← Chapters

အခန်း ၆၉၃

Vol. 47 Ch. 693

အခန်း ၆၉၃

Vol. 47 Ch. 693

အခန်း (၆၉၃) အေးစက်တည်ငြိမ်သောလူငယ်။

"အယ်၊ နောက်တစ်လား?။ ကြည့်ရတာ ဒီနေ့ တက်လှမ်းလာတဲ့လူတွေ အနည်းငယ် ရှိနေပုံရတယ်။" ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်သည် တက်လှမ်းခြင်း အင်မော်တယ်ရေကန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

မူလက လှုပ်ရှားရန် စီစဉ်ထားသည့် မာနကြီးသော လူငယ်သည် ချင်ယွင်၏ ထွက်ပေါ်လာမူကြောင့် မလှုပ်မယှက် ဖြစ်သွားသည်။ ဤအခိုက်အတန့်မှာပင်၊ သူသည် တဖြည်းဖြည်း တည်ငြိမ်သွားသည်။

"ဒီနေရာက ဘယ်အင်မော်တယ်မင်းဆက်ရဲ့ ဂြိုဟ်ကမ္ဘာလဲဆိုတာ ကျွန်တော် မေးမြန်းပါရ စေ" ချင်ယွင်သည် တက်လှမ်းခြင်းအင်မော်တယ်ရေကန်ပေါ်မှ ဆင်းလာကာ လူတိုင်းကို မေးမြန်းလိုက်သည်။

ဤမေးခွန်းကို သူ မေးလိုက်စဉ်မှာပင်၊ လူတိုင်းက သူ့ကို ချက်ချင်း လှည့်ကြည့်ကြသည်။ အထူးသဖြင့် လူငယ်စစ်သည်တော်နှင့် မုတ်ဆိတ်မွေးပါလူကြီးတို့ ဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူ ယခုလို မေးခွန်းမျိုး မေးလိုက်သည့်အတွက် သူတို့သည် သိသိသာသာ အံ့သြသွားကြသည်။

ပုံမှန်အားဖြင့်၊ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာသူများသည် ချင်ယွင်မေးသကဲ့သို့ အင်မော်တယ်မင်းဆက်တစ်ခု၏ ဂြိုဟ်ကမ္ဘာကို မေးမြန်းမည့်အစား 'ဒါက အင်မော်တယ်ကမ္ဘာလား?' ဟုသာ မေးမြန်းတတ်ကြသည်။

"ကောင်လေး၊ မင်းကြည့်ရတာ အင်မော်တယ်ကမ္ဘာအကြောင်းကို တော်တော်များများ သိထားပုံရတယ်။ မင်းက အင်မော်တယ်ကမ္ဘာရှိ ဂိုဏ်းတစ်ခုခုရဲ့ တပည့်တစ်ယောက်များ လား?”။ ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်က မေးသည်။

အင်မော်တယ်ကမ္ဘာရှိ ဂိုဏ်းများ၏ တပည့်အများစုသည် တက်လှမ်းလာသောအခါ၊ အင်မော်တယ်ကမ္ဘာဂိုဏ်းများ၏ တက်လှမ်းခြင်း ရေကန်များဆီသို့ ဆွဲငင်ခေါ်ယူခြင်း ခံရမည်ဖြစ်သော်လည်း တစ်ခါတစ်ရံ အမှားယွင်း တစ်ခု,နှစ်ခု ရှိတတ်ပါသည်။ တစ်ချိန်တုန်းကဆို၊ တက်လှမ်းခြင်းရေကန်တစ်ခုတွင် မရည်ရွယ်ဘဲ ထွက်ပေါ်လာသော အလွန်ကြီးမားသော ဂိုဏ်းကြီးတစ်ခု၏ ပါရမီရှင် တပည့်တစ်ဦးသည် တက်လှမ်းခြင်း ရေကန်ကို စောင့်ကြပ်နေသော အစောင့်များနှင့် ထိပ်တိုက်ဆုံတွေ့ဖူးသည်။

ထိုပါရမီရှင်၏ ဂိုဏ်းကြီးသည် နောက်ဆုံးတွင် ထိုတက်လှမ်းခြင်းရေကန်၏ နောက်ကွယ်ရှိ မျိုးနွယ်စုတစ်ခုလုံးအား လာရောက် မေးမြန်းခဲ့သည်။ အစောင့်အကြပ်များအနေဖြင့်၊ သဘာဝအတိုင်း အသက်ရှင်ဖို့ နည်းလမ်းမရှိတော့ပါဘူး။

ထို့ကြောင့်၊ ချင်ယွင်၏ မေးခွန်းသည် ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်နှင့် မုတ်ဆိတ်မွေးပါ လူကြီးတို့၏ နိုးကြားသတိထားမှုကို သဘာဝအတိုင်း နှိုးဆွပေးနိုင်ခဲ့သည်။

"အိုး? ကျွန်တော်က ရှေးဟောင်းစာအုပ်တချို့မှာ အင်မော်တယ်ကမ္ဘာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို ဖတ်ဖူးပါတယ်။ ဒါကြောင့် အင်မော်တယ်ကမ္ဘာအကြောင်း အပေါ်ယံ နားလည်မှုတော့ ရှိပါတယ်။" ချင်ယွင်က ချက်ချင်း ပြန်ဖြေသည်။

"အဲဒါကြောင့်ကိုး…။" ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်နှင့် မုတ်ဆိတ်မွေးပါ လူကြီးတို့သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

"ဒီနေရာက တော်ဝင်မင် အင်မော်တယ်မင်းဆက်၊ လျူလီရန်မျိုးနွယ်စုရဲ့ သြဇာလွှမ်းမိုးမှု ရှိတဲ့နယ်မြေပါ။ ဒါက ရန်ကလန်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ တက်လှမ်းခြင်းရေကန် ၁၀၀ ထဲက တစ်ခုပါ။" ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်က ပြန်ပြောသည်။

"ဒါဆို ဒီနေရာ တော်ဝင်မင် အင်မော်တယ်မင်းဆက်ရဲ့ နယ်မြေပေါ့" ချင်ယွင်၏ မျက်နှာသည် ရုတ်တရက် အံ့အားသင့်သည့် အမူအရာ ပေါ်လာပါသည်။ ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူငယ်၏ နောက်ကွယ်မှ လျူလီရန်မျိုးနွယ်စုနှင့် ပတ်သက်၍မူ၊ ချင်ယွင်သည် ယခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့သည့်အတွက် စိတ်ထဲမထားပေ။

အမြင့်ဆုံးသော အုပ်စိုးရှင်များမှလွဲ၍ အင်မော်တယ်ကမ္ဘာ၏ အခြားသော မြို့တော် နယ်မြေအားလုံးကို ၎င်းတို့ကိုယ်ပိုင် ထိန်းချုပ်ရန် အင်အားစုအမျိုးမျိုးအား ပေးအပ်ထား ပြီး၊ အင်မော်တယ်မင်းဆက်များသည် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

နယ်မြေအကျယ်အဝန်းအပေါ် မူတည်၍ အဆိုပါအင်အားများသည် အနှစ်တစ်ရာပြည့် တိုင်း အင်မော်တယ်မင်းဆက်များထံ အခွန်တော် လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်။

အင်အားစု အမျိုးမျိုးကြား အပြောင်းအလဲများနှင့် ပတ်သက်၍မူ၊ အင်မော်တယ် မင်းဆက်များသည် နယ်မြေအခွန်တော်ငွေ ပေးဆောင်နေသမျှ ကာလပတ်လုံး ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

လျူလီရန်မျိုးနွယ်စုသည် အင်မော်တယ်မင်းဆက်တစ်ခု၏ အင်အားစုများစွာထဲမှ တစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာသောကြောင့်၊ ချင်ယွင်သည် ၎င်းတို့နှင့်ပတ်သက်ပြီး နားလည်ရန် မလိုအပ်ပေ။

ချင်ယွင်သည် တော်ဝင်မင် အင်မော်တယ်မင်းဆက်အကြောင်းသာ သိထားပြီး၊ လျူလီရန် မျိုးနွယ်စုအကြောင်း မသိသည်ကို ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်သည် မြင်သော အခါ၊ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာ၏ အကြောင်းကို အနည်းငယ်သာ သိထားသည်ဟု အထင်ရှိသွားသည်။ ထို့ကြောင့် သူ၏နှလုံးသားသည် ပို၍ သက်တောင့် သက်သာရှိလာသည်ဟု ခံစားရသည်။

"ကောင်စုတ်လေး၊ မင်းရဲ့ကံကြမ္မာကို စောင့်ရှောက်ပေးဖို့ နောက်မှ မင်းကို မျိုးနွယ်စုဆီ ခေါ်သွားပေးမယ်။ အခု မင်း ဘေးမှာနေပြီး ငါ သူတို့ကို အရင်ဆုံး ဖြေရှင်းတာကို စောင့်နေဦး" ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်က ချင်ယွင်အား ပြောလိုက်သည်။ ထို့နောက် သူသည် လူငယ်နှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးဆီကို လှည့်ကြည့်လိုက် သည်။

ချင်ယွင်သည်လည်း လူနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးကို အံ့သြစွာ ကြည့်လိုက်မိသည်။ လူငယ်လေးတစ်ယောက်၏ မျက်နှာပေါ်တွင် သွေးထွက်သံယို ဒဏ်ရာတစ်ခုကို သူ သတိပြုမိလိုက်သည်။ အမျိုးသမီးသည် သူ၏နောက်တွင် ပုန်းအောင်းနေချိန်မှာ သူက ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွားသည်။

ဟိုအချိန်က သူသည် အင်မော်တယ် ဧကရာဇ်မင်းမြတ်တစ်ပါး၏ သားတော်တစ်ပါး ဖြစ်ခဲ့ဖူးသော်လည်း၊ သူသည် အပြင်ဘက်ကမ္ဘာသို့ ခရီးထွက်ခဲ့ဖူးသဖြင့် အောက်ခြေရှိ လူများအကြောင်းကို အနည်းအကျဉ်း သိနိုင်ပေသည်။

တက်လှမ်းလာသူများကို အနိုင်ကျင့်ခြင်းသည် တက်လှမ်းခြင်း အင်မော်တယ် ရေကန်၏ အစောင့်ကြပ်များအတွက် သာမာန်ကိစ္စသာ ဖြစ်ပါသည်။ ထင်ရှားသည်မှာ၊ ဤမာနကြီး သော လူငယ်သည် ချပ်ဝတ်တန်ဆာဝတ်ထားသည့် ဤလူငယ်နှင့် ထိပ်တိုက် တွေ့နေခဲ့ပြီး၊ ဤအမျိုးသမီးသည် ဤကိစ္စ၏အကြောင်းအရင်းဖြစ်ကြောင်း ထင်ရှားသည်။

ယခင်က ချင်ယွင်သည် မာန်မာနထောင်လွှားသော တက်လှမ်းလာသူအချို့ကို သင်ခန်းစာ တစ်ခုတစ်လေ သင်ပေးခြင်းသည် မမှားဟု ထင်ခဲ့ဖူးသည်။ အရမ်းကြီး မလွန်သမျှ၊ ဤကိစ္စသည် အဆင်ပြေပါသည်။ ယခုအချိန်၊ တက်လှမ်းလာသူ တစ်ယောက်အနေဖြင့် လည်း သူသည် ဤအတိုင်းပင် အတွေးရှိသည်။

နောက်ဆုံးမှာတော့၊ အင်မော်တယ်ကမ္ဘာ၏ ပတ်ဝန်းကျင်သည် ချက်ချင်း ပြောင်းလဲ၍ မရပေ။ အကယ်၍ တက်လှမ်းလာသောလူများသည် ဆင်းရဲဒုက္ခကို မှန်မှန်ကန်ကန် ခံစားရပါက နောင်အနာဂတ်တွင် သူတို့သည် အင်မော်တယ်ကမ္ဘာ၌ ဆက်လက် ရှင်သန် နေထိုင်နိုင်ကြပေလိမ့်မည်။

ဟုတ်ပါသည်၊ ဤသည်မှာ တခြားလူများအတွက်သာ ဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သ့းအား ဒုက္ခပေးဝံ့သည်ဆိုလျှင် သူသည် ဆယ်ဆပြန်ပေးဆပ်ရ မည်ဟု အာမခံသည်။

သို့သော် အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်၏ အကြည့်များသည် ထိုလူငယ်လေးနှင့် အမျိုးသမီးမှတဆင့် အေးစက်တည်ငြိမ်သော လူငယ်လေးဆီသို့ ပြောင်းသွားသည်။

"ဒီလူက မရိုးရှင်းဘူးပဲ။ သူ့ရဲ့စွမ်းအားက တကယ်ကို အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီပဲ။ ဒါက တက်လှမ်းလာသူတွေထဲမှာ အလွန် ရှားပါတယ်။" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ကျင့်ကြံသူများသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက်၊ ရွှေရောင် အလင်းတန်း၏ ကောင်းချီးပေးခြင်းကို ခံရလိမ့်မည်။ သာမာန်အားဖြင့်၊ လူအများပြားသည် ရွှေရောင်အလင်းတန်း၏ ကောင်းချီးပေးမူအောက်တွင် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့သာ ရောက်ရှိသွားကြသည်။ ပြိုင်ဘက်ကင်းပါရမီရှင် အနည်းငယ်လောက်သာ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ရန် ရွှေရောင်အလင်းတန်း၏ ကောင်းချီးပေးမူကို အသုံးပြုနိုင်ကြသည်။ ၎င်းတို့အနက်မှ အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ တိုက်ရိုက် ဖြတ်ကျော်သွားသူများဆိုလျှင်၊ ၎င်းတို့သည် အစစ်အမှန်များ မဟုတ်နိုင်ကြတော့ပေ။

သာမာန်အားဖြင့်၊ ထိုသို့သော ပါရမီရှင်မျိုးကို ရှာဖွေတွေ့ရှိသောအခါ၊ မျိုးနွယ်စုများသည် ၎င်းကို အာရုံစိုက်တတ်ကြပြီး ပြုစုပျိုးထောင်ရန်လည်း အာရုံစိုက်လာမည် ဖြစ်ပါသည်။

သို့သော်၊ အေးစက်တည်ငြိမ်သော ဤလူငယ်သည် နတ်ဘုရားအသွင်ပြောင်းခြင်း ပညာရပ်နှင့် ဆင်တူသည့် နည်းလမ်းကို အမှန်တကယ် သိထားသည်။ အပေါ်ယံ မျက်နှာပြင်တွင်၊ သူ၏ကျင့်ကြံမှုအဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိနေပုံရသည်။ ပုံမှန်အားဖြင့်၊ တစ်စုံတစ်ယောက်သည် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်အဆင့်တွင် မရှိဘူးဆိုလျှင်၊ မြင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်နှင့် မုတ်ဆိတ်မွေးပါ လူကြီးတို့သည် ဤအေးစက်တည်ငြိမ်သော လူငယ်၏ ကျင့်ကြံမှုအဆင့်ကို အမှန်အတိုင်း မပြောနိုင်ပေ။ ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အားကိုးနိုင်ခြင်းကြောင့် သာ သူသည် အေးစက်တည်ငြိမ်သော ဤလူငယ်နှင့် ထိုလူငယ်ကြား ကွာခြားချက်ကို ခံစားနိုင်ခြင်း ဖြစ်သည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ ကြည့်ရတာ သူက ထက်မြက်တဲ့လူတစ်ယောက် ဖြစ်ပုံရတယ်။ ပုတ်ဆွေးတဲ့သစ်သားက ရတနာကောင်းကို ဖျက်ဆီးတော့မှာ သေချာ တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ (တင်စားပြောခြင်းဖြစ်ပါသည်။)

နောက်ပြပွဲတွေက ကြည့်ကောင်းလာတော့မည်ဟု သူ ခံစားရသည်။

"မင်းက မလှုပ်ဘူးတော့လား?။ မင်းက ဘာလို့ မလှုပ်ရှားတော့တာလဲ?။ တကယ်လို့၊ မင်း မလှုပ်ရှားရင် ငါ လှုပ်ရှားမယ်ကွာ။"

ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်က လှောင်ပြောင်ပြောလိုက်ပြီး မာနကြီးသော လူငယ်၏ မျက်နှာကို တိုက်ရိုက်ပင် ကြာပွတ်ရှည်ဖြင့် ရိုက်လိုက်သည်။ မာနကြီးသော လူငယ်၏ မျက်နှာတစ်ဖက်တွင် သွေးစွန်းနေသော ဒဏ်ရာတစ်ခု ချက်ချင်း ပေါ်လာသည်။

"ငါ မင်းကို သတ်မယ်။" မာနကြီးသော လူငယ်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး၊ ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်ဆီသို့ ပြေးသွားလေသည်။

သို့သော် ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်များ ပေါ်လာသည်။ သူသည် သူ၏လက်များကို လက်သီး ဆုပ်လိုက်ပြီး၊ လျှပ်စီးလက်သလို ထိုးချလိုက်သည်။

မာနကြီးသောလူငယ်သည် မတုံ့ပြန်နိုင်ခင်မှာ သူ၏ဝမ်းဗိုက်သည် ပြင်းပြင်းထန်ထန် ထိုးခံလိုက်ရပြီး ပါးစပ်မှသွေးတွေ စီးထွက်လာသည်။

ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်သည် သူ၏ခွန်အားကို ကောင်းစွာ အသုံးပြုရာမှာ ကျွမ်းကျင်သည်။ မာနကြီးသောလူငယ်သည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သော်လည်း နောက်ပြန် လွင့်ထွက်သွားခြင်းမျိုး မရှိခဲ့ပေ။ သူသည် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်ပြီး ထိုလူငယ်၏လည်ပင်းကို ဆုပ်ကိုင်ကာ မြှောက်ထားလိုက်သည်။

"ဟမ့်၊ ကောင်စုတ်လေး၊ ငါ မင်းကို အမှန်တိုင်းပြောရမယ်ဆိုရင်လည်း မကြောက်ပါဘူး။ ဒါက အင်မော်တယ်ကမ္ဘာရဲ့ စည်းကမ်းပဲ။ အရင်က သေမျိုးကမ္ဘာမှာ မင်း ဘယ်လို ရာထူးမျိုးကို ပိုင်ဆိုင်ထားလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက အင်မော်တယ်ကမ္ဘာကို ရောက်လာပြီဆိုမှတော့ မင်း ကိုယ့်ခြေထောက်ကိုယ်ပဲ ဖြတ်သန်းရမယ်။ တကယ်လို့ မင်းက ဒါကို လက်မခံသေးဘူးဆိုရင်၊ ငါ မင်းကိုသတ်ပစ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့ တယ်" ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

မာနကြီးသော လူငယ်၏ မျက်လုံးများသည် ပြင်းထန်သော မလိုလားမူများဖြင့် ပြည့်နှက် နေသည်။ သို့သော်လည်း တစ်ဖက်လူ၏စွမ်းအားသည် သန်မာလွန်းပြီး၊ ဤကိစ္စနှင့် ပတ်သက်၍ သူလည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

"အိုးယန်လျူ၊ မင်းက သူ ငါတို့ကို အနိုင်ကျင့်နေတာကို ဒီအတိုင်းပဲ ကြည့်နေတော့မှာ လား?။ အနည်းဆုံးတော့ ငါတို့က ဂိုဏ်းတူတပည့်တွေ ဖြစ်ခဲ့ဖူးတယ်။ မင်းက လုံးဝ မတုံ့ပြန်တော့ဘူးလား?" မာနကြီးသော လူငယ်သည် နောက်ပြန်လှည့်ကြည့်ကာ အေးစက်တည်ငြိမ်သော လူငယ်ကို မေးခွန်းထုတ်သည်။

"အိုး၊ ဂိုဏ်းတူတပည့်တွေလား?၊ မင်းက သူတို့အတွက် ရပ်တည်ဖို့ စီစဉ်နေတာလား?။" ချပ်ဝတ်တန်ဆာဆင်ထားသည့် လူငယ်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ် နေသော အေးစက်တည်ငြိမ်သော လူငယ်ဆီသို့ ခေါင်းလှည့် ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်သည် ကျီစားလိုသည့် အပြုံးများဖြင့် ပြည့်နှက်နေသေး၏။

"မင်းက သူ့ကို ရိုက်နိုင်တယ်။ ဒါပေမယ့် မင်း သူမကို ထိမယ်ဆိုရင်တော့ ငါ လှုပ်ရှားရလိမ့် မယ်။" အေးစက်တည်ငြိမ်သောလူငယ်က သူ၏အသံက သံသယနည်းနည်းလေးမှ မရှိသလို လုံးဝသည်းမခံနိုင်သည့်အလား အနှိုင်းမဲ့ အေးစက်သောအသံဖြင့် ပြောလိုက် သည်။

"ငါက မလုပ်နိုင်ဘူးဆိုရင်ရော?။ ငါ သူမကို ထိရုံတင်မကဘူး၊ ငါ သူမနဲ့လည်း ကစားဦး မယ်။” ချပ်ဝတ်တန်ဆာဆင်ထားသည့် လူငယ်က အေးစက်တည်ငြိမ်သော လူငယ်ကို ကြည့်ကာ ဒေါသသံဖြင့် ပြောလိုက်သည်။

"သေလိုက်တော့”။ အေးစက်တည်ငြိမ်သော လူငယ်သည် ဆုံးဖြတ်ချက် ပြတ်သားပြီး တိုက်ရိုက်ပင်ပြောလိုက်ကာ၊ ချက်ချင်းပင် သူ၏ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူသည် ချပ်ဝတ်တန်ဆာဆင်ထားသည့် လူငယ်ဆီသို့ ပြေးသွားပြီး တခဏအတွင်းမှာပင် ထိုလူငယ်၏ရှေ့သို့ ရောက်လာခဲ့သည်။

ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

All Chapters