သင့်၏ဦးခေါင်းကို နှိမ့်ချထားရန် သင်ယူရပါမည်။
သို့သော်လည်း၊ ထိုဂိုဏ်းကြီးများ၏ တပည့်အများစုသည် အင်မော်တယ်ဂိုဏ်းများမှ အဆောင်အသီးသီးကို ပိုင်ဆိုင်ထားကြပြီး၊ သူတို့၏ကိုယ်ပိုင် တက်လှမ်းခြင်းရေကန်များဆီ သို့ ပျံတက်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းကြီးများ၏ တပည့်များနှင့် တွေ့ဆုံရန် အခွင့်အလမ်းသည် အလွန်နည်းပါးပါသည်။
ဘန်း….။
ဤအခိုက်အတန့်တွင်၊ တချိန်လုံး လုံးဝ လှုပ်ရှားခြင်းမရှိသော တက်လှမ်းခြင်း အင်မော်တယ် ရေကန်ကြီးပေါ်တွင် နောက်ဆုံးတော့ လှုပ်ရှားမှုတစ်ခု ရှိလာပါသည်။
မြူခိုးတွေဖုံးလွှမ်းနေသော အင်မော်တယ် ရေကန်ကြီးပေါ်မှာ ရုပ်အသွင်ပြင် သုံးခု ပေါ်လာပါသည်။
တက်လှမ်းခြင်း အင်မော်တယ် ရေကန်ကြီးထဲတွင် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပေါ်လာသည်။ လူငယ်နှစ်ယောက်သည် တော်တော်လေး ချောမောခန့်ညားပုံရသည်။ သူတို့ထဲမှ တစ်ယောက်သည် ရေခဲမျက်နှာလို အေးစက်နေပြီး တင်းမာပြတ်သားသည့် အမူအရာရှိ၏။ သူတို့သည် အချိန်အတော်ကြာအောင် တံတွေးထွက်မတတ် မြှောက်ပင့် ပြောဆိုခြင်းခံရသော အပေါင်းအဖော်များ ဖြစ်ပုံရသည်။
အခြားတစ်ယောက်က မာနကြီးပြီး ခေါင်းမော့ ရင်ကော့ထားကာ အတော်လေး မာနကြီး သည်။
နောက်ဆုံးတစ်ယောက်က အမျိုးသမီးဖြစ်သည်။ သူမသည် လှပ၏။ သူမသည် ကမ္ဘာကို တုန်လှုပ်စေလောက်သည့် အလှပိုင်ရှင်မျိုး မဟုတ်သော်လည်း၊ သူမသည် လျူရန်ယွင် နှင့် ချန်မင်ရှီတို့ထက် နိမ့်ကျနေသေးသော်လည်း သူမသည် ရှားပါးသော အလှပိုင်ရှင်ဆိုသည် မှာ သေချာပါသည်။
သို့သော် ဤအမျိုးသမီး၏ ပင်ကိုယ်စရိုက်က အနည်းငယ် ပျော်ရွှင်တတ်ပြီး လန်းဆန်း တက်ကြွနေသည်။ ယခုလေးတင် သူမပါးစပ်မှ အာမေဍိတ်သံတစ်ချက် ထွက်ပေါ်လာ သည်။
"အိုး၊ တခါတည်း သုံးယောက်ကြီးတောင်ပါလား? ပြီးတော့ မိန်းမလှလေး တစ်ယောက်လည်း ပါလာတယ်။ ဒီသေမျိုးဂြိုဟ်ကမ္ဘာက မဆိုးဘူးလို့ ပြောရမယ်။ သေမျိုးကမ္ဘာက ထိပ်တန်းဂိုဏ်းတစ်ခုက ဖြစ်ရမယ် ဟုတ်တယ်မလား?။" လူငယ်သည် ထိုလူသုံးယောက်ကို မြင်လျှင် ချက်ချင်းပြုံးပြီး ပြောလိုက်သည်။ သူ၏အကြည့်တွေက ထိုအမျိုးသမီးကို စူးစူးစိုက်စိုက် ကြည့်ရင်း ယုတ်မာသည့် အမူအရာ ဖြစ်ပေါ်လာသည်။
"ဟေ့ မင်းတို့ သုံးယောက် ဆင်းလာကြစမ်း။" လူငယ်က သူတို့သုံးယောက်ကို ချက်ချင်း အမိန့်ပေးလိုက်ပါသည်။
မာနကြီးသော လူငယ်နှင့် သွက်လက်ချက်ချာသော အမျိုးသမီးတို့သည် မျက်မှောင် ကြုတ်လိုက်ကြသည်။ သို့သော်လည်း၊ သူတို့သည် ဒီနေရာကို ရောက်လာပြီဆိုကတည်းက၊ မည်သည့်ပြဿနာမှ မဖြစ်လိုပါဘူး။ ထို့ကြောင့်၊ သူတို့သည် တက်လှမ်းခြင်း အင်မော်တယ် ရေကန်ကြီးမှ ဆင်းလာခဲ့ကြသည်။
အေးစက်သောလူငယ်၏ မျက်နှာပေါ်ရှိ အမူအရာက များစွာ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် လူငယ်၊ မုတ်ဆိတ်မွေးနှင့်လူကြီးတို့ကို ဂရုတစိုက်ကြည့်ကာ တိတ်တဆိတ် ဆင်းလာခဲ့သည်။
"အို၊ မင်းလေးက အရမ်းကို နူးညံ့ပျော့ပျောင်းမယ့်ပုံပဲ။ လာစမ်းပါဦး၊ နူးညံ့ပျော့ပျောင်းမူ ရှိမရှိ သိရှိဖို့အတွက် ဒီအသားအရေကို ကိုင်ကြည့်ရအောင် "
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်တော် လူငယ်သည် ထိုအမျိုးသမီး၏ ရှေ့သို့ လျှောက်လှမ်းလာကာ ဖောက်ပြန်သော အပြုံးဖြင့် ပြောသည်။ ထို့နောက် သူမ၏ ချောမောသော မျက်နှာလေးကို ထိကြည့်ရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
အမျိုးသမီးသည် ချက်ချင်း နောက်ပြန် ဆုတ်သွားသည်။ မာနကြီးသော လူငယ်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ သူက အေးစက်စက်ဖြင့် ပြောသည် "မင်း ဘာလိုချင်လို့လဲ?"
"ဟမ့်၊ သူက တကယ်အဖြစ်မှန်ကို လက်မခံနိုင်သေးတဲ့ သခင်တစ်ယောက် ဖြစ်မယ်။ ငါ မင်းကို သင်ခန်းစာတစ်ခုမှ မသင်ပေးဘူးဆိုရင် မင်းကိုယ်မင်း မင်းရဲ့သေမျိုးကမ္ဘာမှာ ရှိနေသေးတယ်လို့ တကယ်ထင်နေပုံရတယ်။" ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်သည် ရယ်မောကာ စကားမပြောတော့ဘဲ သူ၏လက်ထဲတွင် ကြာပွတ်ရှည် တစ်ချောင်း ပေါ်လာသည်။
"ဖတ်…" ကျယ်လောင်သော အသံနှင့်အတူ၊ ကြာပွတ်ရှည်သည် ချက်ချင်း လွင့်ထွက်သွား ပြီး မာနကြီးသော လူငယ်၏ မျက်နှာကို တိုက်ရိုက် ထိမှန်ကာ၊ ပြင်းထန်စွာ ရိုက်နှက်သွားခဲ့ ပြီး နက်ရှိုင်းသော သွေးထွက်ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။
"မင်းက ငါ့ကို ရိုက်ရဲလား?" မာနကြီးသော လူငယ်သည် ချက်ချင်း ဒေါသထွက်သွားပြီး၊ နီမြန်းသော မျက်လုံးများဖြင့် ချပ်ဝတ်တန်ဆာဝတ်ထားသော လူငယ်အား ဒေါသတကြီး စိုက်ကြည့်နေသည်။
သူသည် ငယ်ငယ်လေးကတည်းက ယခုလို အရှက်တကွဲဖြစ်ရပ်မျိုး မကြုံဖူးပါဘူး။ သူသည် သူ၏ဂိုဏ်းတွင် ပါရမီရှင်တစ်ဦးအဖြစ် အမြဲတမ်း ချီးကျူးခံခဲ့ရသည်။ ယခု သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာစဉ်မှာပင်၊ သူသည် အမှန်တကယ်ပင် သူ၏ မျက်နှာကို ရိုက်နှက်ခြင်း ခံလိုက်ရသည်။ ဤအရာက သူလက်မခံနိုင်သော အရာတစ်ခု ဖြစသည်။
"လာစမ်းပါဦး။ မင်း စိတ်ဆိုးသွားတယ် မဟုတ်လား?။ လာစမ်းပါ!" ချပ်ဝတ်တန်ဆာဝတ် ထားသည့် လူငယ်သည် ကြာပွတ်ရှည်ကို လက်ထဲတွင် ကိုင်ထားပြီး လှောင်ပြောင် ပြောလိုက်သည်။ သူ၏မျက်လုံးများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
မုတ်ဆိတ်မွေးနှင့်လူကြီးသည် ထိုမြင်ကွင်းကို မြင်ရလျှင် တိတ်တိတ်လေး ခေါင်းယမ်းလိုက်မိသည်။
သူသည် အေးအေးဆေးဆေး နေတတ်သူလည်း ဖြစ်သည်။ အစကနေ အဆုံးထိ စကားတစ်ခွန်းမှ မပြောဘဲ အားလုံးကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။
"ငါ မင်းကို သေစေချင်တယ်" မောက်မာသော လူငယ်က အော်ဟစ်ပြီး တဟုန်ထိုး ပြေးဝင်တော့မည်။
ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်သည် သူ၏ရင်ဘတ်ကို ကြက်ခြေခတ်ဟန်ဖြင့် မျောက်တစ်ကောင်လို ပြုမူနေခဲ့သည်။
ဘန်း….။
သို့သော် ဤအခိုက်အတန့်တွင် တက်လှမ်းခြင်း အင်မော်တယ်ရေကန်ကြီးသည် တစ်ဖန် လှုပ်ရှားလာပြန်သည်။ အခိုးအငွေ့များထဲမှ ပုံရိပ်တစ်ခုသည် လူတိုင်း၏ရှေ့မှာ ပေါ်လာပါသည်။
"နောက်ဆုံးတော့ ငါ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာခဲ့ပြီ။ အင်မော်တယ်ကမ္ဘာရဲ့ ဘယ်နယ်မြေ ဖြစ်မလဲလို့ ငါ သိချင်မိတယ်။" ချင်ယွင်သည် မြူခိုးများဖုံးလွှမ်းနေသော အင်မော်တယ် ရေကန်ကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။