← Chapters

အခန်း ၆၉၅

Vol. 47 Ch. 695

အခန်း ၆၉၅

Vol. 47 Ch. 695

အခန်း (၆၉၅) လျူလီအင်မော်တယ်မြို့။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်၏ လေသံသည် ခြိမ်းချောက်မူများ ပါဝင်နေပြီး သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည်လည်း ထုတ်ဖော်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ချင်ယွင်က "မသွားဘူး"ဟု ပြောလိုက်သည်နှင့် သူတို့သည် ချက်ချင်း လှုပ်ရှားမည်မှာ သိသာပါသည်။

"ငါ မင်းတို့နဲ့အတူ ရန်ကလန်ကို လိုက်ခဲ့မယ်" ချင်ယွင်က ပြုံးပြီး သဘောတူလိုက်သည်။

သူသည် ရန်ကလန်ကို သွားဖို့အတွက် သဘာဝအတိုင်း သူ၏ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိပါသည်။ သူသည် တစ်ယောက်တည်း အပြင်ထွက်သွားလာရမည်ကို မကြောက်ရွံ့ သော်လည်း၊ အကယ်၍၊ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့ချင်သည်ဆိုလျှင်တော့ အင်အားစုအချို့ကို အားကိုးရလိမ့်မည်။

လျူလီရန်မျိုးနွယ်စုသည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် တက်လှမ်းခြင်းရေကန် တစ်ရာရှိသည်ဆိုပါက၊ ၎င်းတို့၏ သြဇာအာဏာသည် သေးငယ်မည် မဟုတ်ပေ။ အကယ်၍၊ သူသည် ရန်ကလန်၏ အကူအညီကို ရနိုင်မည်ဆိုလျှင်၊ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို အမြန်ဆုံးရှာတွေ့နိုင်မည် ဖြစ်သည်။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်သည် ချင်ယွင်ထံမှ သဘောတူကြောင်း စကားကို ကြားရသောအခါတွင်၊ သူ၏စိတ်ထဲ၌ အေးစက်စွာ ရယ်မောလိုက်သည်။

သူသည် အိုးယန်လျူကို မစော်ကားဝံ့ခြင်းက သူ၏အနာဂတ် အလားလာကို ကြောက်ရွံ့ သောကြောင့် ဖြစ်သည်။ အိုးယန်လျူသည် အနာဂတ်တွင် လက်တုံ့ပြန်လာမည်ကို သူ ကြောက်သည်။ သူသည် သူ၏ရှေ့မှ ဤကောင်လေးကို ကြောက်ရွံ့ရမည်ဆိုလျှင်၊ ယင်းက ဖြစ်ရောဖြစ်နိုင်လို့လား?။

ကံကောင်းထောက်မစွာ၊ သူ၏ရှေ့မှ ဤကောင်လေးသည် အလွန်ဗဟုသုတကြွယ်ဝပြီး မောက်မာခြင်းမျိုး မပြခဲ့ပါဘူး။

"ကောင်းပြီ၊ ဒါဆို သွားကြရအောင်။" မုတ်ဆိတ်မွေးနှင့်လူကြီး ပြောသည်။

ထို့ကြောင့် မုတ်ဆိတ်မွေးနှင့်လူကြီး၊ ချင်းဇီဟုခေါ်သော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထား သည့် လူငယ်တို့သည် ချင်ယွင်နှင့် အခြားလေးဦးကို လျူလီရန်မျိုးနွယ်စုဆီသို့ ဦးဆောင် ခေါ်သွားကြသည်။

တက်လှမ်းခြင်းရေကန်၏ အစောင့်ကြပ်များအတွက်မူ၊ သူတို့နေရာကို အစားထိုးရန် တစ်စုံတစ်ယောက်သည် သဘာဝအတိုင်း ရှိနေမည် ဖြစ်သည်။

အင်မော်တယ်ကမ္ဘာ၏ မြေဆွဲအားသည် သေမျိုးကမ္ဘာထက် အဆတစ်ထောင် ဖြစ်သောကြောင့်၊ ၎င်းသည် သေမျိုးကမ္ဘာထက် ပျံသန်းရန် ပိုမိုခက်ခဲပါသည်။

တန်ယု နှင့် မိန်းကလေးရှင်းအာတို့သည် မြေပြင်ပေါ်သို့ မဆင်းသက်မီ နှစ်နာရီသာ ပျံသန်းနိုင်ကြသည်။ သူတို့သည် မြေပြင်ပေါ်ထိုင်ပြီး မောဟိုက်နေကြသည်။ သူတို့သည် မောပန်းနွမ်းနယ်ပြီး မပျံသန်းနိုင်တော့ဘူးဟု ဆိုလိုဟန်ဖြင့် လက်ကို တိုက်ရိုက် ဝှေ့ယမ်းပြကြသည်။

အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေခဲ့သော အိုးယန်လျူပင်လျှင် အနည်းငယ် မတည်မငြိမ် ခံစားနေရသည်။ ဤနေရာတွင် သူသည် မြေဆွဲအားနှင့် လိုက်လျောညီထွေ မရှိသည်မှာ ထင်ရှားသည်။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်နှင့် မုတ်ဆိတ်မွေးပါလူကြီးတို့သည် ယင်းကို ကျင့်သားရနေပါပြီ။ သူတို့သည် ဤနေရာတွင် တစ်နှစ်ပတ်လုံး နေထိုင်သောကြောင့် ဤနေရာ၌ မြေဆွဲအားကို ကာလကြာရှည်ကတည်းက အသားကျနေကြပြီ။ ထို့ကြောင့်၊ သူတို့သည် အံ့သြခြင်းလည်း မရှိကြပေ။ သူတို့သည် ဘေးနားတွင် တိတ်တဆိတ် မတ်တပ်ရပ်ရင်း သူတို့၏အငွေ့အသက်ကို ချိန်ညှိလိုက်ကြသည်။

ချင်ယွင်တစ်ယောက်သာ အဆင်ပြေနေပုံရသည်။ သူသည် ကြယ်ဖမ်းခြင်းနယ်ပယ်တွင် ရှိနေစဉ်ကတည်း အဆပေါင်းသန်းချီမြေဆွဲငင်အားရှိသော အဖြူရောင်လူပု ကြယ်တစ်စင်း ပေါ်တွင် ရိုင်းစိုင်းစွာ ပြေးလွှားခဲ့ဖူးသည်။

ယခုအချိန်တွင်၊ သူသည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်စွမ်းအင်ကို အနည်းငယ်မျှပင် အသုံးပြုရန် မလိုအပ်တော့ပေ။ သူ၏ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုသာ အားကိုးခြင်းဖြင့် သူသည် အလွယ်တကူ ပျံသန်းနိုင်သည်။ ဤဝိညာဥ်စွမ်းအင်သက်သက် ကျင့်ကြံသူများနှင့် မတူသည်မှာ၊ ၎င်းတို့သည် နှစ်နာရီသာသာ ကြာအောင်ပင် မနည်း ထိန်းသိမ်းထားရသည်။

ချင်ယွင်၏ သက်သောင့်သက်သာ ဖြစ်နေဟန်က ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသော လူငယ်နှင့် မုတ်ဆိတ်မွှေးနနှင့်လူကြီး အပါအဝင် သူ၏ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်သွားခဲ့သည်။

"ဟေ့၊ ဒီက မြေဆွဲငင်အားက အရမ်းကို ပြင်းထန်တယ်လေ။ မင်းက ဘာလို့ သက်ရောက်မူ မရှိတာလဲ?။" တန်ယုက အရင် မေးသည်။

"အရင်တုန်းက၊ ငါနေခဲ့တဲ့ ဂြိုဟ်ရဲ့မြေဆွဲငင်အားက အင်မော်တယ်ကမ္ဘာနဲ့ ဆင်တူတယ် လေ။ ဒါကြောင့် ငါက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲနိုင်ခဲ့တယ်။ ငါက မြေဆွဲငင်အားကို တောင့်ခံနိုင်ဖို့ အင်မော်တယ်စွမ်းအင်တွေ အများကြီး ဖြုန်းတီးနေဖို့ မလိုအပ်တော့ဘူးပေါ့။" ချင်ယွင်က ပြုံးပြီး လိမ်ညာပြောလိုက်သည်။

အချိန်အခါအရ၊ သူသည် လောလောဆယ်တွင် အရမ်းကြီး ထင်ပေါ်ကျော်ကြာလိုခြင်း မရှိသေးပါဘူး။ ပုတ်ဆွေးသောသစ်သားသည် ရတနာကောင်းတစ်ခုကို ဖျက်ဆီးပစ်နိုင် သည်။ နိမ့်ချ၍နေခြင်းက သူ့အား ပြဿနာများစွာကို ရှောင်ရှားနိုင်သည်။

သေချာပါသည်၊ ချင်ယွင်၏ရှင်းပြချက်ကို ကြားရလျှ၍၊ ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်နှင့် မုတ်ဆိတ်မွေးပါ လူကြီးတို့သည် သူတို့၏ အမူအရာများကို ဖြေလျှော့လိုက် ကြသည်။

သေမျိုးဂြိုဟ်ကမ္ဘာပေါ်ရှိ မြေဆွဲငင်အား အများစုသည် ဆင်တူသော်လည်း၊ မြေဆွဲငင်အား အလွန်ပြင်းထန်သော ဂြိုဟ်အနည်းငယ်လည်း ရှိနေပါသေးသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ၏ကမ္ဘာမြေပေါ်ရှိ မြေဆွဲငင်အားသည် အင်မော်တယ်ကမ္ဘာနှင့် ဆင်တူသည်ဟု ပြောခြင်းသည် အထူးဆန်းမဟုတ်ပေ။

အနှစ်တစ်ရာအတွင်း ရှားရှားပါးပါး ဖြစ်ပျက်မှုတစ်ခုဟု ယူဆလို့ရသည့် အစစ်အမှန် အင်မော်တယ်နယ်ပယ် အလယ်လတ်အဆင့် တက်လှမ်းလာသူ တစ်ယောက် ထွက်ပေါ် လာခြင်းအပြင်၊ ဒုတိယတစ်ယောက် ရှိနိုင်ပါဦးမလား?။ ထို့ကြောင့် သူတို့အားလုံးသည် အတွေးလွန်သွားသလို ခံစားလိုက်ရသည်။

အကယ်၍ သူတို့သည် အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်ရှိ တက်လှမ်းလာသူ ပါရမီရှင်တစ်ဦးကို ထပ်မံတွေ့ဆုံရပါက၊ သူတို့လို မွေးရပ်မြေရှိ ကျင့်ကြံသူများသည် အင်မော်တယ်ကမ္ဘာတွင် ကျင့်ကြံနေရန်ပင် မလိုအပ်တော့ပေ။

တန်ယု နှင့် မိန်းကလေးရှင်းအာတို့သည် ချင်ယွင်၏စကားကို ကြားသောအခါ သိပ်ပြီး မစဉ်းစားခဲ့ကြပေ။ သို့သော် ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက မနာလိုခြင်း များဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်သည် ဤနေရာမှ မြေဆွဲငင်အားနှင့် လိုက်လျောညီထွေ လိုက်ပါလုပ်ဆောင်နိုင်သည်ကို သူတို့ မနာလိုဖြစ်နေကြသည်မှာ ထင်ရှားသည်။

တစ်ဖက်တွင်မူ၊ အိုးယန်လျူသည် ချင်ယွင်ကို ရည်ရွယ်ချက်ရှိ၍တစ်မျိုး၊ မရည်ရွယ်ဘဲ တစ်ဖုံ အကြိမ်အနည်းငယ် စိုက်ကြည့်နေသော်လည်း သူသည် မည်သည့်စကားမှ မပြောပေ။

ဤသည်မှာ သူတို့၏ ပျံသန်းမှုနှင့်သက်ဆိုင်သည့် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ တစ်နာရီခန့် အနားယူပြီးနောက် သူတို့သည် လျူလီရန်မျိုးနွယ်စုဆီသို့ ဆက်လက် ပျံသန်းခဲ့ကြသည်။

အင်မော်တယ်ကမ္ဘာ၏ မှားယွင်းနေသည့်အရာက ၎င်း၏နယ်မြေသည် အမှန်တကယ် ကြီးမားလွန်းနေခြင်း ဖြစ်သည်။ လမ်းခရီးကြားမှာ မြို့တွေရှိနေလျှင်ပင် ၎င်းတို့ကြားက အကွာအဝေးက ကီလိုမီတာ ထောင်နှင့်ချီပြီး ရှိနေပါသည်။

ချင်ယွင်နှင့် အခြားသူများသည် လမ်းလျှောက်ခြင်းကို ရပ်တန့်ထားကြသည်။ နှစ်ရက်နီးပါး ကြာပြီးနောက်၊ သူတို့သည် လျူလီရန်မျိုးနွယ်စုတည်ရှိရာ လျူလီမြို့သို့ ရောက်ရှိလာ ခဲ့ကြသည်။

အင်မော်တယ်ကမ္ဘာ၏ လူဦးရေသည် အလွန် ပရမ်းပတာ ဆန်လွန်းသည်။ အချို့သော အင်အားစုများသည် လူမျိုးစုများကို စာရင်းများဖြင့် ပိုင်းခြားထားပြီး၊ အချို့ကတော့ မြို့များအလိုက် ပိုင်းခြားထားသည်။ အင်မော်တယ်က မ္ဘာတစ်ခုလုံးသည် အရာအားလုံးကို ကြုံသလိုပစ်ထည့်ထားသည် စွပ်ပြုတ်အိုး တစ်လုံးလိုပင်။

လျူလီရန်မျိုးနွယ်စုသည် မြို့အလိုက် ပိုင်းခြားထားသော အင်အားတစ်ခု ဖြစ်သည်။ လျူလီ ရန်မျိုးနွယ်စုသည် စုစုပေါင်း မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားပြီး၊ ၎င်းသည် တော်ဝင်မင် အင်မော်တယ်မင်းဆက်တွင် အများကြီးမဟုတ်သလို၊ အနည်းငယ်မျှရှိသည်ဟုလည်း မဆိုသာပေ။ အများဆုံး၊ အလယ်အလတ် အရွယ်ရှိသည်ဟု သတ်မှတ်နိုင်သည်။

ဤလျူလီမြို့သည် လျူလီရန်မျိုးနွယ်စု၏ အကြီးဆုံး အင်မော်တယ်မြို့ တစ်မြို့ဖြစ်သည်။ မြို့သည် ထူးထူးခြားခြား ကြီးမားကျယ်ဝန်းသည်။ ၎င်းသည် စတုရန်းကီလိုမီတာ တစ်သန်း ရှည်လျားသော်လည်း အတွင်း၌ အမြဲတမ်းနေထိုင်သူ လူတစ်သိန်းအောက်သာ ရှိသည်။

သင် နားကြားများ မှားသွားပါသလား?။ လူတစ်သိန်းအောက် ဟုတ်လား?။

မြို့ထဲတွင် လူများစွာရှိသော်လည်း အင်မော်တယ်မြို့ထဲတွင် နေထိုင်ရာအိမ်ရာများ ဝယ်ယူနိုင်သူများက အလွန် နည်းပါးပါသည်။ သူတို့သည် အင်မော်တယ်ကမ္ဘာတွင် မွေးဖွားပြီး အင်မော်တယ်ကမ္ဘာ၏ နယ်မြေခံများဖြစ်သော်ငြားလည်း၊ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်လျှင်ပင် အင်မော်တယ်မြို့တွင် နေအိမ်များ ဝယ်ယူရန် မတတ်နိုင်ကြပေ။

အင်မော်တယ်မြို့တွင် နေအိမ်တစ်လုံးပိုင်ဆိုင်ရန်မှာ အင်မော်တယ်ကမ္ဘာ၏ နယ်မြေခံ မြို့သားများ၏ အိပ်မက်နီးပါး ဖြစ်ကြပါသည်။

အဘယ်ကြောင့်နည်း..?

ကျင့်ကြံခြင်းနှင့်သက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။ အင်မော်တယ်ကမ္ဘာသည် အစွမ်းထက်သော အင်မော်တယ် စွမ်းအင်များဖြင့် ပြည့်နှက်နေသော်လည်း၊ ဤအင်မော်တယ် စွမ်းအင်များတွင် အရိုင်းဆန်သော အချက်တစ်ခု ပါရှိနေပါသည်။ အကယ်၍ လူတစ်ဦးသည် အချိန်တိုအတွင်း ၎င်းတို့ကို စုပ်ယူနိုင်သော်လည်း၊ သူတို့သည် အချိန်အကြာကြီး စုပ်ယူနေမည်ဆိုလျှင် သူတို့သည် ချက်ချင်းဆိုသလို ရူးသွပ်ပြီး၊ ပေါက်ကွဲကာ သေဆုံးသွားကြမည် ဖြစ်သည်။

သူတို့သည် အင်မော်တယ်ကျောက်စိမ်းများမှ အင်မော်တယ်စွမ်းအင်များကို စုပ်ယူခြင်း ဖြင့်သာ ကျင့်ကြံနိုင်ခဲ့ကြပြီး၊ အင်မော်တယ်ကျောက်စိမ်းများသည် အင်မော်တယ် ကမ္ဘာတွင်ပင် အလွန်အရေးပါသည့် တိုက်ရိုက် လည်ပတ်နေသော ငွေကြေးဖြစ်လာခဲ့ပါ သည်။

သို့သော်လည်း မြို့ထဲမှာတော့ မတူပါဘူး။ အင်မော်တယ်မြို့တစ်မြို့လုံးသည် အစွမ်းထက်သော အစီအရင်ဝင်္ကပါများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းအစီအရင် ဝင်္ကပါများ သည် အင်မော်တယ် စွမ်းအင်များအတွင်းမှ ရိုင်းစိုင်းကြမ်းတမ်းသော ဒြပ်စင်များကို အလိုအလျောက် စစ်ထုတ်နိုင်ပြီး အခြားလူများသည် တိုက်ရိုက် စုပ်ယူနိုင်သည်။ ထို့အပြင်၊ အင်မော်တယ်စွမ်းအင်သည် မြို့အလယ်နှင့် နီးကပ်လေလေ၊ အင်မော်တယ်စွမ်းအင်လည်း ပို၍ သိပ်သည်းလေ ဖြစ်သည်။

လျူလီမြို့ကဲ့သို့ အလယ်အလတ်တန်းစား မြို့တစ်မြို့၌ မြို့အလယ်ဗဟိုရှိ အင်မော်တယ် စွမ်းအင်သည် အပြင်ဘက်အစွန်းပိုင်းထက် ဆယ်ဆနီးပါး ကြီးမားသည်ဟု ဆိုကြပါသည်။

အကယ်၍ တစ်ယောက်ယောက်သည် ချင်ယွင်လို ကိုယ်ပိုင် အင်မော်တယ်နန်းတော် တစ်ခုကို ပိုင်ဆိုင်ထားမည်ဆိုလျှင်၊ ပို၍ပင် ကွာခြားသွားပါလိမ့်မည်။ အင်မော်တယ် နန်းတော်တွင် ပြင်ပကမ္ဘာမှ အင်မော်တယ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူကာ အရိုင်းဆန်သော အချက်များကို စစ်ထုတ်နိုင်သည့် ဝိညာဉ်စုစည်းခြင်း အစီအရင်ဝင်္ကပါတစ်ခု ပါရှိသည်။ ချင်ယွင်ပိုင်ဆိုင်ထားသော အင်မော်တယ်နန်းတော်၏ စွမ်းအင်သိပ်သည်းဆသည် ပြင်ပကမ္ဘာထက် အများဆုံး အဆပေါင်း ၁၀၀၀ ဖြစ်သည်။

သေချာသည်မှာ၊ အင်မော်တယ်နန်းတော်များသည် အလွန်မင်း အဖိုးမဖြတ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ လျူလီရန်မျိုးနွယ်စုသည်ပင် အင်မော်တယ်နန်းတော်တစ်ခုကို တတ်နိုင်မည် မဟုတ်ပေ။ ချင်ယွင်ပိုင်ဆိုင်ထားသည့် ထိပ်တန်းအဆင့် ရောက်ရှိနေသော အင်မော်တယ်ပစ္စည်းဖြစ်သည့် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးဆိုလျှင်၊ စကားထဲပင် ထည့်ပြောစရာ မလိုချေ။

ချင်ယွင်နှင့် အခြားလူများသည် တစ်လမ်းလုံး ပြေးသွားခဲ့ကြပြီး မရေမတွက်နိုင်သော ရွာပေါင်းများစွာကိုလည်း တွေ့ခဲ့ရသည်။

၎င်းတို့အားလုံးသည် မြို့ထဲတွင် အိမ်ဝယ်ရန် မတတ်နိုင်ကြသော အင်မော်တယ်ကမ္ဘာ နယ်မြေခံလူမျိုးများ ဖြစ်ကြပြီး၊ အချို့ဆိုလျှင် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

မှန်ပါသည်၊ အစစ်အမှန် အင်မော်တယ်များက အလွန်နည်းပါးပါသည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်သည်နှင့်၊ ၎င်းတို့သည် အဖွဲ့ခွဲအမျိုးမျိုးဆီသို့ ဝင်ရောက် ရန် ရွေးချယ်နိုင်ပါသည်။ ဤနည်းဖြင့် ၎င်းတို့သည် မြို့ထဲတွင် ယာယီနေထိုင်နိုင်ပြီး အမျိုးမျိုးသော သက်သာချောင်ချိရေး အကျိုးကျေးဇူးများကို ခံစားနိုင်ပါသည်။ ထို့ကြောင့် သာမာန်နယ်မြေခံလူများသည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်သည်နှင့် အဖွဲ့စည်းတစ်ခုခုထဲ ပူးပေါင်းဝင်ရောက်ရန် ရွေးချယ်ကြသည်။ လူအနည်းစုသာ ၎င်းတို့၏ မူလရွာများတွင် နေထိုင်ကြသည်။

"ဒါက လျူလီမြို့လား? ဘယ်လောက်တောင်မှ ကြီးမားလိုက်လဲ!" မိန်းကလေးရှင်းအာ သည် သူမရှေ့တွင်ရှိနေသော မြင့်မားလှသော မြို့ကြီးကို လှမ်းကြည့်ရင်း မနေနိုင်ဘဲ အော်ပြောလိုက်မိသည်။

မြို့ရိုးတစ်ခုတည်းကပင် ပေတစ်ထောင်မြင့်မားပြီး မြို့တစ်ခုလုံးသည် လူတွေအားလုံး၏ ရှေ့မှာ တွားသွားနေသည် ထိပ်တန်းအဆင့် ရှေးဟောင်းသားရဲကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ခိုင်မာသော မြို့ရိုးများကို အစီအရင်ဝင်္ကပါများနှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ အထွတ်အထိပ်အဆင့်ရှိ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများ ပင်လျှင် တစ်ချက်ရိုက်ရုံဖြင့် မြို့ရိုးများကို အနည်းငယ်မျှ မလှုပ်ခါစေနိုင်ပေ။

"နောက်ဆုံးတော့ လျူလီမြို့ကို ရောက်လာခဲ့ပြီလား?။ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံး ရဲ့သတင်း ထွက်လာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။

All Chapters